အသံုးအေဆာင္ပစၥည္းအေဟာင္းေတြကို ျပန္လည္သစ္လြင္သြားေစမယ့္ နည္းလမ္းေကာင္း (၈)ခု

By / 6 months ago / Knowledge / No Comments
အသံုးအေဆာင္ပစၥည္းအေဟာင္းေတြကို ျပန္လည္သစ္လြင္သြားေစမယ့္ နည္းလမ္းေကာင္း (၈)ခု

ပ်ိဳေမတို႕ အရမ္းၾကိဳက္တဲ့ အ၀တ္အစားေတြ၊ ဖိနပ္ေတြ နဲ႕ အသံုးအေဆာင္ပစၥည္းေလးေတြ ေဟာင္းသြားတဲ့အခါ သံုးဖို႕က်ေတာ့လည္း အဆင္မေျပေတာ့ဘူး၊ ပစ္လိုက္ရမွာက်ေတာ့လည္း အေကာင္းၾကီးရွိေနေသးလို႕ ပစ္လိုက္ရမွာက်ေတာ့လည္း နွေျမာေနတယ္ဆိုရင္ အခုေဖာ္ျပမယ့္ နည္းေလးေတြနဲ႕ အသစ္ေလးေတြျဖစ္သြားေအာင္ ျပန္လုပ္လို႕ရပါတယ္ေနာ္…..

(၁) က်ယ္သြားတဲ့ဆြဲသားအက်ၤီေတြ ျပန္က်ံဳ႕သြားေစဖို႔”

အတန္အသင့္ပူတဲ့ေရေႏြးထဲကို Baby Shampoo အနည္းငယ္၊ Softener အရည္အနည္းငယ္ထည့္ျပီး အက်ႌကိုနာရီ၀က္ေလာက္ စိမ္ထားလုိက္ပါ။ ျပီးရင္ ေရေဆးျပီး အရိပ္ထဲမွာ လွန္းထားလိုက္မယ္ဆိုရင္ ဆြဲသားေတြ ပံုမွန္ျပန္ျဖစ္သြားပါလိမ့္မယ္။

(၂) အ၀တ္ေဟာင္းအနံ႕ေပ်ာက္ဖို႕”

အ၀တ္ေတြေဟာင္းသြားတဲ့အခါမွာပဲျဖစ္ျဖစ္၊ အ၀တ္ဗီရိုထဲမွာ ထည့္ထားတာၾကာရင္ပဲျဖစ္ျဖစ္ အနံ႕တစ္မ်ိဳး စြဲသြားတတ္ျပီး အဲ့ဒီအနံ႕က မေပ်ာက္ေတာ့ပါဘူး။ ေရနဲ႕ အရက္ေပ်ာ့ကို ဆတူေရာျပီး စပေရးဗူးထဲ ထည့္ျပီး အနံ႕စြဲေနတဲ့ အက်ၤီေတြကို ဖ်န္းေပးပါ။ နာရီ၀က္ေလာက္ၾကာတဲ့အခါ ေလွ်ာ္လိုက္မယ္ဆိုရင္ အနံ႕အသက္ေတြ ေပ်ာက္ျပီး စိ္တ္အေႏွာင့္အယွက္ကင္းကင္းနဲ႕ ၀တ္လို႕ရပီပဲ ျဖစ္ပါတယ္။

(၃) ဘယ္ရီသီးအစြန္းေတြခြ်တ္ဖိို႕”

အစြန္းျဖစ္ေနတဲ့ေနရာကို ေရေႏြးပူပူနဲ႕ အစြန္းေတြ မေပ်ာက္မခ်င္းေလာင္းေပးရမွာပါ။ အဲ့လိုေလာင္းတဲ့အခ်ိန္မွာ လက္နဲ႕ပြတ္တိုက္စရာမလိုပါဘူး။ ဒီတိုင္းပဲေလာင္းခ်ေပးရံုပါပဲ။

(၄) ပိုးသား၊ ဖဲသားေတြ ၀တ္တဲ့အခါ ခႏၶာကိုယ္မွာ ကပ္မေနေအာင္ ခ်ိတ္ျပီးသိမ္းတဲ့အခ်ိန္မွာ စတီးလ္ခ်ိတ္ကို အသံုးျပဳပါ။

(၅) ဆြယ္တာေတြ ၀တ္ရင္မယားေအာင္”

ဆြယ္တာကို ေခါက္ျပီးအိတ္တစ္ခုထဲ ထည့္ျပီး ေရခဲေသတၱာရဲ႕ေအာက္ဆင့္မွာ ထည့္ထားပါ။ ဆယ္နာရီၾကာတဲ့အခါ ျပန္ထုတ္ျပီး ေရေႏြးနဲ႕ေဆးလိုက္ျပီး အေျခာက္ခံထားလိုက္ပါ။ ဒါဆို ဆြယ္တာ၀တ္တဲ့အခါ ယားယံတာေတြမျဖစ္ေတာ့ဘူး၊ အခ်ိန္ၾကာတဲ့အခါ အေရာင္လည္း မလြင့္ေတာ့ပါဘူးေနာ္။

(၆) အေရာင္လြင့္ေနတဲ့အက်ၤ ီေတြကို အေရာင္ျပန္တင္ဖို႕”

အ၀တ္ေလွ်ာ္တဲ့အထဲကိုု ရွာလကာရည္တစ္ဇြန္းနဲ႕ ဆားတစ္ဇြန္းကို ထည့္ျပီးေလွ်ာ္ေပးပါ။

(၇) အမဲေရာင္အကႌ်မွာေပေနတဲ့ ေခြ်းနံ႕ေပ်ာက္ေဆးအဆီေတြကို ဖယ္ရွားဖို႕”

အစြန္းျဖစ္ေနတဲ့ေနရာေတြကို Wet tissue နဲ႕ ပြတ္သုတ္ေပးလိုက္ရံုပါပဲ။

(၈) ဖိနပ္က အနံ႕ဆိုးေတြေပ်ာက္ဖို႕”

ဖိနပ္မွာ အနံ႕ဆိုးေတြစြဲေနေပမယ့္ ခဏခဏေလွ်ာ္လို႕လည္း မေကာင္းဘူးဆိုရင္ေတာ့ အဲ့ဒီဖိနပ္ကို ပလတ္စတစ္အိတ္နဲ႕လံုေနေအာင္ ထည့္ပိတ္ျပီး ေရခဲေသတၱာထဲမွာ တစ္ရက္ေလာက္ ထည့္ထားလိုက္ပါ။ ျပန္ထုတ္လိုက္တဲ့အခါမွာ အနံ႕ဆိုးေတြ လံုး၀ေပ်ာက္ေနပါလိမ့္မယ္။ ဖိနပ္ကိုအိတ္ထဲလံုေအာင္္ ထည့္ထားတာမို႕ ေရခဲေသတၱာထဲမွာ အနံ႕ဆိုးေတြြက်န္ခဲ့မွာလည္း စိတ္္ပူစရာမလုိပါဘူး။ စားစရာေတြနဲ႕ေရာမထည့္ခ်င္ဘူးဆိုရင္လည္း စားစရာေတြကို ဖယ္ျပီးေတာ့ပဲျဖစ္ျဖစ္ထည့္နိုင္ပါတယ္ေနာ္။ ။

MAY THAZINHTOO

Unicode

ပျိုမေတို့ အရမ်းကြိုက်တဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေ နဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ ဟောင်းသွားတဲ့အခါ သုံးဖို့ကျတော့လည်း အဆင်မပြေတော့ဘူး၊ ပစ်လိုက်ရမှာကျတော့လည်း အကောင်းကြီးရှိနေသေးလို့ ပစ်လိုက်ရမှာကျတော့လည်း နှမြောနေတယ်ဆိုရင် အခုဖော်ပြမယ့် နည်းလေးတွေနဲ့ အသစ်လေးတွေဖြစ်သွားအောင် ပြန်လုပ်လို့ရပါတယ်နော်…..

(၁) ကျယ်သွားတဲ့ဆွဲသားအကျင်္ီတွေ ပြန်ကျုံ့သွားစေဖို့”

အတန်အသင့်ပူတဲ့ရေနွေးထဲကို Baby Shampoo အနည်းငယ်၊ Softener အရည်အနည်းငယ်ထည့်ပြီး အကျႌကိုနာရီဝက်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ရေဆေးပြီး အရိပ်ထဲမှာ လှန်းထားလိုက်မယ်ဆိုရင် ဆွဲသားတွေ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

(၂) အဝတ်ဟောင်းအနံ့ပျောက်ဖို့”

အဝတ်တွေဟောင်းသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အဝတ်ဗီရိုထဲမှာ ထည့်ထားတာကြာရင်ပဲဖြစ်ဖြစ် အနံ့တစ်မျိုး စွဲသွားတတ်ပြီး အဲ့ဒီအနံ့က မပျောက်တော့ပါဘူး။ ရေနဲ့ အရက်ပျော့ကို ဆတူရောပြီး စပရေးဗူးထဲ ထည့်ပြီး အနံ့စွဲနေတဲ့ အကျင်္ီတွေကို ဖျန်းပေးပါ။ နာရီဝက်လောက်ကြာတဲ့အခါ လျှော်လိုက်မယ်ဆိုရင် အနံ့အသက်တွေ ပျောက်ပြီး စိ်တ်အနှောင့်အယှက်ကင်းကင်းနဲ့ ဝတ်လို့ရပီပဲ ဖြစ်ပါတယ်။

(၃) ဘယ်ရီသီးအစွန်းတွေချွတ်ဖိို့”

အစွန်းဖြစ်နေတဲ့နေရာကို ရေနွေးပူပူနဲ့ အစွန်းတွေ မပျောက်မချင်းလောင်းပေးရမှာပါ။ အဲ့လိုလောင်းတဲ့အချိန်မှာ လက်နဲ့ပွတ်တိုက်စရာမလိုပါဘူး။ ဒီတိုင်းပဲလောင်းချပေးရုံပါပဲ။

(၄) ပိုးသား၊ ဖဲသားတွေ ဝတ်တဲ့အခါ ခန္ဓာကိုယ်မှာ ကပ်မနေအောင် ချိတ်ပြီးသိမ်းတဲ့အချိန်မှာ စတီးလ်ချိတ်ကို အသုံးပြုပါ။

(၅) ဆွယ်တာတွေ ဝတ်ရင်မယားအောင်”

ဆွယ်တာကို ခေါက်ပြီးအိတ်တစ်ခုထဲ ထည့်ပြီး ရေခဲသေတ္တာရဲ့အောက်ဆင့်မှာ ထည့်ထားပါ။ ဆယ်နာရီကြာတဲ့အခါ ပြန်ထုတ်ပြီး ရေနွေးနဲ့ဆေးလိုက်ပြီး အခြောက်ခံထားလိုက်ပါ။ ဒါဆို ဆွယ်တာဝတ်တဲ့အခါ ယားယံတာတွေမဖြစ်တော့ဘူး၊ အချိန်ကြာတဲ့အခါ အရောင်လည်း မလွင့်တော့ပါဘူးနော်။

(၆) အရောင်လွင့်နေတဲ့အကျင်္ ီတွေကို အရောင်ပြန်တင်ဖို့”

အဝတ်လျှော်တဲ့အထဲကိုု ရှာလကာရည်တစ်ဇွန်းနဲ့ ဆားတစ်ဇွန်းကို ထည့်ပြီးလျှော်ပေးပါ။

(၇) အမဲရောင်အင်္ကျီမှာပေနေတဲ့ ချွေးနံ့ပျောက်ဆေးအဆီတွေကို ဖယ်ရှားဖို့”

အစွန်းဖြစ်နေတဲ့နေရာတွေကို Wet tissue နဲ့ ပွတ်သုတ်ပေးလိုက်ရုံပါပဲ။

(၈) ဖိနပ်က အနံ့ဆိုးတွေပျောက်ဖို့”

ဖိနပ်မှာ အနံ့ဆိုးတွေစွဲနေပေမယ့် ခဏခဏလျှော်လို့လည်း မကောင်းဘူးဆိုရင်တော့ အဲ့ဒီဖိနပ်ကို ပလတ်စတစ်အိတ်နဲ့လုံနေအောင် ထည့်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ရက်လောက် ထည့်ထားလိုက်ပါ။ ပြန်ထုတ်လိုက်တဲ့အခါမှာ အနံ့ဆိုးတွေ လုံးဝပျောက်နေပါလိမ့်မယ်။ ဖိနပ်ကိုအိတ်ထဲလုံအောင်် ထည့်ထားတာမို့ ရေခဲသေတ္တာထဲမှာ အနံ့ဆိုးတွွေကျန်ခဲ့မှာလည်း စိတ််ပူစရာမလိုပါဘူး။ စားစရာတွေနဲ့ရောမထည့်ချင်ဘူးဆိုရင်လည်း စားစရာတွေကို ဖယ်ပြီးတော့ပဲဖြစ်ဖြစ်ထည့်နိုင်ပါတယ်နော်။ ။

MAY THAZINHTOO

thant naing

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *