ဇီဒန္း တာ၀န္ယူအၿပီးမွာ ရီးရဲမက္ဒရစ္ ရဲ႕ ပထမဆံုး ေခၚယူမႈ စတင္အသက္၀င္ေလၿပီ

By / 1 week ago / Blog / No Comments
ဇီဒန္း တာ၀န္ယူအၿပီးမွာ ရီးရဲမက္ဒရစ္ ရဲ႕ ပထမဆံုး ေခၚယူမႈ စတင္အသက္၀င္ေလၿပီ

ဇီဒန္း တာ၀န္ယူအၿပီးမွာ ရီးရဲမက္ဒရစ္ ရဲ႕ ပထမဆံုး ေခၚယူမႈ စတင္အသက္၀င္ေလၿပီ

ရီးရဲ မက္ဒရစ္ အသင္း ဟာ ဇီနဒင္း ဇီဒန္း ကို နည္းျပ အျဖစ္ ျပန္ လည္ ခန္႔ အပ္ အၿပီး မွာ ေတာ့ လာမယ့္ ရာသီ အတြက္ အင္ အား ျဖည့္တင္း မႈ ေတြ စတင္ ျပဳလုပ္ ၿပီ ျဖစ္ ပါတယ္ ။

ယေန႔ ညေန ပုိင္း မွာေတာ့ ရီးရဲ မက္ဒရစ္ ဟာ ေပၚတို အသင္း ရဲ႕ ဘရာဇီး ေနာက္ ခံလူ အီဒါ မီလီတို ကို ယူရို သန္း ၅၀ ၀န္းက်င္ ျဖင့္ ေခၚယူ ႏုိင္ ခဲ့ၿပီ ျဖစ္ေၾကာင္း တရား၀င္ ထုတ္ျပန္ ေၾကညာ သြားခဲ့ ပါတယ္ ။

အသက္ ၂၁ ႏွစ္ သာ ရွိ ေသး တဲ့ ေပၚတို ေနာက္ ခံလူ ဟာ မန္ခ်က္စတာ ယူႏုိက္တက္ လို ဥေရာပ အသင္းႀကီး ေတြ ရဲ႕ စိတ္၀င္ စား မႈ ကို ရရွိ ခဲ့ ဖူးတဲ့ ကစား သမား ေလး ျဖစ္ပါတယ္ ။

ရီးရဲ ဟာ သူ႔ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္း ေၾကး ယူရို သန္း ၅၀ ကို ေပးေခ် ခဲ့ ရတာ ျဖစ္တယ္ လုိ႔ သိရ ပါတယ္ ။

မီလီတို ဟာ လာမယ့္ ဇူလုိင္လ ၁ ရက္ေန႔ က စတင္ၿပီး ရီးရဲ မက္ဒရစ္ ကစား သမား ျဖစ္လာ ေတာ့ မွာ ျဖစ္ ကာ အသင္း နဲ႔ ၆ ႏွစ္ စာခ်ဳပ္ ကို ခ်ဳပ္ဆို မွာ ျဖစ္ ပါတယ္ ။

မီလီတို ဟာ ယခု ရာသီ မွာ မွ ေပၚတို ကို ေရာက္လာ သူ ျဖစ္ ေပမယ့္ အသင္း ရဲ႕ အား ထား ရတဲ့ ကစား သမား အျဖစ္ အလွ်င္ အျမန္ ေရာက္လာ ခဲ့ ပါတယ္ ။

ညာ ေနာက္ ခံလူ အျဖစ္ သာ မက ဗဟို ခံစစ္ ၊ ကြင္းလယ္ ခံစစ္ သမား အျဖစ္ လည္း ကစား ႏုိင္တဲ့ အီဒါ မီလီတို ဟာ ေပၚတို အတြက္ ၿပဳိင္ပြဲစံု ၃၁ ပြဲ ပါ၀င္ ကစား ထားခဲ့ ၿပီး ခ်န္ပီယံ လိဂ္ ကြာတား ဖုိင္နယ္ ကို တက္ ေရာက္ ႏုိင္ ေရး မွာ လည္း ပါ၀င္ ကူညီ ေပးထား ခဲ့ ပါတယ္ ။

ရီးရဲ မက္ဒရစ္ က ေခၚယူ လုိက္ၿပီ ျဖစ္တဲ့ အီဒါ မီလီတို ၏ ကိုယ္ေရး အက်ဥ္း –

အမည္ – အီဒါ ဂါဘရီရယ္ မီလီတို

အသက္ – ၂၁ ႏွစ္

ႏုိင္ငံ – ဘရာဇီး

ကစား သည့္ ေနရာ – ေနာက္ ခံလူ ၊ ကြင္းလယ္ ခံစစ္

အရပ္ – ၆ ေပ ၂ လက္မ

ကလပ္ – ေပၚတို

မီလီတို ဟာ လူငယ္ ကစား သမား ဘ၀ ကို ဘရာဇီး ကလပ္ ဆာအို ေပၚလို နဲ႔ စတင္ ခဲ့သူ ျဖစ္ ပါတယ္ ။

လူငယ္ ကစား သမား ဘ၀ ၇ ႏွစ္ အၿပီး မွာေတာ့ ၂၀၁၇ ခုႏွစ္ မွာ ဆာအို ေပၚလို စီနီယာ အသင္း သား ျဖစ္ လာခဲ့ ပါတယ္ ။

ဆာအို ေပၚလို စီနီယာ အသင္း မွာ ၁ ရာသီ ကစား အၿပီး မွာေတာ့ ေပၚတို ကင္းေထာက္ ေတြ ဟာ မီလီတို ရဲ႕ ေျခစြမ္း ကို ႏွစ္သက္ ခဲ့တာ ေၾကာင့္ ေခၚ ယူခဲ့ ပါတယ္ ။

၂၀၁၈ ခုႏွစ္ ၾသဂုတ္ လ မွာ ေတာ့ မီလီတို ဟာ မိခင္ ႏုိင္ငံ ဘရာဇီး ကို စြန္႔ခြာ ၿပီး ဥေရာပ ေဘာလံုး စစ္မ်က္ႏွာ ကို စြန္႔စား ခန္း ထြက္လာခဲ့ ပါတယ္ ။

ေပၚတို မွာ ကစား တဲ့ ပထမ ဆံုး ရာသီ မွာ တင္ ဥေရာပ အသင္းႀကီး ေတြ ရဲ႕ မ်က္စိ က်မႈ ကို ခံ ခဲ့ ရၿပီး ေပၚတူဂီ မွာ ၁ ႏွစ္ မျပည့္ မီ မွာဘဲ ရီးရဲ မက္ဒရစ္ ဆီ ေျပာင္းေရႊ႕ ဖို႔ ျဖစ္လာ ခဲ့ရၿပီ ျဖစ္ ပါတယ္ ။

ရီးရဲ မက္ဒရစ္ မွာ ရွိ တဲ့ ဘရာဇီး ကစား သမားေတြ ( မာဆယ္လုိ ၊ ကက္စမဲရိုး ၊ ဗီနီဆီယပ္ ) နဲ႔ အတူ အီဒါ မီလီတို တစ္ေယာက္ ဇီဒန္း လက္ေအာက္ မွာ ဘယ္ေလာက္ ေတာက္ပ အစြမ္းျပ ႏုိင္ မလဲ ဆုိတာ ေတာ့ ေစာင့္ၾကည့္ ရမွာ ပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode Version

ဇီဒန်း တာဝန်ယူအပြီးမှာ ရီးရဲမက်ဒရစ် ရဲ့ ပထမဆုံး ခေါ်ယူမှု စတင်အသက်ဝင်လေပြီ

ရီးရဲ မက်ဒရစ် အသင်း ဟာ ဇီနဒင်း ဇီဒန်း ကို နည်းပြ အဖြစ် ပြန် လည် ခန့် အပ် အပြီး မှာ တော့ လာမယ့် ရာသီ အတွက် အင် အား ဖြည့်တင်း မှု တွေ စတင် ပြုလုပ် ပြီ ဖြစ် ပါတယ် ။

ယနေ့ ညနေ ပိုင်း မှာတော့ ရီးရဲ မက်ဒရစ် ဟာ ပေါ်တို အသင်း ရဲ့ ဘရာဇီး နောက် ခံလူ အီဒါ မီလီတို ကို ယူရို သန်း ၅၀ ဝန်းကျင် ဖြင့် ခေါ်ယူ နိုင် ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

အသက် ၂၁ နှစ် သာ ရှိ သေး တဲ့ ပေါ်တို နောက် ခံလူ ဟာ မန်ချက်စတာ ယူနိုက်တက် လို ဥရောပ အသင်းကြီး တွေ ရဲ့ စိတ်ဝင် စား မှု ကို ရရှိ ခဲ့ ဖူးတဲ့ ကစား သမား လေး ဖြစ်ပါတယ် ။

ရီးရဲ ဟာ သူ့ရဲ့ စာချုပ် ဖျက်သိမ်း ကြေး ယူရို သန်း ၅၀ ကို ပေးချေ ခဲ့ ရတာ ဖြစ်တယ် လို့ သိရ ပါတယ် ။

မီလီတို ဟာ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ က စတင်ပြီး ရီးရဲ မက်ဒရစ် ကစား သမား ဖြစ်လာ တော့ မှာ ဖြစ် ကာ အသင်း နဲ့ ၆ နှစ် စာချုပ် ကို ချုပ်ဆို မှာ ဖြစ် ပါတယ် ။

မီလီတို ဟာ ယခု ရာသီ မှာ မှ ပေါ်တို ကို ရောက်လာ သူ ဖြစ် ပေမယ့် အသင်း ရဲ့ အား ထား ရတဲ့ ကစား သမား အဖြစ် အလျှင် အမြန် ရောက်လာ ခဲ့ ပါတယ် ။

ညာ နောက် ခံလူ အဖြစ် သာ မက ဗဟို ခံစစ် ၊ ကွင်းလယ် ခံစစ် သမား အဖြစ် လည်း ကစား နိုင်တဲ့ အီဒါ မီလီတို ဟာ ပေါ်တို အတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ပါဝင် ကစား ထားခဲ့ ပြီး ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ကို တက် ရောက် နိုင် ရေး မှာ လည်း ပါဝင် ကူညီ ပေးထား ခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် က ခေါ်ယူ လိုက်ပြီ ဖြစ်တဲ့ အီဒါ မီလီတို ၏ ကိုယ်ရေး အကျဉ်း –

အမည် – အီဒါ ဂါဘရီရယ် မီလီတို

အသက် – ၂၁ နှစ်

နိုင်ငံ – ဘရာဇီး

ကစား သည့် နေရာ – နောက် ခံလူ ၊ ကွင်းလယ် ခံစစ်

အရပ် – ၆ ပေ ၂ လက်မ

ကလပ် – ပေါ်တို

မီလီတို ဟာ လူငယ် ကစား သမား ဘ၀ ကို ဘရာဇီး ကလပ် ဆာအို ပေါ်လို နဲ့ စတင် ခဲ့သူ ဖြစ် ပါတယ် ။

လူငယ် ကစား သမား ဘ၀ ၇ နှစ် အပြီး မှာတော့ ၂၀၁၇ ခုနှစ် မှာ ဆာအို ပေါ်လို စီနီယာ အသင်း သား ဖြစ် လာခဲ့ ပါတယ် ။

ဆာအို ပေါ်လို စီနီယာ အသင်း မှာ ၁ ရာသီ ကစား အပြီး မှာတော့ ပေါ်တို ကင်းထောက် တွေ ဟာ မီလီတို ရဲ့ ခြေစွမ်း ကို နှစ်သက် ခဲ့တာ ကြောင့် ခေါ် ယူခဲ့ ပါတယ် ။

၂၀၁၈ ခုနှစ် သြဂုတ် လ မှာ တော့ မီလီတို ဟာ မိခင် နိုင်ငံ ဘရာဇီး ကို စွန့်ခွာ ပြီး ဥရောပ ဘောလုံး စစ်မျက်နှာ ကို စွန့်စား ခန်း ထွက်လာခဲ့ ပါတယ် ။

ပေါ်တို မှာ ကစား တဲ့ ပထမ ဆုံး ရာသီ မှာ တင် ဥရောပ အသင်းကြီး တွေ ရဲ့ မျက်စိ ကျမှု ကို ခံ ခဲ့ ရပြီး ပေါ်တူဂီ မှာ ၁ နှစ် မပြည့် မီ မှာဘဲ ရီးရဲ မက်ဒရစ် ဆီ ပြောင်းရွှေ့ ဖို့ ဖြစ်လာ ခဲ့ရပြီ ဖြစ် ပါတယ် ။

ရီးရဲ မက်ဒရစ် မှာ ရှိ တဲ့ ဘရာဇီး ကစား သမားတွေ ( မာဆယ်လို ၊ ကက်စမဲရိုး ၊ ဗီနီဆီယပ် ) နဲ့ အတူ အီဒါ မီလီတို တစ်ယောက် ဇီဒန်း လက်အောက် မှာ ဘယ်လောက် တောက်ပ အစွမ်းပြ နိုင် မလဲ ဆိုတာ တော့ စောင့်ကြည့် ရမှာ ပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *