သိရင္အံ့ၾသသြားမယ့္ မိန္းကေလးေတြလုပ္တတ္ၾကတဲ့ ထူးထူးဆန္းဆန္းအျပဳအမူ (၁၁)မ်ဳိး

By / 2 months ago / Funny / No Comments
သိရင္အံ့ၾသသြားမယ့္ မိန္းကေလးေတြလုပ္တတ္ၾကတဲ့ ထူးထူးဆန္းဆန္းအျပဳအမူ (၁၁)မ်ဳိး

မိန္းကေလးေတြဟာ နားလည္ရခက္ျပီး တခါတေလ ထူးထူးဆန္းဆန္းအျပဳအမူေလးေတြလည္း လုပ္တတ္တဲ့သူေတြပါ။ မိန္းကေလးေတြ ဘယ္လုိထူးထူးဆန္းဆန္းအျပဳအမူေလးေတြ လုပ္တတ္လဲဆိုတာကို ဖတ္ၾကည့္ျပီး ကိုယ္တုိင္ေရာ ဒီထဲက ဘယ္နွခ်က္ကို လုပ္ခဲ့ဖူးလဲ ဆိုတာ ေျပာသြားပါဦး သူငယ္ခ်င္းတို႔ ေရ ….. ။

(၁) ကိုယ့္ရာသီခြင္နဲ႕လိုက္ဖက္တဲ့ ဖူးစာရွင္ဘယ္သူလဲဆိုတာ ရွာဖတ္တတ္ပါတယ္ …. ။

(၂) ေခါင္းေလွ်ာ္ဖို႕ ပ်င္းေနလို႕၊ ေခါင္းေလွ်ာ္ဖို႕ အခ်ိန္မရလို႕ ေခါင္းမေလွ်ာ္ရေသးလို႕ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ အေရးၾကီးအတန္းခ်ိန္၊ အစည္းအေ၀းမ်ိဳးကို လက္လႊတ္ခဲ့ဖူးသူပါပဲ … ။

(၃) မိန္းကေလးေတြမွာ အရမ္းေဟာင္းေနေပမယ့္ မပစ္နိုင္ေသးဘဲ ၀တ္ေနေသးတဲ့ အၾကိဳက္ဆံုးအက်ႌတစ္ထည္ေတာ့အၿမဲရွိတယ္ …. ။

(၄) မိုးရြာေနတဲ့အခ်ိန္ အေဆြးသီခ်င္းေလးဖြင့္ျပီး ျပတ္သြားတဲ့ ရည္းစားေဟာင္းေတြကို လြမ္းေနတတ္ပါတယ္ … ။

(၅) မဂၤလာေဆာင္ကို ဘယ္လိုလုပ္မယ္ဆိုျပီး စိတ္ကူးယဥ္တတ္ၾကပါတယ္ …. ။

(၆) လိုခ်င္တဲ့ပစၥည္းေတြကို မ၀ယ္ရရင္ေန၊ သြားသြားငမ္းရံုနဲ႕ေပ်ာ္ေနတတ္တဲ့ အက်င့္ေလးလည္း ရွိေသးတယ္။ ဒါေၾကာင့္ window shopping လည္း ခဏခဏထြက္တတ္ေလ့၇ွိတယ္ … ။

(၇) အိမ္ေမြးတိရစာၦန္ေလးေတြနဲ႕ စကားေတြေျပာတတ္ေလ့ရွိတယ္ … ။

(၈) သူတို႕ရဲ႕ရည္းစားေဟာင္းနဲ႕ အဆက္ေဟာင္းရဲ႕ လက္ရွိရည္းစားအေၾကာင္း စိတ္၀င္စားတတ္တယ္။ ဆိုရွယ္မီဒီယာေတြမွာ stalker လိုက္လုပ္တတ္ေလ့ရွိတယ္ …. ။

(၉) ကေလးတစ္ေယာက္ရဲ႕ကိုယ့္အေလးခ်ိန္ထက္ ပိုေလးတဲ့အိတ္ၾကီးေတြ လြယ္ျပီးေလွ်ာက္သြားနိုင္ၾကပါတယ္ … ။

(၁၀) လစာရဲ႕တစ္၀က္ေလာက္ကို တစ္ခါေလာက္ပဲ ၀တ္ျဖစ္မယ့္ အထည္ေတြ၀ယ္ဖို႕ သံုးပစ္နိုင္ၾကသူေတြပါပဲ … ။

(၁၁) ထိုင္ေနတဲ့အခ်ိန္ကလြဲလို႕ တျခားအခ်ိန္ေတြမွာ ဘယ္လိုမွသက္ေတာင့္သက္သာ မျဖစ္နိုင္တဲ့ဖိနပ္ေတြစီးျပီး ေလွ်ာက္သြားနိုင္ၾကပါတယ္ ….။

MAY THAZINHTOO

Unicode

မိန်းကလေးတွေဟာ နားလည်ရခက်ပြီး တခါတလေ ထူးထူးဆန်းဆန်းအပြုအမူလေးတွေလည်း လုပ်တတ်တဲ့သူတွေပါ။ မိန်းကလေးတွေ ဘယ်လိုထူးထူးဆန်းဆန်းအပြုအမူလေးတွေ လုပ်တတ်လဲဆိုတာကို ဖတ်ကြည့်ပြီး ကိုယ်တိုင်ရော ဒီထဲက ဘယ်နှချက်ကို လုပ်ခဲ့ဖူးလဲ ဆိုတာ ပြောသွားပါဦး သူငယ်ချင်းတို့ ရေ ….. ။

(၁) ကိုယ့်ရာသီခွင်နဲ့လိုက်ဖက်တဲ့ ဖူးစာရှင်ဘယ်သူလဲဆိုတာ ရှာဖတ်တတ်ပါတယ် …. ။

(၂) ခေါင်းလျှော်ဖို့ ပျင်းနေလို့၊ ခေါင်းလျှော်ဖို့ အချိန်မရလို့ ခေါင်းမလျှော်ရသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးကြီးအတန်းချိန်၊ အစည်းအဝေးမျိုးကို လက်လွှတ်ခဲ့ဖူးသူပါပဲ … ။

(၃) မိန်းကလေးတွေမှာ အရမ်းဟောင်းနေပေမယ့် မပစ်နိုင်သေးဘဲ ဝတ်နေသေးတဲ့ အကြိုက်ဆုံးအကျႌတစ်ထည်တော့အမြဲရှိတယ် …. ။

(၄) မိုးရွာနေတဲ့အချိန် အဆွေးသီချင်းလေးဖွင့်ပြီး ပြတ်သွားတဲ့ ရည်းစားဟောင်းတွေကို လွမ်းနေတတ်ပါတယ် … ။

(၅) မင်္ဂလာဆောင်ကို ဘယ်လိုလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်တတ်ကြပါတယ် …. ။

(၆) လိုချင်တဲ့ပစ္စည်းတွေကို မဝယ်ရရင်နေ၊ သွားသွားငမ်းရုံနဲ့ပျော်နေတတ်တဲ့ အကျင့်လေးလည်း ရှိသေးတယ်။ ဒါကြောင့် window shopping လည်း ခဏခဏထွက်တတ်လေ့ရှိတယ် … ။

(၇) အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ စကားတွေပြောတတ်လေ့ရှိတယ် … ။

(၈) သူတို့ရဲ့ရည်းစားဟောင်းနဲ့ အဆက်ဟောင်းရဲ့ လက်ရှိရည်းစားအကြောင်း စိတ်ဝင်စားတတ်တယ်။ ဆိုရှယ်မီဒီယာတွေမှာ stalker လိုက်လုပ်တတ်လေ့ရှိတယ် …. ။

(၉) ကလေးတစ်ယောက်ရဲ့ကိုယ့်အလေးချိန်ထက် ပိုလေးတဲ့အိတ်ကြီးတွေ လွယ်ပြီးလျှောက်သွားနိုင်ကြပါတယ် … ။

(၁၀) လစာရဲ့တစ်ဝက်လောက်ကို တစ်ခါလောက်ပဲ ဝတ်ဖြစ်မယ့် အထည်တွေဝယ်ဖို့ သုံးပစ်နိုင်ကြသူတွေပါပဲ … ။

(၁၁) ထိုင်နေတဲ့အချိန်ကလွဲလို့ တခြားအချိန်တွေမှာ ဘယ်လိုမှသက်တောင့်သက်သာ မဖြစ်နိုင်တဲ့ဖိနပ်တွေစီးပြီး လျှောက်သွားနိုင်ကြပါတယ် ….။

MAY THAZINHTOO

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *