ျပတ္သြားတဲ့ရည္းစားဆီက ႏႈတ္ဆက္အနမ္းေတာင္းျပီးေနာက္ လွ်ာကုိကိုက္ထားျပီးျပန္မလႊတ္ေပးတဲ့ေကာင္မေလး

ျပတ္သြားတဲ့ရည္းစားဆီက ႏႈတ္ဆက္အနမ္းေတာင္းျပီးေနာက္ လွ်ာကုိကိုက္ထားျပီးျပန္မလႊတ္ေပးတဲ့ေကာင္မေလး

ျပတ္သြားတဲ့ရည္းစားဆီက ႏႈတ္ဆက္အနမ္းေတာင္းျပီးေနာက္ လွ်ာကုိကိုက္ထားျပီးျပန္မလႊတ္ေပးတဲ့ေကာင္မေလး

တာဝန္ရွိသူေတြေရာက္လာတဲ့အခ်ိန္မွာေတာ့ ငရုတ္ေကာင္းရည္စပေရးသံုးျပီး သူတုိ႕ကုိခြာထုတ္လိုက္ရတာ ျဖစ္ပါတယ္..။

ကိုယ့္ခ်စ္သူအေပၚထားရွိတဲ့သံေယာဇဥ္ေပၚမူတည္ျပီးေတာ့ အဆက္ျဖတ္တဲ့အခါ ခံစားရတဲ့ အတိမ္အနက္ကြာျခားပါတယ္။အခုျဖစ္စဥ္မွာေတာ့ တရုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ သူ႕ခ်စ္သူနဲ႕အဆက္ျဖတ္ခဲ့ျပီးတဲ့ေနာက္မွာခႏၶာကိုယ္နာက်င္မႈပါခံစားသြားခဲ့ရပါတယ္။အသက္ ၂၃ ႏွစ္အရြယ္ Liu လို႕ေခၚတဲ့ အမ်ိဳးသားဟာ “မိန္းမတစ္ေယာက္ျမည္တြန္ေတာက္တီးေနတာထက္ဆိုးတဲ့ငရဲမရွိဘူး” လို႕ေျပာျပီးေနာက္ သူ႕ခ်စ္သူ Ms.Zhou နဲ႕အဆက္ျဖတ္ခဲ့ပါတယ္။လမ္းသြားလမ္းလာေတြအေျပာအရေတာ့ သူတုိ႕ႏွစ္ေယာက္ဟာလမ္းခြဲဖုိ႕အေၾကာင္းေျပာေနၾကတာျဖစ္တယ္လုိ႕သိရပါတယ္။ၾကည့္ရတာေတာ့ တျဖည္းျဖည္းနဲ႕ ေကာင္မေလးဘက္က ေတာင္းဆိုခ်က္တစ္ခုနဲ႕အတူ သေဘာတူလုိက္ပံုပဲ….ႏႈတ္ဆက္အနမ္းေပးခဲ့ဖုိ႕ေပါ့…..။

ဒီအျဖစ္အပ်က္ဟာ Anhui ရပ္ကြက္က Qianshan လမ္းေပၚမွာျဖစ္ခဲ့တာပါ။သူတုိ႕ႏွစ္ေယာက္နမ္းေနရင္းနဲ႕ ေကာင္မေလးဟာ ေကာင္ေလးလ်ာကို ကုိက္ထားျပီးျပန္လႊတ္မေပးခဲ့ေတာ့ပါဘူး။လမ္းသြားတစ္ေယာက္ရိုက္ျပီးတင္ခဲ့တဲ့ ဒီဗီဒီယိုမွာဆိုရင္ Liu အေတာ္ေလးနာက်င္ေနတာကိုေတြ႕ရမွာျဖစ္ျပီးေတာ့ Zhou ကေတာ့ တစ္လက္မမွလႊတ္ေပးမယ့္ပံုမေပၚတာကိုျမင္ရမွာပါ..။

ေကာင္မေလးက ဘယ္လုိမွလႊတ္မေပးတဲ့အတြက္ ငရုတ္ေကာင္းရည္စပေရးသံုးျပီး ေကာင္မေလးပါးစပ္ၾကားထဲက ေကာင္ေလးရဲ႕လ်ာလြတ္ထြက္လာေအာင္ၾကိဳးစားခဲ့ရပါေတာ့တယ္။ရဲေတြရဲ႕ဗ်ဴဟာအလုပ္ျဖစ္သြားတဲ့ေနာက္မွာေတာ့ Liu ကုိအျမန္ဆံုးေဆးရံုပို႕ေဆာင္ခဲ့ပါတယ္။ကံေကာင္းစြာပဲ လ်ာမွာ ၾကီးၾကီးမားမား ဒဏ္ရာမရရွိသြားပါဘူးလို႕ ဆရာဝန္ေတြအေျပာအရသိရပါတယ္..။

Zhou ရဲ႕မိဘေတြကေတာ သူတုိ႕သမီးဟာ အြန္လုိင္းေစ်းဝယ္ဆိုက္တစ္ခုရဲ႕အလိမ္ကုိခံရျပီး စိတ္မတည္မျငိမ္ျဖစ္ေနတာပါလုိ႕ ေျပာၾကားသြားခဲ့ပါတယ္။Zhou ဟာ အရင္တုန္းက စိတ္ပုိင္းဆိုင္ရာကုသမႈခံယူခဲ့ရဖူးေၾကာင္းလည္း သူ႕မိဘေတြက ေျပာခဲ့ပါတယ္။“လြန္ခဲ့တဲ့ ၅ ႏွစ္က Hefei မွာ သူမ စိတ္ကုသမႈခံယူခဲ့ရေၾကာင္း သူမမိဘေတြကေျပာခဲ့ပါတယ္ ။ အခုခ်ိန္မွာေတာ့ သူမဟာ ရာႏႈန္းျပည့္ေကာင္းမြန္ေနပါျပီ” လုိ႕ ရဲအရာရွိ Wu Changfeng က အင္တာဗ်ဴးမွာေျပာၾကားခဲ့ပါတယ္။ဒီေတာ့ သင့္ခ်စ္သူကေနာက္ဆံုးအနမ္းေပးခဲ့ပါလုိ႕ ေျပာလာျပီဆုိရင္ သတိသာထားေပေတာ့…

ဗီဒီယိုကုိလည္းတစ္ခ်က္ေလာက္ၾကည့္လိုက္ၾကပါဦး…

Writer – Min Thu (Daily Hot News)

Unicode

ပြတ်သွားတဲ့ရည်းစားဆီက နှုတ်ဆက်အနမ်းတောင်းပြီးနောက် လျှာကိုကိုက်ထားပြီးပြန်မလွှတ်ပေးတဲ့ကောင်မလေး

တာဝန်ရှိသူတွေရောက်လာတဲ့အချိန်မှာတော့ ငရုတ်ကောင်းရည်စပရေးသုံးပြီး သူတို့ကိုခွာထုတ်လိုက်ရတာ ဖြစ်ပါတယ်..။

ကိုယ့်ချစ်သူအပေါ်ထားရှိတဲ့သံယောဇဉ်ပေါ်မူတည်ပြီးတော့ အဆက်ဖြတ်တဲ့အခါ ခံစားရတဲ့ အတိမ်အနက်ကွာခြားပါတယ်။အခုဖြစ်စဉ်မှာတော့ တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူနဲ့အဆက်ဖြတ်ခဲ့ပြီးတဲ့နောက်မှာခန္ဓာကိုယ်နာကျင်မှုပါခံစားသွားခဲ့ရပါတယ်။အသက် ၂၃ နှစ်အရွယ် Liu လို့ခေါ်တဲ့ အမျိုးသားဟာ “မိန်းမတစ်ယောက်မြည်တွန်တောက်တီးနေတာထက်ဆိုးတဲ့ငရဲမရှိဘူး” လို့ပြောပြီးနောက် သူ့ချစ်သူ Ms.Zhou နဲ့အဆက်ဖြတ်ခဲ့ပါတယ်။လမ်းသွားလမ်းလာတွေအပြောအရတော့ သူတို့နှစ်ယောက်ဟာလမ်းခွဲဖို့အကြောင်းပြောနေကြတာဖြစ်တယ်လို့သိရပါတယ်။ကြည့်ရတာတော့ တဖြည်းဖြည်းနဲ့ ကောင်မလေးဘက်က တောင်းဆိုချက်တစ်ခုနဲ့အတူ သဘောတူလိုက်ပုံပဲ….နှုတ်ဆက်အနမ်းပေးခဲ့ဖို့ပေါ့…..။

ဒီအဖြစ်အပျက်ဟာ Anhui ရပ်ကွက်က Qianshan လမ်းပေါ်မှာဖြစ်ခဲ့တာပါ။သူတို့နှစ်ယောက်နမ်းနေရင်းနဲ့ ကောင်မလေးဟာ ကောင်လေးလျာကို ကိုက်ထားပြီးပြန်လွှတ်မပေးခဲ့တော့ပါဘူး။လမ်းသွားတစ်ယောက်ရိုက်ပြီးတင်ခဲ့တဲ့ ဒီဗီဒီယိုမှာဆိုရင် Liu အတော်လေးနာကျင်နေတာကိုတွေ့ရမှာဖြစ်ပြီးတော့ Zhou ကတော့ တစ်လက်မမှလွှတ်ပေးမယ့်ပုံမပေါ်တာကိုမြင်ရမှာပါ..။

ကောင်မလေးက ဘယ်လိုမှလွှတ်မပေးတဲ့အတွက် ငရုတ်ကောင်းရည်စပရေးသုံးပြီး ကောင်မလေးပါးစပ်ကြားထဲက ကောင်လေးရဲ့လျာလွတ်ထွက်လာအောင်ကြိုးစားခဲ့ရပါတော့တယ်။ရဲတွေရဲ့ဗျူဟာအလုပ်ဖြစ်သွားတဲ့နောက်မှာတော့ Liu ကိုအမြန်ဆုံးဆေးရုံပို့ဆောင်ခဲ့ပါတယ်။ကံကောင်းစွာပဲ လျာမှာ ကြီးကြီးမားမား ဒဏ်ရာမရရှိသွားပါဘူးလို့ ဆရာဝန်တွေအပြောအရသိရပါတယ်..။

Zhou ရဲ့မိဘတွေကတော သူတို့သမီးဟာ အွန်လိုင်းစျေးဝယ်ဆိုက်တစ်ခုရဲ့အလိမ်ကိုခံရပြီး စိတ်မတည်မငြိမ်ဖြစ်နေတာပါလို့ ပြောကြားသွားခဲ့ပါတယ်။Zhou ဟာ အရင်တုန်းက စိတ်ပိုင်းဆိုင်ရာကုသမှုခံယူခဲ့ရဖူးကြောင်းလည်း သူ့မိဘတွေက ပြောခဲ့ပါတယ်။“လွန်ခဲ့တဲ့ ၅ နှစ်က Hefei မှာ သူမ စိတ်ကုသမှုခံယူခဲ့ရကြောင်း သူမမိဘတွေကပြောခဲ့ပါတယ် ။ အခုချိန်မှာတော့ သူမဟာ ရာနှုန်းပြည့်ကောင်းမွန်နေပါပြီ” လို့ ရဲအရာရှိ Wu Changfeng က အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ဒီတော့ သင့်ချစ်သူကနောက်ဆုံးအနမ်းပေးခဲ့ပါလို့ ပြောလာပြီဆိုရင် သတိသာထားပေတော့…

ဗီဒီယိုကိုလည်းတစ်ချက်လောက်ကြည့်လိုက်ကြပါဦး…

Writer – Min Thu (Daily Hot News)

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *