ေသ႐ြာမွျပန္လာသူ တစ္ေယာက္ရဲ႕ ကိုယ္ေတြ႕အျဖစ္အပ်က္

By / 3 days ago / Blog / No Comments
ေသ႐ြာမွျပန္လာသူ တစ္ေယာက္ရဲ႕ ကိုယ္ေတြ႕အျဖစ္အပ်က္

ေသ႐ြာမွျပန္လာသူ တစ္ေယာက္ရဲ႕ ကိုယ္ေတြ႕အျဖစ္အပ်က္

ကြၽန္ေတာ့္နားမွာေပါ့ … ဆရာဝန္ေတြ ပ်ာယာ ခတ္ေနၾကပါတယ္ ။ ကြၽန္ေတာ့္ ခႏၶာကိုယ္ကိုလည္း စက္ကိရိ ယာ အမ်ိဳးမ်ိဳးနဲ႔ ဖိၾက ႏွိပ္ၾက ေပမဲ့လုံးဝ နာက်ဥ္ျခင္း မရွိပါဘူး ။ ပကတိ လြတ္လပ္ ေပါ့ပါးျခင္း အရသာလိုေအးခ်မ္းလိုက္တာ ။ ကုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့ ကြၽန္ေတာ့္ ႐ုပ္ခႏၶာကို တစ္ခ်က္ စိုက္ၾကည့္လိုက္ၿပီးအခန္းအျပင္ဘက္ကို ထြက္လိုက္ေတာ့ ။ ။

ဟင္… ခုံတန္းေလး ေပၚမွာ ထိုင္ေနတဲ့ ကြၽန္ေတာ့္ဇနီးနဲ႔ ကြၽန္ေတာ့္သားေလး စိုးရိမ္ ပူပန္မႈေတြ ေသာကေတြ အျပည့္နဲ႔ပါလား မ်က္ရည္ေတြ စီးက်ေနတဲ့ ဇနီးသည္နဲ႔ သားေလးဆီကို သြားမလို႔ ေျခလွမ္း လိုက္ခ်ိန္မွာအလြန္ႀကီးမားတဲ့ အင္အားတစ္ခုက ဆြဲယူလိုက္သလို ၊

ကြၽန္ေတာ့္ခႏၶာကိုယ္ဟာ ျပတင္းေပါက္ကေန တဆင့္ လမ္းမႀကီး တစ္ခုေပၚကိုေရာက္သြားပါတယ္ ။ေျဖာင့္တန္း ေနတဲ့ လမ္းမႀကီးေပၚမွာ ကြၽန္ေတာ့္ေရွ႕က သြားေနၾကတဲ့ လူတစ္အုပ္ ။ ကေလး လူႀကီး အ႐ြယ္စုံ လူမ်ိဳးစုံ သူတို႔အားလုံးဟာ တစ္ေနရာကို ေရွ႕ရႈၿပီး ခပ္သုတ္သုတ္ သြားေနၾကတဲ့အတြက္ ေနာက္ကေန အမီလိုက္ၿပီး သူတို႔နဲ႔အတူ ကြၽန္ေတာ္ပါ လိုက္သြားခဲ့ပါတယ္ ။ ။

တေအာင့္ေလာက္အၾကာမွာ ေျပးၾကေဟ့ ေျပးၾက ဆိုတဲ့ ေၾကာက္လန႔္တၾကား ေအာ္ဟစ္လိုက္တဲ့ အသံနဲ႔ အတူ ဝ႐ုန္းသုန္းကား ေျပးၾက လႊားၾကတာနဲ႔ ကြၽန္ေတာ္ပါ ေရာၿပီး ေျပးမိပါတယ္ ။ ။

ဘာျဖစ္လို႔ပါလိမ့္လို႔ ေနာက္ကို ႐ုတ္တရက္ လွည့္ၾကည့္ လိုက္တဲ့အခါ ဘုရားေရွ႕က ျခေသၤ့ႀကီးေတြ နီးပါးရွိတဲ့ ေခြးနက္ႀကီးေတြ ဟာ ေနာက္က လိုက္လာရင္း မွီရာလူကို အစြယ္ေဖြးေဖြးႀကီးေတြနဲ႔ ကိုက္ခဲဝါးၿမိဳေနၾကၿပီး ၊

ကိုက္ခဲ ခံရတဲ့ သူေတြဟာ ေသြးသံရဲရဲ အပိုင္းပိုင္း အျပတ္ျပတ္ ျဖစ္သြားတဲ့ ျမင္ကြင္းကို ေသြးပ်က္ဖြယ္ရာ ျမင္ေတြ႕လိုက္ ရပါတယ္ ။ ေအာင္မေလး ဘုရား ဘုရား ကြၽန္ေတာ္လည္း ေရွ႕ကေျပးေနတဲ့ လူေတြလို အသက္လုေျပးရင္း လဲက်က်န္ခဲ့သူေတြရဲ႕ငယ္သံပါေအာင္ ေအာ္ဟစ္သံေတြ ၾကားေနရေပမယ့္ လွည့္မၾကည့္အားပဲ ဆက္ေျပးေနရာက ၊

ေရွ႕ကလူေတြဟာ ေခြးႀကီးေတြလက္က လြတ္ေအာင္ အေငြ႕တေထာင္းေထာင္းထၿပီး ဆူပြက္ေနတဲ့ ေရကန္ႀကီး တစ္ကန္ထဲကို တဝုန္းဝုန္းနဲ႔ ခုန္ခ်ေနၾကပါတယ္ ။ ကြၽန္ေတာ္လည္း သူတို႔နဲ႔အတူ ေရကန္ႀကီးထဲကို ဝုန္းကနဲ ခုန္ခ်လိုက္တဲ့အခါ ေရနဲ႔မထိခင္ ကြၽန္ေတာ့္ကိုယ္ကို ပိန္းေကာမေလာက္ႀကီးတဲ့ ဖိနပ္ႀကီးတစ္ဖက္႐ုတ္တရက္ ေပၚလာၿပီး ထိုးခံလိုက္တာေၾကာင့္ ဖိနပ္ႀကီးေပၚကို အလ်ားေမွာက္ က်သြားပါတယ္ ။ ။

ေရထဲခုန္ခ်သြားသူေတြဟာ ကယ္ပါ ယူပါ တစာစာေအာ္ဟစ္ရင္း ကမ္းေပၚကို အလုအယက္ ျပန္တက္ေျပးတဲ့အခါမွာ ဘယ္ကေရာက္လာမွန္းမသိတဲ့ ဧရာမလူႀကီးေတြဟာ လွံစြပ္ေတြနဲ႔ တစြပ္စြပ္ ျပန္ထိုးခ်ေနတဲ့အတြက္တစ္ခ်ိဳ႕လည္း ေနာက္ျပန္ျပဳတ္က်ရင္း ေရထဲကို စုန္းစုန္းျမဳပ္ ကုန္ၾကပါတယ္ ။ ။

ေၾကာက္လန႔္တၾကား ကူးေနတဲ့ လူေတြဟာလည္းအသားေတြ အလႊားလိုက္ ကြာက်မ်က္လုံးေတြ တေဖာင္းေဖာင္း ေပါက္ထြက္ကုန္ရင္း နစ္ျမဳပ္ကုန္ၾကပါတယ္ ။ ။

ကြၽန္ေတာ္ဟာ ေၾကာက္လြန္းလို႔အသားေတြ တဆတ္ဆတ္တုန္ေနသလို ပြက္ပြက္ဆူေနတဲ့ ေရထဲ ျပဳတ္မက်ေအာင္ ဖိနပ္သဲႀကိဳးႀကီးကို က်စ္က်စ္ပါေအာင္ ဖက္တြယ္ထားတဲ့အခ်ိန္မွာ ဖိနပ္ႀကီးဟာ ေရထဲကို တအိအိနဲ႔ နစ္လာပါတယ္ ။ ကြၽန္ေတာ္ ေသရေတာ့မွာလားဆိုတဲ့ အသိတစ္ခ်က္ဝင္လာတဲ့အခ်ိန္မွာ ဘုရားကို ႐ုတ္ တရက္ သတိရလာၿပီး ၊

ဘုရား ဘုရား ကယ္ေတာ္မူပါ ။ တပည့္ေတာ္ လူမွန္းသိစကတည္းက အရက္ေသစာလုံးဝ မေသာက္ခဲ့ပါဘုရား ။ တပည့္ေတာ္ကို ကယ္ေတာ္မူပါဘုရားလို႔ ေၾကာက္လြန္းလို႔ အသံေတြတုန္ၿပီး ႏႈတ္ကေန တတြတ္တြတ္ ႐ြတ္ဆိုေနမိ ပါေတာ့တယ္ ။

ဖိနပ္ႀကီး တအိအိနစ္ျမဳပ္ၿပီး ကြၽန္ေတာ့္ကိုယ္နဲ႔ ေရနဲ႔မထိခင္ေလးမွာ တစ္စုံတစ္ေယာက္က ကြၽန္ေတာ့္ကို ႐ုတ္တရက္ ဆြဲယူလိုက္ၿပီး ျပန္သြားလို႔ ေျပာၿပီး တြန္းလႊတ္လိုက္တာေၾကာင့္ ကုတင္ေပၚမွာရွိတဲ့ ကြၽန္ေတာ့္ခႏၶာကိုယ္ေပၚကို ေမွာက္လ်က္သား က်သြားခဲ့ ပါေတာ့တယ္ ။ ။

ကြၽန္ေတာ္သံေခ်ာင္း ကံေကာင္းလို႔ မေသခဲ့ပါ ။ ေသ႐ြာျပန္ ကြၽန္ေတာ့္အျဖစ္ကို တစ္႐ြာလုံးသာမက ကြၽန္ေတာ္ ကိုယ္တိုင္လည္း အံ့ၾသေနမိပါတယ္ ။ ပိန္းေကာမဖိနပ္ႀကီး ကြၽန္ေတာ့္ကို ကယ္တင္လိုက္တဲ့ ပိန္းေကာမဖိနပ္ႀကီး ။ ။

အင္း ဒီဖိနပ္ႀကီး ကြၽန္ေတာ့္ကို ဘာျဖစ္လို႔ ကယ္လိုက္ပါလိမ့္လို႔ အခါခါ ျပန္စဥ္းစားရင္း အျဖစ္အပ်က္တစ္ခုကို ကြၽန္ေတာ့္မ်က္လုံးထဲမွာ ျပန္လည္ ျမင္ေယာင္လာပါေတာ့တယ္ ။ အဲဒီေန႔က ရန္ကုန္ တစ္ဖက္ကမ္းကေန အျပန္ သေဘၤာဆိပ္မွာ ကြၽန္ေတာ့္ေရွ႕က သြားေနတဲ့ ရဟန္းအိုႀကီးတစ္ပါး ။ ။

သူစီးထားတဲ့ဖိနပ္ ႐ုတ္တရက္ ျပတ္သြားတာျမင္လို႔ အျမင္မေတာ္တာနဲ႔ သြပ္နန္းႀကိဳးေလးရွာၿပီး ဆက္ေပး လိုက္ ပါတယ္ ။ ေထာ့နဲ႔ေထာ့နဲ႔ သြားနတာကို စိတ္မေကာင္းျဖစ္မိလို႔ ရပ္ေတာ္မူပါဦး ဘုရားလို႔ ေလွ်ာက္ထားၿပီး ရဟန္းအိုႀကီးအတြက္ ကတၱီပါ ဖိနပ္တစ္ရံ အေျပးအလႊား သြားဝယ္ၿပီး လႉဒါန္းလိုက္ပါတယ္ ။ ။

ကြၽန္ေတာ့္မွာ လမ္းစရိတ္သာ က်န္ေတာ့ေပမယ့္ ကြၽန္ေတာ္လႉလိုက္တဲ့ ဖိနပ္ကို စီးၿပီးတင့္တယ္စြာ ႂကြလွမ္းသြားတဲ့ ရဟန္းႀကီးကို ၾကည့္ၿပီး ကြၽန္ေတာ္ ပီတိျဖစ္လိုက္တာေလ အခုေတာ့ ကြၽန္ေတာ္ဟာ ကြၽန္ေတာ္ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္ကို သိပ္ေၾကာက္လြန္းလို႔ ခုဆို ငါးပါးသီလကို လုံၿခဳံေအာင္ ထိန္းႏိုင္ခဲ့ပါၿပီ ။ ။

ကြၽန္ေတာ့္သားေလး အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာ ရဟန္းေဘာင္ကို အၿပီးတိုင္ တက္ဖို႔ကိုလည္း ဆုံးျဖတ္ႏိုင္ခဲ့ပါၿပီ ။ မထင္မွတ္ပဲ ျပဳခဲ့ရတဲ့ ကြၽန္ေတာ့္ရဲ႕ ေကာင္းမႈကုသိုလ္ ကိုအမွ် အမွ် အမွ် ေပးေဝပါတယ္ ။ ကြၽန္ေတာ္နဲ႔ ထပ္တူထပ္မွ် ကုသိုလ္ ရၾကပါေစ သာဓု ေခၚဆိုေပးၾကပါ ခင္းဗ်ား ။

Credit : Original uploader

Unicode

သေရွာမှပြန်လာသူ တစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်

ကျွန်တော့်နားမှာပေါ့ … ဆရာဝန်တွေ ပျာယာ ခတ်နေကြပါတယ် ။ ကျွန်တော့် ခန္ဓာကိုယ်ကိုလည်း စက်ကိရိ ယာ အမျိုးမျိုးနဲ့ ဖိကြ နှိပ်ကြ ပေမဲ့လုံးဝ နာကျဉ်ခြင်း မရှိပါဘူး ။ ပကတိ လွတ်လပ် ပေါ့ပါးခြင်း အရသာလိုအေးချမ်းလိုက်တာ ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျွန်တော့် ရုပ်ခန္ဓာကို တစ်ချက် စိုက်ကြည့်လိုက်ပြီးအခန်းအပြင်ဘက်ကို ထွက်လိုက်တော့ ။ ။

ဟင်… ခုံတန်းလေး ပေါ်မှာ ထိုင်နေတဲ့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်သားလေး စိုးရိမ် ပူပန်မှုတွေ သောကတွေ အပြည့်နဲ့ပါလား မျက်ရည်တွေ စီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကို သွားမလို့ ခြေလှမ်း လိုက်ချိန်မှာအလွန်ကြီးမားတဲ့ အင်အားတစ်ခုက ဆွဲယူလိုက်သလို ၊

ကျွန်တော့်ခန္ဓာကိုယ်ဟာ ပြတင်းပေါက်ကနေ တဆင့် လမ်းမကြီး တစ်ခုပေါ်ကိုရောက်သွားပါတယ် ။ဖြောင့်တန်း နေတဲ့ လမ်းမကြီးပေါ်မှာ ကျွန်တော့်ရှေ့က သွားနေကြတဲ့ လူတစ်အုပ် ။ ကလေး လူကြီး အရွယ်စုံ လူမျိုးစုံ သူတို့အားလုံးဟာ တစ်နေရာကို ရှေ့ရှုပြီး ခပ်သုတ်သုတ် သွားနေကြတဲ့အတွက် နောက်ကနေ အမီလိုက်ပြီး သူတို့နဲ့အတူ ကျွန်တော်ပါ လိုက်သွားခဲ့ပါတယ် ။ ။

တအောင့်လောက်အကြာမှာ ပြေးကြဟေ့ ပြေးကြ ဆိုတဲ့ ကြောက်လန့်တကြား အော်ဟစ်လိုက်တဲ့ အသံနဲ့ အတူ ဝရုန်းသုန်းကား ပြေးကြ လွှားကြတာနဲ့ ကျွန်တော်ပါ ရောပြီး ပြေးမိပါတယ် ။ ။

ဘာဖြစ်လို့ပါလိမ့်လို့ နောက်ကို ရုတ်တရက် လှည့်ကြည့် လိုက်တဲ့အခါ ဘုရားရှေ့က ခြင်္သေ့ကြီးတွေ နီးပါးရှိတဲ့ ခွေးနက်ကြီးတွေ ဟာ နောက်က လိုက်လာရင်း မှီရာလူကို အစွယ်ဖွေးဖွေးကြီးတွေနဲ့ ကိုက်ခဲဝါးမြိုနေကြပြီး ၊

ကိုက်ခဲ ခံရတဲ့ သူတွေဟာ သွေးသံရဲရဲ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားတဲ့ မြင်ကွင်းကို သွေးပျက်ဖွယ်ရာ မြင်တွေ့လိုက် ရပါတယ် ။ အောင်မလေး ဘုရား ဘုရား ကျွန်တော်လည်း ရှေ့ကပြေးနေတဲ့ လူတွေလို အသက်လုပြေးရင်း လဲကျကျန်ခဲ့သူတွေရဲ့ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရပေမယ့် လှည့်မကြည့်အားပဲ ဆက်ပြေးနေရာက ၊

ရှေ့ကလူတွေဟာ ခွေးကြီးတွေလက်က လွတ်အောင် အငွေ့တထောင်းထောင်းထပြီး ဆူပွက်နေတဲ့ ရေကန်ကြီး တစ်ကန်ထဲကို တဝုန်းဝုန်းနဲ့ ခုန်ချနေကြပါတယ် ။ ကျွန်တော်လည်း သူတို့နဲ့အတူ ရေကန်ကြီးထဲကို ဝုန်းကနဲ ခုန်ချလိုက်တဲ့အခါ ရေနဲ့မထိခင် ကျွန်တော့်ကိုယ်ကို ပိန်းကောမလောက်ကြီးတဲ့ ဖိနပ်ကြီးတစ်ဖက်ရုတ်တရက် ပေါ်လာပြီး ထိုးခံလိုက်တာကြောင့် ဖိနပ်ကြီးပေါ်ကို အလျားမှောက် ကျသွားပါတယ် ။ ။

ရေထဲခုန်ချသွားသူတွေဟာ ကယ်ပါ ယူပါ တစာစာအော်ဟစ်ရင်း ကမ်းပေါ်ကို အလုအယက် ပြန်တက်ပြေးတဲ့အခါမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ဧရာမလူကြီးတွေဟာ လှံစွပ်တွေနဲ့ တစွပ်စွပ် ပြန်ထိုးချနေတဲ့အတွက်တစ်ချို့လည်း နောက်ပြန်ပြုတ်ကျရင်း ရေထဲကို စုန်းစုန်းမြုပ် ကုန်ကြပါတယ် ။ ။

ကြောက်လန့်တကြား ကူးနေတဲ့ လူတွေဟာလည်းအသားတွေ အလွှားလိုက် ကွာကျမျက်လုံးတွေ တဖောင်းဖောင်း ပေါက်ထွက်ကုန်ရင်း နစ်မြုပ်ကုန်ကြပါတယ် ။ ။

ကျွန်တော်ဟာ ကြောက်လွန်းလို့အသားတွေ တဆတ်ဆတ်တုန်နေသလို ပွက်ပွက်ဆူနေတဲ့ ရေထဲ ပြုတ်မကျအောင် ဖိနပ်သဲကြိုးကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့အချိန်မှာ ဖိနပ်ကြီးဟာ ရေထဲကို တအိအိနဲ့ နစ်လာပါတယ် ။ ကျွန်တော် သေရတော့မှာလားဆိုတဲ့ အသိတစ်ချက်ဝင်လာတဲ့အချိန်မှာ ဘုရားကို ရုတ် တရက် သတိရလာပြီး ၊

ဘုရား ဘုရား ကယ်တော်မူပါ ။ တပည့်တော် လူမှန်းသိစကတည်းက အရက်သေစာလုံးဝ မသောက်ခဲ့ပါဘုရား ။ တပည့်တော်ကို ကယ်တော်မူပါဘုရားလို့ ကြောက်လွန်းလို့ အသံတွေတုန်ပြီး နှုတ်ကနေ တတွတ်တွတ် ရွတ်ဆိုနေမိ ပါတော့တယ် ။

ဖိနပ်ကြီး တအိအိနစ်မြုပ်ပြီး ကျွန်တော့်ကိုယ်နဲ့ ရေနဲ့မထိခင်လေးမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ရုတ်တရက် ဆွဲယူလိုက်ပြီး ပြန်သွားလို့ ပြောပြီး တွန်းလွှတ်လိုက်တာကြောင့် ကုတင်ပေါ်မှာရှိတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို မှောက်လျက်သား ကျသွားခဲ့ ပါတော့တယ် ။ ။

ကျွန်တော်သံချောင်း ကံကောင်းလို့ မသေခဲ့ပါ ။ သေရွာပြန် ကျွန်တော့်အဖြစ်ကို တစ်ရွာလုံးသာမက ကျွန်တော် ကိုယ်တိုင်လည်း အံ့သြနေမိပါတယ် ။ ပိန်းကောမဖိနပ်ကြီး ကျွန်တော့်ကို ကယ်တင်လိုက်တဲ့ ပိန်းကောမဖိနပ်ကြီး ။ ။

အင်း ဒီဖိနပ်ကြီး ကျွန်တော့်ကို ဘာဖြစ်လို့ ကယ်လိုက်ပါလိမ့်လို့ အခါခါ ပြန်စဉ်းစားရင်း အဖြစ်အပျက်တစ်ခုကို ကျွန်တော့်မျက်လုံးထဲမှာ ပြန်လည် မြင်ယောင်လာပါတော့တယ် ။ အဲဒီနေ့က ရန်ကုန် တစ်ဖက်ကမ်းကနေ အပြန် သင်္ဘောဆိပ်မှာ ကျွန်တော့်ရှေ့က သွားနေတဲ့ ရဟန်းအိုကြီးတစ်ပါး ။ ။

သူစီးထားတဲ့ဖိနပ် ရုတ်တရက် ပြတ်သွားတာမြင်လို့ အမြင်မတော်တာနဲ့ သွပ်နန်းကြိုးလေးရှာပြီး ဆက်ပေး လိုက် ပါတယ် ။ ထော့နဲ့ထော့နဲ့ သွားနတာကို စိတ်မကောင်းဖြစ်မိလို့ ရပ်တော်မူပါဦး ဘုရားလို့ လျှောက်ထားပြီး ရဟန်းအိုကြီးအတွက် ကတ္တီပါ ဖိနပ်တစ်ရံ အပြေးအလွှား သွားဝယ်ပြီး လှူဒါန်းလိုက်ပါတယ် ။ ။

ကျွန်တော့်မှာ လမ်းစရိတ်သာ ကျန်တော့ပေမယ့် ကျွန်တော်လှူလိုက်တဲ့ ဖိနပ်ကို စီးပြီးတင့်တယ်စွာ ကြွလှမ်းသွားတဲ့ ရဟန်းကြီးကို ကြည့်ပြီး ကျွန်တော် ပီတိဖြစ်လိုက်တာလေ အခုတော့ ကျွန်တော်ဟာ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သိပ်ကြောက်လွန်းလို့ ခုဆို ငါးပါးသီလကို လုံခြုံအောင် ထိန်းနိုင်ခဲ့ပါပြီ ။ ။

ကျွန်တော့်သားလေး အရွယ်ရောက်လာတဲ့အချိန်မှာ ရဟန်းဘောင်ကို အပြီးတိုင် တက်ဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ ။ မထင်မှတ်ပဲ ပြုခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကောင်းမှုကုသိုလ် ကိုအမျှ အမျှ အမျှ ပေးဝေပါတယ် ။ ကျွန်တော်နဲ့ ထပ်တူထပ်မျှ ကုသိုလ် ရကြပါစေ သာဓု ခေါ်ဆိုပေးကြပါ ခင်းဗျား ။

Credit : Original uploader

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *