သစ္ခြဲေသာ ကုလားႏွင့္ ျမန္မာရဲ႕ ျခားနားသြားတဲ့ ဘဝေတြ

By / 3 days ago / Blog / No Comments
သစ္ခြဲေသာ ကုလားႏွင့္ ျမန္မာရဲ႕ ျခားနားသြားတဲ့ ဘဝေတြ

သစ္ခြဲေသာ ကုလားႏွင့္ ျမန္မာရဲ႕ ျခားနားသြားတဲ့ ဘဝေတြ

ပဲခူး႐ိုးမႀကီးထဲတြင္ သစ္ခြဲ သစ္ဆြဲေသာကုလားႏွင့္ ျမန္မာတစ္ေယာက္ ရွိခဲ့ဖူး၏။ျမန္မာကား ဗုဒ ၶဘာသာ ျဖစ္ေသာ္လည္း ဗုဒၶစကားကို တစ္ခြန္းမွ နားေထာင္ျခင္းမရွိ။

ေတာႀကီး မ်က္ မည္းတြင္ သစ္ခြဲ သစ္ဆြဲ အလုပ္သည္ပင္ပန္းသေလာက္ ေငြတအားရ၏။ ျမန္မာ အလုပ္ သမားသည္ ရသမွ်ကို အေပ်ာ္အပါး အေသာက္အစား ေလာင္းကစားတို႔ျဖင့္ အကုန္သုံးျဖဳန္းပစ္၏။

ျမစ္ထဲတြင္ေရအတက္အက်အတိုင္း ေမ်ာခ်င္ရာေမ်ာေနေသာ ေဗဒါမ်ားကဲ့သို႔ မည္သည့္ ရည္ ႐ြယ္ ခ်က္ မွ်မရွိ။ စိတ္ႏွင့္ ႐ုပ္တြင္ စိတ္ကဦးေဆာင္၏။ စိတ္ျဖစ္ခ်င္ေသာ ပုံစံ အတိုင္း ႐ုပ္က လိုက္ျဖစ္ရ ၏။

စိတ္က ဘာမွ် မျဖစ္ခ်င္လွ်င္ ႐ုပ္ကလည္းဘာမွ် လိုက္မျဖစ္ေတာ့ေပ။ ကုလားကား ဘာသာျခား ျဖစ္ေသာ္ လည္း “အတၱသမာပဏီဓိမဂၤလာ” ကိုအျပည့္အ၀ လိုက္နာ၏။

ငါသည္ေတာႀကီးမ်က္မည္းထဲတြင္ ဒီတိုင္းမေန အရင္းအႏွီးစုမိသည္ႏွင့္ရန္ကုန္တြင္ ကုန္မာဆိုင္ႀကီး ဖြင့္ၿပီးစီပြားရွာမည္ဟု ရည္႐ြယ္ခ်က္ထားၿပီး ရသမွ်စုေဆာင္း၏။ အေပ်ာ္အပါး အေသာက္အစား အ ေလာင္း အ စား တစ္ခုမွ်မလုပ္။ ေဗဒါမ်ားကဲ့သို႔ပင္ ကြၽန္း ေဖာင္ႀကီး မ်ားလည္း ျမစ္ထဲတြင္ ေရစီးႏွင့္ အတူ ေမ်ာပါေနရ၏။

သို႔ေသာ္ ကြၽန္းေဖာင္မ်ားကား ေရာက္ရမည့္ ရည္႐ြယ္ခ်က္ ႒ာနရွိ၏။ ပဲ့ကိုင္ေပးမည့္သူ ရွိ၏။ ထို႔ ေၾကာင့္ ခရီးဆုံးေသာ အခါ တန္ဖိုးရွိေသာ ဘဝသို႔ ေရာက္သြားၾက၏။

ထို႔အတူမည္သည့္ လူမ်ိဳး ျဖစ္ေစ မည္သည့္ ဘာသာ ဝင္ျဖစ္ေစ ရည္႐ြယ္ခ်က္ တစ္ခုခု ျဖင့္ေန႔စဥ္ ႀကိဳးစား အားထုတ္ ေန သူ မ်ား သည္ ကြၽန္းေဖာင္ႀကီးမ်ား ႏွင့္တူၾက၏။

ကြၽန္းေဖာင္ႀကီးမ်ားသည္ အဆုံးေန႔က်လွ်င္ တန္ဖိုးရွိေသာ ေနရာ ေရာက္ သကဲ့သို႔ ရည္ ႐ြယ္ ခ်က္ရွိေသာ သူမ်ားသည္ လည္း အဆုံး တစ္ေန႔က် လွ်င္ ႀကီးပြား တိုးတက္ ေသာ ေနရာသို႔ ေရာက္ၾကရ၏။

ယခု ပဲခူး ႐ိုမတြင္ သစ္ ခြဲ ေနေသာ ျမန္မာႏွင့္ ကုလားတြင္ ျမန္မာက ေဗဒါသိုက္ႏွင့္ တူ၏။ ကုလား ကား ကြၽန္းတုံး ေဖာင္ႏွင့္ တူ၏။

ေျခာက္ႏွစ္ခန႔္ ၾကာေသာအခါ ကြၽန္းတုံးေဖာင္ႏွင့္တူေသာ ကုလားသည္ အရင္းအႏွီး ရၿပီ ျဖစ္ သျဖင့္ အလုပ္မွထြက္ၿပီး ရန္ကုန္ တက္သြား၏။

ျမန္မာကား သစ္ခြဲရင္းႏွင့္ ပင္က်န္ခဲ့၏။ ေနာက္ထပ္ သုံးႏွစ္ ခန႔္ၾကာေသာ အခါ ျမန္မာ သစ္ခြဲသမားသည္ လႊသြား အသစ္ ဝယ္ရန္ အတြက္ ခြင့္တင္ၿပီး ရန္ကုန္ သို႔သြား၏။

ႏွစ္ထပ္တိုက္ ကုန္မာဆိုင္ႀကီးတစ္ခုတြင္ သူလိုခ်င္တာမ်ားဝယ္ၿပီး ေငြေခ်ရန္အတြက္ ေမာ့ၾကည့္ လိုက္ေသာ အခါ ဆိုင္ပိုင္ရွင္ သူေ႒းမွာ သူႏွင့္ အတူ သစ္ခြဲခဲ့ ေသာ ကုလား ျဖစ္ေန ၏။ ျမန္မာမွာ သူမ်က္စိကို သူပင္မယုံၾကည္ႏိုင္ေအာင္ျဖစ္ေန၏။

ကိုးႏွစ္ဟူေသာ အခ်ိန္ကာလသည္ ရည္ ႐ြယ္ ခ်က္ ရွိသူႏွင့္ မရွိသူ တို႔အား မိုးႏွင့္ ေျမပမာကြာျခားေအာင္ ျပဳလုပ္ေပးလိုက္သည္ မဟုတ္ပါလား။

ျမန္မာသစ္ခြဲသမား ကေသခ်ာေအာင္ႏူတ္ျဖင့္ တိုက္႐ိုက္ေမးလိုက္ေသး၏။

“ခင္ဗ်ား ကြၽန္ေတာ္နဲ႔အတူ ပဲခူး႐ိုးမထဲမွာ သစ္ခြဲခဲ့တဲ့သူ ဟုတ္ပါသလား”

“ဟုတ္ပါတယ္ ခင္ဗ်ားထင္တာ မမွားပါဘူး”

“အံၾသစရာေကာင္းလိုက္တာဗ်ာ။ ခင္ဗ်ားနဲ႔ကြၽန္ေတာ္ဟာ အလုပ္လည္းအတူတူ၊ လစာလည္း အ တူတူ၊ ဒါနဲ႔ ေတာင္မွ ကြၽန္ေတာ္က ခုထိ ဆင္းရဲတုန္း ရွိေသးတယ္၊ ခင္ဗ်ားကေတာ့ ခ်မ္းသာ ေနၿပီ၊ ဘာကြာျခားသြားတယ္ မသိဘူး”

ထိုအခါ ကုလားကသေရာ္ၿပဳံး တစ္ခ်က္ၿပဳံးလိုက္ ၿပီးယခုလို ေျပာလိုက္၏။

“ခင္ဗ်ားတို႔ ျမန္မာအမ်ားစု မႀကီးပြားတာက ဝက္သားစား ေစာလြန္းလို႔ပါ”

ကုလားေျပာခ်င္သည့္ အဓိကအခ်က္မွာ-

“ျမန္မာအမ်ားစုသည္ သူေ႒းမျဖစ္ေသးခင္ သူေ႒းလို အသုံးအျဖဳန္း ၾကမ္းေသာေၾကာင့္ မႀကီးပြားတာ ဟုဆိုလိုခ်င္း ျဖစ္၏။”

Credit:အရွင္ဇဝန(ေမတၱာရွင္-ေ႐ႊျပည္သာ)

Unicode

သစ်ခွဲသော ကုလားနှင့် မြန်မာရဲ့ ခြားနားသွားတဲ့ ဘဝေတြ

ပဲခူးရိုးမကြီးထဲတွင် သစ်ခွဲ သစ်ဆွဲသောကုလားနှင့် မြန်မာတစ်ယောက် ရှိခဲ့ဖူး၏။မြန်မာကား ဗုဒ ္ဓဘာသာ ဖြစ်သော်လည်း ဗုဒ္ဓုစကားကို တစ်ခွန်းမှ နားထောင်ခြင်းမရှိ။

တောကြီး မျက် မည်းတွင် သစ်ခွဲ သစ်ဆွဲ အလုပ်သည်ပင်ပန်းသလောက် ငွေတအားရ၏။ မြန်မာ အလုပ် သမားသည် ရသမျှကို အပျော်အပါး အသောက်အစား လောင်းကစားတို့ဖြင့် အကုန်သုံးဖြုန်းပစ်၏။

မြစ်ထဲတွင်ရေအတက်အကျအတိုင်း မျောချင်ရာမျောနေသော ဗေဒါများကဲ့သို့ မည်သည့် ရည် ရွယ် ချက် မျှမရှိ။ စိတ်နှင့် ရုပ်တွင် စိတ်ကဦးဆောင်၏။ စိတ်ဖြစ်ချင်သော ပုံစံ အတိုင်း ရုပ်က လိုက်ဖြစ်ရ ၏။

စိတ်က ဘာမျှ မဖြစ်ချင်လျှင် ရုပ်ကလည်းဘာမျှ လိုက်မဖြစ်တော့ပေ။ ကုလားကား ဘာသာခြား ဖြစ်သော် လည်း “အတ္တသမာပဏီဓိမင်္ဂလာ” ကိုအပြည့်အ၀ လိုက်နာ၏။

ငါသည်တောကြီးမျက်မည်းထဲတွင် ဒီတိုင်းမနေ အရင်းအနှီးစုမိသည်နှင့်ရန်ကုန်တွင် ကုန်မာဆိုင်ကြီး ဖွင့်ပြီးစီပွားရှာမည်ဟု ရည်ရွယ်ချက်ထားပြီး ရသမျှစုဆောင်း၏။

အပျော်အပါး အသောက်အစား အ လောင်း အ စား တစ်ခုမျှမလုပ်။ ဗေဒါများကဲ့သို့ပင် ကျွန်း ဖောင်ကြီး များလည်း မြစ်ထဲတွင် ရေစီးနှင့် အတူ မျောပါနေရ၏။

သို့သော် ကျွန်းဖောင်များကား ရောက်ရမည့် ရည်ရွယ်ချက် ဋ္ဌာနရှိ၏။ ပဲ့ကိုင်ပေးမည့်သူ ရှိ၏။ ထို့ ကြောင့် ခရီးဆုံးသော အခါ တန်ဖိုးရှိသော ဘဝသို့ ရောက်သွားကြ၏။

ထို့အတူမည်သည့် လူမျိုး ဖြစ်စေ မည်သည့် ဘာသာ ဝင်ဖြစ်စေ ရည်ရွယ်ချက် တစ်ခုခု ဖြင့်နေ့စဉ် ကြိုးစား အားထုတ် နေ သူ များ သည် ကျွန်းဖောင်ကြီးများ နှင့်တူကြ၏။

ကျွန်းဖောင်ကြီးများသည် အဆုံးနေ့ကျလျှင် တန်ဖိုးရှိသော နေရာ ရောက် သကဲ့သို့ ရည် ရွယ် ချက်ရှိသော သူများသည် လည်း အဆုံး တစ်နေ့ကျ လျှင် ကြီးပွား တိုးတက် သော နေရာသို့ ရောက်ကြရ၏။ ယခု ပဲခူး ရိုမတွင် သစ် ခွဲ နေသော မြန်မာနှင့် ကုလားတွင် မြန်မာက ဗေဒါသိုက်နှင့် တူ၏။ ကုလား ကား ကျွန်းတုံး ဖောင်နှင့် တူ၏။

ခြောက်နှစ်ခန့် ကြာသောအခါ ကျွန်းတုံးဖောင်နှင့်တူသော ကုလားသည် အရင်းအနှီး ရပြီ ဖြစ် သဖြင့် အလုပ်မှထွက်ပြီး ရန်ကုန် တက်သွား၏။

မြန်မာကား သစ်ခွဲရင်းနှင့် ပင်ကျန်ခဲ့၏။ နောက်ထပ် သုံးနှစ် ခန့်ကြာသော အခါ မြန်မာ သစ်ခွဲသမားသည် လွှသွား အသစ် ဝယ်ရန် အတွက် ခွင့်တင်ပြီး ရန်ကုန် သို့သွား၏။

နှစ်ထပ်တိုက် ကုန်မာဆိုင်ကြီးတစ်ခုတွင် သူလိုချင်တာများဝယ်ပြီး ငွေချေရန်အတွက် မော့ကြည့် လိုက်သော အခါ ဆိုင်ပိုင်ရှင် သူဋ္ဌေးမှာ သူနှင့် အတူ သစ်ခွဲခဲ့ သော ကုလား ဖြစ်နေ ၏။

မြန်မာမှာ သူမျက်စိကို သူပင်မယုံကြည်နိုင်အောင်ဖြစ်နေ၏။ ကိုးနှစ်ဟူသော အချိန်ကာလသည် ရည် ရွယ် ချက် ရှိသူနှင့် မရှိသူ တို့အား မိုးနှင့် မြေပမာကွာခြားအောင် ပြုလုပ်ပေးလိုက်သည် မဟုတ်ပါလား။

မြန်မာသစ်ခွဲသမား ကသေချာအောင်နူတ်ဖြင့် တိုက်ရိုက်မေးလိုက်သေး၏။

“ခင်ဗျား ကျွန်တော်နဲ့အတူ ပဲခူးရိုးမထဲမှာ သစ်ခွဲခဲ့တဲ့သူ ဟုတ်ပါသလား”

“ဟုတ်ပါတယ် ခင်ဗျားထင်တာ မမှားပါဘူး”

“အံသြစရာကောင်းလိုက်တာဗျာ။ ခင်ဗျားနဲ့ကျွန်တော်ဟာ အလုပ်လည်းအတူတူ၊ လစာလည်း အ တူတူ၊ ဒါနဲ့ တောင်မှ ကျွန်တော်က ခုထိ ဆင်းရဲတုန်း ရှိသေးတယ်၊ ခင်ဗျားကတော့ ချမ်းသာ နေပြီ၊ ဘာကွာခြားသွားတယ် မသိဘူး”

ထိုအခါ ကုလားကသရော်ပြုံး တစ်ချက်ပြုံးလိုက် ပြီးယခုလို ပြောလိုက်၏။

“ခင်ဗျားတို့ မြန်မာအများစု မကြီးပွားတာက ဝက်သားစား စောလွန်းလို့ပါ”

ကုလားပြောချင်သည့် အဓိကအချက်မှာ-

“မြန်မာအများစုသည် သူဋ္ဌေးမဖြစ်သေးခင် သူဋ္ဌေးလို အသုံးအဖြုန်း ကြမ်းသောကြောင့် မကြီးပွားတာ ဟုဆိုလိုချင်း ဖြစ်၏။”

Credit:အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *