အတာအိုးအေၾကာင္းသိေကာင္းစရာမ်ား…

By / 6 days ago / Knowledge / No Comments
အတာအိုးအေၾကာင္းသိေကာင္းစရာမ်ား…

အတာအိုးဆိုတာ သၾကၤန္တြင္းမွာ သိၾကားမင္းက လူ႕ျပည္ကို ဆင္းလာတယ္လို႔ အယူရွိတယ္။ အဲ့ဒီအခ်ိန္မွာ သိၾကားမင္းကို ၾကိဳတာေပါ့။ အဲ့ဒီအခ်ိန္အတြင္းမွာ မေကာင္းမႈ တတ္ႏိုင္သမွ်မလုပ္ဘဲ ေကာင္းမႈ ကုသိုလ္နဲ႔ပဲေမြ႕ေလ်ာ္ ၾကပါတယ္။ ဒီလိုပါပဲ အတာအိုးနဲ႔ အတူ အတာပန္းဆိုတာရွိတယ္။ အတာပန္းေတြကေတာ့……..

တနဂၤေႏြဆို အ-ဥ -အုန္းရြက္၊ၾသဇာရြက္ ၊

တနလၤာအတြက္ဆို … က -ခ-ဂ-ဃ-င ထဲက ကန္႔ေကာ္ပန္း၊ခေရ …

အဂၤၤါဆို ဇီးရြက္၊

ဗုဒၶဟူးဆို ရြက္လွ၊ေရတမာ၊

ၾကာသပေတးဆို ေၿမဇာ၊မာလကာရြက္၊

ေသာၾကာဆိုသေၿပပန္း၊

စေနဆို တမာရြက္၊ ဒန္းပန္း၊ အစရွိသၿဖင္႔…… ေန႔ ၇ ေန႔ကိုကိုယ္စားျပဳတဲ့ ၇ ေန႔နံပန္းနဲ႔ပါ။ တစ္ခ်ိဳ႕ကလဲ ပတ္၀န္းက်င္ကိုမူတည္ပီး ဒန္း၊ ဇီး၊ စသည္ျဖင့္ ထည့္ၾကတယ္။ သၾကၤန္ ၄ရက္လံုး အတာအိုးနဲ႔ၾကိဳပီး ႏွစ္ဆန္းတစ္ရက္ေန႔ေရာက္ေတာ့ သဲျဖဴ၊ ခ်ည္ၾကိဳးေတြထပ္ျဖည့္ပီး အႏၱရာယ္ကင္း ပရိတ္ရြတ္ၾကတဲ့အခါ “အတာအိုး” နဲ႔ “အတာပန္း” ကေန “ပရိတ္အိုး” နဲ႔ “ပရိတ္ပန္း” အျဖစ္ အသြင္ကူးေျပာင္းပီး မိမ္တို႔အိမ္ ပတ္ပတ္လည္မွာ “ပရိတ္ပန္း” “ပရိတ္သဲ” ေတြနဲ႔ ကာရံပီး အႏၱရာယ္ကင္းေအာင္ လုပ္တယ္လို႔ အယူရွိတယ္ …. ။

သႀကၤန္ပံုျပင္

တခါက သိၾကားမင္းႏွင့္ ျဗဟၼာမင္းတို႔ ၂-ေယာက္ စကားလက္ဆံု ေျပာၾကရာ ‘ကႆပဘုရားရွင္လက္ထက္ မတိုင္ခင္က လူ႔ျပည္၌ တစ္ပတ္လွ်င္ ၈-ရက္ ရွိခဲ့ၿပီး ယခုအခါ ၇-ရက္သို႔ ေျပာင္းသြားၿပီျဖစ္ေၾကာင္း’ သိၾကားမင္းက ေျပာေလရာ ျဗဟၼာမင္းက မျဖစ္ႏိုင္ဘူးဆိုကာ ျငင္းခုံၾကပါသတဲ့။

ထို႔ေနာက္ ႐ႉံးတဲ့သူ ေခါင္းျဖတ္ခံေၾကးဟု သတ္မွတ္ကာ လူ႔ျပည္သို႔ ဆင္းၿပီး ထိုအခ်ိန္က သီလ၊ သမာဓိႏွင့္ ျပည့္စံုသည့္ ရေသ့ထံတြင္ အဆံုးအျဖတ္ ခံယူၾကပါသတဲ့။ အဘိဉာဏ္ရ ရေသ့က ယခုအခါတြင္ လူ႔ျပည္တြင္ တနဂၤေႏြအစ စေနအဆံုး ၇-ရက္သာ ရွိေတာ့သည္ဟု အဆံုးအျဖတ္ေပးခဲ့ေလသတဲ့။ ျဗဟၼာမင္းလည္း သူ႔ကတိအတိုင္း သူ၏ဦးေခါင္းကို အဓိ႒ာန္ျဖင့္ ျဖတ္ၿပီး သိၾကားမင္းလက္သို႔ ေပးအပ္လိုက္ပါတယ္ ….. ။

ထိုျဗဟၼာဦးေခါင္းျပတ္ႀကီး သိၾကားမင္းလက္ထဲသို႔ ေရာက္သည့္အခါ ဒီျဗဟၼာဦးေခါင္းျပတ္ႀကီးကို ေျမေပၚခ်ထားလွ်င္ ၇-ႏွစ္ ကမ႓ာမီးေလာင္ၿပီး မိုးေခါင္လိမ့္မည္၊ ေရတြင္ ထားပါကလည္း သမုဒၵရာ ၇-စင္းမွ ေရမ်ား ခန္းေျခာက္သြားလိမ့္မည္လို႔ သိၾကားမင္းက စဥ္းစားမိသတဲ့။ ဒါနဲ႔ ေျမမွာလည္း မထား၊ ေရသို႔လည္း မပို႔ေတာ့ဘဲ နတ္သမီး ၇-ေယာက္ကို တစ္ဦးလွ်င္ တစ္ႏွစ္စီ ျဗဟၼာဦးေခါင္းကို ကိုင္ထားရန္ တာဝန္ေပးလိုက္သတဲ့ ….. ။

ထိုနတ္သမီးေတြရဲ႕ တစ္ဦးမွ တစ္ဦးသို႔ ျဗဟၼာဦးေခါင္းကိုင္ရန္ အလႊဲအေျပာင္းကို သကၤႏၲလို႔ ေခၚၿပီး ထိုမွ ေ႐ြ႕ေလ်ာ ဆင္းသက္ကာ သႀကၤန္ဆိုတာ ျဖစ္လာပါသတဲ့။ ဒါကေတာ့ သႀကၤန္နဲ႔ပတ္သက္လို႔ ေျပာတတ္တဲ့ ပံုျပင္ပါ။

ျမန္မာျပည္မွာ တစ္ႏွစ္တစ္ခါ ထုတ္ေဝတဲ့ သႀကၤန္စာမ်ားမွာလည္း ျဗဟၼာမင္းႀကီးရဲ႕ ဦးေခါင္းကို လႊဲေျပာင္းေပးေနပံုကို ေဖာ္ျပေလ့ရွိတာ သတိျပဳမိပါတယ္။

ဘာပဲေျပာေျပာ သႀကၤန္ဆိုတာ ေျပာင္းေ႐ႊ႕ျခင္း အဓိပၸာယ္လို႔သာ လြယ္လြယ္ မွတ္လိုက္ၾကပါစို႔။

ျမန္မာသႀကၤန္ပြဲေတာ္မ်ားအစပုဂံေခတ္က

ေရွးမွတ္တမ္းမ်ားအရ ေရကစားပြဲေတာ္ကို ပထမဆံုး စတင္ခဲ့သည့္ ဘုရင္မွာ ပုဂံေခတ္၊ နရသီဟပေတ့မင္းလက္ထက္တြင္ဟု သိရပါတယ္။ ထိုမင္းသည္ ေရကစားပြဲေတာ္တြင္ သူ၏မိဖုရား ေစာလံုကို စ,ေနာက္မိခဲ့ျဖင့္ ေစာလံုမွ ထမင္းပြဲတြင္ အဆိပ္ထည့္ကာ လုပ္ၾကံသည္အထိ ျဖစ္ခဲ့ပါတယ္။ ဘုရင္က အခ်ိန္မီ သိရွိသျဖင့္ အသက္မေသခဲ့ဘဲ မိဖုရားေစာလံုကို မီးက်ီးခဲရဲရဲတြင္ မီးကင္သတ္ေစခဲ့ပါတယ္။ သႀကၤန္အစ ေၾကကြဲစရာ မွတ္တမ္းေလးတစ္ခုဟုသာ ဆိုပါရေစ …. ။

ေရွာင္ၾကဥ္ဖြယ္ရာအျဖာျဖာ

ေရွးပညာရွိႀကီးေတြဟာ အတာႏွစ္ဦးမွာ ေရွာင္ၾကဥ္ရမယ့္ ဓေလ့တခ်ိဳ႕ သတ္မွတ္ထားတာ မွတ္သား သတိျပဳ ဆင္ျခင္ဖြယ္ ေတြ႕ရပါတယ္။အဲဒါေတြက သႀကၤန္အခါမွာ ……

(၁) ငိုေႂကြးျခင္း၊ ပူေဆြးျခင္း။

(၂) လိင္ဆက္ဆံျခင္း။

(၃) သူတပါးအသက္ သတ္ျဖတ္ျခင္း။

(၄) အရက္ မူးယစ္ေဆးဝါး သံုးစြဲျခင္း။

(၅) စိတ္ဆိုးျခင္း၊ ခိုက္ရန္ျဖစ္ျခင္း။

(၆) ေသြးေဖာက္ ေသြးထုတ္ျခင္း။

(၇) ဆီလိမ္း ေဆးလိမ္းျခင္း။

(၈) သစ္ပင္ခုတ္ျဖတ္ျခင္း၊ ထင္းခုတ္ျခင္း။

(၉) ကုန္ပစၥည္း ဝယ္ယူသိုေလွာင္ျခင္း။

(၁၀) ကုန္ပစၥည္း ေရာင္းခ်ျခင္း၊ ဆိုင္ထြက္ျခင္း မျပဳၾကရဘူး ဆိုတာပါပဲ။(သူ႔ေခတ္ သူ႔အခါ သူ႔ဓေလ့ထံုးစံ သူ႔အေၾကာင္းအက်ိဳးနဲ႔သူ ရွိပါလိမ့္မယ္။)

သႀကၤန္တြင္းသာ မဟုတ္ဘဲ ဘယ္အခ်ိန္အခါမဆို မေကာင္းေသာ အျပဳအမူ၊ အေျပာအဆို၊ အၾကံအစည္ေတြကို ေရွာင္ၾကဥ္ရပါတယ္ …. ။

သႀကၤန္ခ်ိန္ခါ ျပဳဖြယ္ရာမ်ား

“မဟာသႀကၤန္”ႏွင့္ တြဲဖက္၍ “အတာ”၊ “အတာစား” ဟူေသာ ေဝါဟာရတို႔ကို ေျပာဆို သံုးစြဲၾကတာကို ေတြ႕ရပါတယ္ … ။

“အတာ”ဟူသည္ ေလာကီအလို ‘ဒဏ္သင့္ျခင္း’ ျဖစ္သည္။ တနည္းအားျဖင့္ ‘အႏၲ-အဆံုး’ဟူေသာ ပါဠိပုဒ္မွ ‘အတာ’ျဖစ္လာသည္ဟုလည္း ၾကံဆၾကပါတယ္ …. ။

ယင္းအလိုအားျဖင့္ “အတာ”ဟူသည္ ‘ေနာက္ဆံုးကာလ၊ အက်ပိုင္းကာလ’ကို ဆိုလိုပါတယ္ …. ။

အတာရက္ကိုဤသို႔ဆို

“အတာရက္”မွာ သႀကၤန္အတက္ရက္ ျဖစ္၏။ ႏွစ္တစ္ႏွစ္၏ ေနာက္ဆံုးရက္ပင္ ျဖစ္တယ္။ သႀကၤန္အတက္ရက္ႏွင့္ ေမြးေန႔တိုက္ဆိုင္သူမ်ားသည္ “အတာသင့္”သူမ်ား ျဖစ္လာပါတယ္။ ဒါကိုပင္ အတာစားသည္ဟု ေျပာဆို သံုးစြဲေနၾကပါေသးတယ္ …. ။

အတာစားသည့္ ေန႔နံသားသမီးတို႔သည္ အတာတက္မည့္အခ်ိန္ အတိအက်တြင္ “အတာစား”ရပါတယ္။ အတာစားဟူသည္ အတာတက္ခ်ိန္မွာ ေကာင္းမြန္ သန္႔ရွင္းစြာ ဝတ္စား ဆင္ယင္လ်က္ အေရွ႕ေတာင္အရပ္သို႔ မ်က္ႏွာမူကာ ပူေဇာ္႐ိုေသထိုက္သူမ်ားကို လႉဖြယ္ပစၥည္းတို႔ျဖင့္ ဆက္ကပ္ျခင္း လႉဒါန္းပူေဇာ္ျခင္း ျပဳၾကရတယ္လို႔ ေဖာ္ျပထားတာေတြ ေတြ႕ရပါတယ္ …. ။

အတာစားျခင္းအက်ိဳးအမ်ိဳးမ်ိဳး

အတာစားျခင္း၏ အက်ိဳးကား … အတာပုည၊ ကုသလကို၊ ျပဳၾကကုန္ေသာ၊ အမ်ိဳးသား အမ်ိဳးသမီးတို႔သည္ “အတာကမၼံ ကေရာႏၲႆ မဟာေဘာဂံ မဟာသုခံ မဟပၹလံ စတုဒၵိသံ ေဝရီေဇယ်သုမဂၤလံ”ဟု ေရွးပညာရွိတို႔ ေရးဖြဲ႕ခဲ့သည္ႏွင့္အညီ ထိုကဲ့သို႔ ရတနာသံုးပါး စသည္တို႔အား လႉဒါန္း ပူေဇာ္ၾကေသာ သူတို႔သည္ ေကာင္းက်ိဳးခ်မ္းသာ မဂၤလာတရား ျပန္႔ပြားတိုးတက္ ျပည့္စံုကုန္ရာသည္ … ဟု မွတ္သားရဖူးပါတယ္ …. ။

အတာအိုးအတာပန္း

အတာအိုးကို သႀကၤန္ကို ေစာင့္ႀကိဳသည့္အေနျဖင့္ သႀကၤန္မက်ခင္ ႀကိဳတင္ ျပင္ဆင္ရသည္။ (၇)ရက္သားသမီးတို႔အတြက္ ရည္႐ြယ္၍ ပန္း ၇-မ်ိဳးျဖစ္ေစ၊ အၫြန္႔ ၇-မ်ိဳးျဖစ္ေစ ေရျပည့္အိုးမွာ ထိုးေလ့ ထည့္ၾကေလ့ရွိပါတယ္ ….. ။

အညာနယ္ဘက္မွာေတာ့ သႀကၤန္က်သည္ႏွင့္တၿပိဳင္နက္ အတာအိုးမွ ေရကို သြန္၍ သႀကၤန္ပန္း၊ သႀကၤန္အၫြန္႔တို႔ကို အိမ္ဦး ဝင္းထရံ စသည္တို႔၌ ထိုးစိုက္ကာ ႏွစ္သစ္မွာ ေဘးရန္ကင္းကြာ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာဖို႔ ဆုေတာင္းဆုယူ ျပဳၾကေလ့ရွိပါသည္ …. ။

Credit: Myanmar Gezette.

(အထက္ေဖာ္ျပသည္မ်ားကေတာ့ ရိုးရာဓေလ့ထံုးစံ ကဲ့သို႔ျဖစ္ေနေသာကိစၥရပ္မ်ားသာျဖစ္ပါသည္။)

Unicode

အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုတာပေါ့။ အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့ အတူ အတာပန်းဆိုတာရှိတယ်။ အတာပန်းတွေကတော့……..

တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက် ၊

တနင်္လာအတွက်ဆို … က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ …

အင်္ဂင်္ါဆို ဇီးရွက်၊

ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊

ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊

သောကြာဆိုသပြေပန်း၊

စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်…… နေ့ ၇ နေ့ကိုကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။ တစ်ချို့ကလဲ ပတ်ဝန်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။ သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ “အတာအိုး” နဲ့ “အတာပန်း” ကနေ “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း” အဖြစ် အသွင်ကူးပြောင်းပီး မိမ်တို့အိမ် ပတ်ပတ်လည်မှာ “ပရိတ်ပန်း” “ပရိတ်သဲ” တွေနဲ့ ကာရံပီး အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူရှိတယ် …. ။

သင်္ကြန်ပုံပြင်

တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂-ယောက် စကားလက်ဆုံ ပြောကြရာ ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ၈-ရက် ရှိခဲ့ပြီး ယခုအခါ ၇-ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံကြပါသတဲ့။

ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ ဆင်းပြီး ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူကြပါသတဲ့။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇-ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ….. ။

ထိုဗြဟ္မာဦးခေါင်းပြတ်ကြီး သိကြားမင်းလက်ထဲသို့ ရောက်သည့်အခါ ဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ႓ာမီးလောင်ပြီး မိုးခေါင်လိမ့်မည်၊ ရေတွင် ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှ ရေများ ခန်းခြောက်သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသတဲ့။ ဒါနဲ့ မြေမှာလည်း မထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်သတဲ့ ….. ။

ထိုနတ်သမီးတွေရဲ့ တစ်ဦးမှ တစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန် အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှ ရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့။ ဒါကတော့ သင်္ကြန်နဲ့ပတ်သက်လို့ ပြောတတ်တဲ့ ပုံပြင်ပါ။

မြန်မာပြည်မှာ တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့။

မြန်မာသင်္ကြန်ပွဲတော်များအစပုဂံခေတ်က

ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်တွင်ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံကို စ,နောက်မိခဲ့ဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံသည်အထိ ဖြစ်ခဲ့ပါတယ်။ ဘုရင်က အချိန်မီ သိရှိသဖြင့် အသက်မသေခဲ့ဘဲ မိဖုရားစောလုံကို မီးကျီးခဲရဲရဲတွင် မီးကင်သတ်စေခဲ့ပါတယ်။ သင်္ကြန်အစ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ …. ။

ရှောင်ကြဉ်ဖွယ်ရာအဖြာဖြာ

ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့တချို့ သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။အဲဒါတွေက သင်္ကြန်အခါမှာ ……

(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။

(၂) လိင်ဆက်ဆံခြင်း။

(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။

(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။

(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။

(၆) သွေးဖောက် သွေးထုတ်ခြင်း။

(၇) ဆီလိမ်း ဆေးလိမ်းခြင်း။

(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။

(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။

(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။(သူ့ခေတ် သူ့အခါ သူ့ဓလေ့ထုံးစံ သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။)

သင်္ကြန်တွင်းသာ မဟုတ်ဘဲ ဘယ်အချိန်အခါမဆို မကောင်းသော အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေကို ရှောင်ကြဉ်ရပါတယ် …. ။

သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

“မဟာသင်္ကြန်”နှင့် တွဲဖက်၍ “အတာ”၊ “အတာစား” ဟူသော ဝေါဟာရတို့ကို ပြောဆို သုံးစွဲကြတာကို တွေ့ရပါတယ် … ။

“အတာ”ဟူသည် လောကီအလို ‘ဒဏ်သင့်ခြင်း’ ဖြစ်သည်။ တနည်းအားဖြင့် ‘အန္တ-အဆုံး’ဟူသော ပါဠိပုဒ်မှ ‘အတာ’ဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ် …. ။

ယင်းအလိုအားဖြင့် “အတာ”ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ် …. ။

အတာရက်ကိုဤသို့ဆို

“အတာရက်”မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ်။ သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် …. ။

အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား”ရပါတယ်။ အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန် သန့်ရှင်းစွာ ဝတ်စား ဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော်ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေ တွေ့ရပါတယ် …. ။

အတာစားခြင်းအကျိုးအမျိုးမျိုး

အတာစားခြင်း၏ အကျိုးကား … အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် … ဟု မှတ်သားရဖူးပါတယ် …. ။

အတာအိုးအတာပန်း

အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ် ….. ။

အညာနယ်ဘက်မှာတော့ သင်္ကြန်ကျသည်နှင့်တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါသည် …. ။

Credit: Myanmar Gezette.

(အထက်ဖော်ပြသည်များကတော့ ရိုးရာဓလေ့ထုံးစံ ကဲ့သို့ဖြစ်နေသောကိစ္စရပ်များသာဖြစ်ပါသည်။)

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *