ညစ္ညမ္းဗီဒီယို၊ မုဒိမ္းမႈ၊ ျပည့္တန္ဆာအမႈမ်ားနဲ႔ ပတ္သက္ၿပီး Kpop စတားႏွစ္ဦးကို ရဲတပ္ဖြဲ႕စစ္ေဆးေန

By / 2 months ago / Blog / No Comments
ညစ္ညမ္းဗီဒီယို၊ မုဒိမ္းမႈ၊ ျပည့္တန္ဆာအမႈမ်ားနဲ႔ ပတ္သက္ၿပီး Kpop စတားႏွစ္ဦးကို ရဲတပ္ဖြဲ႕စစ္ေဆးေန

ညစ္ညမ္းဗီဒီယို၊ မုဒိမ္းမႈ၊ ျပည့္တန္ဆာအမႈမ်ားနဲ႔ ပတ္သက္ၿပီး Kpop စတားႏွစ္ဦးကို ရဲတပ္ဖြဲ႕စစ္ေဆးေန

ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ဟာ Kpop ေဖ်ာ္ေျဖေလာကကို ဂယက္႐ိုက္ေစခဲ့တဲ့ ညစ္ညမ္းဗီဒီယို၊ မုဒိမ္းမႈအေၾကာင္း လွ်ိဳ႕ဝွက္ေျပာဆိုမႈ၊ ျပည့္တန္ဆာရွာေဖြေပးမႈတို႔နဲ႔ ပတ္သက္ၿပီး စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး အဆိုေတာ္ႏွစ္ေယာက္ကို မတ္လ ၁၄ ရက္ေန႔မွာ စုံစမ္းစစ္ေဆးေနၿပီ ျဖစ္ပါတယ္ ။

ကမာၻတဝန္းအထိ ေက်ာ္ၾကားတဲ့ ေတာင္ကိုရီးယားေပါ့ပ္ယဥ္ေက်းမႈထဲက အမ်ိဳးသားအႏုပညာရွင္ ႏွစ္ဦးအေပၚ စြဲထားတဲ့ စြပ္စြဲခ်က္ေတြထဲမွာေတာ့ နာမည္ေက်ာ္ၾကားမႈနဲ႔ ေငြေၾကးပိုင္ဆိုင္မႈကို အသုံးခ်ၿပီး အက်င့္စာရိတၱ ပ်က္ျပားမႈေတြအေၾကာင္း ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ထားရပါတယ္ ။

Seungri လို႔ လူသိမ်ားတဲ့ အဆိုေတာ္ Lee Seung-hyun ဟာသူ႔ရဲ႕ စီးပြားေရးလုပ္ငန္းမွာ ရင္းႏွီးျမႇဳပ္ႏွံတဲ့ ႏိုင္ငံျခား စီးပြားေရး လုပ္ငန္းရွင္ေတြအတြက္ ျပည့္တန္ဆာရွာေဖြေပးခဲ့တယ္လို႔ စြပ္စြဲခံေနရတဲ့ၾကားထဲမွာမွ ၿပီးခဲ့တဲ့ မတ္လ ၁၁ ရက္ေန႔မွာပဲ ေဖ်ာ္ေျဖေရးေလာကကေန ႏုတ္ထြက္မယ့္အေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။

ရဲတပ္ဖြဲ႕ကေတာ့ BIGBANG အဖြဲ႕ဝင္ အသက္ ၂၈ ႏွစ္အ႐ြယ္ Seungri ကေတာ့ လိင္ပိုင္းဆိုင္ရာ လာဘ္ထိုးမႈလို႔ေခၚတဲ့အရာနဲ႔ သံသယရွိတယ္လို႔ ဆိုထားပါတယ္ ။ ဒါေပမယ့္ Seungri ကေတာ့ အမွားတစုံတရာ က်ဴးလြန္ခဲ့ျခင္း မရွိဘူးလို႔ ျငင္းဆိုထားပါတယ္ ။

အဆိုေတာ္ ႏွစ္ေယာက္ျဖစ္တဲ့ Seungri နဲ႔ Jung Joon Young တို႔ ႏွစ္ေယာက္လုံးဟာ လွ်ိဳ႕ဝွက္ညစ္ညမ္း ဗီဒီယိုေတြ ေဝမွ်ခဲ့ၾကတဲ့ အြန္လိုင္းစကားေျပာခန္းထဲမွာ ပါဝင္ေနၾကၿပီး အဲဒီ စကားေျပာခန္းထဲမွာ အမ်ိဳးသမီးေတြကို မုဒိမ္းက်င့္တာနဲ႔ မူးယစ္ေဆးသုံးတာနဲ႔ ပတ္သက္လို႔ ေနာက္ေျပာင္ေျပာဆိုတာေတြ ရွိတဲ့အေၾကာင္း SBS က ဆိုပါတယ္ ။

K-pop ေလာကမွာကေတာ့ ေတာင္ကိုရီးယားရဲ႕ ႏိုင္ငံေရး၊ အားကစားနဲ႔ အျခားက႑ေတြမွာ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈတိုက္ဖ်က္ေရး #MeToo လႈပ္ရွားမႈေတြထဲမွာ ပါဝင္ခဲ့တာေတြ မရွိခဲ့ပါဘူး။ ဒါေပမယ့္ အခုေတာ့ ေျပာင္းလဲမႈႀကီး ျဖစ္သြားခဲ့ၿပီလို႔ ဆိုႏိုင္ပါတယ္ ။

Seungri ရဲ႕ ေရွ႕ေန Son Byoung-ho က “သူ (Seungri) ဟာ ျပည့္တန္ဆာေတြကို ရွာေဖြေပးခဲ့တာမ်ိဳး ဘယ္တုန္းကမွ မရွိခဲ့ပါဘူး” လို႔ ႐ိုက္တာသတင္းဌာနကို ေျပာၾကားထားပါတယ္။ အဆိုေတာ္ Seungri ဟာ မတ္လ ၁၄ ရက္ေန႔မွာေတာ့ ဆိုးလ္ရဲစခန္းကို စုံစမ္းေမးျမန္းမႈကို လက္ခံဖို႔ လာေရာက္ဖို႔ရွိပါတယ္ ။

ေနာက္ထပ္အဆိုေတာ္ Jung Joon Young ကလည္း အဲဒီ အရႈပ္အေထြးထဲမွာ ပါဝင္ေနပါတယ္။ ၿပီးခဲ့တဲ့ မတ္လ ၁၃ ရက္ေန႔မွာေတာ့ Jung ဟာ အမ်ိဳးသမီးေတြနဲ႔ လိင္ဆက္ဆံေနစဥ္မွာ လွ်ိဳ႕ဝွက္႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြကို ေဝမွ်ခဲ့တဲ့အေၾကာင္း ဝန္ခံထားပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ စုံစမ္းစစ္ေဆးေနပါတယ္ ။

Jung ရဲ႕ေအဂ်င္စီ MAKEUS အင္တာတိန္းမန႔္ကေတာ့ သူ႔ရဲ႕စာခ်ဳပ္ကို ရပ္ဆိုင္းလိုက္ၿပီး သူျဖန႔္ျဖဴးခဲ့တယ္လို႔ ဆိုတဲ့ ဗီဒီယိုေတြကိစၥ ရဲတပ္ဖြဲ႕ကစုံစမ္းစစ္ေဆးေနစဥ္မွာ ႏိုင္ငံကေန ထြက္ခြာဖို႔ တားျမစ္ခံထားရၿပီးလည္း ျဖစ္ပါတယ္ ။

မတ္လ ၁၄ ရက္၊ ကိုရီးယားစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီမွာေတာ့ ဆိုးလ္မွာရွိတဲ့ ရဲစခန္းကို စုံစမ္းေမးျမန္းမႈခံယူဖို႔ Jung ဟာ ေရာက္ရွိလာခဲ့ၿပီး ရဲစခန္းေရွ႕မွာရွိတဲ့ သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈကိုေတာ့ ေတာင္းပန္ပါေၾကာင္း စကားတခြန္းကိုသာ ထပ္ခါတလဲလဲ ေျပာဆိုတုံ႔ျပန္ခဲ့ပါတယ္။ Jung ရဲ႕ ေရွ႕ေနေတြကေတာ့ မွတ္ခ်က္ တစုံတရာ မေပးေသးပါဘူး ။

Unicode

ညစ်ညမ်းဗီဒီယို၊ မုဒိမ်းမှု၊ ပြည့်တန်ဆာအမှုများနဲ့ ပတ်သက်ပြီး Kpop စတားနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ

တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ Kpop ဖျော်ဖြေလောကကို ဂယက်ရိုက်စေခဲ့တဲ့ ညစ်ညမ်းဗီဒီယို၊ မုဒိမ်းမှုအကြောင်း လျှို့ဝှက်ပြောဆိုမှု၊ ပြည့်တန်ဆာရှာဖွေပေးမှုတို့နဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အဆိုတော်နှစ်ယောက်ကို မတ်လ ၁၄ ရက်နေ့မှာ စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ် ။

ကမ္ဘာတဝန်းအထိ ကျော်ကြားတဲ့ တောင်ကိုရီးယားပေါ့ပ်ယဉ်ကျေးမှုထဲက အမျိုးသားအနုပညာရှင် နှစ်ဦးအပေါ် စွဲထားတဲ့ စွပ်စွဲချက်တွေထဲမှာတော့ နာမည်ကျော်ကြားမှုနဲ့ ငွေကြေးပိုင်ဆိုင်မှုကို အသုံးချပြီး အကျင့်စာရိတ္တ ပျက်ပြားမှုတွေအကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ထားရပါတယ် ။

Seungri လို့ လူသိများတဲ့ အဆိုတော် Lee Seung-hyun ဟာသူ့ရဲ့ စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ပြည့်တန်ဆာရှာဖွေပေးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ကြားထဲမှာမှ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာပဲ ဖျော်ဖြေရေးလောကကနေ နုတ်ထွက်မယ့်အကြောင်း ပြောကြားခဲ့ပါတယ် ။

ရဲတပ်ဖွဲ့ကတော့ BIGBANG အဖွဲ့ဝင် အသက် ၂၈ နှစ်အရွယ် Seungri ကတော့ လိင်ပိုင်းဆိုင်ရာ လာဘ်ထိုးမှုလို့ခေါ်တဲ့အရာနဲ့ သံသယရှိတယ်လို့ ဆိုထားပါတယ် ။ ဒါပေမယ့် Seungri ကတော့ အမှားတစုံတရာ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ် ။

အဆိုတော် နှစ်ယောက်ဖြစ်တဲ့ Seungri နဲ့ Jung Joon Young တို့ နှစ်ယောက်လုံးဟာ လျှို့ဝှက်ညစ်ညမ်း ဗီဒီယိုတွေ ဝေမျှခဲ့ကြတဲ့ အွန်လိုင်းစကားပြောခန်းထဲမှာ ပါဝင်နေကြပြီး အဲဒီ စကားပြောခန်းထဲမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာနဲ့ မူးယစ်ဆေးသုံးတာနဲ့ ပတ်သက်လို့ နောက်ပြောင်ပြောဆိုတာတွေ ရှိတဲ့အကြောင်း SBS က ဆိုပါတယ် ။

K-pop လောကမှာကတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေး၊ အားကစားနဲ့ အခြားကဏ္ဍတွေမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတိုက်ဖျက်ရေး #MeToo လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့တာတွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ် ။

Seungri ရဲ့ ရှေ့နေ Son Byoung-ho က “သူ (Seungri) ဟာ ပြည့်တန်ဆာတွေကို ရှာဖွေပေးခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။ အဆိုတော် Seungri ဟာ မတ်လ ၁၄ ရက်နေ့မှာတော့ ဆိုးလ်ရဲစခန်းကို စုံစမ်းမေးမြန်းမှုကို လက်ခံဖို့ လာရောက်ဖို့ရှိပါတယ် ။

နောက်ထပ်အဆိုတော် Jung Joon Young ကလည်း အဲဒီ အရှုပ်အထွေးထဲမှာ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာတော့ Jung ဟာ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံနေစဉ်မှာ လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ဝေမျှခဲ့တဲ့အကြောင်း ဝန်ခံထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးနေပါတယ် ။

Jung ရဲ့အေဂျင်စီ MAKEUS အင်တာတိန်းမန့်ကတော့ သူ့ရဲ့စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီး သူဖြန့်ဖြူးခဲ့တယ်လို့ ဆိုတဲ့ ဗီဒီယိုတွေကိစ္စ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေစဉ်မှာ နိုင်ငံကနေ ထွက်ခွာဖို့ တားမြစ်ခံထားရပြီးလည်း ဖြစ်ပါတယ် ။

မတ်လ ၁၄ ရက်၊ ကိုရီးယားစံတော်ချိန် နံနက် ၁၀ နာရီမှာတော့ ဆိုးလ်မှာရှိတဲ့ ရဲစခန်းကို စုံစမ်းမေးမြန်းမှုခံယူဖို့ Jung ဟာ ရောက်ရှိလာခဲ့ပြီး ရဲစခန်းရှေ့မှာရှိတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ တောင်းပန်ပါကြောင်း စကားတခွန်းကိုသာ ထပ်ခါတလဲလဲ ပြောဆိုတုံ့ပြန်ခဲ့ပါတယ်။ Jung ရဲ့ ရှေ့နေတွေကတော့ မှတ်ချက် တစုံတရာ မပေးသေးပါဘူး ။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *