တစ္ေယာက္ေယာက္ကို ျပင္းျပင္းျပျပသတိရေနတဲ့ခံစားခ်က္ကို သက္သာေစဖို႔ ဒီအခ်က္(၆)ခ်က္ကို လုပ္ပါ

By / 3 weeks ago / Knowledge / No Comments
တစ္ေယာက္ေယာက္ကို ျပင္းျပင္းျပျပသတိရေနတဲ့ခံစားခ်က္ကို သက္သာေစဖို႔ ဒီအခ်က္(၆)ခ်က္ကို လုပ္ပါ

တစ္ေယာက္ေယာက္ကို သတိရတယ္ဆိုတဲ့ ခံစားခ်က္က ေတာ္ေတာ္ျပင္းထန္တဲ့ ခံစားခ်က္တစ္ခုျဖစ္ပါတယ္။ ကိုယ္သတိရေနတဲ့ အေၾကာင္းကို သူသိေအာင္ ေျပာျပလို႕ရရင္ ကိစၥမရွိေပမယ့္ ေျပာျပလို႕မရဘူး၊ ေျပာျပခြင့္မရွိေတာ့ဘူးဆိုရင္ေတာ့ ပိုဆိုးပါတယ္။ အဲ့ဒီလိုမ်ိဳး ဖြင့္ေျပာလို႕မရတဲ့သူတစ္ေယာက္ေယာက္ ဥပမာ- ကိုယ့္ရဲ႕ Crush ၊ ျပတ္သြားျပီးတဲ့ ရည္းစားေဟာင္း စတဲ့သူေတြကို ျပင္းျပင္းထန္ထန္ သတိရေနတဲ့စိတ္ကို ေျဖသာေအာင္ ဒီနည္းေလးေတြနဲ႕ စမ္းၾကည့္ပါလို႕ အၾကံေပးခ်င္ပါတယ္ ေနာ္ … ။

(၁) သတိရစိတ္ကို အတင္းၾကီးေဖ်ာက္ဖို႕မၾကိဳးစားပါနဲ႕ ..

စိတ္ခံစားခ်က္ဆိုတာက အရမ္းထူးဆန္းပါတယ္။ တစ္ေယာက္ေယာက္ကို သတိမရဖို႕ ထိန္းခ်ဳပ္ေလ ပိုသတိရေလျဖစ္ေနတာမ်ိဳးပါ။ ဒါေၾကာင့္ သူ႕ကို သတိရေနရင္ သတိရတဲ့စိတ္ကို ဒီအတိုင္းလႊတ္ထားလိုက္ျပီး စိတ္ကိုမတင္းထားဘဲ စိတ္ကိုေျဖေလွ်ာ့ျပီးေနလိုက္ပါ။ မတင္မက်ျဖစ္ေနတဲ့ ခံစားခ်က္ေလးေတြ အေတာ္အသင့္ သက္သာသြားပါမွာပါေနာ္ … ။

(၂) သူ႕ကိုသတိရတာလား၊ တစ္ေယာက္ေယာက္ ကိုယ့္ေဘးမွာရွိေစခ်င္တာလားကြဲျပားေအာင္လုပ္ပါ ..

လူဆိုတာမ်ိဳးက တစ္ေယာက္တည္းေနခ်င္တဲ့အခ်ိန္မ်ိဳးလည္းရွိသလို၊ တစ္ေယာက္ေယာက္ေဘးနားရွိမွ အဆင္ေျပတဲ့အခ်ိန္မ်ိဳးလည္းရွိပါတယ္။ ဒီေတာ့ အခုသူ႕ကိုသတိရေနတာဟာ သူ႕ကို တကယ္သတိရေနတာပဲလား၊ ကိုယ့္ေဘးမွာ တစ္ေယာက္ေယာက္ရွိဖို႕ လိုအပ္ေနလို႕ သူ႕ကိုသတိရေနတာလား ဆိုတာကို ေသခ်ာစဥ္းစားၾကည့္လိုက္ပါ … ။

(၃) သူမရွိခင္တုန္းက သင့္ကိုဘယ္အရာေတြက ေပ်ာ္ရႊင္ေစတာလဲ ျပန္စဥ္းစားပါ …

အခုသတိရေနတာက Crush ပဲျဖစ္ျဖစ္၊ ရည္းစားေဟာင္းပဲျဖစ္ျဖစ္ အေရးမၾကီးပါဘူး။ အေရးၾကီးတာက သူတို႕နဲ႕မေတြ႕ခင္အခ်ိန္တုန္းက သင့္ကို ေပ်ာ္ရႊင္ေစတဲ့အရာေတြက ဘာေတြလဲဆိုတာျပန္စဥ္းစားၾကည့္လိုက္ပါ။ ျပီးေတာ့ အဲ့ဒီအရာေလးေတြကို အာရံုစိုက္ျပီး ျပန္လုပ္ၾကည့္လိုက္ပါ။ စစခ်င္းမွာေတာ့ အာရံုစိုက္ဖို႕ ခက္ေနမွာေပမယ့္ တျဖည္းျဖည္းနဲ႕ အဆင္ေျပသြားပါမွာပါေနာာ္ … ။

(၄) အခင္ဆံုးသူငယ္ခ်င္းေတြနဲ႕ အခ်ိန္ျဖဳန္းပါ …

အခင္ဆံုးသူငယ္ခ်င္းေတြဆိုတာ ကိုယ္ဘာျဖစ္ေနလဲ ဆိုတာကို နားအလည္ဆံုး၊ ကိုယ္ဘာျဖစ္ခ်င္ေနလဲ အသိဆံုး၊ ကိုယ့္ကို ဘယ္လိုနွစ္သိမ့္ေပးရမလဲဆိုတာ အသိဆံုးေတြျဖစ္ပါတယ္။ ျပီးေတာ့ သူငယ္ခ်င္းေတြနဲ႕ေတြ႕တဲ့အခါ ကိုယ့့္ရဲ႕ ခံစားခ်က္ေတြ ေျပေပ်ာက္ဖို႕ အေထြအထူး အားထုတ္ေနစရာေတာင္မလိုဘဲ အရာရာကိုေမ့ျပီး ေပ်ာ္သြားတာမ်ိဳးပါ။ ဒါေၾကာင့္ တစ္ေယာက္ေယာက္ကို ျပင္းျပင္းျပျပ သတိရစိတ္ေတြျဖစ္ျပီး ကိုယ့္ခံစားခ်က္ေတြကိိုထိန္းခ်ဳပ္ဖို႕ ခက္ေနတဲ့အခါမ်ိဳးမွာ တစ္ေယာက္တည္း ေနတာမ်ိဳးထက္ သူငယ္ခ်င္းေတြနဲ႕သာ အခ်ိန္ျဖဳန္းတာအေကာင္းဆုံး ပါ … ။

(၅) Gym သြားပါ …

စိတ္ခံစားခ်က္ေတြမ်ားျပီး ရင္ထဲမွာ တင္းၾကပ္ေနတာေတြကို ေျဖေဖ်ာက္ဖို႕ အေကာင္းဆံုးနည္းတစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ ေခြ်းထြက္ေစတဲ့ ေလ့က်င့္ခန္းေတြလုပ္တာပါပဲ။ ေလ့က်င့္ခန္းေတြ အားစိုက္ျပီးလုပ္လိုက္တဲ့အခါ ေခြ်းေတြထြက္သြားျပီး တစ္ေယာက္ေယာက္ဆီ စိတ္ေရာက္ေနတာေတြ၊ ခံစားေနရတဲ့ခံစားခ်က္ေတြလည္း အာရံုေျပာင္းသြားပါတယ္။ ျပီးေတာ့ အပိုရလဒ္အေနနဲ႕ က်န္းမာေရးနဲ႕အလွအပမွာလည္း တိုးတက္မႈေတြရလာမွာ အမွန္ပါ .. ။

(၆) အၾကိဳက္ဆံုး ရုပ္ရွင္ေတြၾကည့္ပါ၊စာအုပ္ဖတ္ပါ ..

စိတ္ထဲမွာ ခံစားခ်က္တစ္ခုျဖစ္ေနတဲ့အခါ ရုပ္ရွင္ၾကည့္တာေတြ၊ စာအုပ္ဖတ္တာေတြ လုပ္ဖို႕သိပ္မလြယ္ပါဘူး။ နဂိုခံစားခ်က္ေၾကာင့္ ရုပ္ရွင္ထဲ စာအုပ္ထဲမွာ စိတ္နွစ္ဖို႕ မျဖစ္နိုင္ဘဲ အာရံုေတြပ်ံ႕လြင့္ေနတာေတြျဖစ္ေနမွာပါ။ ဒီေတာ့ အဲ့ဒီလိုမျဖစ္ေအာင္လုပ္လို႕ရတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ရုပ္ရွင္အသစ္၊ စာအုပ္အသစ္ကို မဖတ္ဘဲ ၾကည့္ျပီးသား၊ ဖတ္ျပီးသားထဲက ကိုယ္အၾကိဳက္ဆံုးေတြကိုေရြးၾကည့္တာ၊ ေရြးဖတ္တာမ်ိဳး လုပ္ၾကည့္ပါ။ အဲ့ဒါက စိတ္အာရံုကို လႊဲနိုင္ျပီး တစ္ေယာက္ေယာက္ကိုု သတိရတဲ့စိတ္ေတြကို ေလ်ာ့နည္းသြားေစမွာပါ .. ။

MAY THAZINHTOO

sponsored

Unicode

တစ်ယောက်ယောက်ကို သတိရတယ်ဆိုတဲ့ ခံစားချက်က တော်တော်ပြင်းထန်တဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်သတိရနေတဲ့ အကြောင်းကို သူသိအောင် ပြောပြလို့ရရင် ကိစ္စမရှိပေမယ့် ပြောပြလို့မရဘူး၊ ပြောပြခွင့်မရှိတော့ဘူးဆိုရင်တော့ ပိုဆိုးပါတယ်။ အဲ့ဒီလိုမျိုး ဖွင့်ပြောလို့မရတဲ့သူတစ်ယောက်ယောက် ဥပမာ- ကိုယ့်ရဲ့ Crush ၊ ပြတ်သွားပြီးတဲ့ ရည်းစားဟောင်း စတဲ့သူတွေကို ပြင်းပြင်းထန်ထန် သတိရနေတဲ့စိတ်ကို ဖြေသာအောင် ဒီနည်းလေးတွေနဲ့ စမ်းကြည့်ပါလို့ အကြံပေးချင်ပါတယ် နော် … ။

(၁) သတိရစိတ်ကို အတင်းကြီးဖျောက်ဖို့မကြိုးစားပါနဲ့ ..

စိတ်ခံစားချက်ဆိုတာက အရမ်းထူးဆန်းပါတယ်။ တစ်ယောက်ယောက်ကို သတိမရဖို့ ထိန်းချုပ်လေ ပိုသတိရလေဖြစ်နေတာမျိုးပါ။ ဒါကြောင့် သူ့ကို သတိရနေရင် သတိရတဲ့စိတ်ကို ဒီအတိုင်းလွှတ်ထားလိုက်ပြီး စိတ်ကိုမတင်းထားဘဲ စိတ်ကိုဖြေလျှော့ပြီးနေလိုက်ပါ။ မတင်မကျဖြစ်နေတဲ့ ခံစားချက်လေးတွေ အတော်အသင့် သက်သာသွားပါမှာပါနော် … ။

(၂) သူ့ကိုသတိရတာလား၊ တစ်ယောက်ယောက် ကိုယ့်ဘေးမှာရှိစေချင်တာလားကွဲပြားအောင်လုပ်ပါ ..

လူဆိုတာမျိုးက တစ်ယောက်တည်းနေချင်တဲ့အချိန်မျိုးလည်းရှိသလို၊ တစ်ယောက်ယောက်ဘေးနားရှိမှ အဆင်ပြေတဲ့အချိန်မျိုးလည်းရှိပါတယ်။ ဒီတော့ အခုသူ့ကိုသတိရနေတာဟာ သူ့ကို တကယ်သတိရနေတာပဲလား၊ ကိုယ့်ဘေးမှာ တစ်ယောက်ယောက်ရှိဖို့ လိုအပ်နေလို့ သူ့ကိုသတိရနေတာလား ဆိုတာကို သေချာစဉ်းစားကြည့်လိုက်ပါ … ။

(၃) သူမရှိခင်တုန်းက သင့်ကိုဘယ်အရာတွေက ပျော်ရွှင်စေတာလဲ ပြန်စဉ်းစားပါ …

အခုသတိရနေတာက Crush ပဲဖြစ်ဖြစ်၊ ရည်းစားဟောင်းပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ အရေးကြီးတာက သူတို့နဲ့မတွေ့ခင်အချိန်တုန်းက သင့်ကို ပျော်ရွှင်စေတဲ့အရာတွေက ဘာတွေလဲဆိုတာပြန်စဉ်းစားကြည့်လိုက်ပါ။ ပြီးတော့ အဲ့ဒီအရာလေးတွေကို အာရုံစိုက်ပြီး ပြန်လုပ်ကြည့်လိုက်ပါ။ စစချင်းမှာတော့ အာရုံစိုက်ဖို့ ခက်နေမှာပေမယ့် တဖြည်းဖြည်းနဲ့ အဆင်ပြေသွားပါမှာပါနောာ် … ။

(၄) အခင်ဆုံးသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ …

အခင်ဆုံးသူငယ်ချင်းတွေဆိုတာ ကိုယ်ဘာဖြစ်နေလဲ ဆိုတာကို နားအလည်ဆုံး၊ ကိုယ်ဘာဖြစ်ချင်နေလဲ အသိဆုံး၊ ကိုယ့်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ အသိဆုံးတွေဖြစ်ပါတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ ကိုယ့့်ရဲ့ ခံစားချက်တွေ ပြေပျောက်ဖို့ အထွေအထူး အားထုတ်နေစရာတောင်မလိုဘဲ အရာရာကိုမေ့ပြီး ပျော်သွားတာမျိုးပါ။ ဒါကြောင့် တစ်ယောက်ယောက်ကို ပြင်းပြင်းပြပြ သတိရစိတ်တွေဖြစ်ပြီး ကိုယ့်ခံစားချက်တွေကိိုထိန်းချုပ်ဖို့ ခက်နေတဲ့အခါမျိုးမှာ တစ်ယောက်တည်း နေတာမျိုးထက် သူငယ်ချင်းတွေနဲ့သာ အချိန်ဖြုန်းတာအကောင်းဆုံး ပါ … ။

(၅) Gym သွားပါ …

စိတ်ခံစားချက်တွေများပြီး ရင်ထဲမှာ တင်းကြပ်နေတာတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံးနည်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေလုပ်တာပါပဲ။ လေ့ကျင့်ခန်းတွေ အားစိုက်ပြီးလုပ်လိုက်တဲ့အခါ ချွေးတွေထွက်သွားပြီး တစ်ယောက်ယောက်ဆီ စိတ်ရောက်နေတာတွေ၊ ခံစားနေရတဲ့ခံစားချက်တွေလည်း အာရုံပြောင်းသွားပါတယ်။ ပြီးတော့ အပိုရလဒ်အနေနဲ့ ကျန်းမာရေးနဲ့အလှအပမှာလည်း တိုးတက်မှုတွေရလာမှာ အမှန်ပါ .. ။

(၆) အကြိုက်ဆုံး ရုပ်ရှင်တွေကြည့်ပါ၊စာအုပ်ဖတ်ပါ ..

စိတ်ထဲမှာ ခံစားချက်တစ်ခုဖြစ်နေတဲ့အခါ ရုပ်ရှင်ကြည့်တာတွေ၊ စာအုပ်ဖတ်တာတွေ လုပ်ဖို့သိပ်မလွယ်ပါဘူး။ နဂိုခံစားချက်ကြောင့် ရုပ်ရှင်ထဲ စာအုပ်ထဲမှာ စိတ်နှစ်ဖို့ မဖြစ်နိုင်ဘဲ အာရုံတွေပျံ့လွင့်နေတာတွေဖြစ်နေမှာပါ။ ဒီတော့ အဲ့ဒီလိုမဖြစ်အောင်လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကတော့ ရုပ်ရှင်အသစ်၊ စာအုပ်အသစ်ကို မဖတ်ဘဲ ကြည့်ပြီးသား၊ ဖတ်ပြီးသားထဲက ကိုယ်အကြိုက်ဆုံးတွေကိုရွေးကြည့်တာ၊ ရွေးဖတ်တာမျိုး လုပ်ကြည့်ပါ။ အဲ့ဒါက စိတ်အာရုံကို လွှဲနိုင်ပြီး တစ်ယောက်ယောက်ကိုု သတိရတဲ့စိတ်တွေကို လျော့နည်းသွားစေမှာပါ .. ။

MAY THAZINHTOO

sponsored

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *