တပည့္ေရ ဆရာ့ကိုခြင့္လႊတ္ေပးၾကပါ…… ေအာင္ခ်က္နဲ႔ ဂုဏ္ထူးက ေလာေလာဆယ္ ႏိုင္ငံေတာ္ရဲ႕ အလိုခ်င္ဆုံး product ေတြ ျဖစ္ေနေတာ့…..

By / 1 month ago / Blog / No Comments
တပည့္ေရ ဆရာ့ကိုခြင့္လႊတ္ေပးၾကပါ…… ေအာင္ခ်က္နဲ႔ ဂုဏ္ထူးက ေလာေလာဆယ္ ႏိုင္ငံေတာ္ရဲ႕ အလိုခ်င္ဆုံး product ေတြ ျဖစ္ေနေတာ့…..

တပည့္ေရ ဆရာ့ကိုခြင့္လႊတ္ေပးၾကပါ…… ေအာင္ခ်က္နဲ႔ ဂုဏ္ထူးက ေလာေလာဆယ္ ႏိုင္ငံေတာ္ရဲ႕ အလိုခ်င္ဆုံး product ေတြ ျဖစ္ေနေတာ့…..

အရက္ဆိုင္ထဲမွာ အရက္ေသာက္ေနတဲ့တပည့္က လမ္းမေပၚ ကေန လမ္းေလွ်ာက္ လာတဲ့ ဆရာကို ျမင္ေတာ့ ေနာက္ကေန လိုက္လာၿပီး ၿပဳံးၿဖဲၿဖဲနဲ႔လာႏႈတ္ဆက္တယ္။

လက္ဖက္ရည္ဆိုင္ထဲဝင္တုန္းက ေသာက္လက္စ ေဆးလိပ္ကေလးဝွက္ၿပီး ဆရာ ေနေကာင္းလား ဘာလား လာလာ ႏႈတ္ဆက္တဲ့ တပည့္မ်ိဳးနဲ႔ႀကဳံဖူးတယ္။

တစ္ခါတစ္ေလ ေဘာလုံးကြင္းသြားရင္ ဆရာ ဝင္ကန္လို႔ ရေအာင္ ခဏ ထြက္ေပးမယ့္ တပည့္ မ်ိဳး လည္း ႀကဳံဖူး တယ္။

ပ်က္ေနတဲ့ ကိုယ့္ဆိုင္ကယ္ ေလးကို ေစတနာ ပါပါ ျပင္ေပးၿပီး ဆိုင္ကယ္ ျပင္ခကို ဘယ္လို ေပးေပး မယူတဲ့ အက်ႋမွာ ဆီေခ်း အထပ္ထပ္နဲ႔ တပည့္မ်ိဳး နဲ႔လည္း ႀကဳံဖူးခဲ့ တယ္။

အမွန္အတိုင္းေျပာရရင္ သူတို႔ေလးေတြက ကိုးတန္း ဆယ္တန္းတုန္းက စာမေတာ္ခဲ့ဘူး။ သူတို႔ ေလးေတြ အတြက္ ကြၽန္ေတာ္ သိပ္ၿပီး မႀကိဳးစား ေပးမိခဲ့ဘူး။

ဂုဏ္ထူးရမယ့္ တပည့္ေလး ေတြေလာက္ အားမကိုး မိခဲ့ဘူး။ ဆယ္တန္း ေအာင္ခ်က္နဲ႔ ဂုဏ္ထူး ရေရး ကိုသာ အဓိက ေပးၿပီး ႀကိဳးစား ခဲ့မိတယ္။

ေအာင္သြားသူေတြ ဂုဏ္ထူး ရသြားသူေတြ အတြက္ ကြၽန္ေတာ္ ဂုဏ္ယူ မိခဲ့တာ အမွန္ပဲ။

ဒါေပမယ့္ ဆယ္တန္း မေအာင္ဘဲ အျပင္မွာ ဘဝကို ႐ုန္းကန္ ေနတဲ့ တပည့္ေတြ အတြက္ ဂုဏ္ယူ ေပးဖို႔ ကြၽန္ေတာ္ ေမ့ေနခဲ့ မိတယ္။

တစ္ခ်ိဳ႕ဆယ္တန္းေအာင္ တပည့္ေတြက ကိုယ့္ကို ႏႈတ္ဆက္ဖို႔ တြန႔္ဆုတ္ ေနခ်ိန္မွာ အျပင္ ေရာက္ သြားတဲ့ ကေလးက အရက္မူးမူူးနဲ႔ လာႏႈတ္ဆက္ေနတယ္။

ဂုဏ္ထူး ရဖို႔ ဖိၿပီး ႀကိဳးစား လုပ္ေပး ခဲ့တဲ့ တပည့္ထက္ မထင္ မွတ္ဘဲ ေအာင္သြားတဲ့ တပည့္က ကိုယ့္ကို ေတြ႕တိုင္း ႏႈတ္ဆက္ ၿပဳံးျပ ေဖာ္ရတယ္။

လက္ဖက္ရည္ ဆိုင္မွာ တကၠသိုလ္ ေက်ာင္းသားႀကီးက game ကစား မပ်က္ေပမယ့္ ဆယ္တန္း မေအာင္ဘဲ အျပင္ ေရာက္သြားတဲ့ ကေလးက ေဆးလိပ္ ကေလး ဝွက္ၿပီး လာ ႏႈတ္ဆက္ တယ္။

ကိုယ္ဟာ တစ္ခ်ိဳ႕ တပည့္ေတြ အတြက္ hero တစ္ေယာက္ပါလို႔ ကိုယ္ကိုယ့္ကို ထင္ခဲ့မိတယ္။ တကယ္ေတာ့ အဲဒီတပည့္ေတြက ကိုယ့္ကို သတိရပုံေတာင္ မေပၚဘူး။

ဒါေပမယ့္ ကိုယ္သတိမထားမိတဲ့ တပည့္ေတြက ကိုယ့္ကို hero တစ္ေယာက္အျဖစ္ သတ္မွတ္ ထားတာ ရွိတယ္ဆိုတာကို ေတြ႕လာရတယ္။

ေအာင္ခ်က္နဲ႔ ဂုဏ္ထူးက ဆရာေတြအတြက္ ဂုဏ္ယူစရာျဖစ္ေနခဲ့ေတာ့ ပညာမေတာ္တဲ့ တပည့္ ေလးေတြက ဂုဏ္ငယ္ စရာေတြ ေပးသလို ျဖစ္ေနခဲ့တယ္။

အခုေတာ့ နားလည္လာပါၿပီ။ ကြၽန္ေတာ္တို႔ကိုယ္တိုင္က ပညာေနာက္လိုက္ရင္း စိတ္ဓာတ္နဲ႔ စည္းကမ္း ေတြကို ေမ့လာ ၾကတယ္။ စိတ္ဓာတ္ ေလးေတြကို ျပင္ေပးဖို႔ ထက္ က်က္ထား၊ တြက္ထားတဲ့ စာ အမွားေတြကို ျပင္ေပးဖို႔ စိတ္သန္ေန ခဲ့တယ္။

လူ႔ေဘာင္စည္းမ်ဥ္းနဲ႔အညီေနတတ္ဖို႔ထက္ အမွတ္ေပးစည္းမ်ဥ္းနဲ႔အညီေျဖတတ္ဖို႔ကိုပဲ ဦးစား ေပးခဲ့ မိတယ္။

တကၠသိုလ္မွာအေပ်ာ္လြန္ၿပီး စာေမးပြဲက်တဲ့တပည့္ေတြရဲ႕သတင္းေတြၾကားမိေတာ့ ပုစာၦတြက္ နည္းေတြပဲ သင္ေပးခဲ့မိၿပီး ကိုယ့္ဘဝကိုယ္ ထိန္းနည္းေတြ မသင္ ေပးခဲ့မိတဲ့ ကြၽန္ေတာ့္ ကိုယ့္ကြၽန္ေတာ္ စိတ္မသန႔္ဘူး။

ပညာမေတာ္ခ်င္ေန ဘဝမွာ စိတ္ဓာတ္နဲ႔ စိတ္ကမ္းေကာင္းရင္ ထိပ္ဆဲုံး ေရာက္ႏိုင္ ေသးတယ္ဆိုတာ တပည့္ေတြကို ေျပာျပဖို႔ အႀကိမိႀကိမ္ဆြံ႕အ ခဲ့မိတယ္။

တပည့္ေရ ဆရာ့ကိုခြင့္လႊတ္ေပးၾကပါ။ ေအာင္ခ်က္နဲ႔ ဂုဏ္ထူးက ေလာေလာဆယ္ ႏိုင္ငံေတာ္ရဲ႕ အလိုခ်င္ဆုံး product ေတြ ျဖစ္ေနေတာ့ စိတ္ဓာတ္နဲ႔ စည္းကမ္းပိုင္းကို ေတာ္ေတာ္ေလး မေလး မထား ေပါ့ေလ်ာ့ မိခဲ့ပါတယ္။

စာရိတၱ အခ်ိန္တိုင္း physics စာအုပ္ ယူခိုင္းတုန္းက ယူခိုင္းၿပီးမွ ကြၽန္ေတာ္ တပည့္ေတြထဲက တစ္ခ်ိဳ႕က ဆရာေတြကို ႏႈတ္ဆက္ ေဖာ္ေတာ္မရဘူူးလို႔ ေျပာရင္ ကြၽန္ေတာ္ပဲလြန္မွာေပါ့။

ကာယ အခ်ိန္တိုင္း အဂၤလိပ္စာေတြ သင္ေပးခဲ့ၿပီးမွ ေနာက္လာတဲ့ ကေလးေတြ အားကစားမွာ ညံ့လာတယ္လို႔ ကြၽန္ေတာ္ မေဝဖန္ရဲေတာ့ဘူး။

ပန္ခ်ီ/ရသ/သက္ေမြးခ်ိန္မွာ သင္႐ိုးေနာက္ မမွီတဲ့ ဘာသာကို အစားထိုး တြန္းတိုက္ သင္တုန္းက သင္ၿပီးမွ ေခတ္ကေလး ေတြ တိုင္းတစ္ပါး ယဥ္ေက်းမႈကို အထင္ႀကီး လာတဲ့ အေၾကာင္း အာမေခ်ာင္ ခ်င္ေတာ့ဘူး။

ဘဝခ်ိန္မွာ ဘာသင္ရတာ လဲေတာင္ မသိတဲ့ ကေလးေတြ အမ်ားႀကီးဆိုေတာ့ လူမႈ ေနထိုင္ေရးနဲ႔ ဆက္ဆံေရးမွာ ဘယ္လို ယဥ္ေက်း လာေတာ့မလဲ။

ေအာင္ခ်က္နဲ႔ ဂုဏ္ထူး အေရးႀကီးနဲ႔စနစ္မွာ ဒါေတြကို တကူး တက လာသင္ေပးေနရင္ေရာ ဘယ္သူက အေလး ထားပါ့မလဲ။ ေျပာရင္ မုန႔္လုံးစကၠဴကပ္လာႏိုင္တယ္။

အစြယ္လို သူရယ္ အသြား ေစခိုင္းသူရယ္ ေလးပစ္သူ ကြၽန္ေတာ္တို႔ရယ္ အားလုံးက တစ္လမ္းထဲ ေလွ်ာက္ လာတာ ပဲေလ။

ပညာေတာ္ေပမယ့္ စိတ္ဓာတ္ ပ်က္လာတဲ့ တပည့္ေတြနဲ႔ စည္ကမ္း လိုက္နာႏိုင္စြမ္းနည္းတဲ့ တပည့္ေတြကို ျမင္မိတိုင္း ကိုယ္လည္း ႀကံရာပါ တစ္ေယာက္ ျဖစ္ခဲ့သလို ခံစားမိရင္း…….။

Credit: original writer

Photo by Internet

Unicode

တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ…… အောင်ချက်နဲ့ ဂုဏ်ထူးက လောလောဆယ် နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေ ဖြစ်နေတော့…..

အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ် ကနေ လမ်းလျှောက် လာတဲ့ ဆရာကို မြင်တော့ နောက်ကနေ လိုက်လာပြီး ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။

လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာ နေကောင်းလား ဘာလား လာလာ နှုတ်ဆက်တဲ့ တပည့်မျိုးနဲ့ကြုံဖူးတယ်။

တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာ ဝင်ကန်လို့ ရအောင် ခဏ ထွက်ပေးမယ့် တပည့် မျိုး လည်း ကြုံဖူး တယ်။

ပျက်နေတဲ့ ကိုယ့်ဆိုင်ကယ် လေးကို စေတနာ ပါပါ ပြင်ပေးပြီး ဆိုင်ကယ် ပြင်ခကို ဘယ်လို ပေးပေး မယူတဲ့ အင်္ကျိမှာ ဆီချေး အထပ်ထပ်နဲ့ တပည့်မျိုး နဲ့လည်း ကြုံဖူးခဲ့ တယ်။

အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့ လေးတွေ အတွက် ကျွန်တော် သိပ်ပြီး မကြိုးစား ပေးမိခဲ့ဘူး။

ဂုဏ်ထူးရမယ့် တပည့်လေး တွေလောက် အားမကိုး မိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူး ရရေး ကိုသာ အဓိက ပေးပြီး ကြိုးစား ခဲ့မိတယ်။

အောင်သွားသူတွေ ဂုဏ်ထူး ရသွားသူတွေ အတွက် ကျွန်တော် ဂုဏ်ယူ မိခဲ့တာ အမှန်ပဲ။

ဒါပေမယ့် ဆယ်တန်း မအောင်ဘဲ အပြင်မှာ ဘဝကို ရုန်းကန် နေတဲ့ တပည့်တွေ အတွက် ဂုဏ်ယူ ပေးဖို့ ကျွန်တော် မေ့နေခဲ့ မိတယ်။

တစ်ချို့ဆယ်တန်းအောင် တပည့်တွေက ကိုယ့်ကို နှုတ်ဆက်ဖို့ တွန့်ဆုတ် နေချိန်မှာ အပြင် ရောက် သွားတဲ့ ကလေးက အရက်မူးမူူးနဲ့ လာနှုတ်ဆက်နေတယ်။

ဂုဏ်ထူး ရဖို့ ဖိပြီး ကြိုးစား လုပ်ပေး ခဲ့တဲ့ တပည့်ထက် မထင် မှတ်ဘဲ အောင်သွားတဲ့ တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက် ပြုံးပြ ဖော်ရတယ်။

လက်ဖက်ရည် ဆိုင်မှာ တက္ကသိုလ် ကျောင်းသားကြီးက game ကစား မပျက်ပေမယ့် ဆယ်တန်း မအောင်ဘဲ အပြင် ရောက်သွားတဲ့ ကလေးက ဆေးလိပ် ကလေး ဝှက်ပြီး လာ နှုတ်ဆက် တယ်။

ကိုယ်ဟာ တစ်ချို့ တပည့်တွေ အတွက် hero တစ်ယောက်ပါလို့ ကိုယ်ကိုယ့်ကို ထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။

ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ် ထားတာ ရှိတယ်ဆိုတာကို တွေ့လာရတယ်။

အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့ တပည့် လေးတွေက ဂုဏ်ငယ် စရာတွေ ပေးသလို ဖြစ်နေခဲ့တယ်။

အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်း တွေကို မေ့လာ ကြတယ်။ စိတ်ဓာတ် လေးတွေကို ပြင်ပေးဖို့ ထက် ကျက်ထား၊ တွက်ထားတဲ့ စာ အမှားတွေကို ပြင်ပေးဖို့ စိတ်သန်နေ ခဲ့တယ်။

လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစား ပေးခဲ့ မိတယ်။

တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက် နည်းတွေပဲ သင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ် ထိန်းနည်းတွေ မသင် ပေးခဲ့မိတဲ့ ကျွန်တော့် ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။

ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆဲုံး ရောက်နိုင် သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။

တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ ဂုဏ်ထူးက လောလောဆယ် နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေ ဖြစ်နေတော့ စိတ်ဓာတ်နဲ့ စည်းကမ်းပိုင်းကို တော်တော်လေး မလေး မထား ပေါ့လျော့ မိခဲ့ပါတယ်။

စာရိတ္တ အချိန်တိုင်း physics စာအုပ် ယူခိုင်းတုန်းက ယူခိုင်းပြီးမှ ကျွန်တော် တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက် ဖော်တော်မရဘူူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။

ကာယ အချိန်တိုင်း အင်္ဂလိပ်စာတွေ သင်ပေးခဲ့ပြီးမှ နောက်လာတဲ့ ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။

ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက် မမှီတဲ့ ဘာသာကို အစားထိုး တွန်းတိုက် သင်တုန်းက သင်ပြီးမှ ခေတ်ကလေး တွေ တိုင်းတစ်ပါး ယဉ်ကျေးမှုကို အထင်ကြီး လာတဲ့ အကြောင်း အာမချောင် ချင်တော့ဘူး။

ဘဝချိန်မှာ ဘာသင်ရတာ လဲတောင် မသိတဲ့ ကလေးတွေ အများကြီးဆိုတော့ လူမှု နေထိုင်ရေးနဲ့ ဆက်ဆံရေးမှာ ဘယ်လို ယဉ်ကျေး လာတော့မလဲ။

အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူး တက လာသင်ပေးနေရင်ရော ဘယ်သူက အလေး ထားပါ့မလဲ။ ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။

အစွယ်လို သူရယ် အသွား စေခိုင်းသူရယ် လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲ လျှောက် လာတာ ပဲလေ။

ပညာတော်ပေမယ့် စိတ်ဓာတ် ပျက်လာတဲ့ တပည့်တွေနဲ့ စည်ကမ်း လိုက်နာနိုင်စွမ်းနည်းတဲ့ တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါ တစ်ယောက် ဖြစ်ခဲ့သလို ခံစားမိရင်း…….။

Credit: original writer

Photo by Internet

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *