အခ်စ္ဆံုးသူငယ္ခ်င္း ရည္းစားရသြားတဲ့အခါ BFF ေတြသာ နားလည္ႏိုင္မယ့္ ခံစားခ်က္မ်ား

By / 4 months ago / Knowledge / No Comments
အခ်စ္ဆံုးသူငယ္ခ်င္း ရည္းစားရသြားတဲ့အခါ BFF ေတြသာ နားလည္ႏိုင္မယ့္ ခံစားခ်က္မ်ား

အခ်စ္ဆံုးသူငယ္ခ်င္း ရည္းစားရသြားတဲ့အခါ BFF ေတြသာ နားလည္ႏိုင္မယ့္ ခံစားခ်က္မ်ား

BFF ဆိုတာ ထာဝရအတြက္ အေကာင္းဆံုးသူငယ္ခ်င္းေတြလို႔ အဓိပၸါယ္ရတဲ့ စကားလံုးေလးျဖစ္တဲ့အေလ်ာက္ သာမန္သူငယ္ခ်င္းေတြနဲ႔မတူဘဲ ခင္မင္မႈ၊ တြယ္တာမႈ၊ သံေယာဇဥ္ေတြက ပိုျပီးနက္ရိႈင္းပါတယ္။ အျမဲတမ္းအတူသြား၊ အတူစား၊ တိုင္ပင္ေဖာ္၊ ရင္ဖြင့္ေဖာ္သူငယ္ခ်င္းက ခ်စ္သူရသြားတဲ့အခါ ဒီဘက္က BFF ေတြက ဝမ္းသာေပးတယ္ဆိုေပမယ့္ စိတ္ထဲကေနေတာ့ အားငယ္စိတ္၊ ဝမး္နည္းစိတ္၊ ႏွေျမာတဲ့စိတ္ေလးေတြ ျဖစ္တတ္ၾကပါတယ္…။

အခုေဖာ္ျပေပးမွာကေတာ့ ကိုယ့္အခ်စ္ဆံုးသူငယ္ခ်င္း ခ်စ္သူရသြားတဲ့အခါ ခံစားရတဲ့ BFF ေတြရဲ႕ ခံစားခ်က္ေလးေတြပဲျဖစ္ပါတယ္။ ခ်စ္သူရတဲ့အခါမွာ BFF ေတြကိုေတာ့ အရင္အတိုင္းမဟုတ္ရင္ေတာင္ တစ္ခါတေလေတာ့ အခ်ိန္ေလးေပးျပီး အခင္အမင္ မပ်က္သင့္ပါဘူး။ အေၾကာင္းကေတာ့ သူငယ္ခ်င္းေကာင္းဆိုတာ စိန္၊ ေရႊရတနာေတြနဲ႔ ပုံေပးလည္း မရႏိုင္တဲ့ အဖိုးတန္လြန္းသူေလးေတြ မို႔လို႔ပါပဲ…။

(၁) ဝမး္နည္းတယ္”

BFF ေတြဆိုတာ သူငယ္ခ်င္းနဲ႔ ကိုယ့္ၾကားမွာ ဘယ္အရာကမွ အတားအဆီး မျဖစ္ေစခ်င္တဲ့သူေတြပါ။ ဒါေၾကာင့္ပဲ အိမ္က ဘယ္ေလာက္တားတား၊ ဘယ္ေလာက္ဆူဆူ BFF ေတြနဲ႔ဆို ေပ်ာ္ေပ်ာ္ၾကီး အဆူခံ၊ အဆဲခံၾကတဲ့သူေတြပါ။ သူငယ္ခ်င္းက ကိုယ့္ဘက္ပါေနသေရြ႕ အရာရာကို ရင္ဆိုင္ဖို႔ အားအျပည့္ရွိတဲ့သူေတြျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကုိယ့္ရဲ႕ BFF က ကိုယ့္ထက္ ခ်စ္သူကို ပိုခ်စ္သြားမယ္၊ ပိုရငး္ႏွီးသြားမယ္၊ ကိုယ့္ကို မလိုအပ္ေတာ့ဘူးဆုိတဲ့စိတ္ၾကီးက သင္ထင္ထားတာထက္ကို သူ႔ကို ပိုဝမး္နည္းေစပါတယ္…။

(၂) အားငယ္တယ္”

BFF ဆိုတာ ဆိုးတူေကာငး္ဘက္၊ ေပါေဖာ္ေပါဖက္၊ အက်င့္လည္းတူ၊ ခံယူခ်က္လည္းတူျပီး ကိုယ္နဲ႔ တစ္ထပ္တည္းနီးပါးက်မွ BFF ျဖစ္လို႔ ရတာပါ။ ကိုယ့္ရဲ႕ ႏွစ္ကိုယ့္တစ္စိတ္ သူငယ္ခ်င္းက တျခားသူကို ေရြးခ်ယ္လိုက္ျပီဆိုတာနဲ႔ BFF ေတြမွာ အားငယ္စိတ္ ဝင္လာပါတယ္။ သူငယ္ခ်ငး္မရွိဘဲ တစ္ေယာက္တည္း ဘယ္လိုေနရမလဲ၊ ဘယ္သူေတြနဲ႔ ေပါင္းသင္းရမလဲ၊ လူၾကားထဲ တစ္ေယာက္တည္း ဘယ္လိုေနရမလဲဆိုတဲ့အေတြးေတြက သူ႔ကို အရမး္အားငယ္ေစနိုင္ပါတယ္…။

(၃) အသညး္ကြဲတယ္”

သူငယ္ခ်င္းေတြကလည္း သင့္ရဲ႕ အသည္းကို ခြဲႏိုင္ပါတယ္။ ကိုယ့္ရဲ႕ BFF က တျခားသူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါးေနတဲ့အခ်ိန္ေတြ၊ ကိုယ့္ရဲ႕ BFF က ကိုယ္ မရွိလည္း ျဖစ္တယ္ဆိုတာ သိလိုက္ရတဲ့အခါေတြ၊ ကိုယ့္ရဲ႕ BFF က ခ်စ္သူရေနျပီဆိုတဲ့အသိေတြက အသညး္ကြဲေစႏုိင္ပါတယ္။ ဒါေၾကာင့္ ရညး္စားနဲ႔ ျပတ္မွ အသညး္ကြဲတာ မဟုတ္ပါဘူး။ ကုိယ့္ရဲ႕ အခ်စ္ဆံုး BFF က ကိုယ့္ကို မလိုအပ္ေတာ့ဘူးဆိုတဲ့ အေတြးကလည္း အသည္းကို ဟက္တက္ကြဲေစႏိုင္ပါတယ္…။

(၄) လြမး္တယ္”

BFF ဟာ ခ်စ္သူရသြားတဲ့ သူငယ္ခ်င္းကို အရမ္းလြမ္းဆြတ္ၾကပါတယ္။ သင္ခ်စ္သူ မရခင္တုန္းက သူနဲ႔အတူတူ ေပ်ာ္ခဲ့ၾကတာ၊ ေပါခဲ့ၾကတာ၊ ရူးခဲ့ၾကတာေလးေတြကို ျပန္တမ္းတေနတတ္ပါတယ္။ တစ္ခါတေလ သူ႔မွ ာရင္ဖြင့္စရာေတြ၊ တိုင္ပင္စရာေတြ အမ်ားၾကီးရွိပါတယ္။ ဒါေၾကာင့္ ခ်စ္သူရသြားခဲ့ရင္လညး္ သင့္ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းကုိ ပစ္မထားသင့္ပါဘူး။ သင့္တစ္မ်က္ႏွာပဲ ၾကည့္ျပီး သင့္တစ္ေယာက္တည္း (ႏွစ္ေယာက္၊ သံုးေယာက္လညး္ ျဖစ္ႏိုင္တယ္) ကိုပဲ ခင္လာခဲ့တဲ့သူျဖစ္တာေၾကာင့္ သူ႔ရင္ထဲမွာ သင္နဲ႔ ပတ္သက္မႈဟာ အရမး္နက္ရိႈင္းတယ္ဆိုတာ သတိရပါ…။

(၅) ရင့္က်က္ဖို႔ သင္ယူရတယ္”

BFF ေတြဟာ သူငယ္ခ်င္းနဲ႔ ပတ္သက္ရင္ အတၱၾကီးသူေတြပါ။ တျခားမွာေတာ့ မဟုတ္ေပမယ့္ ကိုယ့္သူငယ္ခ်ငး္ကို ကိုယ့္အနားမွာပဲ ရွိေနေစခ်င္ပါတယ္။ ဒါကို BFF က ခ်စ္သူ ရသြားတဲ့အခါ ပထမဆံုးအၾကိမ္ ဘဝမွာ စြန္႔ပစ္ခံရတဲ့ ခံစားခ်က္မ်ိဳးကုိ ခံစားသြားႏိုင္ပါတယ္။ တစ္ေယာက္တည္း ေနဖို႔ သင္ယူရတယ္၊ လူေတြကို ကိုယ့္ဘဝထဲမွာ အျမဲရွိေစခ်င္လို႔ မရဘူး၊ တစ္ေယာက္တည္းလည္း ေနႏိုင္ရမယ္ဆုိတဲ့ ရင့္က်က္ျခင္းေတြအားလံုးကုိ သင္ယူၾကရပါတယ္။ ခ်စ္သူရျပီးေနာက္ပိုင္း BFF ကို ပစ္ထားတတ္တဲ့သူေတြေၾကာင့္ တစ္ခ်ိဳ႕သူေတြဟာဆိုရင္ သူငယ္ခ်င္း၊ BFF ဆိုတာၾကီးကို လံုးဝအယံုအၾကည္ မရွိေတာ့တဲ့အထိ စိတ္နာသြားတတ္ၾကပါတယ္ေနာ္…။

Em Em

Unicode

အချစ်ဆုံးသူငယ်ချင်း ရည်းစားရသွားတဲ့အခါ BFF တွေသာ နားလည်နိုင်မယ့် ခံစားချက်များ

BFF ဆိုတာ ထာဝရအတွက် အကောင်းဆုံးသူငယ်ချင်းတွေလို့ အဓိပ္ပါယ်ရတဲ့ စကားလုံးလေးဖြစ်တဲ့အလျောက် သာမန်သူငယ်ချင်းတွေနဲ့မတူဘဲ ခင်မင်မှု၊ တွယ်တာမှု၊ သံယောဇဉ်တွေက ပိုပြီးနက်ရှိုင်းပါတယ်။ အမြဲတမ်းအတူသွား၊ အတူစား၊ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်သူငယ်ချင်းက ချစ်သူရသွားတဲ့အခါ ဒီဘက်က BFF တွေက ဝမ်းသာပေးတယ်ဆိုပေမယ့် စိတ်ထဲကနေတော့ အားငယ်စိတ်၊ ဝမး်နည်းစိတ်၊ နှမြောတဲ့စိတ်လေးတွေ ဖြစ်တတ်ကြပါတယ်…။

အခုဖော်ပြပေးမှာကတော့ ကိုယ့်အချစ်ဆုံးသူငယ်ချင်း ချစ်သူရသွားတဲ့အခါ ခံစားရတဲ့ BFF တွေရဲ့ ခံစားချက်လေးတွေပဲဖြစ်ပါတယ်။ ချစ်သူရတဲ့အခါမှာ BFF တွေကိုတော့ အရင်အတိုင်းမဟုတ်ရင်တောင် တစ်ခါတလေတော့ အချိန်လေးပေးပြီး အခင်အမင် မပျက်သင့်ပါဘူး။ အကြောင်းကတော့ သူငယ်ချင်းကောင်းဆိုတာ စိန်၊ ရွှေရတနာတွေနဲ့ ပုံပေးလည်း မရနိုင်တဲ့ အဖိုးတန်လွန်းသူလေးတွေ မို့လို့ပါပဲ…။

(၁) ဝမး်နည်းတယ်”

BFF တွေဆိုတာ သူငယ်ချင်းနဲ့ ကိုယ့်ကြားမှာ ဘယ်အရာကမှ အတားအဆီး မဖြစ်စေချင်တဲ့သူတွေပါ။ ဒါကြောင့်ပဲ အိမ်က ဘယ်လောက်တားတား၊ ဘယ်လောက်ဆူဆူ BFF တွေနဲ့ဆို ပျော်ပျော်ကြီး အဆူခံ၊ အဆဲခံကြတဲ့သူတွေပါ။ သူငယ်ချင်းက ကိုယ့်ဘက်ပါနေသရွေ့ အရာရာကို ရင်ဆိုင်ဖို့ အားအပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ BFF က ကိုယ့်ထက် ချစ်သူကို ပိုချစ်သွားမယ်၊ ပိုရငး်နှီးသွားမယ်၊ ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့စိတ်ကြီးက သင်ထင်ထားတာထက်ကို သူ့ကို ပိုဝမး်နည်းစေပါတယ်…။

(၂) အားငယ်တယ်”

BFF ဆိုတာ ဆိုးတူကောငး်ဘက်၊ ပေါဖော်ပေါဖက်၊ အကျင့်လည်းတူ၊ ခံယူချက်လည်းတူပြီး ကိုယ်နဲ့ တစ်ထပ်တည်းနီးပါးကျမှ BFF ဖြစ်လို့ ရတာပါ။ ကိုယ့်ရဲ့ နှစ်ကိုယ့်တစ်စိတ် သူငယ်ချင်းက တခြားသူကို ရွေးချယ်လိုက်ပြီဆိုတာနဲ့ BFF တွေမှာ အားငယ်စိတ် ဝင်လာပါတယ်။ သူငယ်ချငး်မရှိဘဲ တစ်ယောက်တည်း ဘယ်လိုနေရမလဲ၊ ဘယ်သူတွေနဲ့ ပေါင်းသင်းရမလဲ၊ လူကြားထဲ တစ်ယောက်တည်း ဘယ်လိုနေရမလဲဆိုတဲ့အတွေးတွေက သူ့ကို အရမး်အားငယ်စေနိုင်ပါတယ်…။

(၃) အသညး်ကွဲတယ်”

သူငယ်ချင်းတွေကလည်း သင့်ရဲ့ အသည်းကို ခွဲနိုင်ပါတယ်။ ကိုယ့်ရဲ့ BFF က တခြားသူငယ်ချင်းတွေနဲ့ ပျော်ပါးနေတဲ့အချိန်တွေ၊ ကိုယ့်ရဲ့ BFF က ကိုယ် မရှိလည်း ဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အခါတွေ၊ ကိုယ့်ရဲ့ BFF က ချစ်သူရနေပြီဆိုတဲ့အသိတွေက အသညး်ကွဲစေနိုင်ပါတယ်။ ဒါကြောင့် ရညး်စားနဲ့ ပြတ်မှ အသညး်ကွဲတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အချစ်ဆုံး BFF က ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့ အတွေးကလည်း အသည်းကို ဟက်တက်ကွဲစေနိုင်ပါတယ်…။

(၄) လွမး်တယ်”

BFF ဟာ ချစ်သူရသွားတဲ့ သူငယ်ချင်းကို အရမ်းလွမ်းဆွတ်ကြပါတယ်။ သင်ချစ်သူ မရခင်တုန်းက သူနဲ့အတူတူ ပျော်ခဲ့ကြတာ၊ ပေါခဲ့ကြတာ၊ ရူးခဲ့ကြတာလေးတွေကို ပြန်တမ်းတနေတတ်ပါတယ်။ တစ်ခါတလေ သူ့မှ ာရင်ဖွင့်စရာတွေ၊ တိုင်ပင်စရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ချစ်သူရသွားခဲ့ရင်လညး် သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ပစ်မထားသင့်ပါဘူး။ သင့်တစ်မျက်နှာပဲ ကြည့်ပြီး သင့်တစ်ယောက်တည်း (နှစ်ယောက်၊ သုံးယောက်လညး် ဖြစ်နိုင်တယ်) ကိုပဲ ခင်လာခဲ့တဲ့သူဖြစ်တာကြောင့် သူ့ရင်ထဲမှာ သင်နဲ့ ပတ်သက်မှုဟာ အရမး်နက်ရှိုင်းတယ်ဆိုတာ သတိရပါ…။

(၅) ရင့်ကျက်ဖို့ သင်ယူရတယ်”

BFF တွေဟာ သူငယ်ချင်းနဲ့ ပတ်သက်ရင် အတ္တကြီးသူတွေပါ။ တခြားမှာတော့ မဟုတ်ပေမယ့် ကိုယ့်သူငယ်ချငး်ကို ကိုယ့်အနားမှာပဲ ရှိနေစေချင်ပါတယ်။ ဒါကို BFF က ချစ်သူ ရသွားတဲ့အခါ ပထမဆုံးအကြိမ် ဘဝမှာ စွန့်ပစ်ခံရတဲ့ ခံစားချက်မျိုးကို ခံစားသွားနိုင်ပါတယ်။ တစ်ယောက်တည်း နေဖို့ သင်ယူရတယ်၊ လူတွေကို ကိုယ့်ဘဝထဲမှာ အမြဲရှိစေချင်လို့ မရဘူး၊ တစ်ယောက်တည်းလည်း နေနိုင်ရမယ်ဆိုတဲ့ ရင့်ကျက်ခြင်းတွေအားလုံးကို သင်ယူကြရပါတယ်။ ချစ်သူရပြီးနောက်ပိုင်း BFF ကို ပစ်ထားတတ်တဲ့သူတွေကြောင့် တစ်ချို့သူတွေဟာဆိုရင် သူငယ်ချင်း၊ BFF ဆိုတာကြီးကို လုံးဝအယုံအကြည် မရှိတော့တဲ့အထိ စိတ်နာသွားတတ်ကြပါတယ်နော်…။

Em Em

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *