မိခင္ ရဲ႕ ေပါ့ဆမႈေၾကာင့္ ၁၁ လသား ကေလး ဆူပြက္ေနတဲ့ ေရေႏြးအိုးထဲ ျပဳတ္က်

By / 3 months ago / International News / No Comments
မိခင္ ရဲ႕ ေပါ့ဆမႈေၾကာင့္ ၁၁ လသား ကေလး ဆူပြက္ေနတဲ့ ေရေႏြးအိုးထဲ ျပဳတ္က်

မိခင္ ရဲ႕ ေပါ့ဆမႈေၾကာင့္ ၁၁ လသား ကေလး ဆူပြက္ေနတဲ့ ေရေႏြးအိုးထဲ ျပဳတ္က်

အသက္ ၁၁ လအ႐ြယ္ ကေလး ငယ္ေလးဟာ မိခင္ျဖစ္သူရဲ႕ သတိ လက္လြတ္ ေပါ့ဆမႈေၾကာင့္ က်ိဳက္က်ိဳက္ ဆူေနတဲ့ ေရေႏြးေတြ အျပည့္ ထည့္ထားတဲ့ ေရပုံးထဲကို ျပဳတ္က်ခဲ့ၿပီး အရွင္လတ္လတ္ ထည့္ျပဳတ္ ခံရသလို ျဖစ္ခဲ့ပါတယ္ ။

ယူကရိန္း ႏိုင္ငံေတာင္ပိုင္း ေက်း႐ြာတစ္႐ြာမွာ ျဖစ္ပ်က္ခဲ့တာပါ ၊ ဆရာဝန္ ေတြက ဆိုးဆိုး႐ြား႐ြား ေဝဒနာ ခံစားေနရတဲ့ ကေလးကို အသက္လုၿပီး ကယ္တင္ေနေပမယ့္ ကေလးရဲ႕ ခႏၶာကိုယ္ ၈၀% က အပူေလာင္ ဒဏ္ရာေတြ ရထားပါတယ္ ။

“ Daniil ” လို႔ အမည္ေပးထားတဲ့ ကေလးေလးဟာ ေဆး႐ုံ ကုတင္ေပၚမွာ တစ္ကိုယ္လုံးကို မံမီလို ပတ္တီးေတြ စည္းၾကပ္ထားတဲ့ ျမင္ကြင္းက ေတြ႕ရသူတိုင္း စိတ္ထိခိုက္ ေၾကကြဲေစပါတယ္ ။ ျဖစ္စဥ္က မိခင္ျဖစ္သူ “ Tetyana Chernenko ” ဟာ ကေလးကို ေရေႏြးနဲ႔ စပ္ၿပီး ေရခ်ိဳးေပးဖို႔ ပြက္ပြက္ ဆူေနတဲ့ ေရေႏြးကို ေရခ်ိဳးခန္းထဲ ယူလာကာ စားပြဲခုံ အနီးမွာ ခ်ထား လိုက္ပါတယ္ ။ ကေလးကလည္း စားပြဲေပၚက ကေလး ေရခ်ိဳးကန္ေလးထဲမွာ ရွိေနပါတယ္ ။

သူမရဲ႕အစီစဥ္က ကေလးကို ေရခ်ိဳးကန္ထဲမွာ ေရေအးနဲ႔ ေရေႏြးစပ္ၿပီး ခ်ိဳးေပးဖို႔ပါ ။ တစ္ခ်ိန္ထဲမွာပဲ ကေလးကလည္း စားပြဲေပၚက ေရခ်ိဳးကန္ေလးထဲမွာ ေဆာ့ကစားေနပါတယ္ ။ အဲဒီအခ်ိန္မွာ မိခင္ျဖစ္သူက သူကို ခဏေလး ထားခဲ့ၿပီး ေရေအး သြားယူေနတုန္း ကေလးက စားပြဲေပၚကေန ေရပြက္ပြက္ဆူေနတဲ့ ေရပုံးႀကီးထဲ ျပဳတ္က် ခဲ့တာျဖစ္ပါတယ္ ။

“ သူေရပုံးထဲျပဳတ္က်သြာတာ ျမင္ျမင္ခ်င္း ေရပုံးဆီေျပးသြားၿပီး သူ႔ကို ဆြဲထုတ္တယ္ ။ အဝတ္ေတြနဲ႔ ကေလးကို ပတ္ထားေပးတယ္ အဲဒီအခ်ိန္မွာ ကေလးရဲ႕ အေရျပားေတြ ကြာက်လာတာေတြ႕ရေတာ့ က်မ အရမ္းလန႔္သြားတယ္ ” လို႔ မိခင္ျဖစ္သူက ဆိုပါတယ္ ။ အဲဒီေနာက္ ကေလးကို ေဆး႐ုံ အျမန္ပို႔ခဲ့ တာျဖစ္ပါတယ္ ။

ကေလးရဲ႕ နဖူး ၊ လက္ေခ်ာင္း ၊ ေျခေခ်ာင္းေလးေတြကေတာ့ အပူေလာင္ ဒဏ္ရာ မရရွိခဲ့ဘူးလို႔ သိရပါတယ္ ။ ကေလးဟာ ေဖာ္မျပႏိုင္ေလာက္တဲ့ ေဝဒနာခံစားေနရတာေၾကာင့္ ေအာ္ငိုလြန္းလို႔ အသံေတြေတာင္ ကြဲအက္ေနတယ္လို႔ ေဆး႐ုံ ဝန္ထမ္းေတြက စိတ္မေကာင္းစြာနဲ႔ ေျပာပါတယ္ ။

ဆရာဝန္ေတြ အေနနဲ႔ ကေလး အသက္ရွင္ ႏိုင္ေအာင္ အစြမ္းကုန္ ႀကိဳးစားေနၿပီး ေဆး႐ုံအုပ္ျဖစ္တဲ့ Vadim Shukhtin က တတ္ႏိုင္သမွ် နည္းလမ္းေတြ အကုန္ သုံးၿပီး ကယ္တင္မယ္လို႔ ဆိုပါတယ္ ။ မိခင္ျဖစ္သူက ကေလးနဲ႔အတူ ေဆး႐ုံမွာ ရွိေနၿပီး ရဲေတြအေနနဲ႔ ဒါကို မေတာ္တဆမႈ အျဖစ္သာ သတ္မွတ္ထားေၾကာင္း သိရွိရသည္ ။

Unicode

မိခင် ရဲ့ ပေါ့ဆမှုကြောင့် ၁၁ လသား ကလေး ဆူပွက်နေတဲ့ ရေနွေးအိုးထဲ ပြုတ်ကျ

အသက် ၁၁ လအရွယ် ကလေး ငယ်လေးဟာ မိခင်ဖြစ်သူရဲ့ သတိ လက်လွတ် ပေါ့ဆမှုကြောင့် ကျိုက်ကျိုက် ဆူနေတဲ့ ရေနွေးတွေ အပြည့် ထည့်ထားတဲ့ ရေပုံးထဲကို ပြုတ်ကျခဲ့ပြီး အရှင်လတ်လတ် ထည့်ပြုတ် ခံရသလို ဖြစ်ခဲ့ပါတယ် ။

ယူကရိန်း နိုင်ငံတောင်ပိုင်း ကျေးရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့တာပါ ၊ ဆရာဝန် တွေက ဆိုးဆိုးရွားရွား ဝေဒနာ ခံစားနေရတဲ့ ကလေးကို အသက်လုပြီး ကယ်တင်နေပေမယ့် ကလေးရဲ့ ခန္ဓာကိုယ် ၈၀% က အပူလောင် ဒဏ်ရာတွေ ရထားပါတယ် ။

“ Daniil ” လို့ အမည်ပေးထားတဲ့ ကလေးလေးဟာ ဆေးရုံ ကုတင်ပေါ်မှာ တစ်ကိုယ်လုံးကို မံမီလို ပတ်တီးတွေ စည်းကြပ်ထားတဲ့ မြင်ကွင်းက တွေ့ရသူတိုင်း စိတ်ထိခိုက် ကြေကွဲစေပါတယ် ။ ဖြစ်စဉ်က မိခင်ဖြစ်သူ “ Tetyana Chernenko ” ဟာ ကလေးကို ရေနွေးနဲ့ စပ်ပြီး ရေချိုးပေးဖို့ ပွက်ပွက် ဆူနေတဲ့ ရေနွေးကို ရေချိုးခန်းထဲ ယူလာကာ စားပွဲခုံ အနီးမှာ ချထား လိုက်ပါတယ် ။ ကလေးကလည်း စားပွဲပေါ်က ကလေး ရေချိုးကန်လေးထဲမှာ ရှိနေပါတယ် ။

သူမရဲ့အစီစဉ်က ကလေးကို ရေချိုးကန်ထဲမှာ ရေအေးနဲ့ ရေနွေးစပ်ပြီး ချိုးပေးဖို့ပါ ။ တစ်ချိန်ထဲမှာပဲ ကလေးကလည်း စားပွဲပေါ်က ရေချိုးကန်လေးထဲမှာ ဆော့ကစားနေပါတယ် ။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သူကို ခဏလေး ထားခဲ့ပြီး ရေအေး သွားယူနေတုန်း ကလေးက စားပွဲပေါ်ကနေ ရေပွက်ပွက်ဆူနေတဲ့ ရေပုံးကြီးထဲ ပြုတ်ကျ ခဲ့တာဖြစ်ပါတယ် ။

“ သူရေပုံးထဲပြုတ်ကျသွာတာ မြင်မြင်ချင်း ရေပုံးဆီပြေးသွားပြီး သူ့ကို ဆွဲထုတ်တယ် ။ အဝတ်တွေနဲ့ ကလေးကို ပတ်ထားပေးတယ် အဲဒီအချိန်မှာ ကလေးရဲ့ အရေပြားတွေ ကွာကျလာတာတွေ့ရတော့ ကျမ အရမ်းလန့်သွားတယ် ” လို့ မိခင်ဖြစ်သူက ဆိုပါတယ် ။ အဲဒီနောက် ကလေးကို ဆေးရုံ အမြန်ပို့ခဲ့ တာဖြစ်ပါတယ် ။

ကလေးရဲ့ နဖူး ၊ လက်ချောင်း ၊ ခြေချောင်းလေးတွေကတော့ အပူလောင် ဒဏ်ရာ မရရှိခဲ့ဘူးလို့ သိရပါတယ် ။ ကလေးဟာ ဖော်မပြနိုင်လောက်တဲ့ ဝေဒနာခံစားနေရတာကြောင့် အော်ငိုလွန်းလို့ အသံတွေတောင် ကွဲအက်နေတယ်လို့ ဆေးရုံ ဝန်ထမ်းတွေက စိတ်မကောင်းစွာနဲ့ ပြောပါတယ် ။

ဆရာဝန်တွေ အနေနဲ့ ကလေး အသက်ရှင် နိုင်အောင် အစွမ်းကုန် ကြိုးစားနေပြီး ဆေးရုံအုပ်ဖြစ်တဲ့ Vadim Shukhtin က တတ်နိုင်သမျှ နည်းလမ်းတွေ အကုန် သုံးပြီး ကယ်တင်မယ်လို့ ဆိုပါတယ် ။ မိခင်ဖြစ်သူက ကလေးနဲ့အတူ ဆေးရုံမှာ ရှိနေပြီး ရဲတွေအနေနဲ့ ဒါကို မတော်တဆမှု အဖြစ်သာ သတ်မှတ်ထားကြောင်း သိရှိရသည် ။

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *