TNC ရဲ့ Living Legend Kuku ရဲ့အကြောင်း

TNC ရဲ့ Living Legend Kuku ရဲ့အကြောင်း

TNC ရဲ့ Living Legend Kuku ရဲ့အကြောင်း

 

Kuku ဆိုတာ TNC ကို ၂၀၁၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ရောက်လာသူဖြစ်ပေမယ့် TNC ရဲ့အရေးပါတဲ့အခိုက်အတံ့တွေမှာ အတူရှိခဲ့သူဖြစ်ပြီး SEA မှာတောင် ထိပ်သီးအဆင့်မရှိခဲ့တဲ့ TNC ကို ကမ္ဘာ့အဆင့်ရောက်အောင်ထိ ဆွဲတင်ပေးနိင်ခဲ့သူဖြစ်ပါတယ်။

Kuku မရောက်လာခင်က TNC အနေနဲ့ ပြိုင်ပွဲအသေးလေးတွေမှာတောင် ၄ ခုပဲဗိုလ်စွဲခဲ့ဖူးပြီး SEA မှာတောင်မှ သာမန်အဆင့်အသင်းတစ်သင်းပါ။

ဒါပေမယ့် Kuku ရောက်လာပြီးချိန်စလို့ SEA မှာ ပြိုင်ဘက်ကင်းအသင်းနီးပါးဖြစ်တဲ့အထိ အင်အားကြီးထွားလာသလို ကမ္ဘာ့အဆင့်မှာလည်း အသင်းကြီးတွေသတိထားရတဲ့ ဖျက်မြင်းအသင်းဖြစ်လာပါတယ်။

Kuku ရဲ့နာမည်အရင်းကတော့ Carlo Palad ဖြစ်ပါတယ်။

သူ့ကို ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က မွေးဖွားခဲ့တာကြောင့် အခုဆိုရင် ၂၂ နှစ်ရှိပြီ ဖြစ်ပါတယ်။

သူဟာ ဖိလစ်ပိုင်နိင်ငံသား ဖြစ်ပါတယ်။

အခုလက်ရှိသူ TNC မှာ ကစားနေတာက Offlane ဖြစ်ပေမယ့် သူ TNC ကိုရောက်လာတဲ့အချိန်က Mid ကစားခဲ့တာ ဖြစ်ပါတယ်။

Armel ရောက်လာချိန်မှာ Position 5 ကစားခဲ့ပြီး TI8 အပြီး Ninjaboogie ရောက်လာပြီး Sam_H ထွက်ခွာသွားချိန်မှာ Offlane ကို ထပ်ပြောင်းကစားခဲ့ပါတယ်။

TNC အတွက်ဆို ဘယ် Role ပဲ ကစားရကစားရ ပေးဆပ်ဖို့အသင့်ရှိနေတဲ့ Kuku မှာ Hero Pool ဆိုပြီး သီးသန့်မရှိပါဘူး။

ဒါပေမယ့် Liquidpedia က Official Signature Hero သုံးကောင်ကတော့ TI6 မှာ Miracle နဲ့ Notail တို့ရဲ့ OG ကို Game 2 မှာ ဖြုတ်ချနိင်ခဲ့တဲ့ Huskar, PL နဲ့ QoP တို့ပဲ ဖြစ်ပါတယ်။

Kuku ရဲ့ကစားဟန်က TNC ကို SEA ရဲ့ VP ဖြစ်လာစေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပြီး  Very Aggressive ပါ။

ရန်သူကိုအမြဲတမ်းထိုးနှက်ဖို့ပဲ စဉ်းစားနေပြီး နေရာလွတ်နည်းနည်းတွေ့တာနဲ့ လုံးပါပြီ။

တစ်ခါတစ်လေဆို မလုံးလောက်ဖူးထင်ရတဲ့အချိန်တွေမှာလည်း ခပ်တည်တည်နဲ့ ခုန်ခုန်ဝင်သွားတတ်လို့ ဟာခနဲဟင်ခနဲ ဖြစ်ရပါတယ်။

ဒါကြောင့်သူ့ Signature တွေကို Huskar, PL, QoP လို့ ပြောထားတာ ဖြစ်ဟန်တူပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning က $511,813 ဖြစ်ပါတယ်။

Kuku ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်နေ့မှာ Mineski နဲ့အတူ စတင်ခဲ့ပါတယ်။

Mineski ကနေ ၂၀၁၆ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ပြန်ထွက်ခဲ့တဲ့အတွက် Mineski မှာ တစ်နှစ်ကျော်လောက် ကစားခဲ့တာဖြစ်ပါတယ်။

သူ Mineski မှာ ရှိစဉ်ကာလမှာ ရခဲ့တဲ့အောင်မြင်မှုတွေကတော့ NXTGAME Dota 2 Invitational, Asia Arena Cup တို့ပဲ ဖြစ်ပါတယ်။

အခြားပြိုင်ပွဲတွေမှာ Qualifier တွေအောင်မြင်ခဲ့တာလည်းရှိသလို မအောင်မြင်ခဲ့တာတွေလည်း ရှိပါတယ်။

TI5 ကို SEA Qualifier ကနေ ၀င်ပြိုင်ဖို့ကြိုးစားခဲ့သေးပေမယ့် Qualifier မှာ 5-10th place ပဲ ရရှိခဲ့ပါတယ်။

Mineski ကနေ ထွက်ခွာပြီးတော့ တစ်ပတ်လောက်အကြာမှာ Kuku ဟာ သူ့ကစားသမားဘ၀ရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းဖို့အတွက် TNC ကို ရောက်လာပါတော့တယ်။

TI6 မတိုင်ခင်မှာကစားခဲ့တဲ့ ပြိုင်ပွဲ Qualifier တွေနဲ့ ပြိုင်ပွဲ Main Event တွေမှာ ဘာမှလုပ်မပြနိင်ခဲ့ပေမယ့် TI6 ကိုတော့ SEA Open Qualifier ကနေစကစားပြီး Regional Qualfier ကနေတစ်ဆင့် ပြိုင်ပွဲကို သွားရောက်နိင်ခဲ့ပါတယ်။

Open Qualifier ကနေရောက်လာတဲ့ SEA က အသင်းငယ်လေးဖြစ်တာကြောင့် ဘယ်သူမှအထင်မကြီးခဲ့ကြပါဘူး။

ကောက်ရိုးမီးလေးပဲလို့ အားလုံးကသတ်မှတ်ခဲ့ကြပါတယ်။

Group Stage မှာလည်း ၇ ပွဲနိင် ၇ ပွဲရှုံးဆိုတဲ့ရလဒ်နဲ့ Group A ရဲ့ အဆင့် ၅ နေရာကိုပဲ ရရှိခဲ့တာကြောင့် Lower Bracket ကနေ စကစားခဲ့ရပါတယ်။

Lower Bracket Round 1 အသက်လုပွဲမှာ VG Reborn  ကို ၃၆ မိနစ်နဲ့အနိင်ယူပြီးတော့ နောက်တစ်ဆင့်ကို တက်နိင်ခဲ့လို့ Round 2 မှာ MVP Phoenix ကိုရှုံးပြီးတော့ကျလာတဲ့ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံးအသင်း OG နဲ့ တွေ့ဆုံခဲ့ပါတော့တယ်။

အားလုံးက OG 2 – 0 TNC လို့ပဲ လွယ်လွယ်အဖြေထုတ်ခဲ့ကြပေမယ့် Kuku တို့က “SEA အသင်းတွေသည် စောက်ချဉ်မဟုတ်” ဆိုတာကို ၂ – ၀ နဲ့ပြန်အနိင်ရယူပြပြီးတော့ သက်သေပြနိင်ခဲ့ပါတယ်။

Game 1 ကို ၅၄ မိနစ်ကျော်ကစားခဲ့ရပေမယ့် TNC အတွက်သိပ်မခက်ခဲခဲ့ပဲ highground defense ကောင်းတဲ့ Medusa, FV တို့ကြောင့်သာ ပွဲချိန်ကြာသွားခဲ့တာ ဖြစ်ပါတယ်။

Game 2 အသက်လုပွဲမှာတော့ OG ပြန်လာနိင်မယ်လို့ အားလုံးကထင်ခဲ့ကြသလို အစပိုင်းမိနစ်တွေကလွဲရင် OG က အသာစီးရယူပြီးတော့ ကစားနိင်ခဲ့ပါတယ်။

ဒါပေမယ့် Late Game ရောက်လာတာနဲ့အမျှ Miracle Ember ရဲ့ Overconfident Play တွေ၊ Notail Tiny ရဲ့ အဆင်ခြင်မဲ့လှုပ်ရှားမှုတွေကြောင့် တဖြေးဖြေးနဲ့ ၀ါးအစည်းပြေသလိုဖြစ်လာတဲ့ OG Teamwork ကို Kuku တို့ရဲ့ TNC က ပြီးပြည့်စုံတဲ့နားလည်မှုတွေနဲ့ အနိင်ကစားနိင်ခဲ့ပါတယ်။

အပြောင်မြောက်ဆုံးကတော့ Miracle Ember သေရာကနေပြန်လာဖို့ စက္ကန့် ၂၀ ၀န်းကျင်လောက်သာလိုတော့တဲ့အချိန်မှာ Kuku တို့က ညီညီညာညာနဲ့ T3 အပြီးမှာ Rax တွေမချိုးပဲ T4 ပြေးရိုက်ခဲ့လို့ Miracle Ember မဖြစ်မနေ Buyback လုပ်ခဲ့ရပါတယ်။

နောက်ဆုံး Battle မှာတော့ Divine, Fury,  Daedalus တို့ထည့်ထားတဲ့ Miracle Ember ပိုင်းတာက Dazzle Armor ပေါင်းတာနဲ့ Kuku Huskar Assult Armor Aura တို့ကြောင့် ဘာ Damage မှ မထွက်တော့တာကြောင့် OG တို့ GG ခေါ်ခဲ့ရပါတော့တယ်။

နောက်တစ်ဆင့်မှာတော့ TNC တို့ TI6 ရဲ့ Runner Up ဖြစ်လာမယ့် DC ကို ရှုံးနိမ့်ခဲ့လို့ အိမ်ပြန်ခဲ့ရပေမယ့် ခေါင်းငုံ့ထားစရာ လုံးဝမလိုခဲ့ပါဘူး။

TI6 မှာ နာမည်ရော ဂုဏ်သိက္ခာပါရရှိခဲ့တဲ့ Kuku နဲ့ TNC တို့ဟာ TI6 အပြီးမှာလည်း ဆက်လက်အင်အားကြီးထွားပြီးတော့ တစ်ပွဲတိုးစွမ်းဆောင်ရည်မဟုတ်ဖူးဆိုတာကို အကြိမ်ကြိမ်သက်သေပြခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ World Electronic Sports Games 2016, China Top 2017 တို့မှာ ချန်ပီယံဖြစ်ခဲ့ပြီး StarLadder i-League StarSeries Season 3 မှာ 3-4th place ၊ StarLadder i-League Invitational Season 2 မှာ ဒုတိယတို့ကို ရခဲ့သလို TI7 မှာလည်း 9-12th place ကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်ကုန်ခါနီးမှာ MDL Macau ပြိုင်ပွဲမှာ ဒုတိယဆုကို ရယူနိင်ခဲ့ပါတယ်။

၂၀၁၈ မှာလည်း TNC တို့ မျက်နှာမငယ်ခဲ့ပဲ DAC 2018 မှာ စတုတ္ထရခဲ့သလို အခြားပြိုင်ပွဲတွေမှာလည်း အသင်းကြီးတွေကို ကောင်းကောင်းဒုက္ခပေးနိင်ခဲ့ပါတယ်။

TI8 မှာတော့ 13-16th place ကိုပဲ ရရှိခဲ့ပြန်ပေမယ့် နှစ်တိုင်း TI မှာ SEA ကိုယ်စားပြုကစားပေးနေရတာကိုက ဂုဏ်ယူစရာလို့ ပြောလို့ရပါတယ်။

TI8 အပြီးမှာလည်း World Electronic Sports Games 2018 Philippine Finals မှာဗိုလ်စွဲနိင်ခဲ့သလို KL Major မှာလည်း အသင်းကြီးတွေအများကြီးကိုကျော်ဖြတ်ပြီးတော့ 5-6th place ကို ရယူနိင်ခဲ့ပါတယ်။

ဒါကြောင့် တစ်နှစ်ထက်တစ်နှစ်တိုးတက်လာပြီး TNC နဲ့လုံးဝခွဲမြင်လို့မရတော့တဲ့ Living Legend Kuku တစ်ယောက် ဒီထက်ပိုပြီး TNC ကိုရော သူ့ကိုယ်သူပါ အမြင့်ရောက်အောင်ဆွဲတင်နိင်ပါစေလို့ …

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *