ဆန်ကွဲမုန့်လှူ၍ ချက်ချင်း သူဌေးဖြစ်ရသူ

By / 1 month ago / Blog / No Comments
ဆန်ကွဲမုန့်လှူ၍ ချက်ချင်း သူဌေးဖြစ်ရသူ

ဆန်ကွဲမုန့်လှူ၍ ချက်ချင်း သူဌေးဖြစ်ရသူ

ဘုန်းတော်ကြီးတော်မူသော ဂေါတမမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် အနာထပိဏ်သူဌေးကြီးသည် ဆောက်လုပ် လှူဒါန်း အပ်သော သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ လျောင်း ထိုင် ရပ်သွား လေးပါး ဣရိယာ သာယာရွှင်ပျော် သီတင်း သုံးနေတော် မူ စဉ်………

ထိုသာဝတ္ထိမြို့တွင်း၌ ရံခါ တစ်ဦးသာလျှင်ဖြစ်သော အမျိုးကောင်းသားသည် ဘုရား အမှူး ရှိသော သံဃာတော်အရှင်သူမြတ်တို့အား ယာဂု၊ ခဲဖွယ်တို့ကို လှူဒါန်း၏။ ရံခါ နှစ်ဦး၊ ရံခါ သုံဦးစသည်ဖြင့် လှူဒါန်းကြကုန်၏။ ရံခါ လေးငါးဦး၊ ရံခါ အသင်းအဖွဲ့လိုက်၊ ရံခါ မြို့ သူ မြို့သား များ အား လုံး ပေါင်းလျက် လှူဒါန်း ကြကုန်၏။

ထိုအချိန်တွင် သာဝတ္ထိမြို့ထဲ၌ မဟာဒုဂ္ဂတမည်သော လွန်စွာဆင်း ရဲရှာသည့် အမျိုးသား တစ် ယောက် သည်လည်း ရှိ၏။ ထို အမျိုး သားသည် “အများ သူငါတို့ကား ဘုရား အမှူး ရှိသော သံဃာ တော် တို့အား မွန် မြတ်လှစွာ သော ယာဂု၊ ခဲဖွယ်တို့ကို လှူဒါန်း ဆက်ကပ် ကြကုန်၏။

ငါသည်ကား အင်မတန်ဆင်းရဲလှသည်ဖြစ်၍ အများသူငါကဲ့သို့ ယာဂုတော့ မလှူနိုင်။ ခဲဖွယ်သာ လှူနိုင်၏”ဟု တွေးကား ဘုရားအမှူး ရှိသော သံဃာတော်တို့အား ခဲဖွယ်လှူဖို့ရန် ဆုံး ဖြတ် လိုက် လေသည်။ ထိုဆင်းရဲသော မဟာဒုဂ္ဂတအမျိုးသားသည် သိမ်မွေ့စွာသော ဆန်ကွဲကို ထောင်း ၍ ရေဖြင့်ဆွတ်လျက် မရိုးရွက်ဖြင့်ထုပ်ကာ ပြာပူ၌ဖုတ်ပြီး ဘုရား ရှင်အလာကို စောင့်နေလေသည်။

မြတ်စွာဘုရားရှင် ကြွလာတော်မူသောအခါ “ခဲဖွယ်ကို ယူခဲ့ကြကုန်လော့”ဟု မိန့်တော်မူရာ တစ် ပါး သော သူတို့ လှူအပ်သော ခဲဖွယ်ကို အလှူခံတော်မမူဘဲ မဟာဒုဂ္ဂတသည် လှူအပ်သော ခဲဖွယ် ကို သာ အလှူခံတော် မူလေသည်။ မြတ်စွာဘုရားရှင်သည် မဟာ ဒုဂ္ဂတ လှူ အပ် သော ခဲဖွယ်ကို ယုတ် ညံ့သည်ဟု သ ဘောမထားဘဲ နတ်သုတ်ဓာကို ဘုဉ်းပေးရသကဲ့သို့ ကြည်ကြည်ဖြူဖြူ ဘုဉ်း ပေး တော်မူ လေသည်။

ထိုသို့ မဟာဒုဂ္ဂတ၏ ခဲဖွယ်ကို ဘုဉ်းပေးသည်ဟူသောသတင်းသည် သာဝတ္ထိမြို့တွင်း၌ ဘုရင်၊ မူး မတ်၊ ပုရောဟိတ်ကအစ တံခါးစောင့် အဆုံး ပျံ့နှံ့သွားလေရာ တိုင်းသူပြည်သားတို့သည် ဘု ရား ရှင် ကို ရှိခိုး၍ မဟာဒုဂ္ဂတအထံသို့ ချဉ်းကပ်ကာ “အချင်းဒုဂ္ဂတ သင်၏ ကု သိုလ် ကောင်းမှု အဖို့ကို ငွေး ကြေးပိုက်ဆံ ယူ၍ ငါတို့အား မျှဝေပါလော့”ဟု ပြောဆိုကြလေသည်။

မဟာဒုဂ္ဂတသည်လည်း “ဘုရားရှင်ထံ လျှောက်ပါ”ဟု ပြောလေရာ ဘုရားရှင်က “ငွေး ကြေး ယူ ၍ ဖြစ် စေ၊ မယူဘဲဖြစ်စေ အ မျှေ ပးဝေ လိုက် ပါလော့”ဟု မိန့်တော်မူလိုက်ရာ အချို့မှာ တစ်ရာ၊ နှစ် ရာ ပေး ၏။ အချို့မှာ ထို့ထက်နှစ်ဆ၊ သုံးဆတိုး၍ ပေးကြလေရာ ထိုနေရာ တွင်ပင် မဟာဒုဂ္ဂတအထံ၌ ရွှေကိုးကုဋေတို့တိုင်တိုင် ရရှိခဲ့လေသည်။

မြတ်စွာဘုရားရှင်သည် ရောက် လာ ကြသော ပရိသတ် အပေါင်းအား အနုမောဒနာ တရားဟော ကြား တော်မူ ပြီး၍ ကျောင်းတော်သို့ ကြွတော်မူကာ ဘုရားရှင်တို့၏ ဩဝါဒစကား ချီးမြှင့် တော် မူ လေသည်။ မင်းသည်လည်း ညချမ်းကာလ၌ မဟာဒုဂ္ဂတကိုခေါ်၍ သူဌေး ရာထူးပေးလေသည်။ တ ရား သဘင်သို့ ရောက်တော်မူကြကုန်သော ရဟန်းတို့သည် ငါတို့၏ ဘုရားရှင်သည် မဟာဒုဂ္ဂတ၏ ခဲဖွယ်ကို ယုတ်ညံ့သည်ဟူ၍ တွေးတော်မမူဘဲ အမြိုက်သုဓာဘုတ်ကဲ့သို့ ဘုဉ်းပေးတော်မူကြောင်း…

ထိုသတင်းမှာ သဝတ္ထိမြို့အတွင်း တမုဟုတ်ချင်း ပျံ့နှံ့သွားကြောင်း၊ မဟာဒုဂ္ဂတမှာ ရွှေကိုး ကုဋေ တို့တိုင်တိုင် ရရှိပြီးနောက် ညချမ်း ရောက်သောအခါ မင်းကြီးက သူဌေး ရာထူး ပေးအပ် လိုက် ကြောင်း ပြောဆို နေကြစဉ် တရား သဘင်သို့ ဘုရားရှင် ရောက် တော် မူ လာရာ “ယခု ငါ ဘုရား လာသော အချိန် ၌ သင် ချစ်သားတို့ အဘယ်မည်သောစကားကို ပြောဆိုနေကြသနည်း”ဟု မေး တော် မူ ရာ ရဟန်းတော်များက အလုံးစုံ လျှောက်ထားကြလေသည်။

ထိုအခါတွင် ဘုရားရှင်က “ချစ်သားရဟန်းတို့၊ မဟာဒုဂ္ဂတသည် ယခုဘဝ၌သာ ငါဘုရားကို မှီ၍ ဆင်းရဲမှလွတ်မြောက်ကာ ကြီးပွား ချမ်းသာ သွားသည်မဟုတ်သေး။ အတိတ် ဘဝ တစ်ခု တုန်း က လည်း ငါ ဘုရားကို မှီ၍ ကြီးပွားချမ်းသာခဲ့ဖူးပေပြီ”ဟု မိန့်တော်မူပြီး မဟာဒုဂ္ဂတ၏ အ တိတ် ဘ ဝ ဇာတ် ကြောင်း ကို ဟော တော် မူ လေ သည်။

ရှေးအခါက ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းကြီးမင်းပြုစဉ် ဘုရားအလောင်းသည် တစ်ခုသော အရပ်၌ ရှိသော ကြက်ဆူပင်၌ ကြက် ဆူပင် စောင့်နတ်ဖြစ်လေသည်။ ထိုဗာရာဏသီပြည်ရှိ လူတို့ သည် နတ်တို့ကို ပူဇော်ကိုးကွယ်ကြရကား တစ်ခုသော ပွဲလမ်း သဘင် ရောက် သော် လူအပေါင်း တို့သည် မိမိတို့ကိုးကွယ်သော နတ်တို့အထံသို့ ပန်း၊ နံ့သာ၊ ခဲဖွယ်၊ ဘောဇဉ်များယူဆောင်လျက် သွားကြကုန် ၏။

ထိုအခြင်းအရာကိုမြင်သော တစ်ယောက်သော ဆင်းရဲသားသည်လည်း “ငါလည်း အခြား သူများ ကဲ့သို့ ပူဇော်ကိုးကွယ်လို၏။ အခြား သူများ ကဲ့သို့ ငါ၌ ပစ္စည်းဥစ္စာများမပြည့်စုံရကား ဖွယ် ဖွယ် ရာရာ တော့ မလှူနိုင်ပေ”ဟုတွေးကာ ကြက်ဆူပင်တစ်ပင်ကို ရှင်းကာ ထို ကြက်ဆူပင်စောင့်နတ်အား ဆန်ကွဲဖြင့်ပြုလုပ်ထားသော ခဲဖွယ်နှင့် ရေတစ်မှုတ်တို့ကို ပူဇော်ပသလေသည်။

ထိုသို့ ပူဇော်ပြီး နောက် “နတ်တို့်မည်သည်ကား နတ်သုဒ္ဓါတို့ကိုသာ သုံးဆောင်၏။ ငါ၏ ယုတ် ညံ့ လှ စွာသော ဆန်ကွဲခဲဖွယ်ကို သုံး ဆောင် လိမ့်မည်မဟုတ်ချေ။ ငါသည်ပင် စားလိုက် ပါ တော့ မည်” ဟု တွေးကာ ကပ်ပြီးသော ခဲဖွယ်တို့ကို ပြန်ယူပြီး စားရန် ဟန်ပြင် လိုက်လေသည်။ ထိုအချိန်တွင် ကြက် ဆူပင်စောင့် ဘုရား လောင်း နတ်မင်းသည် ကိုယ်ထင်ပြကာ “အို လူသား၊ သင်သည် အကယ်၍ ချမ်းသာသောပုဂ္ဂိုလ်ဖြစ်လတံ့။

ငါသည် သင်၏ ခဲဖွယ်ကို အဘယ့်ကြောင့် သုံးဆောင်ရပါအံ့နည်း။ ယခုအခါ၌ သင်သည်ကား ဆင်းရဲ လှစွာ၏။ ငါသည် သင်၏ ခဲဖွယ် တို့ကို သုံးဆောင်ပေမည်။ ငါ၏အဖို့ကို ငါ့ကိုသာလျှင် ပေးသင့်၏”ဟု ပြောကာ ပျောက်ကွယ်သွားလေသည်။

ဆင်းရဲသားသည် ဘုရားလောင်းကြက်ဆူပင်စောင့်နတ်မင်း၏စကားကို ကြားရပြီးနောက် လွန်စွာ နှစ်သက် ဝမ်းမြောက်ခြင်းဖြစ် လေ ရကား ခဲဖွယ်နှင့် ရေတစ်မှုတ်တို့ကို ရိုရိုသေသေ လှူ ဒါန်း လေ သည်။ ကြက် ဆူပင် စောင့်နတ် သည် ထိုခဲဖွယ်မှ ဩဇာဓာတ်ကိုသာ သုံးဆောင်ပြီး “အိုလူသား၊ သင် သည် အဘယ် ကြောင့် ငါ့အား ပေးလှူပူဇော်ရသနည်း” ဟုမေးရာ “ကျွန်ုပ်သည်ကား လွန်စွာ ဆင်းရဲ လှပါ၏။

သင်နတ်မင်းကို လှူရခြင်းကြောင့် ဆင်းရဲမှကင်းကွာ၍ ချမ်းသာခြင်းသို့ ရောက်လိုသောကြောင့် ယခုကဲ့သို့ ပေးလှူ ပူဇော် ရခြင်းဖြစ် ပါသည်” ဟု ပြန်ပြောလေသည်။ နတ်မင်းကလည်း “သင်သည် သူတစ်ပါး၏ကျေးဇူးကို အထူးသိတတ်လှသော ငါ၏အထံ၌ ကု သိုလ် ကောင်း မှုများကို ပြုခဲ့သော ကြောင့် သင့်အား ကျေးဇူးပြန်၍ ဆပ်ပါမည်။ ငါနေသော ကြက်ဆူပင်အရင်း၍ နှုတ်ခမ်း ချင်းထိစပ် လျက် ပတ်ပတ်လည်၌ တည်နေသော ရွှေအိုးပေါင်းများစွာ ရှိပေ၏။

မင်းကြီးအား အသိပေးပြီး ထိုရွှေအိုးတို့ကို လာရောက် တူးဖော်ပါစေလော့”ဟု ပြောဆိုလေသည်။ ကြက်ဆူပင်စောင့်နတ် မင်းပြော သည့် အတိုင်း ပြုလုပ်လေရာ များပြားလှစွာသော ရွှေအိုးတို့ကို တွေ့ ရှိ ရလေသည်။ ၎င်းတို့ကို မင်းရင်ပြင်သို့ လှည်းတို့ဖြင့် သယ်ဆောင်ပြီး မင်းကြီးအား ဆက်သရာ ထို ဆင်းရဲသား သည် တစ်နေ့အတွင်းမှာပင် ဗာရာဏသီမြို့၏ သူဌေးရာထူးကို ရရှိလေသည်။

သုံးသပ်ချက်

ဤဇာတ်တော်၌ ဒါန၏အကျိုးတရားကား မည်မျှ ကြီးမားပုံကို ခရေစေ့ တွင်းကျ သိရှိနိုင်ပေသည်။ ပေးလှူသူ၏ သဒ္ဓါတရားနှင့် ပေးလှူအပ် မည့် ပစ္စည်းဝတ္ထုတို့ မွန်မြတ်သန့်ရှင်းနေလျှင် အလှူခံပုဂ္ဂိုလ်မှာ ကြက်ဆူပင်စောင့်နတ်ပင်ဖြစ်သော်လည်း လွန်စွာ အကျိုးများ ပုံကို မှတ် သားဖွယ်ရာ တွေ့မြင်နိုင် ပေ သည်။

ကံတရားဟူသည် အတိတ်ဘဝက ပြုလုပ်ဆည်းပူးခဲ့သော ကံနှင့် ယခုပစ္စုပ္ပန်ဘဝ၌ ပြုလုပ် ဆည်းပူး အပ်သော ကံဟူ၍ နှစ် မျိုးနှစ် စားရှိပေရာ အတိတ်ကုသိုလ်ကံတို့၏ အကျိုးပေးခွင့် ကြုံနိုင်စေဖို့ ရန်လက် ရှိ ပစ္စုပ္ပန်ကံတို့ဖြင့် ထောက်ပံ့ပေးရလေသည်။ အတိတ် ကုသိုလ်ကံ များ မည်မျှပင် ရှိသော် လည်း ပစ္စုပ္ပန်ကံတို့ဖြင့် ထောက်ပံ့ပေးခြင်းမရှိလျှင် အတိတ်ကုသိုလ်ကံတို့ အကျိုးပေးခွင့် ရလိမ့်မည် မဟုတ် ပေ။

ကံတရားတို့၏ အကျိုးပေးဆန်းကြယ်ပုံကား များစွာ အံ့ဩစရာကောင်းလှပေသည်။ အချို့သူများမှာ အတိတ်ကံမရှိသည့်အတွက် ပစ္စုပ္ပန်ကံများ မည်မျှပင်ပြုလုပ်ပါသော်လည်း ကံအကျိုးပေးခွင့် မကြုံ သေးလျှင်၊ အကုသိုလ်ကံများ အကျိုးပေးခွင့် ကြုံနေလျှင် ကုသိုလ်ကံများက ခေတ္တခဏ စောင့် ဆိုင်း နေရလေ့ ရှိသည်ကို ဤ ဝတ္ထု၌ တွေ့ မြင် နိုင် ပေသည်။

ထို့အပြင် ကတညုတ ကတဝေဒီပုဂ္ဂိုလ်ဖြစ်သော သူတစ်ပါး၏ ကျေးဇူးကို သိတတ်သော ပုဂ္ဂိုလ်များ နှင့် ခင်မင်ပေါင်းသင်း မိတ်ဆွေဖြစ်ရလျှင်လည်း မိမိအတွက် ကောင်းကျိုးများ ဖြစ်ထွန်းနိုင်ပုံကို သိရှိ ရ ပေသည်။

မင်းကောင်းမင်းမြတ်တို့ အုပ်ချုပ်သော နိုင်ငံတော်အတွင်း နေရပါလျှင် လူ တစ် ယောက်၏ ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရနိုင်ပုံကိုလည်း ဤဝတ္ထုလာ သူဆင်းရဲက ရွှေအိုး များတွေ့၍ မင်းကိုပြောရာ မင်းက သူဌေးရာထူးပေးအပ်ပုံကို ထောက်ဆလျှင် သိနိုင်ပေသည်။

မောင်ခေမိန်(မကွေး)

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *