ရွှေကြာဇာတ်ကားနဲ့ အကယ်ဒမီ ရသွားတဲ့ ဖွေးဖွေးအတွက် ပရိသတ်တွေက ဂုဏ်ပြုတဲ့ အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာပါ … ။

By / 3 weeks ago / Up to Date News / No Comments
ရွှေကြာဇာတ်ကားနဲ့ အကယ်ဒမီ ရသွားတဲ့ ဖွေးဖွေးအတွက် ပရိသတ်တွေက ဂုဏ်ပြုတဲ့ အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာပါ … ။





Unicode

သရုပ်ဆောင် ဖွေးဖွေးက ပရိသတ်တွေရဲ့ စေတနာမေတ္တာတွေကြောင့် ကျေးဇူးတင်မဆုံး ဖြစ်လို့နေပါတယ်။ သူမရဲ့ ပရိသတ်တွေဟာ ရွှေကြာဇာတ်ကားနဲ့ အကယ်ဒမီ ဆုရရှိခဲ့တဲ့ ဖွေးဖွေးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ် …. ။

ပရိသတ်တွေလုပ်ပေးတဲ့ အလှူအတန်းကို မြင်ပြီး ဖွေးဖွေးတစ်ယောက် ကျေးဇူးတင်မဆုံး ဖြစ်လို့နေပါတယ်။ ဖွေးဖွေးရဲ့ Stories မှာ ပရိသတ်တွေ အလှူလုပ်ထားတဲ့ ပို့စ်လေးကို တင်ရင်း “ကျေးဇူးတင်တာထပ် ပိုပါတယ်ယူတို့ရယ်” ဆိုတဲ့ စာလေးကို ရေးထားပြီး မတ်လ(၂၆) ရက်နေ့က တင်ထားတာတွေ့ရပါတယ်နော် … ။ဖွေးဖွေးရဲ့ ပရိသတ်တွေက မတ်လ(၂၄)ရက်နေ့က သင်္ကန်းကျွန်းစံပြဆေးရုံကြီးမှာ (၃၆၁)ကြိမ်မြောက် အာဟာရဒါန လှူဒါန်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ် … ။

ထို့အပြင် ရွှေကြာနဲ့ အကယ်ဒမီ ရခဲ့တဲ့ ဖွေးဖွေးကို ဂုဏ်ပြုတဲ့အနေနဲ့ ပရိသတ်တစ်ယောက်က ရွှေကြာပုံ တက်တူးထိုးခဲ့ပါသေးတယ်။ အဲ့ဒီပရိသတ်တွေက ဖွေးဖွေးအကယ်ဒမီ ရခဲ့တဲ့ ပန်းတွေ အားလုံးကို သူ့ရဲ့ လက်မှာ တက်တူးထိုးထားတာပါ။ ဖွေးဖွေးက အဲဒီ ပုံလေးကို သူ့ရဲ့ Stories မှာ ပြန်တင်ခဲ့ပြီး ဝမ်းသာပီတိဖြစ်လို့နေတာ တွေ့ ရပါတယ် … ။ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ တယောက်ပါ … ။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် …. ။

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *