ရင္ထဲမွာ နင့္ေနေအာင္ ခ်စ္တတ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ ၅ မ်ိဳး

By / 3 months ago / Relationship / No Comments
ရင္ထဲမွာ နင့္ေနေအာင္ ခ်စ္တတ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ ၅ မ်ိဳး

မိန္းကေလးေတြရဲ႕ စိတ္က ခန္႔မွန္းရ ခက္ပါတယ္။ အေၾကာင္းကေတာ့ စိတ္ထဲ ရွိတာက တစ္ျခား၊ အျပဳအမူက တစ္ျခားျဖစ္ေန တတ္လို႔ပါ။ ေနာက္ တစ္ခုက မိန္းကေလးေတြဟာ အရမ္းဂရုိစုိက္ခံခ်င္၊ အရမ္း အခ်စ္ခံခ်င္တဲ့ သူေတြပါ။ အဲလို ဂရုစိုက္၊ အခ်စ္ခံရေအာင္လည္း နည္းမ်ိဳးစံုနဲ႔ ႀကိဳးစားတတ္ၾကပါတယ္။

ခုေဖာ္ျပေပးမွာကေတာ့ ခ်စ္သူ အေပၚမွာ ဆုိးေပမယ့္ တကယ္တမ္း ရင္ထဲမွာက်ေတာ့ နင့္ေနေအာင္ခ်စ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ ၅ မ်ိဳး ျဖစ္ပါတယ္။ ဒီလို မိန္းကေလးမ်ိဳးေတြက ကေလး ဆန္တာေလးကလြဲရင္ သင့္အတြက္ အစစ အရာရာ ျပည့္စံုတဲ့သူျဖစ္လို႔ လက္လႊတ္ မခံသင့္ပါဘူးေနာ္…..

၁။ ေဒါသႀကီးတတ္တယ္။

ဒီလုိမ္ိန္းကေလးေတြက ေဒါသအရမ္း ႀကီးပါတယ္။ ဒါေပမယ့္ ဒီလို ေဒါသႀကီးတာကလည္း သင့္ကို ခ်စ္လြန္းလို႔ပဲျဖစ္ပါတယ္။ သင္နဲ႔ ပတ္သက္ရင္ အေသးအမႊားေလးကအစ အရမ္း ဂရုစုိက္တတ္တဲ့ သူျဖစ္တာေၾကာင့္၊ ဖုန္းမဆက္တာေလး၊ စာမျပန္တာေလးကအစ သူ႔အတြက္ အရမ္းစိတ္ထိခိုက္ရပါတယ္။ဝမ္းနည္းသြားတဲ့ သူ႔ရဲ႕စိတ္ကို ေဒါသအျဖစ္ ေျပာင္းလိုက္တာေၾကာင့္ ေဒါသႀကီးေနရတာပါ။ တကယ္တမး္က်ေတာ့ သင့္ကို ခ်စ္လြန္းအားၾကီးလို႔ ဆိုတာ သိထားပါ။

၂။ အရြဲ႕တုိက္တယ္။

ဒီလို မိန္းကေလးေတြဟာ ရြဲ႕တဲ့ေနရာမွာေတာ့ ႏွစ္ေယာက္ မရွိပါဘူး။ သူ႔ရင္ထဲမွာ ထိခိုက္ေလေလ ပိုျပီး အရြဲ႕တိုက္ေလေလပါပဲ။ သူ သဝန္တိုရင္ပဲ ျဖစ္ျဖစ္၊ ဝမး္နည္းရင္ပဲ ျဖစ္ျဖစ္၊ တစ္ခုခုျဖစ္တိုင္း ဘယ္ေတာ့မွ တိုက္ရိုက္ေျပာမွာ မဟုတ္ပါဘူး။သူရြဲ႕ေနျပီဆိုရင္ သင္ ဘာအမွား လုပ္မိလဲ ကိုယ့္ကိုယ္ကိုသာ ျပန္ေမးလိုက္ပါ။ သင့္ကို ရြဲ႕ေနတာ အရမ္း ဂရုစိုက္လို႔ပါ၊ သူ ဂရုမစိုက္တဲ့သူ ဆိုရင္ ဘာအလုပ္လုပ္ အဖတ္ကို မလုပ္တာပါပဲ။

၃။ ကိုယ္ကစၿပီး မေခၚဘူး။

ခ်စ္သူအေပၚကို ဆိုးေပမယ့္ နင့္ေနေအာင္ ခ်စ္တဲ့ ေကာင္မေလးေတြဟာ ခ်စ္သူကို ကိုယ့္ဖက္က စျပီးဘယ္ေတာ့မွ ေခၚမွာ မဟုတ္ပါဘူး။ နင္နဲ႔ငါျပတ္ျပီ လို႔ေျပာသာ ေျပာေနတာ ခ်စ္သူလာေခၚမယ့္၊ လာေခ်ာ့မယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေနၾကတာ ျဖစ္ပါတယ္။ ခ်စ္သူကို စသာမေခၚတာ ရင္ထဲမွာေတာ့ မိနစ္တိုင္းက နာက်င္ေနတာ ျဖစ္ပါတယ္။ခ်စ္သူမ်ား စိတ္ကုန္သြားမလား၊ တကယ္ ျပတ္သြားမလား ဆိုတာ ေတြးျပီး အရမ္း ေၾကာက္ၾကပါတယ္။ ဒါေၾကာင့္ ရန္ျဖစ္ စိတ္ေကာက္ၾကတဲ့အခါ သူ႔ကိုအၾကာႀကီး ပစ္မထားပါနဲ႔၊ အျမန္ေခ်ာ့လိုက္ပါ။ သင့္ကို နင့္ေနေအာင္ ခ်စ္ပါတယ္ ဆိုတာ သင္သိထားပါ။

၄။ ရစ္တယ္။

အရမ္း ရစ္ႏိုင္ၾကတဲ့ သူေတြလည္း ျဖစ္ပါတယ္။ ခ်စ္သူကုိ ရစ္တဲ့အခါတုိင္း ခ်စ္သူရဲ႕ အျပဳအမူ အေျပာအဆိုေတြကို ေသခ်ာ အကဲခတ္ ေနတာလည္း ျဖစ္ပါတယ္။ ခ်စ္သူက အရင္လို စိတ္ရွည္ရဲ႕လား၊ ကုိယ့္ကို ၾကင္ၾကင္နာနာ ဆက္ဆံရဲ႕လား ဆိုတာ သိခ်င္လို႔ တမင္ရစ္တဲ့ အခါေတြလည္းရွိပါတယ္။ သူ ဘာေၾကာင့္ပဲ ရစ္ရစ္ ေသခ်ာတာကေတာ့ သင့္ကို အရမ္း ခ်စ္လုိ႔ ဆိုတာပါပဲ။

Women lovers are carry body and kissing on under blue sky and smile with the best moment between travel.

၅။ ဦးစားေပး ခံခ်င္တယ္။

ခ်စ္သူအတြက္ သူကသာ နံပါတ္ ၁ ျဖစ္ခ်င္တဲ့သူပါ။ ခ်စ္သူရဲ႕ အလိုလိုက္မႈ၊ ဦးစားေပးမႈကို အျမဲတမ္း လိုခ်င္ပါတယ္။ ဒါေၾကာင့္ပဲ တစ္ခါေလ သူငယ္ခ်င္းေတြကို ေရြးမလား ကိုယ့္ကိုယ္ေရြးမလား ဆိုတဲ့ အက်ပ္ရိုက္ေစတဲ့ ေမးခြန္းမ်ိဳးေတြကို ေမးတတ္တာျဖစ္ပါတယ္။ေသခ်ာတာကေတာ့ သူ႔ကိုသာ ဦးစားေပးလိုက္ရင္၊ အရာအားလံုး သင့္စိတ္ၾကိဳက္ ျဖစ္ေစမယ့္သူပါ။ ဒါေၾကာင့္ သူ႔ကို တတ္ႏိုင္သေလာက္ ဦးစားေပးလိုက္ပါ။ သူ႔ရင္ထဲမွာ ဘယ္ေလာက္ေတာင္ ၾကည္ႏူးေနမလဲ ဆိုတာ သင္ မသိလို႔ပါ။

မူရင္းေရးသူကို ေလးစားစြာ ခရက္ဒစ္ေပးပါတယ္ေနာ္။ ။

Unicode

မိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရ ခက်ပါတယ်။ အကြောင်းကတော့ စိတ်ထဲ ရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေ တတ်လို့ပါ။ နောက် တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမ်း အချစ်ခံချင်တဲ့ သူတွေပါ။ အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ ကြိုးစားတတ်ကြပါတယ်။

ခုဖော်ပြပေးမှာကတော့ ချစ်သူ အပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ ၅ မျိုး ဖြစ်ပါတယ်။ ဒီလို မိန်းကလေးမျိုးတွေက ကလေး ဆန်တာလေးကလွဲရင် သင့်အတွက် အစစ အရာရာ ပြည့်စုံတဲ့သူဖြစ်လို့ လက်လွှတ် မခံသင့်ပါဘူးနော်…..

၁။ ဒေါသကြီးတတ်တယ်။

ဒီလိုမ်ိန်းကလေးတွေက ဒေါသအရမ်း ကြီးပါတယ်။ ဒါပေမယ့် ဒီလို ဒေါသကြီးတာကလည်း သင့်ကို ချစ်လွန်းလို့ပဲဖြစ်ပါတယ်။ သင်နဲ့ ပတ်သက်ရင် အသေးအမွှားလေးကအစ အရမ်း ဂရုစိုက်တတ်တဲ့ သူဖြစ်တာကြောင့်၊ ဖုန်းမဆက်တာလေး၊ စာမပြန်တာလေးကအစ သူ့အတွက် အရမ်းစိတ်ထိခိုက်ရပါတယ်။ဝမ်းနည်းသွားတဲ့ သူ့ရဲ့စိတ်ကို ဒေါသအဖြစ် ပြောင်းလိုက်တာကြောင့် ဒေါသကြီးနေရတာပါ။ တကယ်တမး်ကျတော့ သင့်ကို ချစ်လွန်းအားကြီးလို့ ဆိုတာ သိထားပါ။

၂။ အရွဲ့တိုက်တယ်။

ဒီလို မိန်းကလေးတွေဟာ ရွဲ့တဲ့နေရာမှာတော့ နှစ်ယောက် မရှိပါဘူး။ သူ့ရင်ထဲမှာ ထိခိုက်လေလေ ပိုပြီး အရွဲ့တိုက်လေလေပါပဲ။ သူ သဝန်တိုရင်ပဲ ဖြစ်ဖြစ်၊ ဝမး်နည်းရင်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ တိုက်ရိုက်ပြောမှာ မဟုတ်ပါဘူး။သူရွဲ့နေပြီဆိုရင် သင် ဘာအမှား လုပ်မိလဲ ကိုယ့်ကိုယ်ကိုသာ ပြန်မေးလိုက်ပါ။ သင့်ကို ရွဲ့နေတာ အရမ်း ဂရုစိုက်လို့ပါ၊ သူ ဂရုမစိုက်တဲ့သူ ဆိုရင် ဘာအလုပ်လုပ် အဖတ်ကို မလုပ်တာပါပဲ။

၃။ ကိုယ်ကစပြီး မခေါ်ဘူး။

ချစ်သူအပေါ်ကို ဆိုးပေမယ့် နင့်နေအောင် ချစ်တဲ့ ကောင်မလေးတွေဟာ ချစ်သူကို ကိုယ့်ဖက်က စပြီးဘယ်တော့မှ ခေါ်မှာ မဟုတ်ပါဘူး။ နင်နဲ့ငါပြတ်ပြီ လို့ပြောသာ ပြောနေတာ ချစ်သူလာခေါ်မယ့်၊ လာချော့မယ့် အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ချစ်သူကို စသာမခေါ်တာ ရင်ထဲမှာတော့ မိနစ်တိုင်းက နာကျင်နေတာ ဖြစ်ပါတယ်။ချစ်သူများ စိတ်ကုန်သွားမလား၊ တကယ် ပြတ်သွားမလား ဆိုတာ တွေးပြီး အရမ်း ကြောက်ကြပါတယ်။ ဒါကြောင့် ရန်ဖြစ် စိတ်ကောက်ကြတဲ့အခါ သူ့ကိုအကြာကြီး ပစ်မထားပါနဲ့၊ အမြန်ချော့လိုက်ပါ။ သင့်ကို နင့်နေအောင် ချစ်ပါတယ် ဆိုတာ သင်သိထားပါ။

၄။ ရစ်တယ်။

အရမ်း ရစ်နိုင်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ချစ်သူကို ရစ်တဲ့အခါတိုင်း ချစ်သူရဲ့ အပြုအမူ အပြောအဆိုတွေကို သေချာ အကဲခတ် နေတာလည်း ဖြစ်ပါတယ်။ ချစ်သူက အရင်လို စိတ်ရှည်ရဲ့လား၊ ကိုယ့်ကို ကြင်ကြင်နာနာ ဆက်ဆံရဲ့လား ဆိုတာ သိချင်လို့ တမင်ရစ်တဲ့ အခါတွေလည်းရှိပါတယ်။ သူ ဘာကြောင့်ပဲ ရစ်ရစ် သေချာတာကတော့ သင့်ကို အရမ်း ချစ်လို့ ဆိုတာပါပဲ။

၅။ ဦးစားပေး ခံချင်တယ်။

ချစ်သူအတွက် သူကသာ နံပါတ် ၁ ဖြစ်ချင်တဲ့သူပါ။ ချစ်သူရဲ့ အလိုလိုက်မှု၊ ဦးစားပေးမှုကို အမြဲတမ်း လိုချင်ပါတယ်။ ဒါကြောင့်ပဲ တစ်ခါလေ သူငယ်ချင်းတွေကို ရွေးမလား ကိုယ့်ကိုယ်ရွေးမလား ဆိုတဲ့ အကျပ်ရိုက်စေတဲ့ မေးခွန်းမျိုးတွေကို မေးတတ်တာဖြစ်ပါတယ်။သေချာတာကတော့ သူ့ကိုသာ ဦးစားပေးလိုက်ရင်၊ အရာအားလုံး သင့်စိတ်ကြိုက် ဖြစ်စေမယ့်သူပါ။ ဒါကြောင့် သူ့ကို တတ်နိုင်သလောက် ဦးစားပေးလိုက်ပါ။ သူ့ရင်ထဲမှာ ဘယ်လောက်တောင် ကြည်နူးနေမလဲ ဆိုတာ သင် မသိလို့ပါ။

မူရင်းရေးသူကို လေးစားစွာ ခရက်ဒစ်ပေးပါတယ်နော်။ ။

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *