လူသား သေႏၶသားေလာင္း ေမွာင္ခိုကုန္ကူးမႈ အိႏိၵယ မွာ ျဖစ္ပြား

By / 3 months ago / Blog / No Comments
လူသား သေႏၶသားေလာင္း ေမွာင္ခိုကုန္ကူးမႈ အိႏိၵယ မွာ ျဖစ္ပြား

လူသား သေႏၶသားေလာင္း ေမွာင္ခိုကုန္ကူးမႈ အိႏိၵယ မွာ ျဖစ္ပြား

. . . . . . . . . . . . . . . . . . . . . . . . . . .

အိႏိၵယႏုိင္ငံ မြမ္ဘိုင္း ေလဆိပ္ မွာ အသက္ ရွင္ဆဲ လူသား သေႏၶ သားေလာင္းကို suitcase ထဲ ထည့္ယူ သယ္ေဆာင္ လာတာကို ရွာေတြ ႔ၿပီးေနာက္မွာ အိႏိၵယ အာဏာပုိင္ေတြဟာ ရွိေန ၊ ျဖစ္ေနႏုိင္တဲ့ သေႏၶသားေလာင္း ေမွာင္ခို ကုန္ကူးတဲ့ ဂုိဏ္းကို စုံစမ္း စစ္ေဆးလ်က္ ရွိေနပါတယ္ ။

မေလးရွား ႏုိင္ငံသား တစ္ဦးရဲ႕ လက္ဆြဲအိတ္ အတြင္း ဖုံးကြယ္ သယ္ေဆာင္ လာတဲ့ သေႏၶသာ းေလာင္းပါ ဘူးကို ရွာေတြ႔ခဲ့တာ ျဖစ္ပါတယ္ ။ ဒီ မေလးရွား ႏုိင္ငံသားဟာ ခုလို သေႏၶသားေလာင္းကို ေမွာင္ခုိ ကူးလာတာဟာ ပထမဆုံး အႀကိမ္ မဟုတ္ေၾကာင္း ၀န္ခံၿပီး သူဟာ အိႏၵိယ ႏုိင္ငံအတြင္း လူသား သေႏၶသားေလာင္းေတြ ေမွာင္ခို ကုန္ကူးေနခဲ့တာ ျဖစ္ၿပီး မြမ္ဘိုင္းၿမိဳ႕က အဆင့္ျမင့္ ဖန္ျပြန္ သေႏၶသား ေဆးခန္းဆီ တင္သြင္း ေနခဲ့တာပါ ။

ဒါေပမယ့္ အဲဒီ ေဆးခန္းကေတာ့ ဒီကိစၥမွာ ပါ၀င္ျခင္း မရွိလုိ႔ ခါးခါးသီးသီး ျငင္းထားၿပီး လုပ္ႀကံ ဇာတ္္ခင္း တာလို႔ စြပ္စြဲ ထားပါတယ္ ။

အခု အမႈ ကိစၥရပ္ကို စုံစမ္း စစ္ေဆးေနတဲ့ ႏုိင္ငံေတာ္ အခြန္ ဘ႑ာ စုံစမ္း စစ္ေဆးေရး ဒါ႐ုိက္တာအဖြဲ႔ DRI ရဲ႕ ကိုယ္စားလွယ္ ရီဘတ္ ကာဂြန္ ဆေလ့က မြမ္ဘိုင္း အထက္ တရား႐ုံးမွာ ေမးျမန္းရာမွာ အဲဒီ မေလးရွား ႏိုင္ငံသားက အဲဒီ ေဆးခန္းအတြက္ အခု သေႏၶသားေလာင္းကို ယူေဆာင္ လာခဲ့တာ ျဖစ္တယ္လုိ႔ ေျဖၾကားပါတယ္ ။

သူရဲ႕ ေျဖၾကားခ်က္ကို အေထာက္ အကူျပဳတဲ့ မက္ေဆ့ခ်္ ေပးပို႔မႈ ေတာ္ေတာ္ မ်ားမ်ားကို ေတြ႔ရေၾကာင္း Times of India သတင္းက ေဖာ္ျပပါတယ္ ။

စြပ္စြဲခံရတဲ့ ေဆးခန္းက သေႏၶသားေလာင္းပညာရွင္ အမ်ဳိးသမီး ဆရာ၀န္ ေဒါက္တာ ေဂါရယ္ဂႏၶီကေတာတ့ ဒါဟာ မမွန္ကန္ဘူးလို႔ ေျပာပါတယ္။

ေဒါက္တာဂႏၶီရဲ႕ ေရွ႕ေနျဖစ္သူက သူ႔ရဲ႕ အမႈသည္ဟာ သူလုပ္ငန္းအတြက္ သေႏၶသားေလာင္းေတြကို ျပင္ပက တင္သြင္းစရာ အေၾကာင္း မရွိဘူးလို႔ ေျပာရင္း ၿပိဳင္ဖက္ေတြက လွ်ိဳ႕၀ွက္ ပူူးေပါင္း ႀကံစည္တာလို႔ အျပစ္ ဆိုပါတယ္ ။ တရား႐ုံးကေတာ့ ေသာၾကာေန႔မွာ ေဒါက္တာဂႏၶီကုိ စစ္ေဆး ၾကားနာဖို႔ အမိန္႔ ခ်မွတ္လိုက္ပါတယ္ ။

Unicode

လူသား သန္ဓေသားလောင်း မှောင်ခိုကုန်ကူးမှု အိန္ဒိယ မှာ ဖြစ်ပွား

. . . . . . . . . . . . . . . . . . . . . . . . . . .

အိန္ဒိယနိုင်ငံ မွမ်ဘိုင်း လေဆိပ် မှာ အသက် ရှင်ဆဲ လူသား သန္ဓေ သားလောင်းကို suitcase ထဲ ထည့်ယူ သယ်ဆောင် လာတာကို ရှာတွေ့ပြီးနောက်မှာ အိန္ဒိယ အာဏာပိုင်တွေဟာ ရှိနေ ၊ ဖြစ်နေနိုင်တဲ့ သန္ဓေသားလောင်း မှောင်ခို ကုန်ကူးတဲ့ ဂိုဏ်းကို စုံစမ်း စစ်ဆေးလျက် ရှိနေပါတယ် ။

မလေးရှား နိုင်ငံသား တစ်ဦးရဲ့ လက်ဆွဲအိတ် အတွင်း ဖုံးကွယ် သယ်ဆောင် လာတဲ့ သန္ဓေသာ းလောင်းပါ ဘူးကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ် ။ ဒီ မလေးရှား နိုင်ငံသားဟာ ခုလို သန္ဓေသားလောင်းကို မှောင်ခို ကူးလာတာဟာ ပထမဆုံး အကြိမ် မဟုတ်ကြောင်း ဝန်ခံပြီး သူဟာ အိန္ဒိယ နိုင်ငံအတွင်း လူသား သန္ဓေသားလောင်းတွေ မှောင်ခို ကုန်ကူးနေခဲ့တာ ဖြစ်ပြီး မွမ်ဘိုင်းမြို့က အဆင့်မြင့် ဖန်ပြွန် သန္ဓေသား ဆေးခန်းဆီ တင်သွင်း နေခဲ့တာပါ ။

ဒါပေမယ့် အဲဒီ ဆေးခန်းကတော့ ဒီကိစ္စမှာ ပါဝင်ခြင်း မရှိလို့ ခါးခါးသီးသီး ငြင်းထားပြီး လုပ်ကြံ ဇာတ်ခင်း တာလို့ စွပ်စွဲ ထားပါတယ် ။

အခု အမှု ကိစ္စရပ်ကို စုံစမ်း စစ်ဆေးနေတဲ့ နိုင်ငံတော် အခွန် ဘဏ္ဍာ စုံစမ်း စစ်ဆေးရေး ဒါရိုက်တာအဖွဲ့ DRI ရဲ့ ကိုယ်စားလှယ် ရီဘတ် ကာဂွန် ဆလေ့က မွမ်ဘိုင်း အထက် တရားရုံးမှာ မေးမြန်းရာမှာ အဲဒီ မလေးရှား နိုင်ငံသားက အဲဒီ ဆေးခန်းအတွက် အခု သန္ဓေသားလောင်းကို ယူဆောင် လာခဲ့တာ ဖြစ်တယ်လို့ ဖြေကြားပါတယ် ။

သူရဲ့ ဖြေကြားချက်ကို အထောက် အကူပြုတဲ့ မက်ဆေ့ချ် ပေးပို့မှု တော်တော် များများကို တွေ့ရကြောင်း Times of India သတင်းက ဖော်ပြပါတယ် ။

စွပ်စွဲခံရတဲ့ ဆေးခန်းက သန္ဓေသားလောင်းပညာရှင် အမျိုးသမီး ဆရာဝန် ဒေါက်တာ ဂေါရယ်ဂန္ဓီကတောတ့ ဒါဟာ မမှန်ကန်ဘူးလို့ ပြောပါတယ်။

ဒေါက်တာဂန္ဓီရဲ့ ရှေ့နေဖြစ်သူက သူ့ရဲ့ အမှုသည်ဟာ သူလုပ်ငန်းအတွက် သန္ဓေသားလောင်းတွေကို ပြင်ပက တင်သွင်းစရာ အကြောင်း မရှိဘူးလို့ ပြောရင်း ပြိုင်ဖက်တွေက လျှို့ဝှက် ပူူးပေါင်း ကြံစည်တာလို့ အပြစ် ဆိုပါတယ် ။ တရားရုံးကတော့ သောကြာနေ့မှာ ဒေါက်တာဂန္ဓီကို စစ်ဆေး ကြားနာဖို့ အမိန့် ချမှတ်လိုက်ပါတယ် ။

ei zon

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *