ေရာ္နယ္ဒိုရဲ႕ ဟက္ထရစ္ နဲ႕အတူ ခ်န္ပီယံလိဂ္ ကြာတားဖို္င္နယ္ကို တက္ေရာက္ ႏုိ္င္ခဲ့ျပီ ျဖစ္တဲ့ ဂ်ဴဗင္တပ္

By / 2 months ago / Blog / No Comments
ေရာ္နယ္ဒိုရဲ႕ ဟက္ထရစ္ နဲ႕အတူ ခ်န္ပီယံလိဂ္ ကြာတားဖို္င္နယ္ကို တက္ေရာက္ ႏုိ္င္ခဲ့ျပီ ျဖစ္တဲ့ ဂ်ဴဗင္တပ္

ေရာ္နယ္ဒိုရဲ႕ ဟက္ထရစ္ နဲ႕အတူ ခ်န္ပီယံလိဂ္ ကြာတားဖို္င္နယ္ကို တက္ေရာက္ ႏုိ္င္ခဲ့ျပီ ျဖစ္တဲ့ ဂ်ဴဗင္တပ္

ဂ်ဴဗင္တပ္ အသင္းဟာ ယေန႕ညက တူရင္မွာ ကစား ခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ဧည့့္သည္ အက္သလက္တီကို အသင္းကို ခရစ္စတီယာႏုိ ေရာ္နယ္ဒို ရဲ႕ ဟက္ထရစ္ သြင္းဂိုး နဲ႕ အတူ ၃ – ၀ နဲ႕ အႏုိင္ ရရွိ သြားခဲ့ျပီး ႏွစ္ေက်ာ့ေပါင္ ၃ – ၂ နဲ႕ ေနာက္ဆံုး ရွစ္သင္း အဆင့္ကို တက္ေရာက္ သြားခဲ့ ပါတယ္ ။

ဂ်ဴဗီ ဟာ ပထမအေက်ာ့က စပိန္ေျမမွာ အက္သလက္တီကို ကို ၂ – ၀ နဲ႕ ရွံဳးနိမ့္ ခဲ့တာေၾကာင့္ ဂိုးေတြ ရဖို႕ လိုအပ္ ခဲ့ကာ ပြဲအစ ကတည္းက အျပင္းအထန္ ဖိအားေပး တုိက္စစ္ဆင္ ကစား သြားခဲ့ျပီး အက္သလက္တီကို ကေတာ့ ခံစစ္ အသြင္သာ ကစား ခဲ့ရ ပါတယ္ ။

ပြဲအစ ငါးမိနစ္ မွာ ကတည္းက ဂ်ဴဗီတုိ႕ ဥိးေဆာင္ဂိုး ရခဲ့ေပမယ့္လည္း ပယ္ဖ်က္ျခင္း ခံခဲ့ ရျပီး စီေရာ္နယ္ဒိုဟာ ေအာ့ဘလက္ကို ျပစ္ဒဏ္ က်ဴးလြန္ ခဲ့တယ္လို႕ ဒိုင္ေတြ ကဆံုးျဖတ္ ခဲ့တာ ျဖစ္ပါတယ္ ။

ေနရာစံု ကေန အက္သလက္တီကို ကို ေတာက္ေလွ်ာက္ တုိက္စစ္ ဆင္ခဲ့တဲ့ ဂ်ဴဗင္တပ္ အသင္းဟာ ပြဲခ်ိန္ ၂၇ မိနစ္ မွာေတာ့ အဖြင့္ဂိုး ရရွိ ခဲ့ျပီး ဖက္ဒရီစီယို ဘာနာဒက္ခ်ီ ရဲ႕ ျဖတ္တင္ေဘာ ကို ခရစ္စတီယာႏုိ ေရာ္နယ္ဒို က အက္သလက္တီကုိ ေနာက္ခံလူ ဟြမ္ဖရန္ နဲ႕ အျပိဳင္ ေခါင္းတုိက္ကာ ဂ်ဴဗင္တပ္ အတြက္ ဦးေဆာင္ဂိုး သြင္းယူ ေပးခ့ဲ ပါတယ္ ။

ဂိုးရျပီးေနာက္ မွာလည္း ဂ်ဴဗီကပဲ ဂိုးသြင္းခြင့္ေတြ ထပ္ရ ခဲ့ေပမယ့္ အက္သလက္တီကို ေနာက္တန္းရဲ႕ ဖ်က္ထုတ္ပံု ေကာင္းမြန္မွဳ ေအာ့ဘလက္ လက္စြမ္းျပ ေနမွဳေတြေၾကာင့္ ပထမပိုင္းမွာ အဆုိပါ တစ္ဂိုးတည္းနဲ႕ ျပီးခဲ့ ပါတယ္ ။

ဒုတိယပိုင္း မွာလည္း ဂ်ဴဗင္တပ္ ကသာ ဆက္လက္ တုိက္စစ္ဆင္ ကစား သြားခဲ့ျပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ ယာအို ကန္ဆယ္လိုရဲ႕ ျဖတ္တင္ေဘာ ကို စီေရာ္နယ္ဒုိ ကပဲ ေခါင္းတုိက္ သြင္းယူကာ ၂ – ၀ နဲ႕ ျပန္လာ ခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ၂ – ၂ ျဖစ္ေန ခဲ့ပါတယ္ ။

ဂ်ဴဗင္တပ္ ကြင္းလယ္မွာ ခ်န္ ပီယာနစ္ နဲ႕ မာတူဒီ တို႕ ေျခစြမ္းျပ သြားခဲ့တာေၾကာင့္ အက္သလက္တီကိုဟာ ကြင္းလယ္ခ်င္း ယွဥ္ကစားဖို႕ ရုန္းကန္ ခဲ့ရျပီး တုိက္စစ္ကိုလည္း ေကာင္းစြာ ပံ့ပုိးမွဳေတြ လုပ္ႏိုင္မွု နည္းပါး ခဲ့ပါတယ္။

ဒါေပမယ့္လည္း ၈၅ မိနစ္ ေက်ာ္ထိ ၂ – ၂ ျဖစ္ေနတာေၾကာင့္ အခ်ိန္ပို ကစား ရမယ့္ အေနအထားကုိ ဦးတည္ ခဲ့ပါတယ္ ။

ဒါေပမယ့္လည္း ပြဲခ်ိန္ ၈၆ မိနစ္ မွာေတာ့ ဘာနက္ဒက္ခ်ီ ဘယ္ေတာင္ပံ ကေန ေမႊေႏွာက္ကာ ပင္နယ္တီ ဧရိယာထဲ ဆြဲေျပးမွဳကို ေကာ္ရီရာ ေနာက္ကေန တြန္းခဲ့တာေၾကာင့္ ဂ်ဴဗီ တုိ႕ ပင္နယ္တီ ရရွိ ခဲ့ျပီး ေရာ္နယ္ဒို ကပဲ ဒီပြဲရဲ႕ ဟက္ထရစ္ ကန္သြင္းယူ ေပးခဲ့ကာ တူရင္ ကလပ္ကို ၂ ေက်ာ့ေပါင္ ၃ – ၂ နဲ႕ အတူ ေသာၾကာေန႕မွာ ျပဳလုပ္မယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ မဲခြဲပြဲကို ေရာက္ရွိ ေစခဲ့ ပါတယ္ ။

SM

Unicode Version

ရော်နယ်ဒိုရဲ့ ဟက်ထရစ် နဲ့အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်တဲ့ ဂျူဗင်တပ်

ဂျူဗင်တပ် အသင်းဟာ ယနေ့ညက တူရင်မှာ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဧည့်သည် အက်သလက်တီကို အသင်းကို ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ ဟက်ထရစ် သွင်းဂိုး နဲ့ အတူ ၃ – ၀ နဲ့ အနိုင် ရရှိ သွားခဲ့ပြီး နှစ်ကျော့ပေါင် ၃ – ၂ နဲ့ နောက်ဆုံး ရှစ်သင်း အဆင့်ကို တက်ရောက် သွားခဲ့ ပါတယ် ။

ဂျူဗီ ဟာ ပထမအကျော့က စပိန်မြေမှာ အက်သလက်တီကို ကို ၂ – ၀ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် ဂိုးတွေ ရဖို့ လိုအပ် ခဲ့ကာ ပွဲအစ ကတည်းက အပြင်းအထန် ဖိအားပေး တိုက်စစ်ဆင် ကစား သွားခဲ့ပြီး အက်သလက်တီကို ကတော့ ခံစစ် အသွင်သာ ကစား ခဲ့ရ ပါတယ် ။

ပွဲအစ ငါးမိနစ် မှာ ကတည်းက ဂျူဗီတို့ ဥိးဆောင်ဂိုး ရခဲ့ပေမယ့်လည်း ပယ်ဖျက်ခြင်း ခံခဲ့ ရပြီး စီရော်နယ်ဒိုဟာ အော့ဘလက်ကို ပြစ်ဒဏ် ကျူးလွန် ခဲ့တယ်လို့ ဒိုင်တွေ ကဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ် ။

နေရာစုံ ကနေ အက်သလက်တီကို ကို တောက်လျှောက် တိုက်စစ် ဆင်ခဲ့တဲ့ ဂျူဗင်တပ် အသင်းဟာ ပွဲချိန် ၂၇ မိနစ် မှာတော့ အဖွင့်ဂိုး ရရှိ ခဲ့ပြီး ဖက်ဒရီစီယို ဘာနာဒက်ချီ ရဲ့ ဖြတ်တင်ဘော ကို ခရစ်စတီယာနို ရော်နယ်ဒို က အက်သလက်တီကို နောက်ခံလူ ဟွမ်ဖရန် နဲ့ အပြိုင် ခေါင်းတိုက်ကာ ဂျူဗင်တပ် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။

ဂိုးရပြီးနောက် မှာလည်း ဂျူဗီကပဲ ဂိုးသွင်းခွင့်တွေ ထပ်ရ ခဲ့ပေမယ့် အက်သလက်တီကို နောက်တန်းရဲ့ ဖျက်ထုတ်ပုံ ကောင်းမွန်မှု အော့ဘလက် လက်စွမ်းပြ နေမှုတွေကြောင့် ပထမပိုင်းမှာ အဆိုပါ တစ်ဂိုးတည်းနဲ့ ပြီးခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာလည်း ဂျူဗင်တပ် ကသာ ဆက်လက် တိုက်စစ်ဆင် ကစား သွားခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာ ယာအို ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘော ကို စီရော်နယ်ဒို ကပဲ ခေါင်းတိုက် သွင်းယူကာ ၂ – ၀ နဲ့ ပြန်လာ ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၂ – ၂ ဖြစ်နေ ခဲ့ပါတယ် ။

ဂျူဗင်တပ် ကွင်းလယ်မှာ ချန် ပီယာနစ် နဲ့ မာတူဒီ တို့ ခြေစွမ်းပြ သွားခဲ့တာကြောင့် အက်သလက်တီကိုဟာ ကွင်းလယ်ချင်း ယှဉ်ကစားဖို့ ရုန်းကန် ခဲ့ရပြီး တိုက်စစ်ကိုလည်း ကောင်းစွာ ပံ့ပိုးမှုတွေ လုပ်နိုင်မှု နည်းပါး ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၈၅ မိနစ် ကျော်ထိ ၂ – ၂ ဖြစ်နေတာကြောင့် အချိန်ပို ကစား ရမယ့် အနေအထားကို ဦးတည် ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ပွဲချိန် ၈၆ မိနစ် မှာတော့ ဘာနက်ဒက်ချီ ဘယ်တောင်ပံ ကနေ မွှေနှောက်ကာ ပင်နယ်တီ ဧရိယာထဲ ဆွဲပြေးမှုကို ကော်ရီရာ နောက်ကနေ တွန်းခဲ့တာကြောင့် ဂျူဗီ တို့ ပင်နယ်တီ ရရှိ ခဲ့ပြီး ရော်နယ်ဒို ကပဲ ဒီပွဲရဲ့ ဟက်ထရစ် ကန်သွင်းယူ ပေးခဲ့ကာ တူရင် ကလပ်ကို ၂ ကျော့ပေါင် ၃ – ၂ နဲ့ အတူ သောကြာနေ့မှာ ပြုလုပ်မယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲပွဲကို ရောက်ရှိ စေခဲ့ ပါတယ် ။

Realman

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *