ဝလို႔ထားသြားတဲ့Exကုိ အဆီပုိေတြနဲ႔လုပ္ထားတဲ့ဆပ္ျပာခဲပုိ႔ျပီးလက္စားေခ်ခဲ့တဲ့ေကာင္မေလး

ဝလို႔ထားသြားတဲ့Exကုိ အဆီပုိေတြနဲ႔လုပ္ထားတဲ့ဆပ္ျပာခဲပုိ႔ျပီးလက္စားေခ်ခဲ့တဲ့ေကာင္မေလး

တ႐ုတ္ႏုိင္ငံ ဟီနန္စီရင္စု၊ Zhengzhou ၿမိဳ႕မွာ ေနထုိင္တဲ့ Xiao Xiao လုိ႔ အမည္ရတဲ့ ေကာင္မေလးကေတာ့ သူမရဲ႕ ခ်စ္သူေဟာင္းကို လက္စားေခ်ဖုိ႔အတြက္ သူမ်ားေတြမစဥ္းစားမိတဲ့ အႀကံအစည္ကုိ အေကာင္အထည္ ေဖာ္ခဲ့ပါတယ္။ တကယ္ေတာ့ Xiao ရဲ႕ ခ်စ္သူေဟာင္းက သူမကုိ အဆီပုိေတြနဲ႔ျပည့္ေနတယ္ ဆုိၿပီး စြန္႔ပစ္သြားခဲ့တာလုိ႔ Rachfeed က ဆုိပါတယ္ .. ။

ဒီအတြက္ စိတ္အနာႀကီး နာခဲ့တဲ့ Xiao ဟာ ခ်စ္သူေဟာင္းကို သခၤန္းစာ ေကာင္းေကာင္း ေပးႏုိင္ဖုိ႔အတြက္ သူမရဲ႕ ခႏၶာကိုယ္မွာ ပုိေနတဲ့ အဆီပုိေတြကုိ Liposuction နည္းနဲ႔ ဖယ္ရွားခဲ့ပါတယ္ ။ ဒါဟာ Cosmetic surgery နည္းပညာနဲ႔ အေရျပားေအာက္က အဆီပုိေတြကို ဖယ္ရွားျခင္း ျဖစ္ပါတယ္ … ။

ရလာတဲ့အဆီပုိေတြကုိ စြန္႔ပစ္ျခင္းမျပဳဘဲ ဆပ္ျပာခဲပုံစံ ျပန္လည္ ျပဳလုပ္ၿပီး၊ ခ်စ္သူေဟာင္းနဲ႔ သူရဲ႕မိဘေတြဆီကုိ ေရခ်ိဳးခန္းသုံးဖုိ႔ဆပ္ျပာအျဖစ္ ေပးပို႔ခဲ့ပါတယ္။ ဒီေနာက္ ရက္အနည္းအငယ္ အၾကာမွာ Xiao က သူမရဲ႕လူမႈကြန္ယက္မွာ Post တစ္ခု တင္ခဲ့ပါတယ္ … ။

သူမက ” ဒီမယ္ Yang Xiaolei ဆုိတဲ့သူ … ရွင္ ၿပီးခဲ့တဲ့ ေႏြရာသီပြဲေတာ္ကို သတိရေနဦးမယ္ ထင္ပါတယ္ … အဲဒီတုန္းက ရွင္ က်မကို အိမ္ကို ေခၚသြားဖုိ႔ျငင္း ျဖတ္ခဲ့တယ္ေလ … အခု က်မရဲ႕ ကိုယ္ပိုင္အဆီပုိေတြကုိ ဆပ္ျပာလုပ္ၿပီး ရွင္နဲ႔ ရွင့္အေမတုိ႔ ေရခ်ိဳးခန္းဆပ္ျပာအျဖစ္ ပို႔ေပးခဲ့ၿပီးၿပီေလ” လုိ႔ ေရးသားခဲ့ပါတယ္ … ။

သူမက ဆက္လက္ၿပီး ” အခု ေႏြရာသီပြဲေတာ္မွာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အေပၚယံအလွေလာက္ တက္မက္တတ္တဲ့ ေအာက္တန္းစားေယာက္်ားတစ္ေယာက္အတြက္ အထုိက္တန္ဆုံး လက္ေဆာင္ေပးဖုိ႔ အခ်ိန္ပါဘဲ “လုိ႔ ေရးသားထားတာပါ … ။

ဒါေပမယ့္ မွတ္ခ်က္ေရးသူတစ္ဦးက ” မင္းရဲ႕ ရည္းစားေဟာင္း လုပ္ရပ္ မွန္ပါတယ္ .. လွပျခင္း ႐ုပ္ဆုိးျခင္းဆုိတာ အ၀လြန္ျခင္းနဲ႔ အေရအျပားက လာတာမဟုတ္ပါဘူး … မင္းရဲ႕ ႏွလုံးသားထဲမွာ တည္ရွိေနတဲ့ စိတ္ဓာတ္က လာတာပါ “လုိ႔ သူမရဲ႕ လုပ္ရပ္ကို သြယ္၀ုိက္သည့္သေဘာျဖင့္ ေ၀ဖန္ေရးသားခဲ့ပါတယ္ … ။

နတ္စည္ေတာ္ (Shwemom)

Unicode

ဝလို့ထားသွားတဲ့Exကို အဆီပိုတွေနဲ့လုပ်ထားတဲ့ဆပ်ပြာခဲပို့ပြီးလက်စားချေခဲ့တဲ့ကောင်မလေး

တရုတ်နိုင်ငံ ဟီနန်စီရင်စု၊ Zhengzhou မြို့မှာ နေထိုင်တဲ့ Xiao Xiao လို့ အမည်ရတဲ့ ကောင်မလေးကတော့ သူမရဲ့ ချစ်သူဟောင်းကို လက်စားချေဖို့အတွက် သူများတွေမစဉ်းစားမိတဲ့ အကြံအစည်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ တကယ်တော့ Xiao ရဲ့ ချစ်သူဟောင်းက သူမကို အဆီပိုတွေနဲ့ပြည့်နေတယ် ဆိုပြီး စွန့်ပစ်သွားခဲ့တာလို့ Rachfeed က ဆိုပါတယ် .. ။

ဒီအတွက် စိတ်အနာကြီး နာခဲ့တဲ့ Xiao ဟာ ချစ်သူဟောင်းကို သင်္ခန်းစာ ကောင်းကောင်း ပေးနိုင်ဖို့အတွက် သူမရဲ့ ခန္ဓာကိုယ်မှာ ပိုနေတဲ့ အဆီပိုတွေကို Liposuction နည်းနဲ့ ဖယ်ရှားခဲ့ပါတယ် ။ ဒါဟာ Cosmetic surgery နည်းပညာနဲ့ အရေပြားအောက်က အဆီပိုတွေကို ဖယ်ရှားခြင်း ဖြစ်ပါတယ် … ။

ရလာတဲ့အဆီပိုတွေကို စွန့်ပစ်ခြင်းမပြုဘဲ ဆပ်ပြာခဲပုံစံ ပြန်လည် ပြုလုပ်ပြီး၊ ချစ်သူဟောင်းနဲ့ သူရဲ့မိဘတွေဆီကို ရေချိုးခန်းသုံးဖို့ဆပ်ပြာအဖြစ် ပေးပို့ခဲ့ပါတယ်။ ဒီနောက် ရက်အနည်းအငယ် အကြာမှာ Xiao က သူမရဲ့လူမှုကွန်ယက်မှာ Post တစ်ခု တင်ခဲ့ပါတယ် … ။

သူမက ” ဒီမယ် Yang Xiaolei ဆိုတဲ့သူ … ရှင် ပြီးခဲ့တဲ့ နွေရာသီပွဲတော်ကို သတိရနေဦးမယ် ထင်ပါတယ် … အဲဒီတုန်းက ရှင် ကျမကို အိမ်ကို ခေါ်သွားဖို့ငြင်း ဖြတ်ခဲ့တယ်လေ … အခု ကျမရဲ့ ကိုယ်ပိုင်အဆီပိုတွေကို ဆပ်ပြာလုပ်ပြီး ရှင်နဲ့ ရှင့်အမေတို့ ရေချိုးခန်းဆပ်ပြာအဖြစ် ပို့ပေးခဲ့ပြီးပြီလေ” လို့ ရေးသားခဲ့ပါတယ် … ။

သူမက ဆက်လက်ပြီး ” အခု နွေရာသီပွဲတော်မှာ အမျိုးသမီးတစ်ယောက်ရဲ့ အပေါ်ယံအလှလောက် တက်မက်တတ်တဲ့ အောက်တန်းစားယောက်ျားတစ်ယောက်အတွက် အထိုက်တန်ဆုံး လက်ဆောင်ပေးဖို့ အချိန်ပါဘဲ “လို့ ရေးသားထားတာပါ … ။

ဒါပေမယ့် မှတ်ချက်ရေးသူတစ်ဦးက ” မင်းရဲ့ ရည်းစားဟောင်း လုပ်ရပ် မှန်ပါတယ် .. လှပခြင်း ရုပ်ဆိုးခြင်းဆိုတာ အဝလွန်ခြင်းနဲ့ အရေအပြားက လာတာမဟုတ်ပါဘူး … မင်းရဲ့ နှလုံးသားထဲမှာ တည်ရှိနေတဲ့ စိတ်ဓာတ်က လာတာပါ “လို့ သူမရဲ့ လုပ်ရပ်ကို သွယ်ဝိုက်သည့်သဘောဖြင့် ဝေဖန်ရေးသားခဲ့ပါတယ် … ။

နတ်စည်တော် (Shwemom)

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *