“ ညဆိုး ” ( ျဖစ္ရပ္မွန္ – စဆံုး )

By / 5 months ago / Uncategorized / No Comments
“ ညဆိုး ” ( ျဖစ္ရပ္မွန္ – စဆံုး )

“ ညဆိုး ” ( ျဖစ္ရပ္မွန္ – စဆံုး )

 ည မ ဖ တ္ ရ

( အမွန္ တကယ္ၾကံဳခဲ့ေသာ သူမ်ား ေနရာမွ ခံစား၍ ေရးသည္။ )

“ မည္သည့္အဖြဲ႕အစည္းကို မွ မပုတ္ခတ္လိုေၾကာင္း ၊ စာတစ္ပုဒ္အျဖစ္သာျမင္ေပးပါရန္ ဦးစြာပထမ ေမတၱာရပ္ခံအပ္ပါသည္ ”

“ ၀ါသနာအရေရးသားျခင္းျဖစ္ေသာေၾကာင့္ အမွားအယြင္းရွိပါက ခြင့္လႊတ္ေပးေစလိုပါသည္ ။ ေ၀ဖန္မႈမ်ားကို ၾကိဳဆိုပါသည္ ။  ”

ပရေလာကဆိုတာ လူေတြနဲ႕ အနီးကပ္ဆံုးမွာတည္ရွိေနတယ္ ဆိုတာကို ကၽြန္မ အဲ့ဒီေန႕ညက ျဖစ္ရပ္ေၾကာင့္ ယံုယံုၾကည္ၾကည္ နဲ႕ လက္ခံသြားခဲ့ပါျပီ ။

ျဖစ္ပံုက ……….

ေခတ္ပ်က္ၾကီး တစ္ခု ၊ ေသြးေသာက္ေသာ ခုႏွစ္ ၁၉၈၈ ။ ေသလိုက္တဲ့ လူေတြ ၊ ေနရာတိုင္းမွာ ဆာေလာင္ေနတဲ့ ၀ိညဥ္ေတြနဲ႕ ျပည့္ႏွက္ေနတဲ့အခ်ိန္ အခါ ။

ကၽြန္မတို႕ေနထိုင္ရာ ေတာင္ဥကၠလာပျမိဳ႕နယ္ ( …. ) ရပ္ကြက္ မွာ တပ္မေတာ္သားေတြနဲ႕ အရပ္သားအခ်ိဳ႕ ပရိပကၡ ျဖစ္ပြားေနခ်ိန္ ၊ ၾကားေနျပည္သူေတြ ေသာကအေရာက္ရဆံုးကာလတစ္ခု ။ ေက်ာင္းေတြ ၊ရံုးေတြ ၊ အလုပ္ေတြ အကုန္ပိတ္ထားၾကသည္ ။ လူတိုင္းကိုယ္စီ အိမ္ထဲမွာပဲ ျငိမ္သက္စြာေနၾကရသည္ ။ ရပ္ကြက္တိုင္း ၀ါးကပ္ေတြနဲ႕ ျခံစည္းရိုးကာထားၾကသည္ ။

လူငယ္ လူရြယ္မ်ား ကိုယ့္ရပ္ကြက္ကိုယ္ တုတ္ ၊ ဓား ၊ လက္နက္ကိုယ္စီ ျဖင့္ အလွည့္က်ကင္းေစာင့္ၾကရသည္ ။ ဆူပူမႈေတြက အဆက္မျပတ္ကိုျဖစ္ေပၚေနပါတယ္ ၊ ၾကားရတဲ့သတင္းေတြက ေဟာ့ ဟိုေနရာမွာ အပစ္ခံရလို႕ ဘယ္ေက်ာင္းက အသက္ဘယ္ေလာက္ ေက်ာင္းသူေလးေသသြားျပီ ။ ဘယ္ရဲစခန္းက ဘယ္သူေတြကေတာ့ ေခါင္းျဖတ္ခံရျပန္ျပီ ၊ ဘယ္သူေတြကျဖင့္ အရွင္လက္လက္ မီးရႈိ႕ခံေနျပီ ။

စသျဖင့္ အႏၷိဌာရံု သတင္းေတြခ်ည္းသာ ဆက္တိုက္ၾကားေနရသည္ ။ ေတာမီးေလာင္ ေတာေၾကာင္လက္ခေမာင္းခတ္ ဆိုသလို လူဆိုးလူေပေတြ ၊ အခြင့္အေရးသမားေတြက အဖြဲ႕လိုက္ အိမ္ေပၚတက္ လူသတ္ လုယက္မႈေတြက ဆက္တိုက္ဆိုသလိုျဖစ္ေနသျဖင့္ ရပ္ကြက္ကင္းသမားေတြက သူစိမ္းဆိုပါက ရပ္ကြက္အတြင္း လံုး၀ေပးမ၀င္ ။

ေန႕စဥ္လိုလိုပင္ နံနက္ခင္း ကို ေခါင္းပ်က္ၾကီးမ်ားကို ၀ါးလံုးျဖင့္ထိုးကာ ရပ္ကြက္အတြင္း လွည့္လည္ျပသျခင္းမ်ား ၊ စစ္တပ္က ပစ္သတ္လိုက္သျဖင့္ ေသသူမ်ားအေလာင္းကို ၀ါးကပ္ျဖင့္တင္ကာ လွည့္လည္ျပသျခင္း ၊ စေသာ ေသြးပ်က္ဖြယ္ ျမင္ကြင္းမ်ား ျဖင့္စတင္ေနခ်ိန္ ျဖစ္သည္ ။

တစ္ေန႕မွာ တပ္မေတာ္ ကတပ္စုတစ္စုက တပ္သားေတြ နယ္ေျမထိန္းသိမ္းဖို႕ခ်ီတက္လာခ်ိန္ တစ္ဖက္ကလည္း တပ္မေတာ္ႏွင့္ စိတ္သေဘာထားမတိုက္ဆိုင္ေသာ လူတစ္စုထိပ္တိုက္ေတြ႕ေနခ်ိန္ တပ္မေတာ္က ထိုလူအုပ္ကို ေရွ႔မတိုးဖို႕ေျပာျပီး ေသနတ္မ်ားျဖင့္ခ်ိန္ရြယ္ထားတုန္းမွာ
ကၽြန္မတို႕ေနထိုင္ရာ ( …. )ေစ်း မွ ငါး ေရာင္းသူတစ္ေယာက္က အက္ရွင္ကားေတြထဲက Rambo လိုမ်ိဳး ဓါးေျမွာင္ကို ပါးစပ္ျဖင့္ကိုက္ သံစည္ပိုင္းျဖင့္ကိုယ္လံုးကိုကာကြယ္ စည္ပိုင္းကို တြန္းျပီး ေရွ႔က စစ္သားေတြကို ေခါင္းေထာင္ျပီး ၾကည့္လိုက္ စည္ပိုင္းကိုတြန္းလိုက္ ေရွ႔ဆက္သြားလိုက္ ၾကည့္လိုက္နဲ႕ လုပ္ေနတုန္း စစ္တပ္က “ သူ႕ကို မပစ္ခ်င္လို႕ ” Warning ႏွစ္ခါေပးတယ္ ။

ဆရာသမားက မရဘူး သူ႕ကို မပစ္ရဲဘူးထင္ျပီး ဆက္တက္တယ္ ဟိုဘက္ကလည္း ေနာက္ဆံုး Warning ေပးျပီး ေစာင့္ၾကည့္ေနတာေပါ့ ။

အဲ့အခ်ိန္မွာ ဆရာသမားက စည္ပိုင္းကိုတြန္းျပီးဆက္တက္တာေပါ့ ျပီးေတာ့ စည္ပိုင္းအေပၚကေန စစ္သားေတြဘက္ကို ေခ်ာင္းျပီးအၾကည့္ “ ဖုန္း ” ဆိုျပီးလွမ္းပစ္လိုက္တာ ႏွဖူးတည့္တည့္ပဲ ေနာက္စိပါပြင့္ထြက္သြားတယ္ လမ္းေပၚမွာ ေသြးေတြ ဦးေႏွာက္ေတြဆိုတာ ျမင္မေကာင္းရႈမေကာင္းဘူး ။

ခုနက လူအုပ္ၾကီးလည္းေျပးလိုက္တာဆိုတာ တစ္ေယာက္မွကိုရွာမရေတာ့ဘူး ။ ခဏအၾကာ စစ္သားေတြျပန္သြားေတာ့ လူတစ္စုေရာက္လာတယ္
ဘယ္သူကေျမွာက္ေပးလိုက္လဲမသိဘူး အဲ့ဒီအေလာင္းၾကီးကို စင္ၾကီးနဲ႕တင္ျပီး လမ္းေတြမွာ လွည့္ပတ္ျပီးျပေနတာ အဆိုး၀ါးဆံုးျမင္ကြင္းပဲ ။

ျပီးေတာ့ ေတာင္ဥကၠလာ ႏွင့္ ေျမာက္ဒဂံု ၾကားက ေနရာ ( ယခု ေဘလီတံတား ) ( အဲ့ဒီအခ်ိန္တုန္းက ေဘလီတံတားမရွိပါ ေခ်ာင္းစပ္ၾကီးေပါ့ )
မွာ စင္ၾကီးနဲ႕ အဲ့ဒီအေလာင္းၾကီးကို ဒီတိုင္းပစ္ထားၾကတယ္ ၊ သျဂိဳလ္မယ့္သူတစ္ေယာက္မွမရွိဘူး ၊ အေလာင္းၾကီးက ဒီအတိုင္းၾကီး ။

( ေသသူကို ေစာ္ကားလိုစိတ္လံုး၀မရွိပါ စာအျဖစ္သာျမင္ေပးပါရန္ ။ )

ခုနက လူအုပ္ၾကီးလည္းေျပးလိုက္တာဆိုတာ တစ္ေယာက္မွကိုရွာမရေတာ့ဘူး ။

ကၽြန္မတို႕အိမ္ေရွ႕မွာျဖစ္သြားတာဆိုေတာ့ အဲ့ျမင္ကြင္းကို အခုထိမေမ့ေသးဘူး ။ ဒါေၾကာင့္လည္း ေသခ်ာျပန္ေျပာႏိုင္တာေပါ့ ။

ဒီလိုအေၾကာင္းအရာေတြျဖစ္ျပီး ႏွစ္ရက္ေလာက္ၾကာေတာ့ မွတ္မွတ္ရရ ညဘက္ၾကီး ။

ကၽြန္မတို႕အိမ္မွာ မိုးကုတ္ကလာျပီးငွားေနၾကတဲ့ မိသားစုက အေမျဖစ္သူ အေဒၚၾကီးက ကၽြန္မတို႕လမ္းထိပ္ကဆိုင္က “ ေခါက္မုန္႔ ” ေတြ၀ယ္လာျပီး ကၽြန္မကို လာေကၽြးတယ္္ အဲ့တုန္းက အိမ္မွာ အေမရယ္ ကၽြန္မရယ္ညီမေလးရယ္ပဲရွိတာ အေဖနဲ႕ ေမာင္ေလးက လမ္းထိပ္မွာ ကင္းေစာင့္ေပးေနရတယ္ ။

အခ်ိန္က အပုပ္ခ်ိန္ ည ၁၁ နာရီေက်ာ္ေလာက္ ။

ကၽြန္မလည္း အေဒၚၾကီးလာေပးတဲ့ မုန္႕ကိုစားရင္း အိမ္ငွားမိသားစုက ကၽြန္မနဲ႕ အသက္တူတဲ့ အမနဲ႕ စကားထိုင္ေျပာေနတာေပါ့ စကားေျပာျပီး သူလည္းျပန္သြားတယ္ အဲ့ဒီအခ်ိန္မွာ ေခြးေတြကလည္း အူလိုက္တာ ၊ ေခြးေတြက ညတိုင္းလိုလိုအူေနတက္ေတာ့ ကၽြန္မတို႕အတြက္ အထူးအဆန္းမဟုတ္ေတာ့ဘူးေလ ၊ ကၽြန္မလဲသိပ္အေရးမစိုက္မိဘူး ။

အခ်ိန္ကိုၾကည့္ေတာ့ ၁၂ နာရီ၀န္းက်င္ျဖစ္ေနျပီ က်န္တာကို ညီမေလးကို ေကၽြးမယ္ဆိုျပီးေတာ့ အိမ္ေပၚထပ္က သူ႕အခန္းဆီသြားေကၽြးတာေပါ့ ။

သူက “ အမ သမီးမစားေတာ့ဘူး အိပ္ေတာ့မယ္ ” လို႕ေျပာေတာ့ ကၽြန္မလည္း အဲ့ဒီမုန္႕ကို စားလိုတာေပါ့ ။ ျပီးေတာ့ အိပ္မယ္ဆိုျပီး ကုတင္ေပၚလွဲလိုက္တယ္ ။ ( အဲ့ဒီေန႕ညက ကၽြန္မ ဘုရားကန္ေတာ့အိပ္ဖို႕ ေမ့ခဲ့တယ္ ။ )

စျပီးအိပ္တာနဲ႕ အခ်ိန္ကိုက္ထားသလို ပုတ္ေစာ္ၾကီးကေထာင္းကနည္းနံလာတယ္ ။

ကၽြန္မအိပ္တာက ႏွစ္ေယာက္အိပ္ကုတင္ တစ္ေယာက္တည္းအိပ္တာဆိုေတာ့ တစ္ဖက္က လြတ္ေနတာေပါ့ ။

ညွီေစာ္ၾကီးကလဲနံ ၊ ပုပ္ေစာ္ကလဲေထာင္းခနဲ ေထာင္းခနဲနံတာ ဆိုတာ ေခါင္းေတြပါမူးျပီး ေအာ့အန္ခ်င္လာတယ္ တစ္ခါမွ အဲ့ဒီလိုအပုပ္နံ႕ မရဖူးဘူး ။

တစ္ခုခုဆိုတာသိလိုက္တယ္ လူကလည္း ေသေအာင္ေၾကာက္လာတယ္ ။ အသားေတြပါတုန္တယ္ ေခ်ြးစီးေတြဆို ျမင္မေကာင္းဘူး ၊ လွဳပ္လည္းမလွဳပ္ရဲဘူး ၊ ကၽြန္မက ေထာင့္ဘက္ကပ္အိပ္တာဆိုေတာ့ ကုတင္တစ္ဖက္က ေက်ာေပးထားသလိုျဖစ္ေနတယ္ ။

ကၽြန္မေဘးက ကုတင္ေပၚမွာ တစ္ေယာက္ေယာက္လာအိပ္ေနတယ္ဆိုတာ ကၽြန္မစိတ္ကခံစားလို႕ရတယ္ ။ ျပီးေတာ့ ကုတင္ေပၚကေန ျပန္ဆင္းသြားတာကိုလည္း ကၽြန္မသိေနတယ္ ေၾကာက္လိုက္တာ ဆိုတာ ေျပာမေနနဲ႕ ။ကၽြန္မလည္းရသမွ်ဘုရားစာေတြကို စိတ္ထဲကေနအကုန္ရြတ္တာ ၊ သမၺဳေဒၶ ဂါထာေတာ္ ကို ရြတ္ဖို႕သတိမရဘူး ။

ေတာ္ေတာ္ကို ေၾကာက္စရာေကာင္းတာ ၊ ကၽြန္မလည္းသူကုတင္ေပၚျပန္တက္လာမွဆိုးလို႕ ေၾကာက္ေၾကာက္နဲ႕ မ်က္စိမဖြင့္ပဲ ကုတင္ကို ကန္႕လန္႕ျဖတ္ အိပ္လိုက္တယ္ ။

ျပီးေတာ့ မသိမသာ မ်က္လံုးဖြင့္ၾကည့္တဲ့အခါ မ်က္လံုးက လံုး၀ဖြင့္မရဘူး ၊ ဖြင့္ႏိုင္သေလာက္ၾကိဳးစားျပီးဖြင့္ၾကည့္ေတာ့ ကုတင္ေျခရင္းမွာ “ မဲမဲေကာင္ၾကီး ”ကၽြန္မကို သူ႕မ်က္လံုးနီနီၾကီးေတြနဲ႕ လွမ္းၾကည့္ေနတာ အမေလး အခုေတာင္ မ်က္လံုးထဲျပန္ျမင္တယ္ ေျပာရင္းေျပာရင္းၾကက္သီးထလိုက္တာ ။

ျပီးေတာ့ ကၽြန္မအိပ္ေနတဲ့ကုတင္က ကၽြန္မမလႈပ္ပဲနဲ႕ လူတစ္ေယာက္လာထိုင္သလို အိက်သြားတယ္ ။ အဲ့ဒီအခ်ိန္မွာ ကၽြန္မေက်ာရိုးတစ္ေလွ်ာက္ ေအးစက္သြားျပီး ေၾကာက္လြန္းလို႕ ေခ်ြးေတြျပန္လာျပီး ၾကက္သီေတြထလာတယ္ ။ စိတ္ထဲက ဘုရားပဲတေနမိတယ္ အနံၾကီးကလည္းဆိုး၀ါးလိုက္တာ လူေသေကာင္ေတြၾကားထဲ ေရာက္ေနသလိုခံစားရတယ္ ။

အဲ့ဒီအနံၾကီးက ဘယ္အခ်ိန္မွေပ်ာက္သြားလည္းဆိုေတာ့ မနက္ ( ၄ နာရီ ) ထိုး လမ္းထိပ္ကင္းတဲက သံေခ်ာင္းေခါက္သံၾကားမွ လံုး၀ ေပ်ာက္သြားတာ ။ ေနာက္ညေတြကၽြန္မ တစ္ေယာက္တည္းမအိပ္ရဲေတာ့ဘူး ။ ညဆို ပရိတ္ပ႒ာန္းေတြရြတ္ အမွ်အတန္းေတြေ၀ျပီးမွ အိပ္ရဲတဲ့အက်င့္ျဖစ္သြားတယ္ ။ ညီမေလးကို အခန္းထဲေခၚသိပ္ရတယ္ ။ ကၽြန္မထင္တာ ညက ကၽြန္မ အစားအေသာက္ ကို ညဘက္စားျပီးေတာ့ အခန္းထဲယူလာမိတာ စားခ်င္လို႕ အျပင္ကလိုက္လာတာထင္တယ္ ။

ဒါေတာင္ အသားမဟုတ္ဘူးေနာ္ “ ရိုးရုိး ေခါက္မုန္႕ေလး ” ။ အဲ့ဒီေန႕ညမွာပဲ ကၽြန္မကို မုန္႕၀ယ္ေကၽြးတဲ့ အန္တီၾကီးက မနက္ၾကေတာ့ ေျပာျပတယ္ ။
သူလည္းသရဲေျခာက္ခံရတယ္တဲ့ ။ သူကကၽြန္မထက္ဆိုးတယ္ သူကၾကမ္းခင္းမွာအိပ္တာေလ သူအိပ္တဲ့ေျခရင္းမွာ ေျပာ၇ရင္ သူ႕ေျခေထာက္နားမွာေပါ့ “ ေဒါက္ …. ေဒါက္ …. ေဒါက္ ” နဲ႕ အသံေတြၾကားလို႕ မ်က္လံုးဖြင့္ၾကည့္လိုက္တာ ……….

“ သူ႕ေျခေထာက္နားမွာ ေဘာလံုးလို အလံုးေလး ေသးေသးေလးတဲ့ ေသခ်ာမ်က္လံုးပြတ္ျပီးၾကည့္ေတာ့ လူေခါင္းၾကီးတဲ့ ဆံပင္ေကာ မ်က္ႏွာေကာပါတဲ့
ေခါင္းေသးေသးေလး လွိမ့္ေနတာ တဲ့ ”

သူ႕မွာ တစ္ညလံုး မအိပ္ရဲဘူးတဲ့ မ်က္လံုးၾကီးမွိတ္ျပီး ဘုရားစာေတြရြတ္ ၊ ေအာ္လည္းမေအာ္ရဲ ၊ အိပ္ယာထဲ (ကန္ေတာ့ပါ) ရွဴ ရွဴးပါ ထြက္က်ကုန္တယ္တဲ့ ၊ ကၽြန္မလိုပဲ နံနက္ ( ၄ နာရီ ) ေလာက္မွာ အသံတိတ္သြားလို႕ၾကည့္လိုက္ေတာ့ မရွိေတာ့ဘူးတဲ့ ။

လူကို ဘာမွ် အႏၱရယ္မျပဳသြားတာ ဘုရားစာရဲ႕ တန္ခိုေတာ္ေၾကာင့္ျဖစ္ပါလိမ့္မယ္ ၊ ဒါကကၽြန္မ ယံုၾကည္ခ်က္ပါ ။ အဲ့ေန႕ကစျပီး ညဆို ဘယ္သူေကၽြးေကၽြး ဘာအစားအေသာက္မွ မစားေတာ့ဘူး ၊ အိမ္လည္း မသယ္လာရဲေတာ့ဘူး ။

ဒီစာကိုဖတ္ေနတဲ့သူ အခုအိပ္ျပီးဖတ္ေနတာဆိုရင္ ေျခရင္းကိုမၾကည့္ပါနဲ႕ ေဘးကိုမၾကည့္ပါနဲ႕ ေစာင္ကိုေသခ်ာျခံဳအိပ္ အေအးမိမွာစိုးလို႕ပါ 😛

ေၾကာက္တက္တယ္ဆို ညစဥ္ ေမတၱာပို႕ ၊ ဘုရား၀တ္ျပဳ ၊ အမွ်အတန္းေပးေ၀ျပီးမွအိပ္ၾကပါ ။

အခ်ိန္ဘယ္ေလာက္မွမေပးရပါဘူး ကုသိုလ္လည္းရ အႏာၱရယ္လည္းကင္းပါတယ္ ။

အားလံုး က်န္းမာခ်မ္းသာၾကပါေစ ခင္ဗ်ာ ။

#Credit

Unicode

“ ညဆိုး ” ( ဖြစ်ရပ်မှန် – စဆုံး )

 ည မ ဖ တ် ရ

( အမှန် တကယ်ကြုံခဲ့သော သူများ နေရာမှ ခံစား၍ ရေးသည်။ )

“ မည်သည့်အဖွဲ့အစည်းကို မှ မပုတ်ခတ်လိုကြောင်း ၊ စာတစ်ပုဒ်အဖြစ်သာမြင်ပေးပါရန် ဦးစွာပထမ မေတ္တာရပ်ခံအပ်ပါသည် ”

“ ဝါသနာအရရေးသားခြင်းဖြစ်သောကြောင့် အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။ ဝေဖန်မှုများကို ကြိုဆိုပါသည် ။  ”

ပရလောကဆိုတာ လူတွေနဲ့ အနီးကပ်ဆုံးမှာတည်ရှိနေတယ် ဆိုတာကို ကျွန်မ အဲ့ဒီနေ့ညက ဖြစ်ရပ်ကြောင့် ယုံယုံကြည်ကြည် နဲ့ လက်ခံသွားခဲ့ပါပြီ ။

ဖြစ်ပုံက ……….

ခေတ်ပျက်ကြီး တစ်ခု ၊ သွေးသောက်သော ခုနှစ် ၁၉၈၈ ။ သေလိုက်တဲ့ လူတွေ ၊ နေရာတိုင်းမှာ ဆာလောင်နေတဲ့ ဝိညဉ်တွေနဲ့ ပြည့်နှက်နေတဲ့အချိန် အခါ ။

ကျွန်မတို့နေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် ( …. ) ရပ်ကွက် မှာ တပ်မတော်သားတွေနဲ့ အရပ်သားအချို့ ပရိပက္ခ ဖြစ်ပွားနေချိန် ၊ ကြားနေပြည်သူတွေ သောကအရောက်ရဆုံးကာလတစ်ခု ။ ကျောင်းတွေ ၊ရုံးတွေ ၊ အလုပ်တွေ အကုန်ပိတ်ထားကြသည် ။ လူတိုင်းကိုယ်စီ အိမ်ထဲမှာပဲ ငြိမ်သက်စွာနေကြရသည် ။ ရပ်ကွက်တိုင်း ဝါးကပ်တွေနဲ့ ခြံစည်းရိုးကာထားကြသည် ။

လူငယ် လူရွယ်များ ကိုယ့်ရပ်ကွက်ကိုယ် တုတ် ၊ ဓား ၊ လက်နက်ကိုယ်စီ ဖြင့် အလှည့်ကျကင်းစောင့်ကြရသည် ။ ဆူပူမှုတွေက အဆက်မပြတ်ကိုဖြစ်ပေါ်နေပါတယ် ၊ ကြားရတဲ့သတင်းတွေက ဟော့ ဟိုနေရာမှာ အပစ်ခံရလို့ ဘယ်ကျောင်းက အသက်ဘယ်လောက် ကျောင်းသူလေးသေသွားပြီ ။ ဘယ်ရဲစခန်းက ဘယ်သူတွေကတော့ ခေါင်းဖြတ်ခံရပြန်ပြီ ၊ ဘယ်သူတွေကဖြင့် အရှင်လက်လက် မီးရှို့ခံနေပြီ ။

စသဖြင့် အန္နိဌာရုံ သတင်းတွေချည်းသာ ဆက်တိုက်ကြားနေရသည် ။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို လူဆိုးလူပေတွေ ၊ အခွင့်အရေးသမားတွေက အဖွဲ့လိုက် အိမ်ပေါ်တက် လူသတ် လုယက်မှုတွေက ဆက်တိုက်ဆိုသလိုဖြစ်နေသဖြင့် ရပ်ကွက်ကင်းသမားတွေက သူစိမ်းဆိုပါက ရပ်ကွက်အတွင်း လုံးဝပေးမဝင် ။

နေ့စဉ်လိုလိုပင် နံနက်ခင်း ကို ခေါင်းပျက်ကြီးများကို ဝါးလုံးဖြင့်ထိုးကာ ရပ်ကွက်အတွင်း လှည့်လည်ပြသခြင်းများ ၊ စစ်တပ်က ပစ်သတ်လိုက်သဖြင့် သေသူများအလောင်းကို ဝါးကပ်ဖြင့်တင်ကာ လှည့်လည်ပြသခြင်း ၊ စသော သွေးပျက်ဖွယ် မြင်ကွင်းများ ဖြင့်စတင်နေချိန် ဖြစ်သည် ။

တစ်နေ့မှာ တပ်မတော် ကတပ်စုတစ်စုက တပ်သားတွေ နယ်မြေထိန်းသိမ်းဖို့ချီတက်လာချိန် တစ်ဖက်ကလည်း တပ်မတော်နှင့် စိတ်သဘောထားမတိုက်ဆိုင်သော လူတစ်စုထိပ်တိုက်တွေ့နေချိန် တပ်မတော်က ထိုလူအုပ်ကို ရှေ့မတိုးဖို့ပြောပြီး သေနတ်များဖြင့်ချိန်ရွယ်ထားတုန်းမှာ
ကျွန်မတို့နေထိုင်ရာ ( …. )ဈေး မှ ငါး ရောင်းသူတစ်ယောက်က အက်ရှင်ကားတွေထဲက Rambo လိုမျိုး ဓါးမြှောင်ကို ပါးစပ်ဖြင့်ကိုက် သံစည်ပိုင်းဖြင့်ကိုယ်လုံးကိုကာကွယ် စည်ပိုင်းကို တွန်းပြီး ရှေ့က စစ်သားတွေကို ခေါင်းထောင်ပြီး ကြည့်လိုက် စည်ပိုင်းကိုတွန်းလိုက် ရှေ့ဆက်သွားလိုက် ကြည့်လိုက်နဲ့ လုပ်နေတုန်း စစ်တပ်က “ သူ့ကို မပစ်ချင်လို့ ” Warning နှစ်ခါပေးတယ် ။

ဆရာသမားက မရဘူး သူ့ကို မပစ်ရဲဘူးထင်ပြီး ဆက်တက်တယ် ဟိုဘက်ကလည်း နောက်ဆုံး Warning ပေးပြီး စောင့်ကြည့်နေတာပေါ့ ။

အဲ့အချိန်မှာ ဆရာသမားက စည်ပိုင်းကိုတွန်းပြီးဆက်တက်တာပေါ့ ပြီးတော့ စည်ပိုင်းအပေါ်ကနေ စစ်သားတွေဘက်ကို ချောင်းပြီးအကြည့် “ ဖုန်း ” ဆိုပြီးလှမ်းပစ်လိုက်တာ နှဖူးတည့်တည့်ပဲ နောက်စိပါပွင့်ထွက်သွားတယ် လမ်းပေါ်မှာ သွေးတွေ ဦးနှောက်တွေဆိုတာ မြင်မကောင်းရှုမကောင်းဘူး ။

ခုနက လူအုပ်ကြီးလည်းပြေးလိုက်တာဆိုတာ တစ်ယောက်မှကိုရှာမရတော့ဘူး ။ ခဏအကြာ စစ်သားတွေပြန်သွားတော့ လူတစ်စုရောက်လာတယ်
ဘယ်သူကမြှောက်ပေးလိုက်လဲမသိဘူး အဲ့ဒီအလောင်းကြီးကို စင်ကြီးနဲ့တင်ပြီး လမ်းတွေမှာ လှည့်ပတ်ပြီးပြနေတာ အဆိုးဝါးဆုံးမြင်ကွင်းပဲ ။

ပြီးတော့ တောင်ဥက္ကလာ နှင့် မြောက်ဒဂုံ ကြားက နေရာ ( ယခု ဘေလီတံတား ) ( အဲ့ဒီအချိန်တုန်းက ဘေလီတံတားမရှိပါ ချောင်းစပ်ကြီးပေါ့ )
မှာ စင်ကြီးနဲ့ အဲ့ဒီအလောင်းကြီးကို ဒီတိုင်းပစ်ထားကြတယ် ၊ သဂြိုလ်မယ့်သူတစ်ယောက်မှမရှိဘူး ၊ အလောင်းကြီးက ဒီအတိုင်းကြီး ။

( သေသူကို စော်ကားလိုစိတ်လုံးဝမရှိပါ စာအဖြစ်သာမြင်ပေးပါရန် ။ )

ခုနက လူအုပ်ကြီးလည်းပြေးလိုက်တာဆိုတာ တစ်ယောက်မှကိုရှာမရတော့ဘူး ။

ကျွန်မတို့အိမ်ရှေ့မှာဖြစ်သွားတာဆိုတော့ အဲ့မြင်ကွင်းကို အခုထိမမေ့သေးဘူး ။ ဒါကြောင့်လည်း သေချာပြန်ပြောနိုင်တာပေါ့ ။

ဒီလိုအကြောင်းအရာတွေဖြစ်ပြီး နှစ်ရက်လောက်ကြာတော့ မှတ်မှတ်ရရ ညဘက်ကြီး ။

ကျွန်မတို့အိမ်မှာ မိုးကုတ်ကလာပြီးငှားနေကြတဲ့ မိသားစုက အမေဖြစ်သူ အဒေါ်ကြီးက ကျွန်မတို့လမ်းထိပ်ကဆိုင်က “ ခေါက်မုန့် ” တွေဝယ်လာပြီး ကျွန်မကို လာကျွေးတယ် အဲ့တုန်းက အိမ်မှာ အမေရယ် ကျွန်မရယ်ညီမလေးရယ်ပဲရှိတာ အဖေနဲ့ မောင်လေးက လမ်းထိပ်မှာ ကင်းစောင့်ပေးနေရတယ် ။

အချိန်က အပုပ်ချိန် ည ၁၁ နာရီကျော်လောက် ။

ကျွန်မလည်း အဒေါ်ကြီးလာပေးတဲ့ မုန့်ကိုစားရင်း အိမ်ငှားမိသားစုက ကျွန်မနဲ့ အသက်တူတဲ့ အမနဲ့ စကားထိုင်ပြောနေတာပေါ့ စကားပြောပြီး သူလည်းပြန်သွားတယ် အဲ့ဒီအချိန်မှာ ခွေးတွေကလည်း အူလိုက်တာ ၊ ခွေးတွေက ညတိုင်းလိုလိုအူနေတက်တော့ ကျွန်မတို့အတွက် အထူးအဆန်းမဟုတ်တော့ဘူးလေ ၊ ကျွန်မလဲသိပ်အရေးမစိုက်မိဘူး ။

အချိန်ကိုကြည့်တော့ ၁၂ နာရီဝန်းကျင်ဖြစ်နေပြီ ကျန်တာကို ညီမလေးကို ကျွေးမယ်ဆိုပြီးတော့ အိမ်ပေါ်ထပ်က သူ့အခန်းဆီသွားကျွေးတာပေါ့ ။

သူက “ အမ သမီးမစားတော့ဘူး အိပ်တော့မယ် ” လို့ပြောတော့ ကျွန်မလည်း အဲ့ဒီမုန့်ကို စားလိုတာပေါ့ ။ ပြီးတော့ အိပ်မယ်ဆိုပြီး ကုတင်ပေါ်လှဲလိုက်တယ် ။ ( အဲ့ဒီနေ့ညက ကျွန်မ ဘုရားကန်တော့အိပ်ဖို့ မေ့ခဲ့တယ် ။ )

စပြီးအိပ်တာနဲ့ အချိန်ကိုက်ထားသလို ပုတ်စော်ကြီးကထောင်းကနည်းနံလာတယ် ။

ကျွန်မအိပ်တာက နှစ်ယောက်အိပ်ကုတင် တစ်ယောက်တည်းအိပ်တာဆိုတော့ တစ်ဖက်က လွတ်နေတာပေါ့ ။

ညှီစော်ကြီးကလဲနံ ၊ ပုပ်စော်ကလဲထောင်းခနဲ ထောင်းခနဲနံတာ ဆိုတာ ခေါင်းတွေပါမူးပြီး အော့အန်ချင်လာတယ် တစ်ခါမှ အဲ့ဒီလိုအပုပ်နံ့ မရဖူးဘူး ။

တစ်ခုခုဆိုတာသိလိုက်တယ် လူကလည်း သေအောင်ကြောက်လာတယ် ။ အသားတွေပါတုန်တယ် ချွေးစီးတွေဆို မြင်မကောင်းဘူး ၊ လှုပ်လည်းမလှုပ်ရဲဘူး ၊ ကျွန်မက ထောင့်ဘက်ကပ်အိပ်တာဆိုတော့ ကုတင်တစ်ဖက်က ကျောပေးထားသလိုဖြစ်နေတယ် ။

ကျွန်မဘေးက ကုတင်ပေါ်မှာ တစ်ယောက်ယောက်လာအိပ်နေတယ်ဆိုတာ ကျွန်မစိတ်ကခံစားလို့ရတယ် ။ ပြီးတော့ ကုတင်ပေါ်ကနေ ပြန်ဆင်းသွားတာကိုလည်း ကျွန်မသိနေတယ် ကြောက်လိုက်တာ ဆိုတာ ပြောမနေနဲ့ ။ကျွန်မလည်းရသမျှဘုရားစာတွေကို စိတ်ထဲကနေအကုန်ရွတ်တာ ၊ သမ္ဗုဒ္ဓေ ဂါထာတော် ကို ရွတ်ဖို့သတိမရဘူး ။

တော်တော်ကို ကြောက်စရာကောင်းတာ ၊ ကျွန်မလည်းသူကုတင်ပေါ်ပြန်တက်လာမှဆိုးလို့ ကြောက်ကြောက်နဲ့ မျက်စိမဖွင့်ပဲ ကုတင်ကို ကန့်လန့်ဖြတ် အိပ်လိုက်တယ် ။

ပြီးတော့ မသိမသာ မျက်လုံးဖွင့်ကြည့်တဲ့အခါ မျက်လုံးက လုံးဝဖွင့်မရဘူး ၊ ဖွင့်နိုင်သလောက်ကြိုးစားပြီးဖွင့်ကြည့်တော့ ကုတင်ခြေရင်းမှာ “ မဲမဲကောင်ကြီး ”ကျွန်မကို သူ့မျက်လုံးနီနီကြီးတွေနဲ့ လှမ်းကြည့်နေတာ အမလေး အခုတောင် မျက်လုံးထဲပြန်မြင်တယ် ပြောရင်းပြောရင်းကြက်သီးထလိုက်တာ ။

ပြီးတော့ ကျွန်မအိပ်နေတဲ့ကုတင်က ကျွန်မမလှုပ်ပဲနဲ့ လူတစ်ယောက်လာထိုင်သလို အိကျသွားတယ် ။ အဲ့ဒီအချိန်မှာ ကျွန်မကျောရိုးတစ်လျှောက် အေးစက်သွားပြီး ကြောက်လွန်းလို့ ချွေးတွေပြန်လာပြီး ကြက်သီတွေထလာတယ် ။ စိတ်ထဲက ဘုရားပဲတနေမိတယ် အနံကြီးကလည်းဆိုးဝါးလိုက်တာ လူသေကောင်တွေကြားထဲ ရောက်နေသလိုခံစားရတယ် ။

အဲ့ဒီအနံကြီးက ဘယ်အချိန်မှပျောက်သွားလည်းဆိုတော့ မနက် ( ၄ နာရီ ) ထိုး လမ်းထိပ်ကင်းတဲက သံချောင်းခေါက်သံကြားမှ လုံး၀ ပျောက်သွားတာ ။ နောက်ညတွေကျွန်မ တစ်ယောက်တည်းမအိပ်ရဲတော့ဘူး ။ ညဆို ပရိတ်ပဋ္ဌာန်းတွေရွတ် အမျှအတန်းတွေဝေပြီးမှ အိပ်ရဲတဲ့အကျင့်ဖြစ်သွားတယ် ။ ညီမလေးကို အခန်းထဲခေါ်သိပ်ရတယ် ။ ကျွန်မထင်တာ ညက ကျွန်မ အစားအသောက် ကို ညဘက်စားပြီးတော့ အခန်းထဲယူလာမိတာ စားချင်လို့ အပြင်ကလိုက်လာတာထင်တယ် ။

ဒါတောင် အသားမဟုတ်ဘူးနော် “ ရိုးရိုး ခေါက်မုန့်လေး ” ။ အဲ့ဒီနေ့ညမှာပဲ ကျွန်မကို မုန့်ဝယ်ကျွေးတဲ့ အန်တီကြီးက မနက်ကြတော့ ပြောပြတယ် ။
သူလည်းသရဲခြောက်ခံရတယ်တဲ့ ။ သူကကျွန်မထက်ဆိုးတယ် သူကကြမ်းခင်းမှာအိပ်တာလေ သူအိပ်တဲ့ခြေရင်းမှာ ပြော၇ရင် သူ့ခြေထောက်နားမှာပေါ့ “ ဒေါက် …. ဒေါက် …. ဒေါက် ” နဲ့ အသံတွေကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တာ ……….

“ သူ့ခြေထောက်နားမှာ ဘောလုံးလို အလုံးလေး သေးသေးလေးတဲ့ သေချာမျက်လုံးပွတ်ပြီးကြည့်တော့ လူခေါင်းကြီးတဲ့ ဆံပင်ကော မျက်နှာကောပါတဲ့
ခေါင်းသေးသေးလေး လှိမ့်နေတာ တဲ့ ”

သူ့မှာ တစ်ညလုံး မအိပ်ရဲဘူးတဲ့ မျက်လုံးကြီးမှိတ်ပြီး ဘုရားစာတွေရွတ် ၊ အော်လည်းမအော်ရဲ ၊ အိပ်ယာထဲ (ကန်တော့ပါ) ရှူ ရှူးပါ ထွက်ကျကုန်တယ်တဲ့ ၊ ကျွန်မလိုပဲ နံနက် ( ၄ နာရီ ) လောက်မှာ အသံတိတ်သွားလို့ကြည့်လိုက်တော့ မရှိတော့ဘူးတဲ့ ။

လူကို ဘာမျှ အန္တရယ်မပြုသွားတာ ဘုရားစာရဲ့ တန်ခိုတော်ကြောင့်ဖြစ်ပါလိမ့်မယ် ၊ ဒါကကျွန်မ ယုံကြည်ချက်ပါ ။ အဲ့နေ့ကစပြီး ညဆို ဘယ်သူကျွေးကျွေး ဘာအစားအသောက်မှ မစားတော့ဘူး ၊ အိမ်လည်း မသယ်လာရဲတော့ဘူး ။

ဒီစာကိုဖတ်နေတဲ့သူ အခုအိပ်ပြီးဖတ်နေတာဆိုရင် ခြေရင်းကိုမကြည့်ပါနဲ့ ဘေးကိုမကြည့်ပါနဲ့ စောင်ကိုသေချာခြုံအိပ် အအေးမိမှာစိုးလို့ပါ 😛

ကြောက်တက်တယ်ဆို ညစဉ် မေတ္တာပို့ ၊ ဘုရားဝတ်ပြု ၊ အမျှအတန်းပေးဝေပြီးမှအိပ်ကြပါ ။

အချိန်ဘယ်လောက်မှမပေးရပါဘူး ကုသိုလ်လည်းရ အန္တာရယ်လည်းကင်းပါတယ် ။

အားလုံး ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ ။

#Credit

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *