ႏွစ္ေပါင္းရယ္ ေျခာက္ရာ သကၤန္းေတာ္ျဖဴျပာနဲ႔ ဆိုတဲ့ ေကာင္းမႈေတာ္ ေစတီေတာ္ သမိုင္း ( စစ္ကိုင္းၿမိဳ႕ )

By / 3 days ago / Blog / No Comments
ႏွစ္ေပါင္းရယ္ ေျခာက္ရာ သကၤန္းေတာ္ျဖဴျပာနဲ႔ ဆိုတဲ့ ေကာင္းမႈေတာ္ ေစတီေတာ္ သမိုင္း ( စစ္ကိုင္းၿမိဳ႕ )

ႏွစ္ေပါင္းရယ္ ေျခာက္ရာ သကၤန္းေတာ္ျဖဴျပာနဲ႔ ဆိုတဲ့ ေကာင္းမႈေတာ္ ေစတီေတာ္ သမိုင္း ( စစ္ကိုင္းၿမိဳ႕ )

ေကာင္းမႈ ရာဇမဏိစူဠာ ေစတီေတာ္မွာ စစ္ကိုင္း ၿမိဳ႕ေျမာက္ဖက္တြင္ က်ိန္းဝပ္ေတာ္ မူေလသည္ ။ စစ္ကိုင္း ေ႐ႊဘို ကားလမ္း၊ စစ္ကိုင္းၿမိဳ႕မွ ၅ – မိုင္ ေက်ာ္ခန႔္ တြင္ တည္ေလသည္ ။ ။

သကၠရာဇ္ ၉၉၈ ခုႏွစ္ ေတာ္သတင္း လဆန္း ( ၁၀ ) ရက္ ေန႔တြင္ သာလြန္မင္းတရားႀကီးသည္ ျမတ္စြာ ဘုရား၏ စြယ္ေတာ္ ဆံေတာ္ ၊ သပိတ္ေတာ္ တို႔ကို ရတနာ အထူးထူးျဖင့္ ပူေဇာ္ ဌာပနာ ၍ သီဟိုဠ္ ေစတီပုံ အတိုင္း တည္ခဲ့ ေလသည္ ။ ။

တံတိုင္း သုံးထပ္ ၿခံရံ ၍ ဇရပ္ တန္ေဆာင္းမ်ားလည္း ေဆာက္လုပ္ လႉတန္းေလသည္ ။ ေစတီေတာ္ကို ( ၁၂ ) ႏွစ္တိုင္ တည္ရေလသည္ ။ ေစတီေတာ္ကို ၉ ၉၈ – ခုႏွစ္တြင္တည္၍ သားေတာ္ ပင္းတလဲမင္း လက္ထက္ ၁၀ ၁၁ – ခုႏွစ္တြင္ ထီး ေတာ္ တင္ ခဲ့ေလ သည္ ။ ဘြဲ႕ေတာ္ေတာ္ ကို ရာဇမဏိစူဠာဟူ၍ သမုတ္ေတာ္မူေလသည္ ။ ။

သာလြန္မင္းႀကီးသည္ မဟာ ေစ တီ ေတာ္ ထီးေတာ္ တင္ရန္ ပုဏၰား အာဂ႐ုအား အခါေတာင္းသည္ကို မင္းႀကီး ထီးေတာ္ မတင္မီ နတ္႐ြာစံမည္ ၊ သားေတာ္သာလွ်င္ ထီးေတာ္ တင္ရမည္ဟု ေလွ်ာက္ေလသည္ ။

ပုဏၰား ေဟာခ်က္ အတိုင္း ေနာက္တေန႔ ၁၀၁၀ – ျပည့္ႏွစ္ ေတာ္သလင္းလဆန္း ၁၀ – ရက္ ေန႔တြင္ နတ္႐ြာစံသျဖင့္ သားေတာ္ ပင္းတလဲလက္ထက္ ၁၀၁၁ခုႏွစ္ ကဆုန္လဆန္း ၇ – ရက္ေန႔တြင္မွ ထီးေတာ္တင္ခဲ့ရေလသည္ ။ ။

ဌာပနာပစၥည္းမ်ားတြင္ ႐ုပ္ထုေတာ္ေပါင္း ၂၀ ၉၅ – ဆူ ၊ ေစတီေတာ္ေပါင္း ဂ၀၉ – ဆူ ၊ ေမြေတာ္ဓာတ္ေတာ္ အေျမာက္ျမား တို႔ကို ဌာပနာတိုက္ ၇-တိုက္ျဖင့္ ဌာပနာထားေလသည္ ။ ။

ေစတီေတာ္မွာ ဉာဏ္ေတာ္ ၁၀၁-ေတာင္ ၊ အခ်င္း အေတာင္ ၁၆၂-ေတာင္တမိုက္ရွိ၍ အေဝးမွပင္ ဖူးေျမာ္ႏိုင္ေလသည္ ။

ထီးေတာ္ အေလးခ်ိန္မွာ ပိႆာ ၃၄၄ဝ ရွိေလသည္ ။ ထီးေတာ္အဝ ၉-ေတာင္ ၂-မိုက္၊ အေနာက္ ၁ဝ-ေတာင္ တမိုက္ ၄-သစ္၊ ေစတီေတာ္ပတ္လည္ေက်ာက္တိုင္ ဂ၀၂-တိုင္ ဘုရား အုတ္ေပါင္း – ၁၀၁ဂ၆ ၅၅၂ ၊ ေျမနီတင္း – ၁၆၄၄၅၇၅၊ အဂၤေတတင္း – ၂၂၄၉၈ ပါဝင္ေလသည္ ။

Unicode

နှစ်ပေါင်းရယ် ခြောက်ရာ သင်္ကန်းတော်ဖြူပြာနဲ့ ဆိုတဲ့ ကောင်းမှုတော် စေတီတော် သမိုင်း ( စစ်ကိုင်းမြို့ )

ကောင်းမှု ရာဇမဏိစူဠာ စေတီတော်မှာ စစ်ကိုင်း မြို့မြောက်ဖက်တွင် ကျိန်းဝပ်တော် မူလေသည် ။ စစ်ကိုင်း ရွှေဘို ကားလမ်း၊ စစ်ကိုင်းမြို့မှ ၅ – မိုင် ကျော်ခန့် တွင် တည်လေသည် ။ ။

သက္ကရာဇ် ၉၉၈ ခုနှစ် တော်သတင်း လဆန်း ( ၁၀ ) ရက် နေ့တွင် သာလွန်မင်းတရားကြီးသည် မြတ်စွာ ဘုရား၏ စွယ်တော် ဆံတော် ၊ သပိတ်တော် တို့ကို ရတနာ အထူးထူးဖြင့် ပူဇော် ဌာပနာ ၍ သီဟိုဠ် စေတီပုံ အတိုင်း တည်ခဲ့ လေသည် ။ ။

တံတိုင်း သုံးထပ် ခြံရံ ၍ ဇရပ် တန်ဆောင်းများလည်း ဆောက်လုပ် လှူတန်းလေသည် ။ စေတီတော်ကို ( ၁၂ ) နှစ်တိုင် တည်ရလေသည် ။ စေတီတော်ကို ၉ ၉၈ – ခုနှစ်တွင်တည်၍ သားတော် ပင်းတလဲမင်း လက်ထက် ၁၀ ၁၁ – ခုနှစ်တွင် ထီး တော် တင် ခဲ့လေ သည် ။ ဘွဲ့တော်တော် ကို ရာဇမဏိစူဠာဟူ၍ သမုတ်တော်မူလေသည် ။ ။

သာလွန်မင်းကြီးသည် မဟာ စေ တီ တော် ထီးတော် တင်ရန် ပုဏ္ဏား အာဂရုအား အခါတောင်းသည်ကို မင်းကြီး ထီးတော် မတင်မီ နတ်ရွာစံမည် ၊ သားတော်သာလျှင် ထီးတော် တင်ရမည်ဟု လျှောက်လေသည် ။

ပုဏ္ဏား ဟောချက် အတိုင်း နောက်တနေ့ ၁၀၁၀ – ပြည့်နှစ် တော်သလင်းလဆန်း ၁၀ – ရက် နေ့တွင် နတ်ရွာစံသဖြင့် သားတော် ပင်းတလဲလက်ထက် ၁၀၁၁ခုနှစ် ကဆုန်လဆန်း ၇ – ရက်နေ့တွင်မှ ထီးတော်တင်ခဲ့ရလေသည် ။ ။

ဌာပနာပစ္စည်းများတွင် ရုပ်ထုတော်ပေါင်း ၂၀ ၉၅ – ဆူ ၊ စေတီတော်ပေါင်း ဂ၀၉ – ဆူ ၊ မွေတော်ဓာတ်တော် အမြောက်မြား တို့ကို ဌာပနာတိုက် ၇-တိုက်ဖြင့် ဌာပနာထားလေသည် ။ ။

စေတီတော်မှာ ဉာဏ်တော် ၁၀၁-တောင် ၊ အချင်း အတောင် ၁၆၂-တောင်တမိုက်ရှိ၍ အဝေးမှပင် ဖူးမြော်နိုင်လေသည် ။

ထီးတော် အလေးချိန်မှာ ပိဿာ ၃၄၄ဝ ရှိလေသည် ။ ထီးတော်အဝ ၉-တောင် ၂-မိုက်၊ အနောက် ၁ဝ-တောင် တမိုက် ၄-သစ်၊ စေတီတော်ပတ်လည်ကျောက်တိုင် ဂ၀၂-တိုင် ဘုရား အုတ်ပေါင်း – ၁၀၁ဂ၆ ၅၅၂ ၊ မြေနီတင်း – ၁၆၄၄၅၇၅၊ အင်္ဂတေတင်း – ၂၂၄၉၈ ပါဝင်လေသည် ။

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *