ခရီးအတူ သွားပေးဖို့ Personal Assistant ရှာနေတဲ့ ၂၆ နှစ်အရွယ် မီလျံနာ သူဌေးလေး
By / 3 months ago / Blog / No Comments
ခရီးအတူ သွားပေးဖို့ Personal Assistant ရှာနေတဲ့ ၂၆ နှစ်အရွယ် မီလျံနာ သူဌေးလေး
ခရီးအတူ သွားပေးဖို့ Personal Assistant ရှာနေတဲ့ ၂၆ နှစ်အရွယ် မီလျံနာ သူဌေးလေး
Credit : News.AU
Unicode
ခရီးအတူသွားပေးဖို့ Personal Assistant ရှာနေတဲ့ ၂၆ နှစ်အရွယ် မီလီလျံနာသူဌေးလေး
Sydney က ကိုယ့်ထူးကိုယ်ချွန် မီလီလျံနာ သူဌေးလေးက တော့ သူနဲ့အတူ ခရီးထွက်ပေးဖို့အတွက် တပ်မက်စရာလခနဲ့ Personal Assistant တစ်ယောက် လိုက်ရှာနေတယ်လို့ သတင်းရထားပါတယ်။
Matthew Lepre ဟာ သူကိုင်တွယ်ထားတဲ့ e-commerce လုပ်ငန်းတွေ၊ စီးပွားရေးဟောပြောပွဲတွေကို ကမ္ဘာအရပ်ရပ်မှာရှိတဲ့ နေရာ တွေ ဆီ တိုးချဲ့တော့ မှာ မို့ သူ့ အတွက် အားကိုးအားထား ပြုလို့ ရ စေ မယ့် ကိုယ်ရေးလက်ထောက် တစ်ဦး အလို ရှိနေ ပါ တယ် ။
အသက် ၂၆ နှစ်သာ ရှိသေးပေမယ့် Matthew Lepre ဟာ ကမ္ဘာမှ အသိအမှတ်ပြုခံထားရတဲ့ မီလီလျံနာလူငယ်လုပ်ငန်းရှင်တစ်ဦးပါ။ တက္ကသိုလ်တက်နေစဉ် အိမ် အ ခြေ အ နေကြောင့် အလုပ်တွေလုပ်ရင်းနဲ့မှ ဘွဲ့လည်းမလို၊ အလုပ်အချိန်အတိအကျရယ်လို့မရှိ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို အလုပ်လုပ်နိုင်မယ့် အလုပ်မျိုးကို ကျောင်းထွက်ကာ စတင်တည်ထောင်လုပ်ကိုင်ခဲ့ရင်း အောင်မြင်လာခဲ့တာပါ။
Matthew Lepre ရဲ့ Personal Assistant ဖြစ်ဖို့အတွက်ဆိုရင်တော့ အချိန်ခဏလေးလုပ်ပြီး ထွက်သွားမယ့်လူမျိုးတွေနဲ့ သိပ်မကိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်ခေါ်စာမှာတင် “job of a lifetime” တစ်သက်လုံး လုပ်နိုင်မယ့်လူမျိုးကို ရှာဖွေ နေတာကြောင့်ပါ။ လစာအ နေနဲ့ က တော့ တစ်နှစ်ကို အနည်းဆုံး အ ခြေခံ လစာ အ နေနဲ့တောင်မှ ဒေါ်လာ ၅၂,၀၀၀ ပေးဦးမှာဆိုတော့ တစ်လကို ပျမ်းမျှ အ နေနဲ့ ဒေါ်လာ ၄,၃၀၀ လောက်ရှိပါတယ်။
ဒီအပြင် အသက်အာမခံတွေ၊ ကျန်းမာရေးအာမခံလိုမျိုးတွေစတဲ့ အာမခံပေါင်းများစွာ ထားရှိပေးဦးမှာဖြစ်ပါပြီး၊ နေစရိတ် စားစရိတ်လည်း အငြိမ်း ဖြစ်ပါတယ် ။ ဒီအပြင် Matthew Lepre ထွက်သမျှ အလုပ်ခရီးဆိုလည်း အလုပ်ခရီး၊ အပန်းဖြေခရီး ဆိုရင် လည်း အပန်းဖြေခရီးအ လျောက် အ ဖော် လို မိတ်ဆွေ လို လိုက်ပေး ရမှာပါ ။
လိုချင်တဲ့ပုံစံက တော့ အရာရာကိုစီစဉ်နိုင်ပြီး စီမံခန့်ခွဲမှုအားကောင်းရမယ်၊ ခရီးစဉ်လမ်းကြောင်းဆွဲတတ်ရမယ်၊ လူမှုကွန်ယက် အကြောင်း ကောင်းကောင်းကြီး နားလည် သ ဘောပေါက် ရမယ် ၊ အလုပ် တစ်ခုတည်း မဟုတ်ဘဲ ၂ ခု ၃ ခုလောက်ကို အာရုံစိုက် နိုင် ရပြီး ကွန်ပြူတာ ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြုတတ်ရပါမယ်တဲ့။ နောက်ပြီး ကြိုးစားသင်ယူလိုစိတ်ရှိရမှာဖြစ်ပြီး နိုင်ငံကူး လက်မှတ်ကို အနည်းဆုံး ၁၂ လ အထိ သက်တမ်း ရှိ ရ ဦး မှာပါ။
အသက်ကန့်သတ်ချက်နေနဲ့က တော့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း လျှောက်လို့ရနိုင်မှာဖြစ်ပြီး သူလိုချင်တဲ့ အရည်အချင်းတွေကိုပဲကြည့်မှာဖြစ်တဲ့အတွက် ဘာဘွဲ့ညာဘွဲ့တွေလည်း ကြည့်မှာမဟုတတ်ပါဘူးတဲ့။ Matthew Lepre ဟာ လူတစ်ယောက်ကို သူ့လိုမျိုး ကမ္ဘာကြီးရဲ့နေရာအနှံ့ကို ထိတွေ့ခွင့် ပေးချင်တဲ့ စိတ် ကြောင့် လည်း အခုလို PA ကို ခေါ် တာဖြစ်တယ်လို့ ဆို ပါ တယ် ။
အလုပ်လျှောက်ကြည့်ချင်တယ်ဆိုရင်တော့ https://ecomwarrioracademy.com/we-are-hiring/ ဒီ link မှာ သွားရောက်လျှောက်ထားနိုင်ပါတယ်။
Credit : News.AU
ခရီးအတူ သွားပေးဖို့ Personal Assistant ရှာနေတဲ့ ၂၆ နှစ်အရွယ် မီလျံနာ သူဌေးလေး
Credit : News.AU
zc
The author didn't add any Information to his profile yet.
Leave a comment
Your email address will not be published. Required fields are marked. *