ဝမ္းခ်ဳပ္တဲ့ ျပႆနာကို ဘယ္လိုေျဖရွင္းမလဲ

By / 1 week ago / Blog / No Comments
ဝမ္းခ်ဳပ္တဲ့ ျပႆနာကို ဘယ္လိုေျဖရွင္းမလဲ

ဝမ္းခ်ဳပ္တဲ့ ျပႆနာကို ဘယ္လိုေျဖရွင္းမလဲ

သင္မၾကာခဏ ဝမ္းခ်ဳပ္ေလ့ ရွိပါသလား ။

ဝမ္းခ်ဳပ္ျခင္း က သင့္ကို မအီမသာ ျဖစ္ေစ႐ုံသာ မက အခ်ိန္ ၾကာလာတာနဲ႔ အမွ် ေနာက္ဆက္တြဲဆိုးက်ိဳး မ်ားစြာ ကပ္ပါ လာႏိုင္တဲ့ ျပႆနာ တစ္ခု ျဖစ္ပါတယ္ ။

လူေတာ္ေတာ္ မ်ားမ်ားဟာ အဆိုပါ ျပႆနာကို ေျဖရွင္းဖို႔ ဝမ္းႏႈတ္ေဆး အမ်ိဳးမ်ိဳးကို အားကိုး ေလ့ရွိ ၾကပါတယ္ ။

ဒါေပမဲ့ သုေတသန ေတြ ျပဳလုပ္ၿပီး ေနာက္မွာ ေတာ့ ဝမ္းႏႈတ္ေဆး ေတြဟာ အစာေခ် လမ္းေၾကာင္း တစ္ေလွ်ာက္က ႂကြက္သား ေတြကို အားေပ်ာ့ သြားေစၿပီး ေရရွည္ သုံးစြဲမယ္ ဆိုရင္ အစာေခ် စနစ္ အတြက္ ဆိုးဆိုး ဝါးဝါး မက်န္းမာတဲ့ အဆင့္ အထိ ေရာက္သြား ေစႏိုင္တယ္ လို႔ သိရ ပါတယ္ ။

ဝမ္းခ်ဳပ္တဲ့ျပႆနာကို ဘယ္လိုေျဖရွင္းႏိုင္မလဲ။

အဆီမ်ား

ဆီကလည္း သင့္ရဲ႕ အူေတြအတြင္းမွာ ေခ်ာဆီသေဘာ ဂုဏ္သတၱိေဆာင္ပါတယ္ ။ အူအတြင္းက အညစ္အေၾကးေတြကို ေရွာေရွာရွဴရွဴ ေ႐ြ႕လ်ားေစႏိုင္တာေၾကာင့္ ဝမ္းခ်ဳပ္တဲ့ျပႆနာကို သက္သာေစပါတယ္ ။

အသင့္ေတာ္ဆုံး ဆီ အမ်ိဳးအစားဆိုရင္ေတာ့ ငါးႀကီးဆီ ၊ ၾကက္ဆူဆီ၊ သံလြင္ဆီ စတဲ့ အဆီေတြလို႔ ေျပာရမွာပါ ။

ငါးႀကီးဆီ- ငါးႀကီးဆီ (သို႔) Omega-3 Fatty Acid ဟာခႏၶာကိုယ္က ဇီဝကမၼျဖစ္ပ်က္မႈေတြအတြက္ လုပ္ေဆာင္လ်က္ရွိတဲ့ လုပ္ငန္းအမ်ိဳးမ်ိဳးအတြက္ အေထာက္အကူျပဳႏိုင္တာကို သင္သိထားၿပီးျဖစ္ မွာပါ ။

ေလ့လာမႈေတြ အရေတာ့ Omega-3 ဟာ ဝမ္းခ်ဳပ္ျခင္းအပါအဝင္ အစာေခ်လမ္းေၾကာင္းနဲ႔ ပတ္သက္ တဲ့ေရာဂါမ်ားကို သက္သာေစႏိုင္ေၾကာင္း ေတြ႕ရွိထားပါတယ္ ။

ၾကက္ဆူဆီ – သန႔္စင္ၿပီး အသင့္အသုံးျပဳႏိုင္တဲ့ ၾကက္ဆူဆီကိုေဆးဆိုင္မ်ားမွာ ဝယ္လို႔ရႏိုင္ၿပီး ၾကက္ဆူဆီရဲ႕ အာနိသင္က အစြမ္းထက္ၿပီး သက္ေရာက္မႈ ျမန္ဆန္တာေၾကာင့္ အသုံးမျပဳခင္ ပါဝင္တဲ့ အၫႊန္းကို ေသေသခ်ာခ်ာ ဖတ္ဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္ ။

သံလြင္ဆီ – သံလြင္ဆီက အစာေခ်စနစ္ကိုလႈံ႕ေဆာ္ေပးႏိုင္ၿပီး အစာေဟာင္းေတြ အူမႀကီးတစ္ ေလွ်ာက္ ဆင္းသြားေစဖို႔ အကူအညီျဖစ္ေစပါတယ္ ။

ဝမ္းခ်ဳပ္တက္သူမ်ား မနက္ခင္း အစာမစားခင္ သံလြင္ဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာခန႔္ေသာက္ေပးႏိုင္ပါတယ္။ သံလြင္ဆီသက္သက္ ေသာက္သုံးဖို႔ ခက္ေနမယ္ဆိုရင္ သံပရာရည္နဲ႔ ေရာၿပီး ေသာက္သုံးေပးႏိုင္ၿပီး သံပရာသီးမွာလည္း ဝမ္းမွန္ေစႏိုင္တဲ့ အာနိသင္ရွိပါတယ္ ။

ေရ

ခႏၶာကိုယ္ ျပင္ပက အညစ္အေၾကးေတြကို ေရနဲ႔ ေလာင္းခ်ၿပီး ေဆးေၾကာသန႔္စင္ႏိုင္သလိုပဲ ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲက မလိုအပ္တဲ့အညစ္အေၾကးေတြကို စြန႔္ထုတ္သန႔္စင္ပစ္ႏိုင္ပါ တယ္။

ေရအလုံအေလာက္ ေသာက္ျခင္းက ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ႏိုင္မယ့္ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

သင္ဟာ မၾကာခဏ ဝမ္းခ်ဳပ္ေလ့ရွိသူတစ္ဦးဆိုရင္ မနက္စာမစားခင္ ေရသန႔္လီတာ တစ္ဝက္ခန႔္ ေသာက္ေပးသင့္ပါတယ္။ မနက္ေစာေစာမွာေရသီးသန႔္ ေသာက္သုံးဖို႔အခက္အခဲရွိတယ္ဆိုရင္ သံပရာရည္ ညႇစ္ၿပီးျဖစ္ေစ၊ သံပရာသီးျခမ္း စိမ္ၿပီးျဖစ္ေစ ေသာက္သုံးႏိုင္ပါတယ္။

အမွ်င္ဓာတ္

အမွ်င္ဓာတ္ကို တံျမက္စည္းနဲ႔ ႏႈိင္းယွဥ္ျမင္ၾကည့္လို႔ရပါတယ္ ။ တံျမက္စည္းနဲ႔ သေဘာတရားတူညီစြာပဲ အစားအစာ မ်ားမွာ ပါဝင္တဲ့ အမွ်င္ဓာတ္က အူနဲ႔အစာေခ်လမ္းေၾကာင္းတစ္ေလွ်ာက္ ကပ္ညႇိေနတတ္တဲ့ အစာေခ်ခ်ိန္

မပါသြားတဲ့ အစာအႂကြင္းအက်န္မ်ားနဲ႔ အစာေခ်ၿပီးေနာက္ ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ ပစၥည္းမ်ားအျဖစ္ထြက္ရွိလာတဲ့ အညစ္အေၾကးမ်ားကို ဖယ္ရွားရွင္းလင္းေပးပါတယ္။

အ႐ြယ္ေရာက္ၿပီး လူတစ္ေယာက္အတြက္ ေန႔စဥ္ အမွ်င္ဓာတ္၂၀ ဂရမ္ ကေန ၃၅ ဂရမ္ေလာက္ လိုအပ္တယ္လို႔ သိရပါတယ္ ။

အမွ်င္ဓာတ္ႂကြယ္ဝစြာ ပါဝင္တဲ့ အစားအစာမ်ားဆိုရင္ေတာ့ ဗာဒံေစ့၊ ပဲအမ်ိဳးမ်ိဳး၊ အသီးအ႐ြက္အမ်ိဳးမ်ိဳး၊ လတ္ဆတ္တဲ့ အသီးအႏွံနဲ႔ သစ္သီးေျခာက္မ်ားလို႔ ဆိုရမွာပါ ။

ဒါေၾကာင့္သင္ဟာ ဝမ္းပုံမွန္မသြားႏိုင္တဲ့ ျပႆနာရွိေနတယ္ဆိုရင္ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစား အစာမ်ားကို ေ႐ြးခ်ယ္ၿပီးစားသုံးေပးသင့္ပါတယ္။

ကိုယ္လက္လႈပ္ရွားမႈ

က်န္းမာတဲ့ ခႏၶာကိုယ္ပိုင္ဆိုင္ႏိုင္ဖို႔ ကိုယ္လက္ လႈပ္ရွားမႈ ျပဳလုပ္ျခင္းက အဓိကေသာ့ခ်က္ျဖစ္ၿပီး ဒီအခ်က္ကိုလည္း လူတိုင္းလိုလို သိထားၾကပါတယ္ ။

ဒါေပမဲ့ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းက ဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ေပးႏိုင္တယ္ဆိုတာကိုေရာ သိပါသလား။

တစ္ေနကုန္နီးပါးထိုင္ၿပီး အလုပ္လုပ္ရတဲ့ သူေတြရဲ႕ အစာေဟာင္းစြန႔္ပစ္ျခင္း စနစ္က ပုံမွန္ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္သူေတြေလာက္ က်န္းမာျခင္းမရွိဘူးလို႔ သုေတသန အခ်က္အလက္ေတြ အရသိရွိရပါတယ္။

ခႏၶာကိုယ္ကို ဘယ္လိုနည္းလမ္းနဲ႔ျဖစ္ျဖစ္ လႈပ္ရွားေပးျခင္းက အူမႀကီးတစ္ေလွ်ာက္က ႂကြက္သားေတြကို သက္ဝင္လႈပ္ရွားမႈျဖစ္ေစၿပီး ဝမ္းသြားရလြယ္ကူေစႏိုင္ ပါတယ္။

ေဆးၿမီးတို

ေကာ္ဖီက သင့္ရဲ႕အူမႀကီးကို လႈံ႕ေဆာ္မႈေပးႏိုင္ၿပီး ဝမ္းခ်ဳပ္ျခင္းျပႆနာကို အဆုံးသတ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ ဝမ္းခ်ဳပ္ျခင္းကို ေကာ္ဖီေသာက္ေပးတဲ့ နည္းလမ္းတစ္မ်ိဳးတည္းနဲ႔ ေရရွည္ေျဖရွင္းဖို႔ မသင့္ေတာ္ဘူးလို႔ ပညာရွင္ေတြ သတိေပးထားပါတယ္။

ေကာ္ဖီတစ္မ်ိဳးတည္းသာ မဟုတ္ဘဲ အျခားေသာ Herbal Tea ၊ သံပရာသီး ညႇစ္ထားတဲ့ ေရေႏြးေႏြးတစ္ခြက္ကလည္း ေကာ္ဖီလိုပဲ တူညီတဲ့ ဂုဏ္သတၱိရွိပါတယ္။

ပ်ားရည္ကလည္း သဘာ၀၀မ္းႏႈတ္ေဆး တစ္မ်ိဳးျဖစ္ပါတယ္။ ပ်ားရည္ရဲ႕အာနိသင္က အူလမ္းေၾကာင္း တစ္ေလွ်ာက္လုံးကို လႈံ႕ေဆာ္မႈ ေပးႏိုင္တာေၾကာင့္ ဝမ္းသက္ေစႏိုင္ ပါတယ္။

ဒါေၾကာင့္ ပ်ားရည္ကို ဒီအတိုင္း (သို႔) ေရခပ္ေႏြးေႏြးနဲ႔ ေသာက္ေပးျခင္းကလည္း ဝမ္းခ်ဳပ္ျခင္းကို သက္သာေစႏိုင္ပါတယ္။ အဓိက သတိထားရမယ့္ အခ်က္ကေတာ့ သင္ေရမ်ားမ်ား ေသာက္ေပးဖို႔ပဲျဖစ္ပါတယ္။

အကယ္၍ သင္ဟာ မၾကာခဏ ဝမ္းခ်ဳပ္ေလ့ရွိသူဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါ အစားအစာမ်ားကို ေရွာင္ၾကဥ္သင့္ပါတယ္။

ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းမ်ား

ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြက သင့္အ႐ိုးေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ ကယ္လ္ဆီယမ္ဓာတ္ရရွိႏိုင္တဲ့ ရင္းျမစ္ေတြလို႔ ဆိုႏိုင္ေပမယ့္ အခန႔္မသင့္ရင္ သင့္ဝမ္းခ်ဳပ္ရျခင္းရဲ႕ တရားခံေတြ ျဖစ္သြားတတ္ပါတယ္။

ႏို႔မွာပါဝင္တဲ့ Lactose က ေလပြျခင္းကို ျဖစ္ေစႏိုင္ပါတယ္။ ႏို႔ ေသာက္ျခင္းေၾကာင့္ ဝမ္းသြားေစသလို ဝမ္းလည္းခ်ဳပ္ေစတာေၾကာင့္ တိက်တဲ့အေျဖေတာ့ မရွိေပမဲ့ ဒါက ကိုယ့္ရဲ႕ ခႏၶာကိုယ္က ႏို႔အေပၚတုံ႔ျပန္တဲ့ သဘာဝနဲ႔ သက္ဆိုင္တယ္လို႔ပဲ အမ်ားကယူဆထားပါတယ္။

အကယ္၍ သင္က ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ စားေသာက္တဲ့အခါ သိသိသာသာ ဝမ္းသြားရ ခက္ခဲလာတယ္ဆိုရင္ေတာ့ ႏို႔က သင့္ကိုဝမ္းခ်ဳပ္ေစႏိုင္တယ္လို႔ ယူဆႏိုင္ပါတယ္။

အနီေရာင္အသားမ်ား

သံဓာတ္က ဝမ္းခ်ဳပ္ေစပါတယ္။ ဒါေၾကာင့္ သံဓာတ္ ႂကြယ္ဝစြာပါဝင္တဲ့ အနီေရာင္အသားမ်ားကလည္း ဝမ္းခ်ဳပ္ရျခင္းရဲ႕ အေၾကာင္းအရင္းတစ္ခု ျဖစ္လာပါတယ္ ။

အသားပမာဏမ်ားမ်ား စားသုံးျခင္းက သင့္ကို ဝမ္းခ်ဳပ္ေစပါလိမ့္မယ္။ အနီေရာင္အသားေတြမွာ ျပည့္ဝဆီနဲ႔ ပ႐ိုတိန္းေတြပါတာေၾကာင့္ အစာေျခဖ်က္ဖို႔ အခ်ိန္ၾကာၿပီး ေနာက္ဆက္တြဲ အက်ိဳးဆက္ကေတာ့ သင့္ကို ဝမ္းခ်ဳပ္ေစပါလိမ့္မယ္ ။

ကဖိန္း

ေကာ္ဖီ တစ္နည္း ကဖိန္းက သင့္ရဲ႕ အူလမ္းေၾကာင္းကို လႈံ႕ေဆာ္ေပးႏိုင္တာ မွန္ပါတယ္။ ဒါေပမဲ့ သင့္ခႏၶာကိုယ္ထဲမွာ ေရဓာတ္ အလုံအေလာက္ရွိမေနဘူးဆိုရင္ေတာ့ အဆိုပါ ကဖိန္းဓာတ္က ဝမ္းပိတ္ေဆး အာနိသင္ေဆာင္ၿပီး ဝမ္းခ်ဳပ္ေစပါလိမ့္မယ္ ။

ဒါေၾကာင့္ ခႏၶာကိုယ္ထဲမွာ ကဖိန္းဓာတ္ မမ်ားသြားေအာင္၊ ေရဓာတ္လုံေလာက္မႈ ရွိေနေအာင္ သတိထားရမွာ ျဖစ္ပါတယ္ ။

မနက္ခင္းဟာ ခႏၶာကိုယ္ထဲက အညစ္အေၾကးေတြ စြန႔္ထုတ္ပစ္ဖို႔ အသင့္ေတာ္ဆုံး အခ်ိန္ျဖစ္ပါတယ္။ သင္ဝမ္းခ်ဳပ္ရတဲ့ အဓိကအေၾကာင္းအရင္းက အိမ္သာတက္ခ်ိန္ အလုံအေလာက္ မရွိျခင္းလည္း ပါဝင္ပါတယ္ ။

ဒါေၾကာင့္ မနက္တိုင္းမွာ မျဖစ္မေနလုံေလာက္တဲ့ Quality Toilet Time ရွိပါေစလို႔ ဆရာဝန္ေတြ အႀကံျပဳထားပါတယ္။ သင့္အတြက္ ထူးဆန္းေကာင္း ထူးဆန္းႏိုင္ေပမယ့္ တကယ္ အက်ိဳးရွိတဲ့ နည္းလမ္းျဖစ္လို႔ လက္ေတြ႕ လုပ္ေဆာင္ၾကည့္ပါ ။

သင့္ရဲ႕ စားေသာက္တဲ့ ပုံစံ၊ ေနထိုင္မႈ ပုံစံကို ေျပာင္းလဲလိုက္ၿပီးတဲ့ေနာက္မွာ သင့္ရဲ႕ ဝမ္းခ်ဳပ္တဲ့ျပႆနာက ေျပလည္မသြားဘူးဆိုရင္ေတာ့ ေနာက္တစ္ဆင့္အေနနဲ႔ သက္ဆိုင္ရာ ဆရာဝန္နဲ႔ သြားေရာက္ျပသၿပီး သင့္ေတာ္တဲ့ ကုသမႈ ခံယူဖို႔ လိုအပ္ေနၿပီလို႔ ဆိုရမွာပါ ။

Unicode

ဝမ်းချုပ်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

သင်မကြာခဏ ဝမ်းချုပ်လေ့ ရှိပါသလား ။

ဝမ်းချုပ်ခြင်း က သင့်ကို မအီမသာ ဖြစ်စေရုံသာ မက အချိန် ကြာလာတာနဲ့ အမျှ နောက်ဆက်တွဲဆိုးကျိုး များစွာ ကပ်ပါ လာနိုင်တဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ် ။

လူတော်တော် များများဟာ အဆိုပါ ပြဿနာကို ဖြေရှင်းဖို့ ဝမ်းနှုတ်ဆေး အမျိုးမျိုးကို အားကိုး လေ့ရှိ ကြပါတယ် ။

ဒါပေမဲ့ သုတေသန တွေ ပြုလုပ်ပြီး နောက်မှာ တော့ ဝမ်းနှုတ်ဆေး တွေဟာ အစာချေ လမ်းကြောင်း တစ်လျှောက်က ကြွက်သား တွေကို အားပျော့ သွားစေပြီး ရေရှည် သုံးစွဲမယ် ဆိုရင် အစာချေ စနစ် အတွက် ဆိုးဆိုး ဝါးဝါး မကျန်းမာတဲ့ အဆင့် အထိ ရောက်သွား စေနိုင်တယ် လို့ သိရ ပါတယ် ။

ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ။

အဆီများ

ဆီကလည်း သင့်ရဲ့ အူတွေအတွင်းမှာ ချောဆီသဘော ဂုဏ်သတ္တိဆောင်ပါတယ် ။ အူအတွင်းက အညစ်အကြေးတွေကို ရှောရှောရှူရှူ ရွေ့လျားစေနိုင်တာကြောင့် ဝမ်းချုပ်တဲ့ပြဿနာကို သက်သာစေပါတယ် ။

အသင့်တော်ဆုံး ဆီ အမျိုးအစားဆိုရင်တော့ ငါးကြီးဆီ ၊ ကြက်ဆူဆီ၊ သံလွင်ဆီ စတဲ့ အဆီတွေလို့ ပြောရမှာပါ ။

ငါးကြီးဆီ- ငါးကြီးဆီ (သို့) Omega-3 Fatty Acid ဟာခန္ဓာကိုယ်က ဇီဝကမ္မဖြစ်ပျက်မှုတွေအတွက် လုပ်ဆောင်လျက်ရှိတဲ့ လုပ်ငန်းအမျိုးမျိုးအတွက် အထောက်အကူပြုနိုင်တာကို သင်သိထားပြီးဖြစ် မှာပါ ။

လေ့လာမှုတွေ အရတော့ Omega-3 ဟာ ဝမ်းချုပ်ခြင်းအပါအဝင် အစာချေလမ်းကြောင်းနဲ့ ပတ်သက် တဲ့ရောဂါများကို သက်သာစေနိုင်ကြောင်း တွေ့ရှိထားပါတယ် ။

ကြက်ဆူဆီ – သန့်စင်ပြီး အသင့်အသုံးပြုနိုင်တဲ့ ကြက်ဆူဆီကိုဆေးဆိုင်များမှာ ဝယ်လို့ရနိုင်ပြီး ကြက်ဆူဆီရဲ့ အာနိသင်က အစွမ်းထက်ပြီး သက်ရောက်မှု မြန်ဆန်တာကြောင့် အသုံးမပြုခင် ပါဝင်တဲ့ အညွှန်းကို သေသေချာချာ ဖတ်ဖို့တော့ လိုအပ်ပါလိမ့်မယ် ။

သံလွင်ဆီ – သံလွင်ဆီက အစာချေစနစ်ကိုလှုံ့ဆော်ပေးနိုင်ပြီး အစာဟောင်းတွေ အူမကြီးတစ် လျှောက် ဆင်းသွားစေဖို့ အကူအညီဖြစ်စေပါတယ် ။

ဝမ်းချုပ်တက်သူများ မနက်ခင်း အစာမစားခင် သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့်သောက်ပေးနိုင်ပါတယ်။ သံလွင်ဆီသက်သက် သောက်သုံးဖို့ ခက်နေမယ်ဆိုရင် သံပရာရည်နဲ့ ရောပြီး သောက်သုံးပေးနိုင်ပြီး သံပရာသီးမှာလည်း ဝမ်းမှန်စေနိုင်တဲ့ အာနိသင်ရှိပါတယ် ။

ရေ

ခန္ဓာကိုယ် ပြင်ပက အညစ်အကြေးတွေကို ရေနဲ့ လောင်းချပြီး ဆေးကြောသန့်စင်နိုင်သလိုပဲ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့အညစ်အကြေးတွေကို စွန့်ထုတ်သန့်စင်ပစ်နိုင်ပါ တယ်။

ရေအလုံအလောက် သောက်ခြင်းက ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

သင်ဟာ မကြာခဏ ဝမ်းချုပ်လေ့ရှိသူတစ်ဦးဆိုရင် မနက်စာမစားခင် ရေသန့်လီတာ တစ်ဝက်ခန့် သောက်ပေးသင့်ပါတယ်။ မနက်စောစောမှာရေသီးသန့် သောက်သုံးဖို့အခက်အခဲရှိတယ်ဆိုရင် သံပရာရည် ညှစ်ပြီးဖြစ်စေ၊ သံပရာသီးခြမ်း စိမ်ပြီးဖြစ်စေ သောက်သုံးနိုင်ပါတယ်။

အမျှင်ဓာတ်

အမျှင်ဓာတ်ကို တံမြက်စည်းနဲ့ နှိုင်းယှဉ်မြင်ကြည့်လို့ရပါတယ် ။ တံမြက်စည်းနဲ့ သဘောတရားတူညီစွာပဲ အစားအစာ များမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူနဲ့အစာချေလမ်းကြောင်းတစ်လျှောက် ကပ်ညှိနေတတ်တဲ့ အစာချေချိန်

မပါသွားတဲ့ အစာအကြွင်းအကျန်များနဲ့ အစာချေပြီးနောက် ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ပစ္စည်းများအဖြစ်ထွက်ရှိလာတဲ့ အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းပေးပါတယ်။

အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် နေ့စဉ် အမျှင်ဓာတ်၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် လိုအပ်တယ်လို့ သိရပါတယ် ။

အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများဆိုရင်တော့ ဗာဒံစေ့၊ ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး၊ လတ်ဆတ်တဲ့ အသီးအနှံနဲ့ သစ်သီးခြောက်များလို့ ဆိုရမှာပါ ။

ဒါကြောင့်သင်ဟာ ဝမ်းပုံမှန်မသွားနိုင်တဲ့ ပြဿနာရှိနေတယ်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစား အစာများကို ရွေးချယ်ပြီးစားသုံးပေးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်းက အဓိကသော့ချက်ဖြစ်ပြီး ဒီအချက်ကိုလည်း လူတိုင်းလိုလို သိထားကြပါတယ် ။

ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တယ်ဆိုတာကိုရော သိပါသလား။

တစ်နေကုန်နီးပါးထိုင်ပြီး အလုပ်လုပ်ရတဲ့ သူတွေရဲ့ အစာဟောင်းစွန့်ပစ်ခြင်း စနစ်က ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေလောက် ကျန်းမာခြင်းမရှိဘူးလို့ သုတေသန အချက်အလက်တွေ အရသိရှိရပါတယ်။

ခန္ဓာကိုယ်ကို ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် လှုပ်ရှားပေးခြင်းက အူမကြီးတစ်လျှောက်က ကြွက်သားတွေကို သက်ဝင်လှုပ်ရှားမှုဖြစ်စေပြီး ဝမ်းသွားရလွယ်ကူစေနိုင် ပါတယ်။

ဆေးမြီးတို

ကော်ဖီက သင့်ရဲ့အူမကြီးကို လှုံ့ဆော်မှုပေးနိုင်ပြီး ဝမ်းချုပ်ခြင်းပြဿနာကို အဆုံးသတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်ခြင်းကို ကော်ဖီသောက်ပေးတဲ့ နည်းလမ်းတစ်မျိုးတည်းနဲ့ ရေရှည်ဖြေရှင်းဖို့ မသင့်တော်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။

ကော်ဖီတစ်မျိုးတည်းသာ မဟုတ်ဘဲ အခြားသော Herbal Tea ၊ သံပရာသီး ညှစ်ထားတဲ့ ရေနွေးနွေးတစ်ခွက်ကလည်း ကော်ဖီလိုပဲ တူညီတဲ့ ဂုဏ်သတ္တိရှိပါတယ်။

ပျားရည်ကလည်း သဘာ၀၀မ်းနှုတ်ဆေး တစ်မျိုးဖြစ်ပါတယ်။ ပျားရည်ရဲ့အာနိသင်က အူလမ်းကြောင်း တစ်လျှောက်လုံးကို လှုံ့ဆော်မှု ပေးနိုင်တာကြောင့် ဝမ်းသက်စေနိုင် ပါတယ်။

ဒါကြောင့် ပျားရည်ကို ဒီအတိုင်း (သို့) ရေခပ်နွေးနွေးနဲ့ သောက်ပေးခြင်းကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ အဓိက သတိထားရမယ့် အချက်ကတော့ သင်ရေများများ သောက်ပေးဖို့ပဲဖြစ်ပါတယ်။

အကယ်၍ သင်ဟာ မကြာခဏ ဝမ်းချုပ်လေ့ရှိသူဆိုရင်တော့ အောက်ဖော်ပြပါ အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းများ

နို့နဲ့နို့ထွက်ပစ္စည်းတွေက သင့်အရိုးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ရရှိနိုင်တဲ့ ရင်းမြစ်တွေလို့ ဆိုနိုင်ပေမယ့် အခန့်မသင့်ရင် သင့်ဝမ်းချုပ်ရခြင်းရဲ့ တရားခံတွေ ဖြစ်သွားတတ်ပါတယ်။

နို့မှာပါဝင်တဲ့ Lactose က လေပွခြင်းကို ဖြစ်စေနိုင်ပါတယ်။ နို့ သောက်ခြင်းကြောင့် ဝမ်းသွားစေသလို ဝမ်းလည်းချုပ်စေတာကြောင့် တိကျတဲ့အဖြေတော့ မရှိပေမဲ့ ဒါက ကိုယ့်ရဲ့ ခန္ဓာကိုယ်က နို့အပေါ်တုံ့ပြန်တဲ့ သဘာဝနဲ့ သက်ဆိုင်တယ်လို့ပဲ အများကယူဆထားပါတယ်။

အကယ်၍ သင်က နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသောက်တဲ့အခါ သိသိသာသာ ဝမ်းသွားရ ခက်ခဲလာတယ်ဆိုရင်တော့ နို့က သင့်ကိုဝမ်းချုပ်စေနိုင်တယ်လို့ ယူဆနိုင်ပါတယ်။

အနီရောင်အသားများ

သံဓာတ်က ဝမ်းချုပ်စေပါတယ်။ ဒါကြောင့် သံဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အနီရောင်အသားများကလည်း ဝမ်းချုပ်ရခြင်းရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်လာပါတယ် ။

အသားပမာဏများများ စားသုံးခြင်းက သင့်ကို ဝမ်းချုပ်စေပါလိမ့်မယ်။ အနီရောင်အသားတွေမှာ ပြည့်ဝဆီနဲ့ ပရိုတိန်းတွေပါတာကြောင့် အစာခြေဖျက်ဖို့ အချိန်ကြာပြီး နောက်ဆက်တွဲ အကျိုးဆက်ကတော့ သင့်ကို ဝမ်းချုပ်စေပါလိမ့်မယ် ။

ကဖိန်း

ကော်ဖီ တစ်နည်း ကဖိန်းက သင့်ရဲ့ အူလမ်းကြောင်းကို လှုံ့ဆော်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အလုံအလောက်ရှိမနေဘူးဆိုရင်တော့ အဆိုပါ ကဖိန်းဓာတ်က ဝမ်းပိတ်ဆေး အာနိသင်ဆောင်ပြီး ဝမ်းချုပ်စေပါလိမ့်မယ် ။

ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ကဖိန်းဓာတ် မများသွားအောင်၊ ရေဓာတ်လုံလောက်မှု ရှိနေအောင် သတိထားရမှာ ဖြစ်ပါတယ် ။

မနက်ခင်းဟာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ စွန့်ထုတ်ပစ်ဖို့ အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ သင်ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းက အိမ်သာတက်ချိန် အလုံအလောက် မရှိခြင်းလည်း ပါဝင်ပါတယ် ။

ဒါကြောင့် မနက်တိုင်းမှာ မဖြစ်မနေလုံလောက်တဲ့ Quality Toilet Time ရှိပါစေလို့ ဆရာဝန်တွေ အကြံပြုထားပါတယ်။ သင့်အတွက် ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့် တကယ် အကျိုးရှိတဲ့ နည်းလမ်းဖြစ်လို့ လက်တွေ့ လုပ်ဆောင်ကြည့်ပါ ။

သင့်ရဲ့ စားသောက်တဲ့ ပုံစံ၊ နေထိုင်မှု ပုံစံကို ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာ သင့်ရဲ့ ဝမ်းချုပ်တဲ့ပြဿနာက ပြေလည်မသွားဘူးဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသပြီး သင့်တော်တဲ့ ကုသမှု ခံယူဖို့ လိုအပ်နေပြီလို့ ဆိုရမှာပါ ။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *