မင္းကြန္း ပုထိုးေတာ္ႀကီးသမိုင္း

By / 2 weeks ago / Blog / No Comments
မင္းကြန္း ပုထိုးေတာ္ႀကီးသမိုင္း

မင္းကြန္း ပုထိုးေတာ္ႀကီးသမိုင္း

၁၇၉၀ ျပည့္က ဘိုးေတာ္မင္း ဘုရားသည္ သူ႔နန္းဌါနသို႔ အလည္အပါတ္ေရာက္ရွိလာေသာ စိနတိုင္း(တ႐ုပ္ျပည္)ျပည္မွ ဘုရင္ကုိယ္စားလွယ္ေတာ္ တမန္အဖဲြ႕က လက္ေဆာင္ ပဏၰာပါးလာသည့္ ဗုဒၶစြယ္ေတာ္ တဆူအား ဌာပနာေတာ္မူရန္အတြက္ ကမာၻ႕အၾကီးဆံုး ပုထုိးႀကီးတစ္ဆူ တည္ေဆာက္ ပူေဇာ္ေတာ္မူရန္ စိတ္အားထက္သန္ေတာ္ မူခဲ့ပါသည္။

ပုထိုးေတာ္ႀကီး တည္ေဆာက္လိုသည့္ အဓိက ရည္ရြယ္ခ်က္မွာ သူမည္မွ် ဘုန္းတန္ခိုး အာႏုေဘာ္ႀကီးမားေၾကာင္း၊ ဘုန္းတန္ခိုး ေတာ္ေတာ္တန္တန္ မွ်မဟုတ္ ေၾကာင္း ျပသဖို႔ပဲ ျဖစ္ပါေလေတာ့သည္။

သူက ၁၇၉၀ ခုႏွစ္တြင္ မႏၱရာၾကီး သို႔မဟုတ္ မင္းကြန္း ပုထိုးၾကီးကို စတင္ တည္ေဆာက္ ေတာ္မုူပါသည္။ ဘိုးေတာ္ဘုရား ကိုယ္ေတာ္တိုင္ ၾကီးၾကပ္တည္ေဆာက္ႏိုင္ရန္ အလုိ႔ငွာ စံျမန္းရာနန္းေတာ္မွ ဧရာ၀တီ ျမစ္အတြင္းရွိ ကြ်န္းတစ္ခုေပၚတြင္ ( ၁၇၉၇)ခုႏွစ္ တုိင္ေအာင္ ေျပာင္းေရႊ စံျမန္းေန ထိုင္ေတာ္မူခဲ့ပါသည္။ ထိုအခ်ိန္တြင္ ေငြကုန္လူပန္း ႏွင့္ ပုထိုးတည္ေသာအလုပ္ကိုဆက္လုပ္ရန္ ခက္ခဲလာပါေတာ့သည္။

သူ႔ဆႏၵက သူ႔ပုထိုးေတာ္ႀကီးကို ( ၁၅၂ )မီတာ သို႔မဟုတ္ ( ၄၉၉ ) ေပအျမင့္ ေဆာက္ရန္ ရည္ရြယ္ခဲ့ပါသည္။ သို႔ေသာ္ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ပုထိုးေတာ္ တည္မႈ ရပ္ဆိုင္းလုိက္ရေသာအခါ ေဆာက္ တည္လက္စ တမ္းလမ္း အေနအထား မွာပင္ ဥာဏ္ေတာ္ မီတာ ( ၆၀ )သို႔မဟုတ္ ( ၁၉၈ ) ေပသာ ရွိေနပါေသးသည္။

သူ႔၏ ေအာက္ဆံုးဆင့္ စၾကၤန္သည္ပင္ေပ ( ၄၅၀ )သို႔မဟုတ္( ၁၃၇ )မီတာစတုရန္း အရြယ္ရွိပါ သည္။ အလား ( ၄ )ရပ္ တဖက္စီမွ မုဒ္ဦးေပၚထြက္လာၾကျပီး ဘုရားေဆာင္တို႔ကလည္း အသင့္ရွိေနပါေပသည္။

ဘိုးေတာ္ဘုရားသည္ ဘုရားအေဆာင္တို႔ကို ခဲနားသတ္၍ ၊ ယင္းအတြင္း၀ယ္ ေရႊဆင္းတု( ၁၅၀၀ )ဆူ ၊ ေငြဆင္းတု ( ၂၅၃၄ )ဆူ ၊အျပင္ အျခား ဌာပနာ( ၃၇၀၀၀ ) တို႔အား သြတ္သြင္းေလရာတြင္ ၊ထိုစဥ္ကာလ တီထြင္ခါစ ၊အစဦးဆံုး ေဆာ္ဒါရည္ ေဖါက္စက္ နမူနာ( ၁ )လံုး ပင္ပါေသးသည္ဟု ဘုိးေတာ္ဘုရား နန္းေတာ္သို႔ ေရာက္ရွိခဲ့သည့္ ျဗိတိသွ်သံ အရာရွိဘဟီရန္ေကာက္စ္ ေျပာျပသည္မွာ အဆန္း အျပားပင္ ျဖစ္ေနပါေသးသည္။

( ၁၈၃၈ )ခုငလ်င္ဒဏ္ေၾကာင့္ ပုထိုးၾကီး၏ ပထမအဆင့္မွာ ေအာက္ဘုရားေဆာင္ အတြင္း ပစ္လဲျပိဳက်၍ ျမစ္မ်က္ႏွာျပင္အား တင္ႀကိဳကာကြယ္ထားေသာ ျခေသၤ့ကိုယ္ ၊ဂဠဳန္ ႏႈတ္သီးႏွင့္ဂဠဳန္ေတာင္ အႀကီးအမား တစံုလည္းပ်က္ျပား ဆံုးရံႈးခဲ့ရပါေလသည္။

သို႔ပင္ေသာ္ျငားလည္း မင္းကြန္းပုထိုးေတာ္ႀကီးသည္ မျပီးမျပတ္ က်န္လ်က္ တန္းလန္းႏွင့္ပင္သူ႕အား ဆက္ခံ စိုးစံခဲ့ေသာ မည္သည့္ သား ၊ ေျမး စဥ္ဆက္ကမွ( ၁၈၁၉ )ခုႏွစ္အတြင္းသူအနိစၥေရာက္သည့္ ေနာက္၌ပင္ ဆက္လက္ ေဆာက္လုပ္ျခင္း မေဆာင္ရြက္ၾကပါေတာ့ေခ်။

အပ်က္အစီး အပံုၾကီးသည္( ၃၂၈ )ေပအထိ ရွိၿပီး မင္းကြန္း ေခါင္းေလာင္းၾကီး ၏ ေတာင္ဘက္တြင္ ယခုတိုင္ ခန္႔ခန္႔ထည္ထည္ ရပ္တည္လ်က္ပင္ ရွိေနပါေတာ့သည္။

Credit….မူရင္းေရးသား တင္ျပသူ

Unicode

မင်းကွန်း ပုထိုးတော်ကြီးသမိုင်း

၁၇၉၀ ပြည့်က ဘိုးတော်မင်း ဘုရားသည် သူ့နန်းဌါနသို့ အလည်အပါတ်ရောက်ရှိလာသော စိနတိုင်း(တရုပ်ပြည်)ပြည်မှ ဘုရင်ကိုယ်စားလှယ်တော် တမန်အဖွဲ့က လက်ဆောင် ပဏ္ဏာပါးလာသည့် ဗုဒ္ဓစွယ်တော် တဆူအား ဌာပနာတော်မူရန်အတွက် ကမ္ဘာ့အကြီးဆုံး ပုထိုးကြီးတစ်ဆူ တည်ဆောက် ပူဇော်တော်မူရန် စိတ်အားထက်သန်တော် မူခဲ့ပါသည်။

ပုထိုးတော်ကြီး တည်ဆောက်လိုသည့် အဓိက ရည်ရွယ်ချက်မှာ သူမည်မျှ ဘုန်းတန်ခိုး အာနုဘော်ကြီးမားကြောင်း၊ ဘုန်းတန်ခိုး တော်တော်တန်တန် မျှမဟုတ် ကြောင်း ပြသဖို့ပဲ ဖြစ်ပါလေတော့သည်။

သူက ၁၇၉၀ ခုနှစ်တွင် မန္တရာကြီး သို့မဟုတ် မင်းကွန်း ပုထိုးကြီးကို စတင် တည်ဆောက် တော်မုူပါသည်။ ဘိုးတော်ဘုရား ကိုယ်တော်တိုင် ကြီးကြပ်တည်ဆောက်နိုင်ရန် အလို့ငှာ စံမြန်းရာနန်းတော်မှ ဧရာဝတီ မြစ်အတွင်းရှိ ကျွန်းတစ်ခုပေါ်တွင် ( ၁၇၉၇)ခုနှစ် တိုင်အောင် ပြောင်းရွှေ စံမြန်းနေ ထိုင်တော်မူခဲ့ပါသည်။ ထိုအချိန်တွင် ငွေကုန်လူပန်း နှင့် ပုထိုးတည်သောအလုပ်ကိုဆက်လုပ်ရန် ခက်ခဲလာပါတော့သည်။

သူ့ဆန္ဒက သူ့ပုထိုးတော်ကြီးကို ( ၁၅၂ )မီတာ သို့မဟုတ် ( ၄၉၉ ) ပေအမြင့် ဆောက်ရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် ပုထိုးတော် တည်မှု ရပ်ဆိုင်းလိုက်ရသောအခါ ဆောက် တည်လက်စ တမ်းလမ်း အနေအထား မှာပင် ဉာဏ်တော် မီတာ ( ၆၀ )သို့မဟုတ် ( ၁၉၈ ) ပေသာ ရှိနေပါသေးသည်။

သူ့၏ အောက်ဆုံးဆင့် စြင်္ကန်သည်ပင်ပေ ( ၄၅၀ )သို့မဟုတ်( ၁၃၇ )မီတာစတုရန်း အရွယ်ရှိပါ သည်။ အလား ( ၄ )ရပ် တဖက်စီမှ မုဒ်ဦးပေါ်ထွက်လာကြပြီး ဘုရားဆောင်တို့ကလည်း အသင့်ရှိနေပါပေသည်။

ဘိုးတော်ဘုရားသည် ဘုရားအဆောင်တို့ကို ခဲနားသတ်၍ ၊ ယင်းအတွင်းဝယ် ရွှေဆင်းတု( ၁၅၀၀ )ဆူ ၊ ငွေဆင်းတု ( ၂၅၃၄ )ဆူ ၊အပြင် အခြား ဌာပနာ( ၃၇၀၀၀ ) တို့အား သွတ်သွင်းလေရာတွင် ၊ထိုစဉ်ကာလ တီထွင်ခါစ ၊အစဦးဆုံး ဆော်ဒါရည် ဖေါက်စက် နမူနာ( ၁ )လုံး ပင်ပါသေးသည်ဟု ဘိုးတော်ဘုရား နန်းတော်သို့ ရောက်ရှိခဲ့သည့် ဗြိတိသျှသံ အရာရှိဘဟီရန်ကောက်စ် ပြောပြသည်မှာ အဆန်း အပြားပင် ဖြစ်နေပါသေးသည်။

( ၁၈၃၈ )ခုငလျင်ဒဏ်ကြောင့် ပုထိုးကြီး၏ ပထမအဆင့်မှာ အောက်ဘုရားဆောင် အတွင်း ပစ်လဲပြိုကျ၍ မြစ်မျက်နှာပြင်အား တင်ကြိုကာကွယ်ထားသော ခြင်္သေ့ကိုယ် ၊ဂဠုန် နှုတ်သီးနှင့်ဂဠုန်တောင် အကြီးအမား တစုံလည်းပျက်ပြား ဆုံးရှုံးခဲ့ရပါလေသည်။

သို့ပင်သော်ငြားလည်း မင်းကွန်းပုထိုးတော်ကြီးသည် မပြီးမပြတ် ကျန်လျက် တန်းလန်းနှင့်ပင်သူ့အား ဆက်ခံ စိုးစံခဲ့သော မည်သည့် သား ၊ မြေး စဉ်ဆက်ကမှ( ၁၈၁၉ )ခုနှစ်အတွင်းသူအနိစ္စရောက်သည့် နောက်၌ပင် ဆက်လက် ဆောက်လုပ်ခြင်း မဆောင်ရွက်ကြပါတော့ချေ။

အပျက်အစီး အပုံကြီးသည်( ၃၂၈ )ပေအထိ ရှိပြီး မင်းကွန်း ခေါင်းလောင်းကြီး ၏ တောင်ဘက်တွင် ယခုတိုင် ခန့်ခန့်ထည်ထည် ရပ်တည်လျက်ပင် ရှိနေပါတော့သည်။

Credit….မူရင်းရေးသား တင်ပြသူ

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *