
By / 2 months ago / Up to Date News / No Comments



ဖြစ်တာကတော့ မနေ့ကပါ။















Unicode Version

သေလောက်တဲ့ မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့ Shroud

First-person shooters Game တွေမှာ ရူးခါလောက်အောင် ကောင်းတဲ့ Skill တွေနဲ့ သူ့ရဲ့ Chill Personality ကြောင့် Twitch မှာ ပရိသတ်တွေအမြောက်အမြားရရှိထားတဲ့ Michael “Shroud” Grzesiek ကတော့ ဆိုင်ကယ်မတော်တဆမှုကြောင့် အသက်အန္တရယ်တောင် စိုးရိမ်ခဲ့ရကြောင်း သိရပါတယ် ။

ဖြစ်တာကတော့ မနေ့ကပါ။

Shroud ကတော့ သူ့ရဲ့ Twitch အကောင့်မှာ “ကျွန်တော် ဒီနေ့တော့ မ Stream နိင်တော့ပါဘူး ။ Scooter ကိုသာ အပြစ်တင်ကြပါ” လို့ တင်ထားခဲ့တာ ဖြစ်ပါတယ် ။

သူ့ရဲ့ဒဏ်ရာက တံတောင်ဆစ်မှာဖြစ်ပြီး ချက်ခြင်းခွဲစိတ်ကုသမှုကို ခံယူခဲ့ရတာ ဖြစ်ပါတယ် ။

အဲ့လိုမျိုး ခံယူခဲ့ရပေမယ့် အစက သိပ်မပြင်းထန်ဘူးလို့ ထင်ခဲ့ကြတာပါ ။

ဒါပေမယ့် Shroud ရဲ့ အခန်းဖော်လည်းဖြစ်သလို Streamer တစ်ဦးလည်းဖြစ်သူ Just9n က သူ့ရဲ့ Stream မှာ အခုလိုမျိုး ပြောပြခဲ့ပါတယ် ။

“သူ့အနေနဲ့ ဘရိတ်ကို အရမ်းညစ်လိုက်မိတာပါ ။ ဒါကြောင့်မလို့ အရှိန်လွန်ပြီးတော့ ၁၀ ပေ၊ ၁၂ ပေလောက် လွင့်သွားခဲ့ပါတယ် ။ သူပြန်အကျမှာ ညာဘက်လက်ကို ထိမှာဆိုးလို့ ဘယ်ဘက်လက်နဲ့ ထောက်ပြီး ကျသွားခဲ့ပါတယ် ။ သူ့ခန္ဓာကိုယ်အလေးချိန်ကြောင့်မလို့ တော်တော်လေး ပြင်းထန်ပါတယ် ။ သူ့တံတောင်ဆစ်မှာ အပေါက်အကြီးကြီးဖြစ်သွားခဲ့ပြီး အရိုးတောင် ပဲ့ထွက်သွားခဲ့ပါတယ် ။ ဒါကြောင့်မလို့ ခွဲစိတ်မှုချက်ခြင်းပြုလုပ်ပြီး အရိုးကို ပြန်ဆက်ခဲ့ရပါတယ် ။ သူ့ရဲ့တင်ပါးကနေ ပေါင်လယ်လောက်ထိမှာလည်း စုတ်ပြတ်သတ်သွားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ် ။

ဒါကြောင့်မလို့ Shroud ရဲ့ပရိသတ်တွေအနေနဲ့ တော်တော်လေးကို စိတ်ပူပန်သောကတွေ ရောက်ခဲ့ရပါတယ် ။

ဒီလောက်နဲ့ပဲ ပြီးသွားတာကို စိတ်သက်သာရနေတဲ့သူတွေကို just9n က အခုလိုပြောခဲ့ပါတယ် ။

“အဲ့ဒီဖြစ်ရပ်ကြောင့် သူတကယ်သေသွားနိင်ပါတယ် ။ ဒီမတော်တဆမှု ဘယ်လောက်ထိပြင်းထန်လည်းဆိုတာကို ခင်ဗျားတို့နားလည်မလည်တော့ ကျွန်တော်မသိပါဘူး ။ ဒါပေမယ့် သူကျွန်တော်တို့နဲ့ အခုထိရှိနေသေးတာကိုက တော်တော်ကံကောင်းနေပါပြီ ။ အဲ့လောက်ထိ ပြင်းထန်ပါတယ်” လို့ ဆက်ပြောသွားခဲ့ပါတယ် ။

Shroud အနေနဲ့ Twitch မှာ Subscriber ၁ သိန်းကျော်ဆိုတဲ့ Record ကို မကြာသေးမီကပဲ ချိုးဖြတ်ခဲ့ပါတယ် ။

အခုဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ Viewer တစ်ချို့တော့ လျော့ကျသွားဖို့ ရှိနေပါတယ် ။

ဒါပေမယ့် ကံကောင်းတာတစ်ခုကတော့ Shroud က အဲ့ဒီကိန်းကဏန်းတွေကို စိတ်ဝင်စားသူမဟုတ်ပါဘူး ။

သူ့အနေနဲ့ သူ့ရဲ့ Streaming တွေမှာ သူ့ကို Support လုပ်ကြတာကို ပျော်ရွှင်ပေမယ့် ပိုက်ဆံတွေ၊ အခွင့်အရေးတွေက သူ့အတွက် ဂိမ်းကစားနေရတာလောက် အရေးမပါဘူးလို့ အကြိမ်ကြိမ်အခါခါပြောခဲ့ဘူးပါတယ် ။

အဲ့လိုမျိုး သူ့ရဲ့ Personality နဲ့ Attitude ကြောင့် သူ့မှာ Viewer တွေ၊ Subscriber တွေ အရမ်းများနေတာ ဖြစ်ပါတယ် ။
သူပြန်လာမယ့် Streaming ကတောင် Record တစ်ခု ထပ်ချိုးချင် ချိုးသွားနိင်ပါသေးတယ် ။

ဒါကြောင့်မလို့ ကျွန်တော်တို့ချစ်တဲ့ Streamer ကြီး Shroud တစ်ယောက် မကြာခင်မှာပဲ ကျန်းကျန်းမာမာနဲ့ ပြန် Stream နိင်အောင် ဝိုင်းပြီးတော့ ဆုတောင်းပေးလိုက်ကြရအောင်လား ခင်ဗျာ ။

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *