7.20 Gameplay Update

By / 9 months ago / Up to Date News / No Comments
7.20 Gameplay Update

7.20 Gameplay Update

General အပြောင်းအလဲတွေကတော့

  • မြေပုံကို rework လုပ်ထားပါတယ်။ (မြေပုံအပြောင်းအလဲအကြောင်းက ကျွန်တော်နောက်မှ တစ်ပုဒ်သတ်သတ်ရေးပေးပါ့မယ်။ အခုအချိန်မှာ stable လည်းမဖြစ်သေးဘူးလို့ ထင်မိလို့ပါ)
  •  Creep deny လုပ်ရင် အရင်လိုမျိုး XP 25% ပေးတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀% gold ကို ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ melee creep ကနေ 7-8 gold ၊ range creep ကနေ 9-11 gold လောက် ပြန်ရမှာ ဖြစ်ပါတယ်။
  • အခုဆိုရင် TP အတွက် item slot တစ်ခု မလိုအပ်တော့ပါဘူး။ TP အတွက် slot သတ်သတ်တစ်ခု ထပ်ထည့်ပေးထားပါတယ်။ ဒါပေမယ့် TP ကို ၀ယ်တော့ဝယ်ထားရမှာ ဖြစ်ပါတယ်။
  • Boots of Travel CD က အခုဆိုရင် TP ရဲ့ CD နဲ့ ဘာမှမပတ်သက်တော့ပါဘူး။ သက်သက်စီ ဖြစ်သွားပါပြီ။
  • တော creep တွေကို Stack ပေးထားတဲ့သူအတွက် bounty gold ကို 25% ကနေ 35% ကို တိုးပေးထားပါတယ်။ ဒါကြောင့်မလို့ Creep Stack ပေးရတဲ့ Support တွေအတွက် ၀မ်းသာစရာသတင်းပါ။
  • အခုဆိုရင် Ancient Creep မဟုတ်တဲ့ Creep တွေအားလုံးရဲ့ gold bounty ကို 5% တိုးပေးထားပါတယ်။
  • Hero Selection မှာတော့ Daily Bonus Hero concept ကို ဖယ်ရှားလိုက်ပါပြီ။ Mango အပိုလိုချင်လို့ Daily Bonus Hero တွေပဲရွေးယူတဲ့ Cancer တွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။
  • ဒါကြောင့်မလို့ Random ချမယ်ဆိုရင် အရင်လိုမျိုး ရှိသမျှဟီးရိုးတွေထဲကပဲ တစ်ကောင်ကို ရွေးပေးမှာဖြစ်ပါတယ်။ ၀မ်းသာစရာတစ်ခုကတော့ အဲ့လိုရွေးပေးတာမှာ ကိုယ်ပွဲအရေအတွက်အနည်းဆုံးကစားထားတဲ့ ဟီးရိုး ၂၅ ကောင်ကို Random ချရင် ကျတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ ကိုယ့်ဘက်က Cancer တွေ Random ချလိုက်လို့  Meepo တို့ Invoker တို့ Earth Spirit တို့ ကျမှာကို သိပ်ပူစရာမလိုတော့ပါဘူး။ သူတို့အဲ့ Hero တွေကိုပဲ Spam ထားရင်တော့ GG ပေါ့။
  • Armor formula ကိုလည်း ပြောင်းလဲထားတဲ့အတွက် T1 တွေရဲ့ Armor က 17 ကနေ 12 ၊ T2 တွေရဲ့ Armor က 19 ကနေ 14 ၊ T3 တွေရဲ့ Armor က 19 ကနေ 14 ၊ T4 တွေရဲ့ Armor က 29 ကနေ 21 ၊ Melee barracks တွေရဲ့ Armor က 18 ကနေ 13 ၊ Ranged Barracks တွေရဲ့ Armor က 12 ကနေ 9 ၊ Ancient ကြီးရဲ့ Armor က 18 ကနေ 13 ၊ Filler Structure တွေရဲ့ Armor က 14 ကနေ 10 ၊ Shrine တွေရဲ့ Armor တွေက 24 ကနေ 17 ကို အသီးသီးပြောင်းလဲထားပါတယ်။
  • Killing Sprees ရထားတော့ကောင်တွေကိုသတ်ရင် XP 200 ကနေ 1250 ကို ရရှိသွားမှာ ဖြစ်ပါတယ်။
  • Attribute တွေကပေးတဲ့ HP နဲ့ Mana Regen ကို rework လုပ်ထားပါတယ်။
  • Intelligence က အခုဆို^ရင် 0.05 mana regen ပေးပြီးတော့ Strength ဆိုရင် 0.1 health regen ပေးပါတယ်။
  • ဒါပေမယ့် 0.9 base mana regen valve ကို ဖယ်ရှားလိုက်သလို base health regen valve ကိုလည်း 1.5 ကို လျှော့ချလိုက်ပါတယ်။
  • Root Mechanics တွေကိုလည်း ပြောင်းလဲထားပါတယ်။ အခုဆိုရင် Root နဲ့ TP  ဖျက်လို့ ရပြီဖြစ်ပါတယ်။ ဒါကြောင့် Rod of Atos နဲ့ TP Cancel လုပ်နိင်ပါတယ်။
  • ဒါပေမယ့် ဒီဟာတွေကတော့ TP Cancel/ channeling တွေကို interrupt လုပ်နိင်တော့မှာ မဟုတ်ပါဘူ။ ( တောထဲက Dark Troll ရဲ့ပိုက်ကွန်၊ Ember ရဲ့ Searing Chains, Naga ရဲ့ ပိုက်ကွန်၊ Crystal ရဲ့ ခဲတာ(Frostbite)၊ Lone Druid ၀က်ဝံရဲ့ ချုပ်တာ၊ Treant ကိုယ်ဖျောက်ပြီးတော့ ခုတ်တဲ့ဟာနဲ့ Treant level 6 Overgrowth)
  • Techies ရဲ့ Stasis Trap က အခုဆိုရင် True Sight ပါ Provide လုပ်ပေးပြီ ဖြစ်ပါတယ်။
  • Cleave Damage က အခုဆိုရင် Physical Damage type ဖြစ်သွားပြီဖြစ်ပြီး armor ကို ထည့်ထွက်တော့မှာ ဖြစ်ပါတယ်။
  • Cleave ဧရိယာ နဲ့ အကွာအဝေးကို 625 ကနေ 650 ကိုတိုးပေးထားပြီး final width ကိုလည်း 330 ကနေ 360 ကို တိုးပေးထားပါတယ်။
  • Splash Damage က Spell Lifesteal နဲ့ Spell Amplification ကို ထည့်တွက်နေတာကို Fix လိုက်ပါပြီ
  • Ancient Creep တွေထဲက တစ်ကောင်ဖြစ်တဲ့ Black Dragon ရဲ့ Splash damage type ကို Magical ကနေ Physical ပြောင်းထားပါတယ်။
  • Black Dragon ရဲ့ Splash damage ဟာ 250 AoE အတွင်းမှာဆို အပြည့်ထိမှာ ဖြစ်ပါတယ်။
  • DK နဂါးရဲ့ Splash Damage ကိုလည်း အဲ့လိုပဲ ပြောင်းထားပါတယ်။
  • ဒီ ability တွေက Spell Immunity ကို မဖောက်တော့ပါဘူး။ (Curse of Avernus, Acid Spray, Bloodrage, Thirst, Elder Dragon Form, Lycan Wolf Cripple, Epicenter, Entangling Claws, Spiderling’s Poison Sting, Anchor Smash, Nature’s Guise, Wave of Terror, Venomancer’s Poison Sting, The Swarm, Maledict debuff, Ghost Frost Attack, Wrath of Nature, Netherward Mana Degen, Life Drain targeting, Primal Roar Secondary Knockback, Requiem of Souls, March of the Machines collision, Atrophy Aura, Tombstone, Flesh Golem, Wall of Replica slow, Naga Siren Ensnare, Dark Troll Summoner Ensnare, Wild Axes, Natural Order, Death Pulse projectile, Assassinate, Shiva’s Guard Aura, Assault Cuirass Aura, Tempest Tornado Aura, and Orb of Venom)
  • BKB စာရွက်လည်း 1375 ကနေ 1450 ကို ဈေးတက်သွားပါပြီ။
  • Venomancer ရဲ့ poison sting က အခုဆိုရင် dispel လုပ်လို့ ရပြီဖြစ်ပါတယ်။
  • Hex ကိုလည်း Strong Dispel တွေနဲ့ dispel လုပ်လို့ရပါပြီ( Abaddon Shield, LC skill 2 )
  • Tower နဲ့ Structure တွေကို Armor လျှော့ထားပေမယ့် သွေးတွေတော့ ပြန်တိုးပေးထားပါတယ်။
  • T1 က 1600 ကနေ 1800 ၊ T2 က 1600 ကနေ 1900 ၊ T3 က 1600 ကနေ 2000 ၊ T4 က 1600 ကနေ 2100 ၊ Melee Barracks က 2000 ကနေ 2200 ၊ Ranged Barracks က 1200 ကနေ 1300 ၊ Ancient တွေကို 4250 ကနေ 4500 ကို အသီသီးတိုးပေးထားပါတယ်။
  • နေ့ကနေည/ ညကနေနေ့ပြောင်းဖို့ ၄ မိနစ်ကနေ ၅ မိနစ်လိုအပ်တော့မှာ ဖြစ်ပါတယ်။
  • Roshan Pit ထဲကို Scan ဖတ်လို့ရပါပြီ။
  • Max Attack Speed ကို 600 ကနေ 700 ကိုတိုးပေးထားလို့ Troll Warlord အကြိုက်ပါပဲ။
  • Default aura range ကို 900 ကနေ 1200 ကို တိုးပေးထားလို့ Aura Combo တွေ ပိုအလုပ်ဖြစ်လာဖို့ရှိပါတယ်။
  • Barracks တစ်ခုခုချိုးခံရရင် အသံတစ်ခုထွက်လာမှာ ဖြစ်ပါတယ်။
  • အခုဆိုရင် Root လိုမျိုး Game Stage တစ်ခု Dota 2 ထဲကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Leashed ပါ။
  • Leash လုပ်ခံရရင် Root လုပ်ခံရသလိုပဲ TP နဲ့ mobility base ability တွေ သုံးလို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် သာမာန်လမ်းလျှောက်သလိုတော့ လျှောက်လို့ရနေဦးမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် Leashed State လုပ်နိင်တဲ့ Ability တွေကတော့ Puck ရဲ့ Dream Coil, Slark ရဲ့ Pounce နဲ့ Grimstroke ရဲ့ Soulbind တို့ပဲ ဖြစ်ပါတယ်။
  • အခုဆိုရင် Pudge Rot နဲ့ CW ရဲ့ Double Edge လိုမျိုး Self Damage တွေက Clarity တွေ၊ Slave တွေ၊ Bottle စတာတွေကို ပျက်တော့မှာမဟုတ်သလို Dagger လည်း disable ဖြစ်တော့မှာ မဟုတ်ပါဘူး။
  • Backpack ထဲက Item တွေကို Taunt လုပ်ခံထားရတဲ့အချိန်မှာ လဲသုံးလို့မရတော့ပါဘူး။
  • Movement speed talent တွေကိုလည်း လျှော့ထားပါတယ်။ Abaddon (25->20), Axe (40->30), Bane (65->50), Batrider (50->40), Bounty Hunter (25->20), Dazzle (50->40), Enchantress (25->20), Legion Commander (50->40), Lich (25->20), Naga Siren (25->20), Nature’s Prophet (35->25), Night Stalker (45->40), Nyx Assassin (35->30), Ogre Magi (90->75), Oracle (65->50), Outworld Devourer (35->30), Pangolier (25->20), Pugna (25->20), Sand King (25->20), Shadow Demon (35->30), Skywrath Mage (25->20), Techies (60->50), Tidehunter (25->20), Tinker (40->30), Underlord (30->25)
  • Intel Hero တွေရဲ့ Strength Gain ကို 0.2 တိုးပေးထားပါတယ်။ (အဲ့ဒီထဲမှာ Bane, OD, QoP, Ogre Magi နဲ့ Zeus တို့ မပါဝင်ပါဘူး)
  • OB ဒါမှမဟုတ် Sentry ward တစ်ခုခုကို ဖျက်လိုက်ရင် Team Chat မှာ Noti တက်မှာ ဖြစ်ပါတယ်။
  • Shrine က အခုဆိုရင် HP/Mana Pool ရဲ့ 2% ကို ပိုပြီးတော့ ဖြည့်ပေးတော့မှာ ဖြစ်ပါတယ်။

Item အပြောင်းအလဲတွေကတော့

  • အခုဆိုရင် Movement Speed ပေးတဲ့ Item တွေကို အရင်လိုမျိုး ဘယ်လောက်ဆိုပြီး အတိအကျမပေးတော့ပဲနဲ့ % နဲ့ ပေးသွားမှာ ဖြစ်ပါတယ်။
  • Boots of Speed: 15%
  • Power Treads: 15%
  • Phase Boots: 15%
  • Arcane Boots: 15%
  • Guardian Greaves: 17%
  • Tranquil Boots Active: 28%
  • Tranquil Boots Inactive: 20%
  • Boots of Travel: 32%
  • Drum of Endurance: 6%
  • Eul’s Scepter: 6%
  • Spirit Vessel: 6%
  • Wind Lace: 6%
  • Phase boot ကို rework လုပ်ထားပါတယ်။ Phase boot ကို နှိပ်ပြီးတော့ သုံးလို့မရတော့ပဲ Passive ဖြစ်သွားပါပြီ။ ဘယ်လိုအချိန်မှာ Passive effect က အသက်ဝင်လာမလဲဆိုတော့ Unit တစ်ခုခုကို attack လုပ်ဖို့ target ပေးလိုက်တဲ့အချိန်မှာ ဖြစ်ပါတယ်။ Phase boot effect ၀င်သွားရင် Movement speed bonus, Unit တွေကို တက်နင်းသွားလို့ရတဲ့ collision phasing ability နဲ့ turn rate ကို တိုးပေးသွားမှာ ဖြစ်ပါတယ်။ ဆက်ရတဲ့ item တွေလည်း ပြောင်းသွားပြီဖြစ်ပြီး အခုဆိုရင် Boot of speed, Chainmail နဲ့ Gloves of Haste တို့နဲ့ ဆက်ရမှာ ဖြစ်ပါတယ်။
  • Power Treads ကို အခုဆိုရင် Gloves of Haste အစား Blades of Attack နဲ့ ဆက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ attack speed အစား +16 damage ရရှိသွားမှာ ဖြစ်ပါတယ်။ Attribute bonus ကိုလည်း +10 ကနေ 12 ကို တိုးပေးထားပါတယ်။
  • Tranquil Boot ကတော့ Creep တွေခုတ်တာခံရရင် disable မဖြစ်တော့ပါဘူး။ တောတိုးမယ့်သူတွေအတွက် အရမ်းအဆင်ပြေသွားပါပြီ။
  • Sange က Maim effect အစား +12 % Status Resistance ကို ပြောင်းလဲထည့်သွင်းပေးထားပါတယ်။ Heaven Halberd ဖြစ်သွားရင်တော့ 14% ပေါင်းမှာ ဖြစ်ပါတယ်။ Sange and Yasha ဖြစ်သွားရင်တော့ +16% ပါ။
  • Sange Recipe ရော Yasha Recipe ရောကို 700 ကနေ 650 ကို ဈေးလျှော့ပေးထားပါတယ်။ Kaya ရဲ့ စာရွက်ကတော့ 500 ကနေ 650 ကို ဈေးတက်သွားပါတယ်။
  • အဲ့မှာ Item အသစ်နှစ်ခုထပ်ထည့်ပေးထားပြီး Yasha and Kaya နဲ့ Kaya and Sange တို့ ဖြစ်ပါတယ်။
  • sange, Yasha , Kaya နဲ့ Sange and Yasha တို့ရဲ့ Stats bonus တွေကို ပြင်ထားပါတယ်။
    • Sange:

 

    • ===

 

    • +16 Strength

 

    • +12% Status Resistance

 

    • +8 Attack Damage

 

    • Yasha:

 

    • ===

 

    • +16 Agility

 

    • +12 Attack Speed

 

    • +8% Movement Speed

 

    • Kaya:

 

    • ===

 

    • +16 Intelligence

 

    • +12% Mana Loss Reduction

 

    • +8% Spell Amp

 

    • Sange and Yasha:

 

    • ===

 

    • +16 Strength

 

    • +16 Agility

 

    • +16 Attack Speed

 

    • +16% Status Resistance

 

    • +12 Attack Damage

 

    • +12% Movement Speed ဖြစ်ပါတယ်။

Item အသစ်တွေရဲ့ Stats Bonus တွေကတော့

    • Yasha and Kaya

 

    • ===

 

    • +16 Intelligence

 

    • +16 Agility

 

    • +16 Attack Speed

 

    • +16% Mana Loss Reduction

 

    • +12% Spell Amp

 

    • +12% Move Speed

 

    • Kaya and Sange

 

    • ===

 

    • +16 Intelligence

 

    • +16 Strength

 

    • +16% Mana Loss Reduction

 

    • +16% Status Resistance

 

