
By / 5 months ago / Health / No Comments







(၂) ကြေးမချွတ်ပါနဲ့

















Unicode

အဆီပြန်ပြီး ဝက်ခြံမပြတ် ထွက်နေတဲ့ အသားအရေကို ကြည်လင်လာအောင် ထိန်းသိမ်းနည်း (၇) မျိုး

အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေပိုင်ရှင်လေးတွေက ဝက်ခြံပျောက်အောင် လုပ်လိုက်၊ ဝက်ခြံပြန်ထွက်လိုက်နဲ့ သံသရာလည်နေပြီး အဆီပြန်တတ်တာကြောင့် အသားအရေ ထိန်းသိမ်းရတာ တခြားသူတွေထက် ပိုခက်ခဲပါတယ်။

ဒီတော့ အဆီပြန်ပြီး ဝက်ခြံအမြဲထွက်နေတတ်တဲ့ အသားအရေပိုင်ရှင်တွေ မဖြစ်မနေ လိုက်နာဖို့လိုအပ်တဲ့ အသားအရေထိန်းသိမ်းတဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီနည်းလေးတွေကို သေချာလိုက်လုပ်ပေးမယ်ဆိုရင် အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့ အသားအရေပြဿနာတွေကို သေချာပေါက်ဖြေရှင်းနိုင်မှာမို့ ဒါလေးတွေ လုပ်ဖြစ်အောင် လုပ်ပါနော်။

(၁) မျက်နှာသစ်တဲ့အခါ စိတ်ရှည်ပါ

အဆီပြန်တဲ့သူတွေက မျက်နှာသစ်တဲ့အခါ စိတ်ရှည်ရှည်ထားဖို့လိုပါတယ်။ မျက်နှာက အဆီတွေများနေလို့ မျက်နှာသစ်ဆေးအပြင်းစားတွေကို မျက်နှာပေါ်တိုက်ရိုက်တင်ပြီး မျက်နှာသစ်တာမျိုးမလုပ်ပါနဲ့။ အဲ့ဒီလိုလုပ်တာက အဆီနဲ့အညစ်အကြေးတွေ ချက်ချင်းပြောင်သွားသလိုထင်ရပေမယ့် အသားအရေပေါ်က ရေဓာတ်ကို ဆုံးရှုံးသွားစေပြီး အဆီပိုပြန်စေပါတယ်။

ဒါကြောင့် မျက်နှာသစ်တဲ့အခါ သိပ်မပြင်းတဲ့ မျက်နှာသစ်ဆေးကိုသုံးပါ။ လက်ကိုသန့်နေအောင် အရင်ဆေးပြီး မျက်နှာသစ်ဆေးကို လက်ဝါးထဲထည့်ပြီး အမြှုပ်ထအောင် လုပ်လိုက်ပြီးမှ အဲ့ဒီအမြှုပ်လေးတွေကို မျက်နှာပေါ်တင်ပြီး စက်ဝိုင်းပုံပွတ်တိုက်ပေးပါ။ မျက်နှာသစ်တဲ့အခါ အမြဲတမ်း ဒီလိုနည်းလေးနဲ့သစ်ပေးတာက မျက်နှာပေါ်က အညစ်အကြေးတွေကိုလည်း ကောင်းကောင်းသန့်စင်ပေးပြီး အဆီပြန်တာကိုလည်း လျှော့ချပေးပါတယ်။

(၂) ကြေးမချွတ်ပါနဲ့

နေ့တိုင်းမိတ်ကပ်လိမ်းပြီး အပြင်ထွက်တာ များလာတဲ့အခါ မျက်နှာ ကြေးချွတ်လိုက်မှ မျက်နှာလေးက သန့်ပြီး ဖြူဝင်းသွားတယ်လို့ ထင်ကြတာကြောင့် မျက်နှာကြေး ချွတ်ရတာကို ကြိုက်ကြပါတယ်။ ကြေးချွတ်တာက မျက်နှာပေါ်က အညစ်အကြေးတွေကို လုံးဝသန့်စင်ပေးတယ်ဆိုပေမယ့် အသားအရေပေါ်က အစိုဓာတ်ကိုပါ ခမ်းခြောက်စေတာမို့ အဆီပိုပြန်ပြီး ဝက်ခြံထွက်တာတွေ ပိုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် တစ်ပတ်တစ်ခါ မျက်နှာကြေးချွတ်မယ့်အစား နေ့စဉ်ညအိပ်ရာမဝင်ခင်မှာ မျက်နှာသန့်စင်တာကို သေချာလုပ်ပေးလိုက်ပါ။

(၃) အယ်လ်ကိုဟော မပါတဲ့ အလှကုန်တွေကိုပဲ သုံးပါ

အယ်လ်ကိုဟောနဲ့ အသားအရေ ထိတွေ့တာ များလာတဲ့အခါ အသားအရေခြောက်သွေ့မှုကိုဖြစ်စေပြီး နောက်ပိုင်းမှာ အဆီထုတ်လုပ်မှု ပိုများလာစေတာကြောင့် အရင်ကထက်အဆီပိုပြန်လာပါလိမ့်မယ်။

အဆီပိုပြန်လာတဲ့အခါ အသားအရေချွေးပေါက်တွေ ပိတ်တာတွေပိုဖြစ်နိုင်ပြီး ဝက်ခြံပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောမပါတဲ့ အလှကုန်တွေကို ရွေးချယ်သုံးဖို့လိုပါတယ်။

(၄) မိတ်ကပ်ဘရပ်ရှ်နဲ့ Sponge တွေကို သေချာဆေးကြောပါ

အဆီပြန်တဲ့သူ၊ ဝက်ခြံရှိတဲ့သူ တော်တော်များများက မိတ်ကပ်လိမ်းရမှာ ဝန်လေးတတ်ကြပါတယ်။ တကယ်တော့ မိတ်ကပ်လိမ်းတာက ဘာမှမဖြစ်ပါဘူး။ အရေးကြီးတာက ကိုယ်သုံးမယ့်ပစ္စည်းကို မှန်မှန်ကန်ကန်ရွေးချယ်ဖို့နဲ့ မိတ်ကပ်ဘရပ်ရှ်တွေနဲ့ Sponge တွေကို သေသေချာချာဆေးကြောဖို့ပါပဲ။

(၅) ဆံပင်သန့်ရှင်းရေးကို လည်းဂရုစိုက်ပါ

အသားအရေေ ကာင်းဖို့အတွက် Skin care တစ်မျိုးတည်း လုပ်လို့မရပါဘူး။ Hair care လည်း လုပ်ဖို့လိုပါတယ်။ ဆံပင်တွေကို ချထားတတ်တဲ့သူဆိုရင်ပိုဂရုစိုက်ရမှာပါ။

ဘာလို့လဲဆိုတော့ မသန့်ရှင်းတဲ့ဆံပင်နဲ့ မျက်နှာပေါ်က အဆီတွေနဲ့ထိတွေ့လိုက်တဲ့အခါ အဲ့ဒီအညစ်အကြေးတွေက ချွေးပေါက်တွေ ပိတ်စေပြီး ဝက်ခြံပိုဖြစ်စေတာကြောင့် ဆံပင်ကိုလည်း သန့်နေအောင်ထားဖို့လိုတာပါ။

(၆) နို့နဲ့နို့ထွက် ပစ္စည်းတွေရှောင်ပါ

အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေအနေနဲ့ အစားအသောက်ကိုလည်း ဆင်ခြင်ဖို့လိုပါတယ်။ အထူးသဖြင့် နို့နဲ့နို့ထွက်ပစ္စည်းတွေက အဆီဂလင်းတွေကနေ အဆီကိုပိုထုတ်လုပ်အောင် လှုံ့ဆော်ပေးပြီး ဝက်ခြံဖြစ်ဖို့အားပေးပါတယ်။

ဒါကြောင့် နို့နဲ့နို့ထွက်ပစ္စည်းတွေကို နှစ်ပတ်လောက်ရှောင်လိုက်ရုံနဲ့ အဆီပြန်တာလုံးဝသက်သာလာပြီး ဝက်ခြံတွေနည်းသွားတာကို တွေ့ရမှာပါ။

(၇) လက်ကိုမျက်နှာနဲ့ဝေးဝေးထားပါ

အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူလေးတွေ မဖြစ်မနေ လိုက်နာရမယ့် ရွှေရောင်စည်းမျဉ်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ လက်ကို မျက်နှာနဲ့ဝေးဝေးထားရမှာပါ။ မျက်နှာကိုလက်နဲ့ အကြောင်းမဲ့လိုက်ထိနေတာမျိုး၊ ဝက်ခြံဖုကို ဆိတ်တာမျိုးတွေလုံးဝမလုပ်ပါနဲ့။

ဒီနည်းလေးတွေကို မလွဲမသွေ လိုက်နာပေးရင် အဆီပြန်လို့၊ ဝက်ခြံတွေပျောက်သွားလည်းခဏပဲပြန်ပြန်ဖြစ်နေလို့ဆိုပြီး စိတ်ညစ်နေရတာတွေ လုံးဝပျောက်ကွယ်သွားမှာပါနော်။

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *