အမျိုးသားတွေအတွက် အသက်ရှည်ဆေး ၉ မျိုး
By / 6 days ago / Health / No Comments
အမျိုးသားတွေအတွက် အသက်ရှည်ဆေး ၉ မျိုး
၁။ လိင်ဆက်ဆံပါ။
၂။ လက်ထပ်ပါ။
၃။ကလေးယူပါ။
၎။တာဝန်ယူတတ်ပါစေ။
တာဝန်ယူတတ်တဲ့စိတ်ဟာ လူမှုဘဝမှာတင် အဆင်ပြေရုံသာမက သင့်ကို အသက်ရှည်ရှည် နေသွားနိုင်ဖို့လည်း အထောက်အကူပြုပါတယ် …. ။
၆။ဝိုင်သောက်ပါ။
၇။ဆေးလိပ်ဖြတ်ပါ။
Unicode
Telegraph သတင်းအရ အမျိးသမီးတွေဟာ ပုံမှန်အားဖြင့် အမျိုးသားများထက် အသက်ပိုရှည်တယ်လို့ သိရပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတစ်ဦးဟာ အသက်၈၃ နှစ်ထိနေနိုင်လျှင် အမျိုးသားကတော့ ၇၉ နှစ်အထိသာ နေနိုင်တယ်လို့ ဆိုပါတယ် …. ။
အကွာကြီးတော့ မကွာခြားပါဘူး။ လေ့လာမှုတွေအရ အမျိုးသမီးတွေမှာ X chromosome လို့ခေါ်တဲ့ ဗီဇမျိုးဟာ ၂မျိုးရှိပြီး အမျိုးသားတွေမှာတော့ တစ်မျိုးတည်းသာ ရှိတယ်လို့ ဆိုပါတယ် …. ။
လေ့လာသူများက အမျိုးသားတွေအနေနဲ့ ဘဝမှာ သက်တမ်းရှည်ရှည် နေသွားနိုင်စေရန် အောက်ပါ အလေ့အကျင့် ၈ခုကို ဖော်ပြပေးခဲ့ပါတယ် …. ။
၁။ လိင်ဆက်ဆံပါ။
လိင်ဆက်ဆံခြင်းကြောင့် အမျိုးသားတွေဟာ ဟော်မုန်းပြောင်းလဲမှုများရှိလာပြီး စိတ်ကျေနပ် ပျော်ရွှင်တဲ့ဟော်မုန်းများထွက်ကာ အမျိုးသားတွေအတွက် ကောင်းကျိုးတွေကို ရရှိစေပါတယ် …. ။
၂။ လက်ထပ်ပါ။
ဒါကတော့ တစ်မျိုးဖြစ်နိုင်ပါတယ်။ အလုပ်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရှုပ်ထွေးနေရတဲ့ကြားထဲမှာ ဘယ်လိုအိမ်ထောင်ပြု လက်ထပ်မလဲလို့ မေးစရာရှိလာနိုင်ပါတယ်။ ဒါဟာ လက်ထပ်တဲ့ အသက်အရွယ်ပေါ်မှာ မူတည်ပါတယ် …. ။
လေ့လာမှုတွေအရ အသက် ၂၅ကျော်ပြီးမှ အိမ်ထောင်ပြုသူတွေဟာ ငယ်ရွယ်စဉ်မှာ အိမ်ထောင်ပြုသူတွေထက် ပိုပြီး ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေသွားနိုင်တယ်လို့ ဆိုပါတယ် …. ။
၃။ကလေးယူပါ။
အဖေတစ်ယောက်ဖြစ်ရခြင်းဟာ ဝမ်းသာစရာ ကိစ္စပါ။ သို့သော် ကြိုးစားဖို့ နဲ့ အာရုံဝင်စားမှုရှိဖို့တော့ လိုပါတယ် ….. ။
လေ့လာတွေ့ရှိမှုတွေအရ အသက်၆ဝအရွယ် မိဘဖြစ်လာတဲ့ အမျိုးသားတွေကို လေ့လာကြည့်တဲ့အခါ သားသမီးရှိနေသူတွေက ပုံမှန်ထက် ၂နှစ် အသက်ရှည်ပြီး အမျိုးသမီးတွေကတော့ တစ်နှစ်ခွဲခန့် ပိုပြီး အသက်ရှည်တယ်လို့ ဆိုပါတယ် ….. ။
၄။တာဝန်ယူတတ်ပါစေ။
တာဝန်ယူတတ်တဲ့စိတ်ဟာ လူမှုဘဝမှာတင် အဆင်ပြေရုံသာမက သင့်ကို အသက်ရှည်ရှည် နေသွားနိုင်ဖို့လည်း အထောက်အကူူပြုပါတယ် …. ။
၅။သွေးပေါင်ချိန်မတိုးအောင် နေပါ။
အမျိုးသားများ သေဆုံးရခြင်း အများစုမှာ နှလုံးရောဂါ၊ ကင်ဆာ နှင့် လေဖြတ်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ဒါတွေဟာ သွေးပေါင်ချိန်မြင့်မားမှု၏ နောက်ဆက်တွဲ ရောဂါများဖြစ်ပြီး မိမိကိုယ်ကိုယ် သွေးပေါင်ချိန်မတက်အောင် အမြဲဂရုစိုက် ထိန်းသိမ်းပါ …. ။
၆။ဝိုင်သောက်ပါ။
တစ်နေ့လျှင် ဝိုင်အနည်းငယ်သောက်ပေးခြင်းက ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေပါတယ်။ လေ့လာမှုအရ အခြား အရက်သောက်သူများထက် ဝိုင်သောက်တဲ့ အမျိုးသားများက အသက်၂ နှစ်ပိုရှည်တယ်လို့ ဆိုပါတယ် ….. ။
၇။ဆေးလိပ်ဖြတ်ပါ။
အတတ်နိုင်ဆုံး ဆေးလိပ်မသောက်ပါနှင့်။ စွဲနေသူများကလည်း တဖြေးဖြေးချင်း လျှော့ချပြီး ဖြတ်ကြည့်ပါ ….. ။
၈။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။
နေ့စဉ် နာရီဝက် ၊ တစ်နာရီခန့် ကိုယ်လက် သွေးပူလေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမျိုးသားတွေအတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ အဖက်ဖက်မှ ကောင်းကျိုးများစွာ ပေးပါတယ် ….. ။
၉။ အမျိုးသမီးရဲ့ ရင်သားကို ကြည့်ရှုပါ။
ယုံချင်ယုံ၊ မယုံချင်နေပါ ။ ဒီလိုကြည့်ခြင်းက အမျိုးသားတွေကို အသက်ရှည်စေတယ်လို့ ဆိုပါတယ်။ (မှတ်ချက်။ ။ကြည့်ရုံသာ…)
Credit to original uploader
thant naing
The author didn't add any Information to his profile yet.
Leave a comment
Your email address will not be published. Required fields are marked. *