    • +12% Spell Amp
  • +12 Attack Damage ဖြစ်ပါတယ်။

  • နောက်ထပ် Item အသစ်တွေကတော့ Ring Of Tarrasque, Holy Locket နဲ့ Crown တို့ ဖြစ်ပါတယ်။
  • Ring Of Tarrasque ကတော့ Basic Item ဖြစ်ပြီး Holy Locket ဆက်ဖို့အတွက် သူ့ကိုလိုအပ်ပါတယ်။ Ring Of Tarrasque က 700 gold တန်ပြီး သူ့ဆီကနေ +3.75 HP Regen နဲ့ +150 Health တို့ ရရှိမှာဖြစ်ပါတယ်။
  • Holy Locket ကိုဆက်ဖို့အတွက် Void Stone, Ring of Tarrasque, Cloak နဲ့ 550 တန်စာရွက်တို့ လိုအပ်မှာ ဖြစ်ပါတယ်။ သူကနေ ဘာပေးမလဲဆိုတော့ +200 Health , +4 HP Regen , +3 Mana Regen , +15% Magic Resistance တို့ပေးမှာဖြစ်ပြီး သူ့မှာ passive Ability တစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ Passive Ability က Holy Locket ရှိတဲ့ဟီးရိုးရဲ့ Heal နဲ့ HP Regen တွေကို 25% amplify လုပ်ပေးမှာ ဖြစ်ပါတယ် Support တွေအတွက် တကယ်အသုံးဝင်မှာဖြစ်ပါတယ်။
  • နောက်ဆုံး Item အသစ်ဖြစ်တဲ့ Crown ကတော့ 450 gold တန်ပြီးတော့ Side shop တွေမှာလည်း ၀ယ်လို့ရပါတယ်။
  • သူကနေ +4 stats ပေါင်းမှာဖြစ်ပြီး အရင် Bracer, Wraith Band နဲ့ Null Talisman တို့နဲ့ဆက်ခဲ့ရတဲ့ Item တွေကို သူနဲ့ဆက်ရတော့မှာ ဖြစ်ပါတယ်။
  • Item အသစ်မဟုတ်ပေမယ့် အကြမ်းစားပြောင်းလဲခဲ့တာတစ်ခုကတော့ Solar Crest ဖြစ်ပါတယ်။ သူ့ကိုဆက်ဖို့အတွက် Medallion, Ultimate Orb, Windlace နဲ့ Recipe (300) တို့လိုအပ်မှာဖြစ်ပြီး သူ့ဆီကနေရမှာတွေကတော့ +10 All Stats , +12 Armor . +6% Movement Speed နဲ့ +1.5 Mana Regen တို့ဖြစ်ပါတယ်။ ဒါကဒီလောက်ကြီး မထူးကြားသွားပါဘူး။ ထူးခြားတာက သူ့ရဲ့ Passive Ability ပါ။ ကိုယ့် Ally ကိုတင်ရင် +70 attack speed, +10% Movement speed နဲ့ 12 Armor တို့ကို ပေါင်းပေးသွားမှာဖြစ်ပြီး ရန်သူကိုတင်ရင်တော့ -70 attack speed, – 10% Movement speed နဲ့ -12 Armor ဖြစ်ပါတယ်။ Late Game မှာ အလွန်အသုံးဝင်မယ့် Item ဖြစ်ပြီး စောစောရထားရင်တော့ ရန်သူတွေအတွက် GG ပါပဲ။
  • Ring of Aquila ကတော့ Poor Man Shield နဲ့ Iron Talon တိုရဲ့နောက်ကို လိုက်ခဲ့ရပြီ ဖြစ်ပါတယ်
  • Bracer က အခုဆိုရင် + 6% Magic Resistance, Wraith Band က +8 attack speed, Null Talisman က + 3% Spell Amp တို့ကို ပေးမှာဖြစ်ပါတယ်။
  • Hurricane Pike, Dagon, Veil, Drum နဲ့ Rod of Atos တို့မှာ Bracer, Wraith Band နဲ့ Null Talisman တို့ပါဝင်တို့မှာ မဟုတ်ပဲနဲ့ Crown ကို အစားထိုးပြီးတော့ ဆက်နည်းတွေ နည်းနည်းပြောင်းထားပါတယ်။
  • Bloodstone ကိုတော့ တော်တော်လေး ပြောင်းထားပါတယ်။ BS နဲ့ Deny လုပ်လို့မရတော့သလို Respawn Time တွေကိုလည်း မလျှော့ပေးတော့ပါဘူး။ BS က ကိုယ့်ရဲ့ Mana Regen ကို နှစ်ဆဖြစ်အောင်လုပ်ပေးမှာ ဖြစ်ပါတယ်။ 12 charges နဲ့ စမှာဖြစ်ပြီး သေရင် 3 charge နုတ်မှာဖြစ်ပါတယ်။ သတ်ရင်တော့ 1 charge တက်မှာ ဖြစ်ပါတယ်။ Charge တစ်ခုချင်းစီက +0.25 MP and HP regen ပါ။ သူရဲ့ active ability ကတော့ CD 250 ရှိပြီး ကိုယ့်မှာရှိတဲ့ Mana 60% ကို HP အဖြစ် ၂ စက္ကန့်အတွင်းမှာ ပြောင်းလိုက်မှာပါ။ ဒါဟာ Aegis တစ်ခုစာနီးပါးရှိပါတယ်။ Storm Spirit ကတော့ သောင်းကျန်းဦးမှာပါ။
  • Aeon Disk ကိုလည်း နည်းနည်းပြောင်းလဲထားပါတယ်။ Health နဲ့ Mana Bonus တွေကို +250 ကနေ 300 စီ တိုးပေးထားပါတယ်။ ဒါပေမယ့် ဘာ Status resistance မှ Passive အနေနဲ့ပေးတော့မှာမဟုတ်ပဲ Buff ပွင့်တဲ့ 2.5 စက္ကန့်အတွင်းမှာပဲ +50 Status Resistance ပေးသွားမှာ ဖြစ်ပါတယ်။
  • Satanic က အခုဆိုရင် +30% Status Resistance ပေးသွားမှာဖြစ်ပြီး Bonus Damage ကိုတော့ +50 ကနေ +25 ကို လျှော့ချထားပါတယ်။
  • Heart ကလည်း အခုဆိုရင် +50% HP Regen Amp ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Hero Damage မထိထားတဲ့အချိန်မှာပေးတဲ့ HP regen ကိုတော့ 7% ကနေ 5% ကို လျှော့ထားပါတယ်။ Heart ဆက်နည်းလည်း ပြောင်းသွားပြီဖြစ်ပြီး Reaver, Vitality Booster, Ring of Tarrasque နဲ့ 400 gold တန် Recipe တို့နဲ့ ဆက်ရမှာဖြစ်ပါတယ်။
  • Spirit Vessel က အခုဆိုရင် HP Regen Amp မပါဝင်တော့ပဲ Damage Per Second ကိုတော့ 20 ကနေ 25 ကို တိုးထားပါတယ်။ ဒါပေမယ့် ရန်သူ့ကိုတင်ရင် Current HP as Damage နဲ့ Negative Regen effect ကတော့ ရှိနေဆဲဖြစ်ပါတယ်။
  • Butterfly က Active ability ကို ဖြုတ်လိုက်တဲ့အတွက် အရင်ဆို အရင်လို Late Game မှာ Carry တွေ ဖိနပ်ချပြီး Fly နဲ့အစားထိုးရင် နည်းနည်းတော့ တိုင်ပတ်ပါပြီ။
  • Desolator ကို -6 armor ကနေ -7 armor ကို ပြန်တိုးပေးထားပါတယ်။
  • Force staff က အခုဆိုရင် Slark Pounce မိထားလည်း တွန်းပြီးပြေးလို့ရပါပြီ။
  • Gem က အခုဆိုရင် Gem ကိုင်ထားတဲ့သူသေသွားရင်တောင်မှ သူသေတဲ့နေရာမှာ တစ်ခြားသူ Gem လာမကောက်မချင်း 300 Ground Vision + truesight ကို ပေးနေမှာဖြစ်ပါတယ်။
  • Morbid Mask က +10 Damage မပေးတော့ပါဘူး။
  • ဒါပေမယ့် cost က 1100 ကနေ 900 ကိုလျှော့ပေးထားပါတယ်။
  • Mask Of Madness ရဲ့ Damage ကို +20 ကနေ +10 ကို လျှော့ထားပါတယ်။

7.20 Hero Analysis ကို အောက်က Link မှာ ၀င်ဖတ်လို့ရပါတယ်ဗျာ။

7.20 Update မှာ သာယာခဲ့သောဟီးရိုးများ

 

7.20b Update ကို အောက်က Link လေးမှာ ဖတ်လို့ရပါတယ်ဗျာ။

7.20b Update

 

 

 

 

 

 

 

 

admin

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *