မျက်နှာပေါ်ရေ နွေးဝတ်တင်ခြင်း၏ အံ့မခမ်းဖွယ်အကျိုး

By / 3 months ago / Health / No Comments
မျက်နှာပေါ်ရေ နွေးဝတ်တင်ခြင်း၏ အံ့မခမ်းဖွယ်အကျိုး

















Credit:thithtoolwin

Unicode

ဦးခေါင်း- ချွေးပေါက်များကို ပွင့် စေပြီး သွေးလည်ပတ်မှုကို ပို၍ အားကောင်းစေသည်။ ဆံပင်များ သန်စွမ်း၍ ဆံပင်ပေါက်မှုကို အား ပေးသည် …. ။

မျက်နှာ- ချွေးပေါက်များကို ပွင့်စေပြီး အသားအရေကို နူးညံ့စေသည်။ အစိုဓာတ်ဖြည့်ဆေးရည်က အသား ထဲကို လွယ်ကူစွာ စိမ့်ဝင်စေသည် ….. ။

မျက်လုံး- မျက်လုံးတဝိုက်ရှိ ကြွက် သားများကို ပြေလျော့စေသည် …. ။

လည်ပင်း- တောင့်တင်းခြင်း ကိုက် ခဲခြင်း၊ ပုံခုံးကြွက်သားများ ကိုက်ခဲ ခြင်းကို သက်သာစေသည် …… ။

တကိုယ် လုံး သွေးလည်ပတ်မှုကိုပေး၍ ခေါင်း ကိုက်ခြင်းကိုလည်း သက်သာစေ သည် ….. ။

စိတ်အပန်းဖြေမှုကို ရယူ လိုပါက Aroma oil (သို့) organic oil များ သဘာဝအဆီတို့ကို ပူနွေး သော မျက်နှာသုတ်ပုဝါပေါ်တွင် ဆွတ်ဖျန်းပြီး အပူတင်ပေးပါက စိတ်ကိုလန်းဆန်းစေသည် ….. ။

ယင်းနှင့်ပတ်သက်၍ ပြု လုပ်နည်း (၂) နည်းကို ဖော်ပြပေး ပါမည် …. ။

(၁) သစ်နေကျအတိုင်း မျက်နှာသစ် ပါ .. ..။

(၂) ရေနွေးစိမ်၊ ရေနွေးညှစ်ထားသော မျက်နှာသုတ်ပုဝါကို မျက်နှာပေါ်တင် ပါ …. .။

(၃) မျက်နှာသုတ်ပုဝါ မအေးမီ မျက်နှာမှခွာပါ ….. ။

(၄) ပြီးလျှင် မျက်နှာစိုစွတ်ကျန် နေပါက မျက်နှာသုတ်ပုဝါ အခြောက် နှင့် အသာအယာတို့သုတ်ပြီး မျက်နှာ အသားအရေ နွေးနေစဉ်၌ပင် moisturizer ကို ချက်ချင်းလိမ်းပါ …. ။

ဒုတိယ တစ်နည်းအတွက် မျက်နှာသုတ်ပုဝါ (၂) ထည်ကို ရေနွေးစိမ်ရမည် …. ။

(၁) ထုံးစံအတိုင်း မျက်နှာအရင် သစ်ပါ …. ။

(၂) moisturizer ကို သုံးနေကျထက် ပမာဏမြောက်မြားစွာလိမ်းပါ …. ။

(၃) မျက်နှာပေါ် ရေနွေးဝတ်တင်ပါ …. ။

(၄) ရေနွေးဝတ် မအေးမီ မျက်နှာ မှဖယ်ပြီး ကနဦးလိမ်းထားသော moisturizer များကို ဒုတိယရေနွေး ဝတ်နှင့် စင်အောင်သုတ်ပါ …. ။

Credit:thithtoolwin

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *