ရေချိုးနေစဉ် အပေါ့သွားခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ
By / 3 weeks ago / Health, Knowledge / No Comments
ရေချိုးနေစဉ် အပေါ့သွားခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများ
Unicode
လူတော်တော်များများက ညစ်ပတ်တဲ့အရာတွေကို မကောင်းဘူးလို့မှတ်ယူထားကြပါတယ် … ။အမှန်ပါပဲ … ။လူကြားထဲမှာ လက်သည်းကိုက်ရင်း ထွေးထုတ်နေတာတို့ ၊ လက်သည်းရှည်တွေနဲ့ ချောကလက်ပုလင်းထဲနှိုက်စားနေတာတို့ ၊ သုံးပြီးသားတစ်ရှူးတွေကို ခုံပေါ်မှာထားခဲ့တာမျိုးဟာ ညစ်ပတ်တဲ့အပြုအမူမျိုးတွေပါ။ဒါတွေနဲ့ ယှဉ်မယ်ဆိုရင် ရေချိုးရင်း အပေါ့သွားခြင်းဟာ အလွန်ညစ်ပတ်တယ်လို့ယူဆရမှာပေါ့။လူတိုင်း ဝန်မခံချင်ကြပေမယ့်လည်း ရေချိုးစဉ် အပေ့ါသွားတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အမှန်တရားတစ်ခုပါပဲ …. ။မိသားစုဝင်တွေနဲ့ ရေချိုးခန်းမျှဝေသုံးစွဲနေတဲ့အချိန်မှာတော့ အပေါ့မသွားသင့်ဘူးပေါ့ နော့် … ။
အဓိပ္ပါယ်မရှိသလိုဖြစ်နေမယ်ဆိုပေမယ့်လည်း ရေချိုးစဉ်အပေါ့သွားခြင်းကြောင့် ရလာမယ့်အကျိုးကျေးဇူးတွေရှိနေပါသေးတယ် … ။အထူးသဖြင့်အမျိုးသမီးတွေအတွက်ပေါ့ ။ သာမန်အချိန်တွေမှာဆိုရင်တစ်ရှူးအသုံးပြုပြီးသန့်စင်ရတယ်ဆိုပေမယ့် ရေချိုးနေစဉ်အချိန်အတွင်းမှာတော့ စင်ကြယ်အောင်သန့်စင်ဆေးကြောနိုင်တာအမှန်ပါတယ် … ။
ပြီးတော့ ရေအကုန်အကျလည်းသက်သာတယ်။ အိမ်သာမှာအပေါ့သွားပြီး ရေဆွဲချမယ်ဆိုရင် ရေတွေအများကြီးကုန်တယ်လေ ..။အိမ်သာရေတစ်ခါဆွဲရင် ရေ ၁.၅ ဂါလန်လောက်ကုန်ပါတယ်။ ဒီတော့ ရေဖြုန်းတီးရာလည်းမကျတော့ဘူးပေါ့။ထို့အပြင် ဆီးဟာ ယားနာတွေကို ပျောက်စေတဲ့အစွမ်းသတ္တိရှိတာကြောင့် ခြေထောက်မှာယားနာတွေပေါက်နေရင် ပျောက်သွားနိုင်တာပါပဲ … ။အိမ်သာဆေးရလည်းသက်သာတယ် ။ အထူးသဖြင့် မချိန်တတ်တဲ့အမျိုးသားတွေအတွက်ပေါ့ နော် … ။
ငွေကုန်ကြေးကျလည်းသက်သာစေပါတယ်။ အိမ်သာမှာအပေါ့သွားတဲ့အခါ ရေဆွဲချရတာပဲမဟုတ်လား ။ ဒီတော့ ရေသုံးရတာပေါ့။ရေဆိုတာကလည်း ရေမီတာနဲ့ တွက်ပြီးရှင်းရတာပဲလေ မဟုတ်လား …။ထို့အပြင် ဆီးဟာ လူရဲ့ကိုယ်ပိုင်ပိုးသတ်ဆေးတစ်ခုဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒဏ်ရာပေါ်ကို ပေါက်ချမယ်ဆိုရင် ပိုးမဝင်တော့ပါဘူး နော် … ။အက်ဆစ်ဓါတ်ပါတဲ့ ပိုးသတ်ဆေးတစ်ခုဖြစ်တဲ့အတွက် ရေချိုးခန်းကြမ်းပြင်မှာ မှိုဆွဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ် … ။ ကဲ .. ဘယ်လောက်အဆင်ပြေလိုက်လဲ …. ။
ဒီတော့ တစ်ယောက်ထဲရှိတဲ့အချိန်မှာ ရှက်မနေပါနဲ့ ။ ပေါက်သာပေါက်ချလိုက်ပါ နော် ….. ။
Writer- Min Thu (Daily Hot News)
thant naing
The author didn't add any Information to his profile yet.
Leave a comment
Your email address will not be published. Required fields are marked. *