ပညာေပးဇာတ္ကားကို ရံုတင္ခြင့္မရရင္ မီးရိႈ႕လိုက္ဖို႔ပဲ ရွိတယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

By / 3 months ago / Local News / No Comments
ပညာေပးဇာတ္ကားကို ရံုတင္ခြင့္မရရင္ မီးရိႈ႕လိုက္ဖို႔ပဲ ရွိတယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

ပညာေပးဇာတ္ကားကို ရံုတင္ခြင့္မရရင္ မီးရိႈ႕လိုက္ဖို႔ပဲ ရွိတယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

ျမန္မာ့အႏုပညာနယ္ပယ္ထဲမွာေတာ့ အေတြ႔ၾကံဳမ်ားေနျပီျဖစ္တဲ့ မင္းသမီး ခိုင္ႏွင္းေဝကေတာ့ လက္ရွိမွာေတာ့ ပရဟိတမင္းသမီး တေယာက္လို ျဖစ္ေနပါျပီ။ ခိုင္ႏွင္းေဝကေတာ့ ပရဟိတလုပ္ငန္းေတြ ဆက္တိုက္လုပ္ေနတာေၾကာင့္ အႏုပညာဖက္မွာ ေျခလွမ္းက်ဲေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခိုင္ႏွင္းေဝကေတာ့ သူ႔အေနနဲ႔ သူေစာင့္ေရွာက္ထားတဲ့ ကေလးေလးေတြ အတြက္ ေဂဟာေဆာက္ေပးဖို႔ သူရိုက္ထားတဲ့ သက္ငယ္မုဒိမ္း ပညာေပးဇာတ္ကား ပန္းရိုင္းမ်က္ရည္ ဆိုတဲ့ ဇာတ္ကားကိုေတာ့ ရံုတင္ခြင့္ရဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက ရိုက္ထားေသာ္လည္း ရံုတင္ခြင့္ကေတာ့ လက္ရွိခ်ိန္ထိ မရေသးတာေၾကာင့္ ခိုင္ႏွင္းေဝကေတာ့ ထုတ္ေျပာလိုက္တာ ပဲျဖစ္ပါတယ္…။

ခိုင္ႏွင္းေဝကေတာ့ KZ နဲ႔ အင္တာဗ်ဴးမွာေတာ့ ပန္းရိုင္းမ်က္ရည္ ရုပ္ရွင္ကား ရံုတင္ခြင့္မရေသးတဲ့ အေပၚမွာေတာ့ “အစ္မ ဒီကားဆိုရင္ သက္ငယ္မုဒိမ္းကို ဦးစားေပးျပီးေတာ့ ရိုက္ထားတယ္။ ပညာေပးအေနနဲ႔ေပါ့။ ဒီဇာတ္ကားျဖစ္လာဖို႔ကလည္း အခက္ခဲေတြ အမ်ားၾကီး ရွိခဲ့တယ္။ မင္းသားကေတာ့ အားနည္းပါတယ္။ မင္းသားအားနည္းလို႔ပဲ ရံုတင္ရက္မရတာလား မသိဘူး။ အဓိကက အစ္မတို႔က ကေလးေတြဖက္ကို ဦးစားေပးျပီး ရိုက္ထားတဲ့ ကားေလး ျဖစ္တာေၾကာင့္ ဇာတ္လမ္းကိုပဲ အမက ဦးစားေပးျပီးေတာ့ ရိုက္လိုက္တာေပါ့…။

 

အဲ့အတြက္ေၾကာင့္ စိတ္လည္းမေကာင္းဘူး။ ဒီကားကိုစရိုက္တဲ့ လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ကလည္း ဒီလိုမ်ိဳး သက္ငယ္မုဒိမ္းမႈေတြ အရမ္းမ်ားေနတာေၾကာင့္ ရံုတင္ခြင့္ရလိုက္ရင္ ျပည္သူအတြက္ အက်ိဳးရွိမယ္လို႔ ထင္မိတယ္။ အဲ့တုန္းကလည္း အမက ပိုက္ဆံမရွိတဲ့ၾကားကေန အခက္ခဲေတြနဲ႔ ရိုက္ခဲ့ရတာ ျဖစ္ပါတယ္။ ပထမကေတာ့ အစ္မအေနနဲ႔ ေက်ာင္းေဆာက္ဖို႔ဆိုျပီးေတာ့ ထားထားတာ။ အမကိုယ္တိုင္လည္း အမႈေတြ အမ်ားၾကီးလိုက္ေပးလိုက္ရတာေၾကာင့္လည္း ၾကားထဲမွာ ပိုက္ဆံေတြ နစ္သြားတာေပါ့။ အခုဆိုရင္ အမမွာ ကေလးေတြရွိတယ္။ အခန္းငွားရတယ္။ အေဆာင္ခေတြ ကုန္တယ္။ အကယ္လို႕ ဒီကားရံုတင္လို႔ရတဲ့ အခ်ိန္မွာ ရလာတဲ့ေငြေလးေတြကို ေက်ာင္းေဆာက္ဖို႔ လုပ္မွာျဖစ္တဲ့အတြက္ အမကေလးေတြ ခိုုလႈံရာ ရေအာင္ဆိုျပီး လုပ္လိုက္တာပါ။ အဲ့ဒါေၾကာင့္ အျမန္ရံုတင္ခြင့္ရေအာင္ပဲ ဆုေတာင္းရေတာ့မွာေပါ့”

ပိုက္ဆံကားလိုမ်ိဳး ေရာင္းဖို႔ အစီအစဥ္ရွိလားဆိုတဲ့ အေပၚမွာေတာ့ “အဲ့လိုမ်ိဳးေတာ့ မေရာင္းပါဘူး။ အစ္မက ရုပ္ရွင္ ကြာလတီနဲ႔ ရိုက္ထားတာ ျဖစ္တာေၾကာင့္ ဒီကားရံုတင္ခြင့္မရရင္ မီးရိႈ႕လိုက္ရံုပဲ ရွိေတာ့မယ္။ ဒီကားကို အကယ္ဒမီေတြ ေမွ်ာ္လင့္ျပီးလည္း ရိုက္ထားတာ မဟုတ္ဘူး။ ပိုက္ဆံေတြ အမ်ားၾကီး ရေအာင္ ရိုက္ထားတာလည္း မဟုတ္ပါဘူး။ အဓိကကေတာ့ မင္းသားေတြဆိုရင္လည္း အေကာင္းေတြ မသံုးထားလည္းဆိုေတ့ာ မင္းသားေတြကိုဦးတည္ျပီး ရိုက္တာမဟုတ္ပါဘူး။ အစ္မက ဇာတ္ကို အဓိက ထားျပီး ရိုက္ထားတာပါ။ အဲ့အတြက္ေၾကာင့္ သူတို႔ ေပၚလစီနဲ႔ မကိုက္လို႔လားလည္းမသိပါဘူး”

“အဲ့ဇာတ္ကားေလးက အစ္မအတြက္ ေတာ္ေတာ္ကို ပင္ပန္းတယ္။ ဒီဇာတ္ကားေလးက ညီမ ကိုယ္တိုင္လည္း ပရိုဂ်ဴဆာလုပ္ျပီး ရိုက္ထားရတာဆိုေတာ့ ခက္ခဲပါတယ္။ အစ္မဆိုရင္ အဲ့ကားမွာ လံုးဝမိတ္ကပ္လည္း မလိမ္းထားဘူး။ ကတံုးဆံပင္နဲ႔ အလွအပလည္း မရွိပါဘူး။ အဲ့ကားထဲမွာဆိုရင္ အမကို မွတ္မိခ်င္မွေတာင္ မွတ္မိမွာ။ ေတာ္ေတာ္ေလးလည္း ရုပ္ဆိုးပါတယ္။ အဲ့လိုပင္ပန္းဆင္းရဲခံျပီးေတာ့ရိုက္ထားပါတယ္။ ခ်စ္တဲ့ ပရိသတ္ေတြအေနန႔ဲလည္း ပန္းရိုင္းမ်က္ရည္ဇာတ္ကားၾကီးကို အျမန္ဆံုး ရံုတင္ခြင့္ရေအာင္ ေျပာေပးပါလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္…။

Credit – nanmalgyi

Unicode

ပညာပေးဇာတ်ကားကို ရုံတင်ခွင့်မရရင် မီးရှို့လိုက်ဖို့ပဲ ရှိတယ်ဆိုတဲ့ ခိုင်နှင်းဝေ

မြန်မာ့အနုပညာနယ်ပယ်ထဲမှာတော့ အတွေ့ကြုံများနေပြီဖြစ်တဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ လက်ရှိမှာတော့ ပရဟိတမင်းသမီး တယောက်လို ဖြစ်နေပါပြီ။ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေ ဆက်တိုက်လုပ်နေတာကြောင့် အနုပညာဖက်မှာ ခြေလှမ်းကျဲနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခိုင်နှင်းဝေကတော့ သူ့အနေနဲ့ သူစောင့်ရှောက်ထားတဲ့ ကလေးလေးတွေ အတွက် ဂေဟာဆောက်ပေးဖို့ သူရိုက်ထားတဲ့ သက်ငယ်မုဒိမ်း ပညာပေးဇာတ်ကား ပန်းရိုင်းမျက်ရည် ဆိုတဲ့ ဇာတ်ကားကိုတော့ ရုံတင်ခွင့်ရဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရိုက်ထားသော်လည်း ရုံတင်ခွင့်ကတော့ လက်ရှိချိန်ထိ မရသေးတာကြောင့် ခိုင်နှင်းဝေကတော့ ထုတ်ပြောလိုက်တာ ပဲဖြစ်ပါတယ်…။

ခိုင်နှင်းဝေကတော့ KZ နဲ့ အင်တာဗျူးမှာတော့ ပန်းရိုင်းမျက်ရည် ရုပ်ရှင်ကား ရုံတင်ခွင့်မရသေးတဲ့ အပေါ်မှာတော့ “အစ်မ ဒီကားဆိုရင် သက်ငယ်မုဒိမ်းကို ဦးစားပေးပြီးတော့ ရိုက်ထားတယ်။ ပညာပေးအနေနဲ့ပေါ့။ ဒီဇာတ်ကားဖြစ်လာဖို့ကလည်း အခက်ခဲတွေ အများကြီး ရှိခဲ့တယ်။ မင်းသားကတော့ အားနည်းပါတယ်။ မင်းသားအားနည်းလို့ပဲ ရုံတင်ရက်မရတာလား မသိဘူး။ အဓိကက အစ်မတို့က ကလေးတွေဖက်ကို ဦးစားပေးပြီး ရိုက်ထားတဲ့ ကားလေး ဖြစ်တာကြောင့် ဇာတ်လမ်းကိုပဲ အမက ဦးစားပေးပြီးတော့ ရိုက်လိုက်တာပေါ့…။

အဲ့အတွက်ကြောင့် စိတ်လည်းမကောင်းဘူး။ ဒီကားကိုစရိုက်တဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကလည်း ဒီလိုမျိုး သက်ငယ်မုဒိမ်းမှုတွေ အရမ်းများနေတာကြောင့် ရုံတင်ခွင့်ရလိုက်ရင် ပြည်သူအတွက် အကျိုးရှိမယ်လို့ ထင်မိတယ်။ အဲ့တုန်းကလည်း အမက ပိုက်ဆံမရှိတဲ့ကြားကနေ အခက်ခဲတွေနဲ့ ရိုက်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမကတော့ အစ်မအနေနဲ့ ကျောင်းဆောက်ဖို့ဆိုပြီးတော့ ထားထားတာ။ အမကိုယ်တိုင်လည်း အမှုတွေ အများကြီးလိုက်ပေးလိုက်ရတာကြောင့်လည်း ကြားထဲမှာ ပိုက်ဆံတွေ နစ်သွားတာပေါ့။ အခုဆိုရင် အမမှာ ကလေးတွေရှိတယ်။ အခန်းငှားရတယ်။ အဆောင်ခတွေ ကုန်တယ်။ အကယ်လို့ ဒီကားရုံတင်လို့ရတဲ့ အချိန်မှာ ရလာတဲ့ငွေလေးတွေကို ကျောင်းဆောက်ဖို့ လုပ်မှာဖြစ်တဲ့အတွက် အမကလေးတွေ ခိုုလှုံရာ ရအောင်ဆိုပြီး လုပ်လိုက်တာပါ။ အဲ့ဒါကြောင့် အမြန်ရုံတင်ခွင့်ရအောင်ပဲ ဆုတောင်းရတော့မှာပေါ့”

ပိုက်ဆံကားလိုမျိုး ရောင်းဖို့ အစီအစဉ်ရှိလားဆိုတဲ့ အပေါ်မှာတော့ “အဲ့လိုမျိုးတော့ မရောင်းပါဘူး။ အစ်မက ရုပ်ရှင် ကွာလတီနဲ့ ရိုက်ထားတာ ဖြစ်တာကြောင့် ဒီကားရုံတင်ခွင့်မရရင် မီးရှို့လိုက်ရုံပဲ ရှိတော့မယ်။ ဒီကားကို အကယ်ဒမီတွေ မျှော်လင့်ပြီးလည်း ရိုက်ထားတာ မဟုတ်ဘူး။ ပိုက်ဆံတွေ အများကြီး ရအောင် ရိုက်ထားတာလည်း မဟုတ်ပါဘူး။ အဓိကကတော့ မင်းသားတွေဆိုရင်လည်း အကောင်းတွေ မသုံးထားလည်းဆိုတေ့ာ မင်းသားတွေကိုဦးတည်ပြီး ရိုက်တာမဟုတ်ပါဘူး။ အစ်မက ဇာတ်ကို အဓိက ထားပြီး ရိုက်ထားတာပါ။ အဲ့အတွက်ကြောင့် သူတို့ ပေါ်လစီနဲ့ မကိုက်လို့လားလည်းမသိပါဘူး”

“အဲ့ဇာတ်ကားလေးက အစ်မအတွက် တော်တော်ကို ပင်ပန်းတယ်။ ဒီဇာတ်ကားလေးက ညီမ ကိုယ်တိုင်လည်း ပရိုဂျူဆာလုပ်ပြီး ရိုက်ထားရတာဆိုတော့ ခက်ခဲပါတယ်။ အစ်မဆိုရင် အဲ့ကားမှာ လုံးဝမိတ်ကပ်လည်း မလိမ်းထားဘူး။ ကတုံးဆံပင်နဲ့ အလှအပလည်း မရှိပါဘူး။ အဲ့ကားထဲမှာဆိုရင် အမကို မှတ်မိချင်မှတောင် မှတ်မိမှာ။ တော်တော်လေးလည်း ရုပ်ဆိုးပါတယ်။ အဲ့လိုပင်ပန်းဆင်းရဲခံပြီးတော့ရိုက်ထားပါတယ်။ ချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း ပန်းရိုင်းမျက်ရည်ဇာတ်ကားကြီးကို အမြန်ဆုံး ရုံတင်ခွင့်ရအောင် ပြောပေးပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်…။

Credit – nanmalgyi

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *