ေျခာက္ေသြ႔ပြေယာင္းေနတဲ့ဆံပင္ေတြကို ခ်က္ခ်င္းႏူးညံ့သြားေစမယ့္သဘာ၀ေပါင္းတင္နည္း(၅)မ်ိဳး

By / 4 weeks ago / Knowledge / No Comments
ေျခာက္ေသြ႔ပြေယာင္းေနတဲ့ဆံပင္ေတြကို ခ်က္ခ်င္းႏူးညံ့သြားေစမယ့္သဘာ၀ေပါင္းတင္နည္း(၅)မ်ိဳး

ဆံပင္ေတြ ေျခာက္ေသြ႕ပြေယာင္းေစတဲ့အေၾကာင္းရင္းေတြထဲမွာ ဆံသားအားျဖည့္ဖို႕လိုအပ္ေနတာေၾကာင့္၊ အပူေပးပံုသြင္းကိရိယာေတြအရမ္းသံုးလြန္းတာေၾကာင့္၊ ကလိုရင္းပါတဲ့ေရနဲ႕ထိေတြ႕မႈမ်ားတာေၾကာင့္၊ မၾကာခဏေခါင္းေလွ်ာ္ျခင္းေၾကာင့္၊ ေနပူဒဏ္ေၾကာင့္ စသျဖင့္ အေၾကာင္းရင္းအမ်ိဳးမ်ိဳးရွိိပါတယ္။ အဲ့ဒီ အေၾကာင္းရင္းေတြက ဆံပင္ေျခာက္ေသြ႕ပြေယာင္းျပီး ပံုသြင္းရခက္ျခင္း၊ ဆံပင္က်ိဳးေၾကပ်က္စီးျခင္းေတြျဖစ္ေစတတ္ပါတယ္။ မ်က္နွာေလးလည္းလွသလို၊ ဆံပင္ေလးလည္းလွေနမွ ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ ရွိနိုင္မွာမို႕ ေျခာက္ေသြ႕ပြေယာင္းျပီး၊ပံုသြင္းရခက္ေနတဲ့ဆံပင္ေတြကို အခ်ိန္တိုအတြင္း ႏူးညံ့ေခ်ာမြတ္သြားေအာင္ လုပ္ေပးနိုင္မယ့္ သဘာ၀ေပါင္းတင္နည္းလမ္းေလးေတြကို ေဖာ္ျပလုိက္ပါတယ္။ ဒီေန႕ပဲလုပ္လုိက္ေတာ့ေနာ္……

(၁) အပူေပးထားတဲ့ဆီ”

ဆံပင္အတြက္ကိုယ္သံုးေနက် အုန္းဆီ၊သံလြင္ဆီ၊ ၾကက္ဆူဆီ စတဲ့အဆီတစ္မ်ိဳးမ်ိဳးကို ခြက္တစ္၀က္ေလာက္ထည့္ျပီး ပူေႏြးရံုေလး အပူေပးပါ။ အဲ့ဒီ အပူေပးထားတဲ့အဆီကို ဦးေရျပားနဲ႕ ဆံပင္အဖ်ားထိ နွံ႕ေနေအာင္လိမ္းေပးျပီး လက္ေခ်ာင္းထိပ္ေလးေတြနဲ႕ ဖြဖြေလးနွိပ္နယ္ေပးပါ။ ေရေႏြးထဲစိမ္၊ေရညွစ္ထားတဲ့ တဘက္ေလးနဲ႕ နာရီ၀က္ေလာက္ေပါင္းထားေပးလိုက္ပါ။ ျပီးရင္ သံုးေနက်ေခါင္းေလွ်ာ္ရည္နဲ႕ေခါင္းေလွ်ာ္လိုက္ရံုပါပဲ။ ဒါဆို ေျခာက္ေသြ႕ပြေယာင္းေနတဲ့ဆံပင္ေတြက ေခ်ာေမြ႕ ႏူးညံ့သြားျပီး ၀ပ္၀ပ္ေလးျဖစ္သြားတာကိုေတြ႕ရပါလိမ့္မယ္။

(၂) ဘီယာ”

ဘီယာက ဦးေရျပားနဲ႕ ဆံပင္အျမစ္ေတြကို ေကာင္းေကာင္းအားျဖည့္ေပးျပီး ဆံသားေတြထဲကို အစိုဓာတ္ျဖည့္ေပးနိုင္တာေၾကာင့္ ဆံသားေျခာက္ေသြ႕ပြေယာင္းေနလို႕ စိတ္ညစ္ေနတဲ့သူေလးေတြ ဘီယာကို conditioner အျဖစ္ သံုးေပးလိုက္ပါ။ ပံုမွန္အတိုင္း ေခါင္းေလွ်ာ္ျပီးတဲ့အခ်ိန္မွာ ဘီယာနဲ႕ ေလာင္းခ်လိုက္ျပီး အေျခာက္ခံလိုက္ရံုပါပဲ။ ေရျပန္ေဆးခ်ဖို႕မလိုပါဘူး။ ဘာျဖစ္လို႕လဲဆိုောတ့ ဘီယာက အနံ႕အသက္မက်န္တဲ့ conditioner ျဖစ္ေနလို႕ပါပဲ။

(၃) ဒိန္ခ်ဥ္နဲ႕ အဆီတစ္မ်ိဳးမ်ိဳး”

ဒိန္္ခ်ဥ္အသန္႕တစ္ခြက္ထဲကို သံလြင္္ဆီနွစ္ဇြန္းထည့္ေမႊျပီး ဦးေရျပားနဲ႕ ဆံပင္အႏွံ႕လိမ္းေပးျပီး ၁၅ မိနစ္ေလာက္ထားေပးလိုက္ပါ။ သံုးေနက် ေခါင္းေလွ်ာ္ရည္နဲ႕ေခါင္းေလွ်ာ္ျပီး သဘာ၀အတိုင္းအေျခာက္ခံေပးလိုက္မယ္ဆို ေျခာက္ေသြ႕တဲ့ဆံသားေတြက စိုျပည္ေခ်ာမြတ္သြားတာကိုေတြ႕ရပါလိမ့္မယ္။

(၄) ေထာပတ္သီး”

ေထာပတ္သီးက ဗီတာမင္ ေအ နဲ႕ အီး ၾကြယ္၀စြာပါ၀င္တာေၾကာင့္ ဆံသားအတြက္လိုအပ္တဲ့ အာဟာရေတြကိုျဖည့္ေပးနိုင္ပါတယ္္။ ေထာပတ္သီးအမွည့္ကို ေၾကညက္ေနေအာင္ေခ်ျပီး တစ္ေခါင္းလံုးအနွံ႕လိမ္းေပးပါ။ မိနစ္နွစ္ဆယ္ေလာက္ၾကာရင္ ေခါင္းေလွ်ာ္ရည္မသံုးဘဲ ေရနဲ႕ပဲေထာပတ္သီးေတြကို ေျပာင္စင္ေအာင္ ေဆးခ်ေပးလိုက္ပါ။ အစိုဓာတ္နဲ႕အာဟာရျပည့္တဲ့ ဆံသားေတြကို ရရွိလာမွာျဖစ္ပါတယ္။

(၅) ငွက္ေပ်ာသီး”

ငွက္ေပ်ာသီးမွာပါ၀င္တဲ့ အာဟာရဓာတ္ေတြက ေျခာက္ေသြ႕ေနတဲ့ဆံသားေတြကိုု အားျဖည့္ျပီးစိုေျပေစတဲ့အျပင္ အဖ်ားနွစ္ခြေတြကိုပါေပ်ာက္ေစတာေၾကာင့္ ငွက္ေပ်ာသီးနဲ႕ ဆံပင္ေပါင္းတင္သင့္ပါတယ္။ ငွက္ေပ်ာသီးအမွည့္ကို ေၾကညက္ေအာင္ေခ်ျပီး တစ္ေခါင္းလံုးအနွံ႕လိမ္းေပးပါ။ shower cap ေလးနဲ႕ မိိနစ္ ၂၀ ေလာက္အုပ္ထားလိုက္ျပီး ေခါင္းေလွ်ာ္ရည္မသံုးဘဲ ေရေအးေလးနဲ႕ပဲ ေဆးခ်ေပးလိုက္ပါ။ စိုေျပေခ်ာေမြ႕ေနတဲ့ ဆံပင္ေလးေတြကို ရပါလိမ့္မယ္ေနာ္။ ။

MAY THAZINHTOO

Unicode

ဆံပင်တွေ ခြောက်သွေ့ပွယောင်းစေတဲ့အကြောင်းရင်းတွေထဲမှာ ဆံသားအားဖြည့်ဖို့လိုအပ်နေတာကြောင့်၊ အပူပေးပုံသွင်းကိရိယာတွေအရမ်းသုံးလွန်းတာကြောင့်၊ ကလိုရင်းပါတဲ့ရေနဲ့ထိတွေ့မှုများတာကြောင့်၊ မကြာခဏခေါင်းလျှော်ခြင်းကြောင့်၊ နေပူဒဏ်ကြောင့် စသဖြင့် အကြောင်းရင်းအမျိုးမျိုးရှိိပါတယ်။ အဲ့ဒီ အကြောင်းရင်းတွေက ဆံပင်ခြောက်သွေ့ပွယောင်းပြီး ပုံသွင်းရခက်ခြင်း၊ ဆံပင်ကျိုးကြေပျက်စီးခြင်းတွေဖြစ်စေတတ်ပါတယ်။ မျက်နှာလေးလည်းလှသလို၊ ဆံပင်လေးလည်းလှနေမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနိုင်မှာမို့ ခြောက်သွေ့ပွယောင်းပြီး၊ပုံသွင်းရခက်နေတဲ့ဆံပင်တွေကို အချိန်တိုအတွင်း နူးညံ့ချောမွတ်သွားအောင် လုပ်ပေးနိုင်မယ့် သဘာဝပေါင်းတင်နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။ ဒီနေ့ပဲလုပ်လိုက်တော့နော်……/

(၁) အပူပေးထားတဲ့ဆီ”

ဆံပင်အတွက်ကိုယ်သုံးနေကျ အုန်းဆီ၊သံလွင်ဆီ၊ ကြက်ဆူဆီ စတဲ့အဆီတစ်မျိုးမျိုးကို ခွက်တစ်ဝက်လောက်ထည့်ပြီး ပူနွေးရုံလေး အပူပေးပါ။ အဲ့ဒီ အပူပေးထားတဲ့အဆီကို ဦးရေပြားနဲ့ ဆံပင်အဖျားထိ နှံ့နေအောင်လိမ်းပေးပြီး လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးနှိပ်နယ်ပေးပါ။ ရေနွေးထဲစိမ်၊ရေညှစ်ထားတဲ့ တဘက်လေးနဲ့ နာရီဝက်လောက်ပေါင်းထားပေးလိုက်ပါ။ ပြီးရင် သုံးနေကျခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒါဆို ခြောက်သွေ့ပွယောင်းနေတဲ့ဆံပင်တွေက ချောမွေ့ နူးညံ့သွားပြီး ဝပ်ဝပ်လေးဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။

(၂) ဘီယာ”

ဘီယာက ဦးရေပြားနဲ့ ဆံပင်အမြစ်တွေကို ကောင်းကောင်းအားဖြည့်ပေးပြီး ဆံသားတွေထဲကို အစိုဓာတ်ဖြည့်ပေးနိုင်တာကြောင့် ဆံသားခြောက်သွေ့ပွယောင်းနေလို့ စိတ်ညစ်နေတဲ့သူလေးတွေ ဘီယာကို conditioner အဖြစ် သုံးပေးလိုက်ပါ။ ပုံမှန်အတိုင်း ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ဘီယာနဲ့ လောင်းချလိုက်ပြီး အခြောက်ခံလိုက်ရုံပါပဲ။ ရေပြန်ဆေးချဖို့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုောတ့ ဘီယာက အနံ့အသက်မကျန်တဲ့ conditioner ဖြစ်နေလို့ပါပဲ။

(၃) ဒိန်ချဉ်နဲ့ အဆီတစ်မျိုးမျိုး”

ဒိန််ချဉ်အသန့်တစ်ခွက်ထဲကို သံလွင််ဆီနှစ်ဇွန်းထည့်မွှေပြီး ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပေးလိုက်ပါ။ သုံးနေကျ ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ပြီး သဘာဝအတိုင်းအခြောက်ခံပေးလိုက်မယ်ဆို ခြောက်သွေ့တဲ့ဆံသားတွေက စိုပြည်ချောမွတ်သွားတာကိုတွေ့ရပါလိမ့်မယ်။

(၄) ထောပတ်သီး”

ထောပတ်သီးက ဗီတာမင် အေ နဲ့ အီး ကြွယ်ဝစွာပါဝင်တာကြောင့် ဆံသားအတွက်လိုအပ်တဲ့ အာဟာရတွေကိုဖြည့်ပေးနိုင်ပါတယ််။ ထောပတ်သီးအမှည့်ကို ကြေညက်နေအောင်ချေပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ကြာရင် ခေါင်းလျှော်ရည်မသုံးဘဲ ရေနဲ့ပဲထောပတ်သီးတွေကို ပြောင်စင်အောင် ဆေးချပေးလိုက်ပါ။ အစိုဓာတ်နဲ့အာဟာရပြည့်တဲ့ ဆံသားတွေကို ရရှိလာမှာဖြစ်ပါတယ်။

(၅) ငှက်ပျောသီး”

ငှက်ပျောသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက ခြောက်သွေ့နေတဲ့ဆံသားတွေကိုု အားဖြည့်ပြီးစိုပြေစေတဲ့အပြင် အဖျားနှစ်ခွတွေကိုပါပျောက်စေတာကြောင့် ငှက်ပျောသီးနဲ့ ဆံပင်ပေါင်းတင်သင့်ပါတယ်။ ငှက်ပျောသီးအမှည့်ကို ကြေညက်အောင်ချေပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပေးပါ။ shower cap လေးနဲ့ မိိနစ် ၂၀ လောက်အုပ်ထားလိုက်ပြီး ခေါင်းလျှော်ရည်မသုံးဘဲ ရေအေးလေးနဲ့ပဲ ဆေးချပေးလိုက်ပါ။ စိုပြေချောမွေ့နေတဲ့ ဆံပင်လေးတွေကို ရပါလိမ့်မယ်နော်။ ။

MAY THAZINHTOO

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *