အရမ္း ခ်စ္စရာေကာင္းၿပီး လိမၼာေရးျခားရွိတဲ့ သမီးေခ်ာေလးကို ထုတ္ျပလိုက္တဲ့ ေမေမ ခင္ဇာျခည္ေက်ာ္

By / 6 months ago / Local News / No Comments
အရမ္း ခ်စ္စရာေကာင္းၿပီး လိမၼာေရးျခားရွိတဲ့ သမီးေခ်ာေလးကို ထုတ္ျပလိုက္တဲ့ ေမေမ ခင္ဇာျခည္ေက်ာ္

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ခင္ဇာျခည္ေက်ာ္ကေတာ့ အႏုပညာေလာကမွာ တစ္ေခတ္တစ္ခါကတည္းက နာမည္တစ္လုံးနဲ႔ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ ဗီဒီယိုနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမ်ားစြာ ရိုက္ကူးခဲ့တဲ့ သူမက လက္ရွိမွာ ျပသေနတဲ့ “ခ်စ္ျခင္းတရားတို႔ရွိရာ” ႐ုပ္သံဇာတ္လမ္းတြဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒါ့အျပင္ ခင္ဇာျခည္ေက်ာ္က ယေန႔တိုင္ေအာင္ အလွမပ်က္ဘဲ အရြယ္တင္ႏုပ်ိဳေနတဲ့ ကေလးႏွစ္ေယာက္ရဲ့ေမေမလည္း ျဖစ္ပါတယ္ေနာ္..။

သားတစ္ေယာက္၊သမီးတစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ ခင္ဇာျခည္ေက်ာ္က မိခင္တစ္ေယာက္ရဲ့တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္နိုင္တဲ့ Single Mother တစ္ဦး ျဖစ္ပါတယ္။ အေခ်ာေလးေတြျဖစ္ၾကတဲ့ ခင္ဇာျခည္ေက်ာ္ရဲ့သားနဲ႔သမီးကေတာ့ လတ္တေလာ ပရိသတ္ေတြၾကားမွာ လူခ်စ္လူခင္ ေပါမ်ားေနတာလည္း ေတြ႕ရပါတယ္။ အခုလည္း ခင္ဇာျခည္ေက်ာ္က သမီးေလးနဲ႔ ရိုက္ကူးထားတဲ့ အလွပုံေလးေတြကို “သဲေလး ေက်ာင္းပိတ္ လို႔ ေမေမ အေဖာ္ ရေနၿပီ” ဆိုၿပီး တင္ထားပါတာပါ..။

ခင္ဇာျခည္ေက်ာ္ရဲ့ သမီးငယ္ေလး ထင္သစၥာကေတာ့ အေမတူသမီးေလးျဖစ္ၿပီး အရမ္းကို ခ်စ္စရာေကာင္းသူေလးလည္း ျဖစ္ပါတယ္။ ေမေမနဲ႔ ႏွစ္ေယာက္အတူ ရိုက္ကူးထားတဲ့ ပုံေလးမွာေတာ့ သမီးေလး ထင္သစၥာက အျပစ္ကင္းစင္တဲ့ အျပဳံးလွလွေလးေတြနဲ႔ ျမင္သူတိုင္းရင္ကိုေအးခ်မ္းေစေလာက္ေအာင္ လွပေနတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ခ်စ္စရာေကာင္းတဲ့ ခင္ဇာျခည္ေက်ာ္တို႔ သားအမိႏွစ္ေယာက္ရဲ့ ပုံေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Source:Khinzar Chikyaw Zar;

Unicode

အရမ်း ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးချောလေးကို ထုတ်ပြလိုက်တဲ့ မေမေ ခင်ဇာခြည်ကျော်

သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ အနုပညာလောကမှာ တစ်ခေတ်တစ်ခါကတည်းက နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့တဲ့ သူမက လက်ရှိမှာ ပြသနေတဲ့ “ချစ်ခြင်းတရားတို့ရှိရာ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ခင်ဇာခြည်ကျော်က ယနေ့တိုင်အောင် အလှမပျက်ဘဲ အရွယ်တင်နုပျိုနေတဲ့ ကလေးနှစ်ယောက်ရဲ့မေမေလည်း ဖြစ်ပါတယ်နော်..။

သားတစ်ယောက်၊သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ခင်ဇာခြည်ကျော်က မိခင်တစ်ယောက်ရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ Single Mother တစ်ဦး ဖြစ်ပါတယ်။ အချောလေးတွေဖြစ်ကြတဲ့ ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးကတော့ လတ်တလော ပရိသတ်တွေကြားမှာ လူချစ်လူခင် ပေါများနေတာလည်း တွေ့ရပါတယ်။ အခုလည်း ခင်ဇာခြည်ကျော်က သမီးလေးနဲ့ ရိုက်ကူးထားတဲ့ အလှပုံလေးတွေကို “သဲလေး ကျောင်းပိတ် လို့ မေမေ အဖော် ရနေပြီ” ဆိုပြီး တင်ထားပါတာပါ..။

ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာကတော့ အမေတူသမီးလေးဖြစ်ပြီး အရမ်းကို ချစ်စရာကောင်းသူလေးလည်း ဖြစ်ပါတယ်။ မေမေနဲ့ နှစ်ယောက်အတူ ရိုက်ကူးထားတဲ့ ပုံလေးမှာတော့ သမီးလေး ထင်သစ္စာက အပြစ်ကင်းစင်တဲ့ အပြုံးလှလှလေးတွေနဲ့ မြင်သူတိုင်းရင်ကိုအေးချမ်းစေလောက်အောင် လှပနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source:Khinzar Chikyaw Zar;

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *