တစ္ကိုယ္တည္းသမား (Single) ေတြက အေဖာ္ရွိၿပီးသူ (RS) ေတြထက္ လူ႔သက္တမ္းပိုတိုနိုင္

By / 4 months ago / Knowledge / No Comments
တစ္ကိုယ္တည္းသမား (Single) ေတြက အေဖာ္ရွိၿပီးသူ (RS) ေတြထက္ လူ႔သက္တမ္းပိုတိုနိုင္

ေျခာက္ျခားစရာေကာင္းတဲ့ ေလ့လာေတြ႕ရွိခ်က္ႀကီးပါပဲ။ အထီးက်န္ျခင္းဟာ အဝလြန္ျခင္းထက္ပိုၿပီး အႏၲရာယ္မ်ားေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။ လူဆိုတာ တစ္ဦးေပၚတစ္ဦးအမွီသဟဲျပဳၿပီးေနထိုင္ၾကတဲ့ သတၱဝါေတြမွန္း အစတည္းကကၽြန္ေတာ္တို႔ သိရွိၿပီးသားျဖစ္ပါတယ္။ လူတစ္ေယာက္အတြက္ အထီးက်န္ျခင္းဟာ ေသဆုံးနိုင္ေခ် ၅၀% ပိုမ်ားေၾကာင္းကိုလည္း စစ္တမ္းေတြအရ သိရွိခဲ့ပါတယ္..။

တစ္သီးတစ္သန႔္တည္းေနထိုင္ရျခင္းက ဘယ္ေလာက္အႏၲရာယ္မ်ားတယ္ဆိုတာကိုလည္း သာဓကေတြအမ်ားႀကီးျပလို႔ရပါတယ္။ အကယ္၍မ်ား တစ္စုံတစ္ေယာက္က အင္မတန္ႀကီးေလးတဲ့ရာဇဝတ္မွုတစ္ခုကို က်ဴးလြန္လိုက္မယ္ဆို ၎ဟာစစ္ဗ်ဴဟာေတြအရ ေျမတိုက္ရဲ့ သီးျခားေထာင့္အခန္းထဲမွာ တစ္ဦးတည္းသီးသန႔္အထားခံရတတ္ပါတယ္။ ေနာက္ထပ္ကေလးသူငယ္ေတြကို လူေတြနဲ႔ေဝးတဲ့ေနရာမွာထားမယ္ဆိုရင္လည္း ၎တို႔ဟာအစာေရစာျပတ္လပ္မွုေၾကာင့္ ေသဆုံးရတတ္ျပန္ပါတယ္။ ဒါေၾကာင့္မို႔ တစ္သီးတစ္သန႔္အထားခံရျခင္းနဲ႔ ေနျခင္းေတြေၾကာင့္ ျဖစ္လာရတဲ့ေနာက္ဆက္တြဲ ျပႆနာေတြကို ကေလးသူငယ္နဲ႔ ရာေပါင္းမ်ားစြာေသာ အက်ဥ္းသားေတြကေနတစ္ဆင့္ ဥပမာယူၿပီး ေလ့လာၾကည့္လို႔ရေနပီျဖစ္ပါတယ္။

ယေန႔ေခတ္မွာဆို နည္းပညာတိုးတက္လာတာနဲ႔အမၽွ ကၽြန္ေတာ္တို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္နိုင္ဖို႔ အရမ္းကိုလြယ္ကူလာၾကပါတယ္။ အဲဒီလို အလြယ္တကူဆက္သြယ္လာနိုင္ျခင္းကပဲ အထီးက်န္ရျခင္းေတြကို ျမင့္တက္လာေစတာပါ။ အေမရိကန္နိုင္ငံသားေတာ္ေတာ္မ်ားမ်ားဟာ အသိမိတ္ေဆြေတြနဲ႔ မိသားစုေတြရွိေနပါလ်က္ စိတ္က်ေရာဂါကို တျဖည္းျဖည္းခ်င္းခံစားေနရၾကရပါတယ္။ ၎တို႔ထဲကမွ ၇၀% ေသာသူေတြရဲ့ မိဘေတြနဲ႔ အသိမိတ္ေဆြေတြဟာ ၎တို႔တကယ္အထီးက်န္ေနၾကေၾကာင္းသာသိသြားခဲ့ရင္ မင္သက္ဆြံ့အသြားၾကေလာက္သူေတြပဲ ျဖစ္ပါတယ္။ ဆိုလိုတာကေတာ့ အျပင္ပန္းေပ်ာ္ေနသေယာင္ထင္ရေပမဲ့ မသိစိတ္နဲ႔ ရင္ဘတ္ထဲမွာ နာက်င္ေနၾကသူေတြပါ။

Granset ကေကာက္ယူခဲ့တဲ့ စစ္တမ္းမွာဆိုရင္လည္း အဂၤလန္နိုင္ငံရဲ့ သက္ႀကီးပိုင္း ၇၅% ေလာက္ဟာ အေဖာ္မဲ့ျခင္းနဲ႔ အထီးက်န္ျခင္းကို ေန႔ရက္တိုင္းၾကဳံေတြ႕ေနရတယ္လို႔ ဆိုပါတယ္။ အဲဒီလိုၾကဳံေတြ႕ေနရတယ္ဆိုတာကိုလည္း ထုတ္မေျပာၾကတဲ့သူေတြက မ်ားပါတယ္။ စစ္တမ္းေတြအရဆိုရင္ ၿဗိတိသၽွလူမ်ိဳးေတြဟာ ဥေရာပနိုင္ငံေတြထဲမွာ အထီးက်န္မွုအမ်ားဆုံးလူမ်ိဳးေတြျဖစ္ပါတယ္။ ၎စိတ္ပိုင္းဆိုင္ရာေရာဂါကို ကုသနိုင္ဖို႔အတြက္ ေဒၚလာ (၂၆) မီလီယံေလာက္ နိုင္ငံနဲ႔ခ်ီၿပီး ႏွစ္စဥ္ကုန္က်ေနၾကတယ္လို႔ ဆိုပါတယ္။

Pensive girl standing on a pier

ေနာက္ဆုံးအေနနဲ႔ေျပာခ်င္တာကေတာ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြက အလြန္တရာမွ အေရးႀကီးပါတယ္။ ကိုယ္ခံစားေနရတာေတြကို ထုတ္ေဖာ္ျပသဖို႔ရာ ရွက္မေနသင့္ပါဘူး။ ကိုယ္ဘာျဖစ္ခ်င္တယ္။ ဘာျဖစ္ေနတယ္ဆိုတာကိုလည္း ကိုယ္တိုင္နားလည္ထားဖို႔လည္းလိုပါေသးတယ္။ အထီးက်န္ျခင္းေတြလြန္ေျမာက္နိုင္ၿပီး သာယာေပ်ာ္ရႊင္စရာေကာင္းတဲ့ ေန႔ရက္ေလးေတြကို ထာဝရပိုင္ဆိုင္နိုင္ပါေစလို႔ စာေရးသူကဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Ref : truththeory.com “ Being Single Will Kill You Faster Than Obesity, Say Scientists”

Credit_Po Mo Htoo Aung (ရိုးရာေလး)

Unicode

ခြောက်ခြားစရာကောင်းတဲ့ လေ့လာတွေ့ရှိချက်ကြီးပါပဲ။ အထီးကျန်ခြင်းဟာ အဝလွန်ခြင်းထက်ပိုပြီး အန္တရာယ်များကြောင်း တွေ့ရှိခဲ့ကြပါတယ်။ လူဆိုတာ တစ်ဦးပေါ်တစ်ဦးအမှီသဟဲပြုပြီးနေထိုင်ကြတဲ့ သတ္တဝါတွေမှန်း အစတည်းကကျွန်တော်တို့ သိရှိပြီးသားဖြစ်ပါတယ်။ လူတစ်ယောက်အတွက် အထီးကျန်ခြင်းဟာ သေဆုံးနိုင်ချေ ၅၀% ပိုများကြောင်းကိုလည်း စစ်တမ်းတွေအရ သိရှိခဲ့ပါတယ်။

တစ်သီးတစ်သန့်တည်းနေထိုင်ရခြင်းက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကိုလည်း သာဓကတွေအများကြီးပြလို့ရပါတယ်။ အကယ်၍များ တစ်စုံတစ်ယောက်က အင်မတန်ကြီးလေးတဲ့ရာဇဝတ်မှုတစ်ခုကို ကျူးလွန်လိုက်မယ်ဆို ၎င်းဟာစစ်ဗျူဟာတွေအရ မြေတိုက်ရဲ့ သီးခြားထောင့်အခန်းထဲမှာ တစ်ဦးတည်းသီးသန့်အထားခံရတတ်ပါတယ်။ နောက်ထပ်ကလေးသူငယ်တွေကို လူတွေနဲ့ဝေးတဲ့နေရာမှာထားမယ်ဆိုရင်လည်း ၎င်းတို့ဟာအစာရေစာပြတ်လပ်မှုကြောင့် သေဆုံးရတတ်ပြန်ပါတယ်။ ဒါကြောင့်မို့ တစ်သီးတစ်သန့်အထားခံရခြင်းနဲ့ နေခြင်းတွေကြောင့် ဖြစ်လာရတဲ့နောက်ဆက်တွဲ ပြဿနာတွေကို ကလေးသူငယ်နဲ့ ရာပေါင်းများစွာသော အကျဉ်းသားတွေကနေတစ်ဆင့် ဥပမာယူပြီး လေ့လာကြည့်လို့ရနေပီဖြစ်ပါတယ်။

ယနေ့ခေတ်မှာဆို နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်ဖို့ အရမ်းကိုလွယ်ကူလာကြပါတယ်။ အဲဒီလို အလွယ်တကူဆက်သွယ်လာနိုင်ခြင်းကပဲ အထီးကျန်ရခြင်းတွေကို မြင့်တက်လာစေတာပါ။ အမေရိကန်နိုင်ငံသားတော်တော်များများဟာ အသိမိတ်ဆွေတွေနဲ့ မိသားစုတွေရှိနေပါလျက် စိတ်ကျရောဂါကို တဖြည်းဖြည်းချင်းခံစားနေရကြရပါတယ်။ ၎င်းတို့ထဲကမှ ၇၀% သောသူတွေရဲ့ မိဘတွေနဲ့ အသိမိတ်ဆွေတွေဟာ ၎င်းတို့တကယ်အထီးကျန်နေကြကြောင်းသာသိသွားခဲ့ရင် မင်သက်ဆွံ့အသွားကြလောက်သူတွေပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပြင်ပန်းပျော်နေသယောင်ထင်ရပေမဲ့ မသိစိတ်နဲ့ ရင်ဘတ်ထဲမှာ နာကျင်နေကြသူတွေပါ။

Granset ကကောက်ယူခဲ့တဲ့ စစ်တမ်းမှာဆိုရင်လည်း အင်္ဂလန်နိုင်ငံရဲ့ သက်ကြီးပိုင်း ၇၅% လောက်ဟာ အဖော်မဲ့ခြင်းနဲ့ အထီးကျန်ခြင်းကို နေ့ရက်တိုင်းကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အဲဒီလိုကြုံတွေ့နေရတယ်ဆိုတာကိုလည်း ထုတ်မပြောကြတဲ့သူတွေက များပါတယ်။ စစ်တမ်းတွေအရဆိုရင် ဗြိတိသျှလူမျိုးတွေဟာ ဥရောပနိုင်ငံတွေထဲမှာ အထီးကျန်မှုအများဆုံးလူမျိုးတွေဖြစ်ပါတယ်။ ၎င်းစိတ်ပိုင်းဆိုင်ရာရောဂါကို ကုသနိုင်ဖို့အတွက် ဒေါ်လာ (၂၆) မီလီယံလောက် နိုင်ငံနဲ့ချီပြီး နှစ်စဉ်ကုန်ကျနေကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက အလွန်တရာမှ အရေးကြီးပါတယ်။ ကိုယ်ခံစားနေရတာတွေကို ထုတ်ဖော်ပြသဖို့ရာ ရှက်မနေသင့်ပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်။ ဘာဖြစ်နေတယ်ဆိုတာကိုလည်း ကိုယ်တိုင်နားလည်ထားဖို့လည်းလိုပါသေးတယ်။ အထီးကျန်ခြင်းတွေလွန်မြောက်နိုင်ပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကို ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ စာရေးသူကဆုတောင်းပေးလိုက်ပါတယ်နော်။

Ref : truththeory.com “ Being Single Will Kill You Faster Than Obesity, Say Scientists”

Credit_Po Mo Htoo Aung (ရိုးရာလေး)

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *