လိုသလိုအချိန်ခရီးသွားနိုင်စွမ်းရှိတယ်လို့ လူပြောများနေတဲ့ နာဇီခေါင်းလောင်း

လိုသလိုအချိန်ခရီးသွားနိုင်စွမ်းရှိတယ်လို့ လူပြောများနေတဲ့ နာဇီခေါင်းလောင်း




Unicode

ဂျာမဏီ နိုင်ငံ ချက် နိုင်ငံ ကြားထဲတွင် နာဇီတို့ ၏ သုသေသန ပြု လုပ်နေသည့် နေရာတစ်ခု ရှိပီး ဒီနေရာမှာ Nazi Bellနာဇီခေါင်းလောင်း လို့အမည်ရှိတဲ့ ယာဉ်ပျံ တစ်ခုဖြစ်ပါတယ်။ ဒီယာဉ်ပျံတည်ဆောက်နေဆဲဖြစ်ကြောင်း သတင်း ရရှိပေမဲ့ ကမ္ဘာစစ် ဖြစ်နေဆဲအချိန် မို့လို့ ဘယ်သူမှ သေသေချာချာ ဃဂဏန မစုံစမ်းနိုင်ခဲ့ပါဘူး။ဒါပေမယ့်လည်း ဒုတိယ ကမ္ဘာစစ်ပြီးဆုံး သွားပြီး ဖမ်းဆီး ရမိသည့် နာဇီသိပ္ပံပညာ ရှင်များ ၏ထွက်ဆိုချက်အရ အရ ၎င်းယာဉ်ပျံတွင် လည်ပါတ်နေသည့် စလင်ဒါ နှစ်လုံး ပါဝင်ပြီး Xerum 25 အမည်ရှိသည့် အပြာရောင် မာကျူရီ နှင့်တူသည့်အရည်စွမ်းအင်သုံး ယာဉ်ပျံဖြစ်ပြီး လောင်စာအနေဖြင့် အခြား ဒြပ်စင်များ ဖြစ်သော Thorium နှင့် beryllium peroxides အရည်များ ပါဝင်ကာ ဖွဲ့စည်းထားပြီး ယာဉ်ပျံသည် ကမ္ဘာ့ ဆွဲအား ကို ရုန်းထွက်နိုင်သည့် နည်းပညာ ဖြစ်သည်ဟုထွက်ဆို ကြပြီး ယာဉ်ပျံတာဝန်ယူ တည်ဆောက်နေသည့် ဂျာမန်နည်း ပညာရှင် ၅ ယောက်မှာ လည်း မတွေ့ရတော့ပါ ဟုသိရသည် ….. ။

ယာဉ်ပျံ မှာ ၉ ပေ ကျယ်ပြီး ၁၅ ပေမြင့်ကြောင်း လည်း မြင်ဖူးသူ ဂျာမန် များက ထွက်ဆိုကြပီး ဒီနေရာသို့ ရောက်ရှိပြီး ရှာဖွေကြည့် ရာယာဉ်ကို ထိန်းသိမ်း သည့် ဖရိန် များသာ တွေ့ရပြီး ယာဉ်ပျံ မှာ မည်သည့် နေရာသို့ ရောက်ရှိနေမှန်း မသိရတော့ပေ။ ရုရှားမှ ပိုင်ဆိုင်သွားပြီလား အမေရိကန်မှ ပိုင်ဆိုင်သွားပြီလား ဒါမှမဟုတ် ဘယ်ကိုရောက်သွားတာလဲဆိုတာလည်း မသိရတော့ပါဘူး။တစ်ချို့ ကလည်း အနာဂါတ် နှင့် အတိတ် ကာလကို သွားနိုင်သည့် Time machine လို့လည်း ကောက်ချက် ချခဲ့ကြပါသေးတယ် … ။

Source : Once A Glance Page

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *