Ana ျပန္လာၿပီ

By / 1 week ago / Up to Date News / No Comments
Ana ျပန္လာၿပီ

Ana ျပန္လာၿပီ

လြန္ခဲ့တဲ့ ၃ လေလာက္က ESPADA ရဲ႕ လူငယ္ေျခတက္ Carry Player ေလးျဖစ္တဲ့ iLTW ဟာ TI8 ခ်န္ပီယံ OG မွာ အဌားနဲ႔ လာကစားခြင့္ရခဲ့ပါတယ္ ။

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အဲ့ဒါက အတိတ္ေဟာင္းတစ္ခုအေနနဲ႔ပဲ က်န္ရစ္ခဲ့ပါၿပီ ။

မေန႔ကပဲ OG ဟာ သူတို႔ရဲ႕ Official Facebook Page မွာ အခုလိုမ်ိဳးေၾကျငာၿပီး iLTW နဲ႔ လမ္းခြဲခဲ့ပါၿပီ ။

“ဒီ DPC Season မွာ ကၽြန္ေတာ္တို႔အသင္းအတြက္ အခ်ိန္သိပ္မရွိေတာ့ပါဘူး ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔လိုအပ္တဲ့ ရလဒ္ေတြကို မရရွိခဲ့တဲ့အတြက္ iLTW နဲ႔ ကၽြန္ေတာ္တို႔ စိတ္မေကာင္းစြာနဲ႔ပဲ လမ္းခြဲလိုက္ပါၿပီ”

OG အေနနဲ႔ TI8 မွာ စင္ဒရဲလားပံုျပင္တစ္ခုကို ဖန္တီးခဲ့အၿပီးမွာေတာ့ ရာသီသစ္ရဲ႕ ပထမဆံုး Major ေရာ၊ Minor ကိုပါ ပါ၀င္ယွဥ္ၿပိဳင္ျခင္းမျပဳခဲ့ပဲ အနားယူခဲ့ပါတယ္ ။

OG ဟာ ရာသီသစ္ကို Chongqing Major Qualifier မွာ ျပန္လည္၀င္ေရာက္ခဲ့ေပမယ့္ သူတို႔ရဲ႕ Carry ျဖစ္သူ Anathan “ana” Pham ကေတာ့ သူတို႔နဲ႔အတူ မပါ၀င္လာခဲ့ပါဘူး ။

Ana အေနနဲ႔ OG ကေန ထြက္သြားတာမဟုတ္ပဲ inactive ပဲ ခဏလုပ္သြားခဲ့တာ ျဖစ္ပါတယ္ ။

Ana အေနနဲ႔ အသင္းကေန Inactive လုပ္သြားခဲ့သလို ကိုေပေဟဂင္ၿမိဳ႕မွာျပဳလုပ္ခဲ့တဲ့ TI8 True Sight Premiere အခမ္းအနားကိုလည္း မတက္ေရာက္ခဲ့ပါဘူး ။

အေၾကာင္းျပခ်က္ကေတာ့ Ana အေနနဲ႔ Competitive Scene ကိုျပန္မလာခင္မွာ ကိုယ္ေရးကိုယ္တာနဲ႔ ပတ္သက္တဲ့ လုပ္စရာကိစၥေလးေတြ ရွိေနခဲ့လို႔ ျဖစ္ပါတယ္ ။

ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ OG အေနနဲ႔ကေတာ့ Ana ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ Carry Player တစ္ေယာက္ကို အပူအျပင္းရွာေဖြခဲ့ရၿပီး Pajkatt ကို ေခၚယူခဲ့ပါတယ္ ။

ဒါေပမယ့္ Pajkatt နဲ႔ သိပ္ကီးမကိုက္ခဲ့တာေၾကာင့္ ခဏသာလက္တြဲခဲ့ၿပီး iLTW ကို ေခၚယူခဲ့ပါတယ္ ။

iLTW နဲ႔လည္း အခုအခ်ိန္အထိ ရာသီသစ္မွာ Major အနံ႔ေတာင္ မရွဴရေသးတာက Major King လည္းျဖစ္သလို TI ခ်န္ပီယံလည္းျဖစ္တဲ့ OG အတြက္ေတာ့ သိကၡာက်စရာပါပဲ ။

ဒါေၾကာင့္မလို႔ iLTW နဲ႔ လက္တြဲျဖဳတ္ခဲ့တာ ျဖစ္ပါတယ္ ။

အဲ့လိုလက္တြဲျဖဳတ္ခဲ့ေပမယ့္လည္း အၿမဲအေကာင္းပဲျမင္တတ္သူ Ceb ကေတာ့ “Igor(iLTW) ဟာ အရမ္းအလုပ္ႀကိဳးစားသူ တစ္ေယာက္ပါ ။ ကၽြန္ေတာ့္အေနနဲ႔ Coach အေနနဲ႔ေရာ ကစားသမားအေနနဲ႔ပါ ကၽြန္ေတာ့္ရဲ႕ Professional Career တစ္ေလွ်ာက္မွာ ကစားသမားေတြအမ်ားႀကီးနဲ႔ လက္တြဲခဲ့ဖူးပါတယ္ ။
iLTW ရဲ႕ ဒီဂိမ္းနဲ႔ ၿပိဳင္ပြဲေတြအေပၚမွာထားတဲ့ Passion က ကၽြန္ေတာ့္ရဲ႕ အထင္ႀကီးေလးစားမႈကို ရယူဖို႔အတြက္ လံုေလာက္ခဲ့ပါတယ္ ။ ကၽြန္ေတာ္တို႔အေနနဲ႔ သူ႔ကို အေကာင္းဆံုးေတြပဲေပးနိင္ဖို႔ ႀကိဳးစားခဲ့ပါတယ္ ။ ကၽြန္ေတာ့္အေနနဲ႔ သူနဲ႔အတူလက္တြဲခဲ့တဲ့အခ်ိန္ေတြမွာ အေတာ္ေလးေပ်ာ္ရႊင္ခဲ့ရပါတယ္ ။ သူ႔ရဲ႕အနာဂတ္လမ္းေတြ ေျဖာင့္ျဖဴးပါေစလို႔ ကၽြန္ေတာ္ဆုေတာင္းေပးလိုက္ပါတယ္” လို႔ OG ရဲ႕ ေၾကျငာခ်က္မွာ ေျပာၾကားခဲ့ပါတယ္ ။

အဲ့ေတာ့ iLTW နဲ႔ OG တို႔တစ္ခန္းရပ္သြားအၿပီးမွာ OG ရဲ႕အနာဂတ္က စိုးရိမ္စရာျဖစ္ေနပါတယ္ ။

အခုဆိုရင္ေတာ့ TI9 မတိုင္ခင္ ၾကားထဲမွာ Major ႏွစ္ခုနဲ႔ Minor ႏွစ္ခုပဲ က်န္ရွိေတာ့တာ ျဖစ္ပါတယ္ ။

အဲ့ဒီအခ်ိန္မွာ OG အေနနဲ႔ DPC Ranking မွာ Top 12 ျပင္ပကို ေရာက္ရွိေနပါတယ္ ။

အဲ့ေတာ့ OG ပရိသတ္ေတြအားလံုး ေမွ်ာ္လင့္ေနတဲ့ ကယ္တင္ရွင္သူရဲေကာင္းက သူတို႔ကို TI8 မွာထမ္းတင္ေပးခဲ့တဲ့ Ana မွတစ္ပါး အျခားမရွိပါဘူး ။

မၾကာခင္က ၿပီးစီးခဲ့တဲ့ StarLadder ImbaTV Minor မစတင္ခင္မွာပဲ Ana ျပန္လာေတာ့မယ္လို႔ ေကာလဟလေတြ ထြက္ေပၚလာခဲ့ပါတယ္ ။

Ana အေနနဲ႔ WESG မွာ သူ႔ရဲ႕ ၾသစေတးလွ်နိင္ငံအသင္းနဲ႔အတူ ၀င္ေရာက္ယွဥ္ၿပိဳင္ေနစဥ္ကာလမွာပဲ Ceb က ေကာလဟလေတြကို အခုလိုေျဖရွင္းခဲ့ပါတယ္ ။

“ဒါေပါ့ ။ Ana က OG ကို က်ိန္းေသျပန္လာမွာပါ ။ သူ OG ကစားသမားအျဖစ္ပဲ ရွိေနပါေသးတယ္ ။ သူမထြက္သြားပါဘူး ။ ခဏပဲ အနားယူေနတာပါ” လို႔ ေျပာခဲ့ပါတယ္ ။

Ceb က အဲ့လိုေျပာခဲ့ေပမယ့္ OG အေနနဲ႔ အဲ့ဒီ Minor ကို iLTW နဲ႔ပဲ ကစားခဲ့ပါတယ္ ။
ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Ana တကယ္ျပန္လာခဲ့ပါၿပီ ။

Ana အေနနဲ႔ OG နဲ႔ပထမအႀကိမ္လက္တြဲမႈမွာ Major Title ၂ ခုကို ရယူေပးခဲ့ၿပီး TI7 အၿပီးမွာေတာ့ အနားယူဖို႔အတြက္ ထြက္ခြာသြားခဲ့ပါတယ္ ။

ဒါေပမယ့္ OG အလိုအပ္ဆံုးအခ်ိန္ျဖစ္တဲ့ TI8 Open Qualifier ေတြစခါနီးမွာေတာ့ ျပန္လာခဲ့ၿပီး အသင္းအတြက္ သမိုင္း၀င္ေအာင္ျမင္မႈကို ရယူေပးခဲ့ပါတယ္ ။

အခုအခ်ိန္မွာလည္း OG ရဲ႕အေနအထားက အဲ့ဒီတုန္းကနဲ႔ ဘာမွမထူးပါဘူး ။

ဒါေၾကာင့္မလို႔ Ana အေနနဲ႔ OG မွာလုပ္ျပခဲ့သလိုမ်ိဳးေတြ ထပ္မံလုပ္ျပသြားနိင္ဦးမလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္သြားရမွာပါ ။

OG အေနနဲ႔ DreamLeague Major ကစားစရာမလိုတာေၾကာင့္ ျပင္ဆင္ေလ့က်င့္ခ်ိန္တစ္ခ်ိဳ႕ေတာ့ ေကာင္းေကာင္းရမွာပါ ။

TI8 Champion Squad အျပည့္အစံုပဲျဖစ္လို႔ ထူးၿပီးေတာ့ေတာ့ Teamwork ညိွစရာမလိုေလာက္ပါဘူး ။

အင္အားအျပည့္ OG ကိုေတာ့ ဒီလကုန္မွာက်င္းပမယ့္ ျပင္သစ္ေျမရဲ႕ ပထမဆံုး Major ျဖစ္တဲ့ MDL Disneyland® Paris Major Regional Qualifiers မွာ ျပန္လည္ျမင္ေတြ႔သြားရဖို႔ေတာ့ ရွိေနပါတယ္ ။

Unicode Version

Ana ပြန်လာပြီ

လွန်ခဲ့တဲ့ ၃ လလောက်က ESPADA ရဲ့ လူငယ်ခြေတက် Carry Player လေးဖြစ်တဲ့ iLTW ဟာ TI8 ချန်ပီယံ OG မှာ အဌားနဲ့ လာကစားခွင့်ရခဲ့ပါတယ် ။

ဒါပေမယ့် အခုအချိန်မှာတော့ အဲ့ဒါက အတိတ်ဟောင်းတစ်ခုအနေနဲ့ပဲ ကျန်ရစ်ခဲ့ပါပြီ ။

မနေ့ကပဲ OG ဟာ သူတို့ရဲ့ Official Facebook Page မှာ အခုလိုမျိုးကြေငြာပြီး iLTW နဲ့ လမ်းခွဲခဲ့ပါပြီ ။

“ဒီ DPC Season မှာ ကျွန်တော်တို့အသင်းအတွက် အချိန်သိပ်မရှိတော့ပါဘူး ။ ဒါကြောင့် ကျွန်တော်တို့လိုအပ်တဲ့ ရလဒ်တွေကို မရရှိခဲ့တဲ့အတွက် iLTW နဲ့ ကျွန်တော်တို့ စိတ်မကောင်းစွာနဲ့ပဲ လမ်းခွဲလိုက်ပါပြီ”

OG အနေနဲ့ TI8 မှာ စင်ဒရဲလားပုံပြင်တစ်ခုကို ဖန်တီးခဲ့အပြီးမှာတော့ ရာသီသစ်ရဲ့ ပထမဆုံး Major ရော၊ Minor ကိုပါ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပဲ အနားယူခဲ့ပါတယ် ။

OG ဟာ ရာသီသစ်ကို Chongqing Major Qualifier မှာ ပြန်လည်ဝင်ရောက်ခဲ့ပေမယ့် သူတို့ရဲ့ Carry ဖြစ်သူ Anathan “ana” Pham ကတော့ သူတို့နဲ့အတူ မပါဝင်လာခဲ့ပါဘူး ။

Ana အနေနဲ့ OG ကနေ ထွက်သွားတာမဟုတ်ပဲ inactive ပဲ ခဏလုပ်သွားခဲ့တာ ဖြစ်ပါတယ် ။

Ana အနေနဲ့ အသင်းကနေ Inactive လုပ်သွားခဲ့သလို ကိုပေဟေဂင်မြို့မှာပြုလုပ်ခဲ့တဲ့ TI8 True Sight Premiere အခမ်းအနားကိုလည်း မတက်ရောက်ခဲ့ပါဘူး ။

အကြောင်းပြချက်ကတော့ Ana အနေနဲ့ Competitive Scene ကိုပြန်မလာခင်မှာ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ လုပ်စရာကိစ္စလေးတွေ ရှိနေခဲ့လို့ ဖြစ်ပါတယ် ။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် OG အနေနဲ့ကတော့ Ana ရဲ့နေရာကို အစားထိုးဖို့အတွက် Carry Player တစ်ယောက်ကို အပူအပြင်းရှာဖွေခဲ့ရပြီး Pajkatt ကို ခေါ်ယူခဲ့ပါတယ် ။

ဒါပေမယ့် Pajkatt နဲ့ သိပ်ကီးမကိုက်ခဲ့တာကြောင့် ခဏသာလက်တွဲခဲ့ပြီး iLTW ကို ခေါ်ယူခဲ့ပါတယ် ။

iLTW နဲ့လည်း အခုအချိန်အထိ ရာသီသစ်မှာ Major အနံ့တောင် မရှူရသေးတာက Major King လည်းဖြစ်သလို TI ချန်ပီယံလည်းဖြစ်တဲ့ OG အတွက်တော့ သိက္ခာကျစရာပါပဲ ။

ဒါကြောင့်မလို့ iLTW နဲ့ လက်တွဲဖြုတ်ခဲ့တာ ဖြစ်ပါတယ် ။

အဲ့လိုလက်တွဲဖြုတ်ခဲ့ပေမယ့်လည်း အမြဲအကောင်းပဲမြင်တတ်သူ Ceb ကတော့ “Igor(iLTW) ဟာ အရမ်းအလုပ်ကြိုးစားသူ တစ်ယောက်ပါ ။ ကျွန်တော့်အနေနဲ့ Coach အနေနဲ့ရော ကစားသမားအနေနဲ့ပါ ကျွန်တော့်ရဲ့ Professional Career တစ်လျှောက်မှာ ကစားသမားတွေအများကြီးနဲ့ လက်တွဲခဲ့ဖူးပါတယ် ။
iLTW ရဲ့ ဒီဂိမ်းနဲ့ ပြိုင်ပွဲတွေအပေါ်မှာထားတဲ့ Passion က ကျွန်တော့်ရဲ့ အထင်ကြီးလေးစားမှုကို ရယူဖို့အတွက် လုံလောက်ခဲ့ပါတယ် ။ ကျွန်တော်တို့အနေနဲ့ သူ့ကို အကောင်းဆုံးတွေပဲပေးနိင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ကျွန်တော့်အနေနဲ့ သူနဲ့အတူလက်တွဲခဲ့တဲ့အချိန်တွေမှာ အတော်လေးပျော်ရွှင်ခဲ့ရပါတယ် ။ သူ့ရဲ့အနာဂတ်လမ်းတွေ ဖြောင့်ဖြူးပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်” လို့ OG ရဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ် ။

အဲ့တော့ iLTW နဲ့ OG တို့တစ်ခန်းရပ်သွားအပြီးမှာ OG ရဲ့အနာဂတ်က စိုးရိမ်စရာဖြစ်နေပါတယ် ။

အခုဆိုရင်တော့ TI9 မတိုင်ခင် ကြားထဲမှာ Major နှစ်ခုနဲ့ Minor နှစ်ခုပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ် ။

အဲ့ဒီအချိန်မှာ OG အနေနဲ့ DPC Ranking မှာ Top 12 ပြင်ပကို ရောက်ရှိနေပါတယ် ။

အဲ့တော့ OG ပရိသတ်တွေအားလုံး မျှော်လင့်နေတဲ့ ကယ်တင်ရှင်သူရဲကောင်းက သူတို့ကို TI8 မှာထမ်းတင်ပေးခဲ့တဲ့ Ana မှတစ်ပါး အခြားမရှိပါဘူး ။

မကြာခင်က ပြီးစီးခဲ့တဲ့ StarLadder ImbaTV Minor မစတင်ခင်မှာပဲ Ana ပြန်လာတော့မယ်လို့ ကောလဟလတွေ ထွက်ပေါ်လာခဲ့ပါတယ် ။

Ana အနေနဲ့ WESG မှာ သူ့ရဲ့ သြစတေးလျှနိင်ငံအသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နေစဉ်ကာလမှာပဲ Ceb က ကောလဟလတွေကို အခုလိုဖြေရှင်းခဲ့ပါတယ် ။

“ဒါပေါ့ ။ Ana က OG ကို ကျိန်းသေပြန်လာမှာပါ ။ သူ OG ကစားသမားအဖြစ်ပဲ ရှိနေပါသေးတယ် ။ သူမထွက်သွားပါဘူး ။ ခဏပဲ အနားယူနေတာပါ” လို့ ပြောခဲ့ပါတယ် ။

Ceb က အဲ့လိုပြောခဲ့ပေမယ့် OG အနေနဲ့ အဲ့ဒီ Minor ကို iLTW နဲ့ပဲ ကစားခဲ့ပါတယ် ။
ဒါပေမယ့် အခုအချိန်မှာတော့ Ana တကယ်ပြန်လာခဲ့ပါပြီ ။

Ana အနေနဲ့ OG နဲ့ပထမအကြိမ်လက်တွဲမှုမှာ Major Title ၂ ခုကို ရယူပေးခဲ့ပြီး TI7 အပြီးမှာတော့ အနားယူဖို့အတွက် ထွက်ခွာသွားခဲ့ပါတယ် ။

ဒါပေမယ့် OG အလိုအပ်ဆုံးအချိန်ဖြစ်တဲ့ TI8 Open Qualifier တွေစခါနီးမှာတော့ ပြန်လာခဲ့ပြီး အသင်းအတွက် သမိုင်းဝင်အောင်မြင်မှုကို ရယူပေးခဲ့ပါတယ် ။

အခုအချိန်မှာလည်း OG ရဲ့အနေအထားက အဲ့ဒီတုန်းကနဲ့ ဘာမှမထူးပါဘူး ။

ဒါကြောင့်မလို့ Ana အနေနဲ့ OG မှာလုပ်ပြခဲ့သလိုမျိုးတွေ ထပ်မံလုပ်ပြသွားနိင်ဦးမလားဆိုတာကို ဆက်လက်စောင့်ကြည့်သွားရမှာပါ ။

OG အနေနဲ့ DreamLeague Major ကစားစရာမလိုတာကြောင့် ပြင်ဆင်လေ့ကျင့်ချိန်တစ်ချို့တော့ ကောင်းကောင်းရမှာပါ ။

TI8 Champion Squad အပြည့်အစုံပဲဖြစ်လို့ ထူးပြီးတော့တော့ Teamwork ညှိစရာမလိုလောက်ပါဘူး ။

အင်အားအပြည့် OG ကိုတော့ ဒီလကုန်မှာကျင်းပမယ့် ပြင်သစ်မြေရဲ့ ပထမဆုံး Major ဖြစ်တဲ့ MDL Disneyland® Paris Major Regional Qualifiers မှာ ပြန်လည်မြင်တွေ့သွားရဖို့တော့ ရှိနေပါတယ် ။

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *