အင်းလေးကန် ပေါ်ပေါက်လာပုံ သမိုင်း

By / 3 days ago / Blog / No Comments
အင်းလေးကန် ပေါ်ပေါက်လာပုံ သမိုင်း

အင်းလေးကန် ပေါ်ပေါက်လာပုံ သမိုင်း

ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက် အရဆိုလျှင် ရှမ်းကုန်းမြေမြင့် ဒေသသည် (Lime stone) ခေါ် ထုံးကျာက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။ မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံး ကျောက် များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသောပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟု ဆို ကြ ၏။

တစ်ချို့သော ဘူမိဗေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက် များကို ရေတိုက် စားခြင်းဖြင့် ရေတိုက်စား ခံရသော နေရာများတွင် ချိုင့်ဝှမ်း ဖြစ်ပေါ်လာ သောထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏။

တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီး နှစ်ခု၏ အလယ်ထုအာက်သို့ လျှော ကျ မှု ကြောင့် (ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ်လာသောရေအိုင်ဟူ၍ လည်းဆိုကြ၏။

မည်သို့ပင်ဆိုစေကာမူအင်းလေးကန်ကြီးသည်လွန်ခဲ့သောနှစ်၁၀သန်းခွဲလောက်ကပင်ရှိနေပြီဖြစ်သည်။ ထိုအချိန် ကာလ၏ ကန်ရေပြင် သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း၃၀၀ ခန့်မြင့်သည်ဟု ဆိုသည်။

မည် မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာတိတိကျကျ မသိရှိရပေ။ သို့သော် သေချာခိုင်မာစွာ သိရသည်မှာ ဖြည်းဖြည်းနှင့်ကျမ်းမြောင်းတိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။ အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။

စိမ်းညို့ညို့ အရောင်ရှိသော အမှုန်များ စုပေါင်း၍ နွံ အဖြစ်သို့ကူးပြောင်းသွားသော နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင် ထုံးဓါတ်အများအပြားပါဝင်သည်ကို တွေ့ရှိရသဖြင့် အင်းလေး ကန်ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး ဖြစ်လာသည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟုဆိုနိုင်ပါသည်။

ဘဝစုံလင် အင်းရေပြင်

အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှစတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ရေအိုင်ကြီးတခုဖြစ်သဖြင့် ဖြတ် သန်း ကျော်လွှား လာခဲ့သည့် အချိန်ကာလမှာ ကမ္ဘာနှင့်ချီ၍ ပင် ခိုင်းနှိုင်း လောက်သည်။

အင်းရေပြင်သည် မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့် အချိန် ကာလများကို ဖြတ်သန်း ခဲ့ရသလို ထုထည် သေးငယ်သည့် ရေပြင် တိမ်တိမ်နှင့် လည်း နေခဲ့ ရဖူးဟန်ရှိသည်။ လက်ဝဲ လက်ယာ ကမ်းများနှင့် တောင်မြောက် အင်းရေပြင်သည် ဆုတ်လိုက်တက်လိုက်ဖြင့် သံသရာ လည်နေခဲ့ဟန် လည်း တူပေသည်။

လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။ ညောင်ရွှေမြို့၏ မြောက်ယွန်း ယွန်း လေးမိုင်ခန့်ရှိ ဗောရိဿတ် ဘုရား အနီးတွင်ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်း ကားခဲ့သည်။ ၉၇၀ ကျော်ကျယ်ဝန်းကြီးမားသောထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့က ဝန်းရံ ထားပါ သည်။

ထိုမြို့ကို ဒေသခံများက “မြို့တွင်းကြီးခေါ် ကောသမ္ဘီ (ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။ ယခုတိုင် အချို့နေရာများတွင် အုတ်မြို့ ရိုးများ ကျန်ရစ် တည်ရှိနေဆဲ ဖြစ်သည်။အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီ ခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမား တန်ခိုး ထွားခဲ့လေသည်။ ထိုအချိန်၌ အင်းရေပြင်သည် ယခုလက်ရှိအလျား ၁၄ မှ ၁၂ မိုင် အနံ (၄ မှ ၅ ) မိုင်ထက်သေးငယ်သည်။

ရေမျက်နှာပြင် ကျဉ်းသော်လည်းပို၍နက်သည်။ ဤကောသမ္ဘီ မြို့ နိုင်ငံကြီးကို မြောက်ဘက်မှ တရုတ်တို့က အေဒီ ၁၁၁၃ အလောင်း စည်သူမင်း လက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍တိမ်းရှောင်သွားကြသည်။ တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက် မြို့တစ်မြို့ကိုထပ်မံ တည် ပြန်သည်။

အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရဝိတ်ဖောင်တော်ပါ လှေတော်သား ငထောင်နှင့် ငနောင်ကျန်ရစ်ပြီး ရွာများ တည်ထောင် နေထိုင် ကြသည် ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည် ဖြစ်ပါသည်။

ခရစ်သက္ကရာဇ် ၁၃၅၉ တွင် ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံသို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦးလာရောက် ခံစားရင်း ရေပြင် ကျယ် နှင့် သာယာလှပသောတောင်တန်းကြီးများကို တွေ့မြင် နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီး နေ ထိုင် ခွင့် ရသဖြင့် ၎င်းတို့၏ နေရပ်ထားဝယ်သို့ ပြန် ပြီး ဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည် ရောက်ရှိ လာသဖြင့် စော်ဘွားနန်းသဲနေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။

နန်းသဲသည ရှမ်းအသံထွက်ဖြင့် နန့်ဆိုင်းဟုခေါ်ပြီး ရေကြည်သော သဲချောင်းဟု အဓိပ္ပာယ်ရသည်။ ထိုမှ တဖြည်းဖြည်းနှင့် အင်း လေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ် ဦးငြိမ်း၏ ညောင်ရွှေမြို့ ရာဇဝင်ချုပ်တွင် ဖော်ပြထားသည်။

မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ ပေပင်အင်းရွာ အနောက် ဘက်တွင်ရမ္မဝတီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။ ဤဒုတိယ တည်ထောင်ခဲ့ သော ရမ္မဝတီမြို့ သည် သဘာဝဘေးဒဏ် ကြောင့်ပျက်ခဲ့ရသည်။

ဟဲဟိုးသီခေါင်ပုံးအင်း

ယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာဖြစ်ပေသည်။ အင်းလေး ကန်ရေပြင်သည် ယခင်က ပထဝီ အနေထားမှာ ယခု အတိုင်းမဟုတ်ပဲ ကျယ်ပြန့်ရာ အလျား ၃၈မိုင်အနံ ၈မိုင်ခန့်ထိ ရှိခဲ့သည်။ရေဦးတိုက်ရွာများ အဖြစ် (၁) ပေါင်းပိန်း (၂) ရေဦး (၃) ဟိုနမ့် နှင့်(၄) ထန့်အိမ်အထိ ရေများ ရောက်သည်ဟု ဆိုကြသည်။

ယခုညောင်ရွှေမြို့နေရာသည်ပင် တချိန်က အင်းရေပြင်ကျယ်ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ဤမျှမက ယခု ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့် ကွာဝေးသော တောင်နီ ကျေးရွာ (အင်းဦးစေတီ)အထိ တစ်ချိန်က ဦးတိုက်ခဲ့သည်ဟု ဆိုကြသည်။

ဟဲဟိုးသီခေါင် ချိုင့်ဝှမ်းကြီးသည်အရှေ့အင်းခေါင်း ရေထွက်မှ အနောက် ရေဝေါ တောင်နှင့် လက်မောင်းကွေး တောင်တန်းများအထိ (၇)မိုင်(၈)မိုင်ခန့် ရှိသည်။

တောင်နှင့်မြောက်မှာ ၅မိုင် ၆မိုင်ကျောရှိပေမည် ထိုအချိန်က ဟဲဟိုးချိုင့်ဝှမ်းကြီးသည် ရေပြင် ကျယ်ကျယ်နှင့် တင့်တယ်လို့ နေပါသည်။ ရေဝေါတောင်ပေါက်ထွက်ရာမှ ရေများ အလုံး အရင်းနှင့် အင်းလေး အင်းကြီးထဲ သို့စီးဝင်သွား သည့်အတွက် အင်းလေး အင်းကြီးသည် အလျား ၃၆ မိုင်အနံ ၈မိုင် ထိပထဝီ အနေအထားသို့ ရောက်ခဲ့ရသည်။

ရေဝေါတောင်သည် ၂ ပိုင်းနီးပါးကွဲအက် ပေါက်သွားရခြင်းကို ဆန်းစစ်ကြည့်သော် သဘာဝ ဘေး ဒဏ် ကြောင့်ဟု ယူဆရပါမည်။ မိုး အ ဆက်မပြတ် ရွာသွန်းသည့်အတွက် ဟဲဟိုးအင်း ရေပြင်သည် အရှိန်အဟုန် ပြင်းစွာဖြင့် အဆမတန် မြင့်တက်ခဲ့ဟန် တူပါသည်။

ပြင်းထန်သော ရေ အား ကြောင့် ပေါက်ထွက်ခြင်း(သို့မဟုတ်) မြေငလျှင် လှုပ်ခါမှုကြောင့် ကွဲအက်ခြင်းများ ဖြစ်နိုင်ပါသည်။

မည်သို့ ဆိုစေကာမူ ဟဲဟိုးသီခေါင်နယ် ငုတ်တောင်ဘက်မှ တောင်ပြိုခြင်းကြောင့် ယခု ပုန်းအင်း (ဖုန်းအင်း) ဟု ခေါ်ကြသည့် ဘက်မှ အင်းရေများ ကျဆင်းလာ ပြီးအရှေ့တောင်ဘက် ညောင်ရွှေ အင်းထဲ ထိ စီးဝင်လာခဲ့ သဖြင့် အင်းရေသည် အလျား ၃၆ မိုင်အနံ ၈မိုင် အထိ ပထဝီ အနေ အထားဖြစ်ပေါ်ခဲ့ရာ ဒုတိယ ရမ္မာဝတီမြို့ရေအောက်သို့ရောက်ပြီး မြို့ပျက်ရခြင်းဖြစ်ပါသည်။

ဤဖြစ်ရပ်မှန် ကို သိနိုင်ရန်သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းကိရိယာများဖြင့် ဘူမိဘေဒ ကွင်းဆင်း လေ့လာပါက ဖြစ်ရပ်မှန်များ ဧကန်မုချပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပါသည်။

အင်းလေး အင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇-ခုတွင် သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း (၁၇၅) မြို့ကို ဖော်ပြရာတွင် အင်း ၄ ရွာဟု ဖော်ပြထားပါသည်။

တဖန် (၁၈၅၂) အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာ ငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ခေတ်များပြောင်း၍ နှစ် များ ကြာလာသောအခါ အင်း လေး ရွာ မှ အင်းလေး ဟု ဖြစ်ပေါ် ဆင်းသက် လာခဲ့သည်ဟု ယူဆမိပါသည်။

မူလအင်း ၄ ရွာသည် (၁) ရွာကြီးဗန်းပုံ (၂) နန်းပန်ရွာ (၃) နောင်တောရွာ (၄) ဟဲယာရွာမ တို့ဖြစ်ပါသည်။နောင်သောအခါ လူဦးရေ တိုး ပွား လာပြီး အခြားရွာများပေါ်ထွန်း လာကြခြင်း ဖြစ်ပါသည်။ ရွာကြီး ဗန်းဗုံ ကိုရှမ်းအသံဖြင့် ဝမ့်လုံ ဟုခေါ်ဆိုပြီး ရွာကြီးဟု အဓိပ္ပာယ်ရပါသည်။

နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန်ဟုခေါ်ဆိုပြီး ရေဝဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။

နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီး ရေမှော် ရေညှိများ ရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမ ကို ရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များ ပေါများသော နေရာဒေသ ဟု အဓိပ္ပာယ် ရပါသည်။

တပေါင်းတန်ခူး ရေကျချိန်၌ အင်းလေးကန် အရှေ့ဘက် သလဲဦးရွာနှင့်မိုင်းသောက်ရွာကြား ပေပင်အင်းရွာ၏ အနောက်ယွန်းယွန်းတွင် ယခုတိုင် ရမ္မဝတီမြို့ဟောင်းကြီးအား တွေ့မြင် နိုင်ပါ သည်။

ဒေသခံ လူများက နန်းတော်ရာဟုခေါ်ဆိုကြသည်။ မြေအောက်သို့ သေချာစွာကြည့်ပါက လူတစ်ဖက်မျှ ကြီးမားလှသည့်တိုင်ကြီးများကို ရေမှော်ရေညှိ များ ဖုံးအုပ်လျှက် တွေ့နိုင်ပါသည်။

အင်းလေးအင်းကြီး သေးငယ်စဉ်က ဤမြေရာ သည် ကုန်းမြေရမ္မာဝတီမြို့နေရာပင်ဖြစ်ပါသည်။ ရမ္မာဝတီမြို့သူ မြို့သား များလည်း ရေလွတ်ရာ အရှေ့တောင်ခြေသို့ ရွေ့လာ ကြပြီး။

မိုင်းသောက် (ရှမ်း အခေါ် မိုင်းဆောက် ၊ မိုင်း = မြို့ ဆောက် = တစ်ထောင်မျှဖြစ်၍ အဓိပ္ပာယ်မှာ မြေ နေရာ လွန်စွာကျဉ်းမြောင်းလှ၍ နေရာတစ်ထောင်မျှသာရှိသောမြို့ ဖြစ်သည ) တွင် နေထိုင်ကြပါသည်။

ထိုမှ တဖန်အင်းရေ အတော်အတန်ကျသွာသည့် အခါ၌ မြောက်ဘက်သို့ ရွေ့ပြောင်းပြီး မြို့ ၂ မြို့ကို မြို့ရိုးများ ကျုံးများဖြင့် တည် ဆောက် ကြပြန်သည်။ ၎င်းမြို့ ၂မြို့မှာ ဖန်းဖယ်နှင့်မန်ကျည်းစင် ဖြစ်ပါသည်။

ဖန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာနှစ်မြို့ဟု အဓိပ္ပာယ်ရပါသည်။

ထိုနေရာ သည်လည်း ကျဉ်းမြောင်းသေးငယ် လှ၍ သက္ကရာဇ် ၁၃၅၉ တွင်စော်ဘွားကြီး ဆီဆိုင်ဖ မှ ယခုညောင်ရွှေမြို့ကို မြို့ အင်္ဂါရပ်နှင့် အညီတည်ထောင်ခဲ့သည်။

ကောသမ္ဘီ တိမ်ကော ပျက်သုဉ်းပြီး နှစ်ရာ ပေါင်းများစွာ ကြာမြင့် လာသော အခါ ရေများလည်း ကျသွားပြီး ကုန်းမြေများ ပေါ်ထွန်း လာသည်။

ယခု အခါညောင်ရွှေမြို့သည်လည်း ကြီးမားသော ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏ အလယ် ဗဟို ဘူမိ နက်သန် နေရာမှန် ပြန်ရောက်ကာ တိုးတက်နေပြီဖြစ်ပါသည်။

ညောင်ရွှေသည်ရှမ်းဘာသာဖြင့် ယောင်ဟွေ့ဟုအသံထွက်ကာ တောင်နှစ်လုံးကြားမှ ကုန်းမြေမို့မို့ဟု အဓိပ္ပာယ်ရပါသည်။ ရေကျ သွား သဖြင့် ကုန်းမြေများ ပေါ်ထွန်းလာခြင်းကြောင့်ဲဖြစ်သည်။

အင်းလေး အင်းကြီးနှင့် အင်း၏ အရှေ့အနောက်တောင်မြောက် လွင်ပြင်များတွင် ရှေးဟောင်း မြို့ကြီးများ လွန်စွာပေါ်များလှသည်။ အချို့မှာ ကွယ်ပျောက်ကုန်ကြပေပြီ။

မပျောက်ပျက်သေးသော မြို့ရိုး၊ အုတ်ရိုး နေရာ တော်တော်များများလည်းကျန်ရှိနေပေသေးသည်။ စေတီပုထိုးရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများလည်းလွန်းစွာပေါများလှသည်။

အင်းတဝိုက်နှင့်အနီးအနားဒေသများမှရှေးဟောင်း ပစ္စည်းမျးလည်း ပေါ်ကြွယ်လှပေသည်။ ထို ညောင် ရွှေချိုင့်ဝှမ်းဒေသသည် ဤ မျှရှေးဟောင်း အမွှေ အနှစ် များ ပေါကြွယ်ချင်းမှာ သမိုင်း ကြောင်း ရှည်လျား၍ ယဉ်ကျေးမှုနှစ်ပေါင်းထောင်ချီ၍ ရှိခဲ့သည်မှာ သေချာ လှပေသည်။

သမိုင်းကြောင်း

လူများသည် မည်သည့်အချိန်က စတင်၍ အခြေချနေထိုင်ခဲ့ကြသည်ကို ရှာဖွေရာတွင်ရဌဝတီခေါ် ရပ်စောက်မြို့သမိုင်း စစ်တမ်းအရ မြန်မာသက္ကရာဇ် ၁၀၁ ခရစ်သက္ကရာဇ် ၇၃၉တွင် သရေခေတ္တရာမှ ဒွတ္တပေါင်မင်းသည် အင်းလေးရှိ ရေပေါ စံနန်း၌ ခေတ္တ လာရောက် စံမြန်းသွား သည်ဟု အထက် မြန်မာ နိုင်ငံနှင့် ရှမ်းပြည်နယ် မှတ်တမ်း အပိုင်း၂ အတွဲ ၂ စာမျက် နှာ ၂၆ တွင် “အင်းလေးမြန်မာစကား” စာတမ်းတွင် ဖော်ပြ ထားသည်။

ထိုကြောင့်မြန်မာနိုင်ငံတွင် အစောဆုံးလာရောက်အခြေချ နေထိုင်သောပျူလူမျိုးတို့နှင့် အဆက်သွယ် ရှိခဲ့ဟန်တူပါသည်။ အင်းလေး ဒေသညောင်ရွှေချိုင့်ဝှမ်း လွင်ပြင်ကြီးသည် အေဒီ ၇၀၀ လောက်ကပင် ယဉ်ကျေးမှုထွန်းကားပြီး အခြား ဒေသမှ မင်းနှင့် လူသူ အရောက်ပေါက်ရှီသည်ကို ပြဆိုနေပါသည်။

ရွှေသန်းတောင်ဘုရားကျောက်စာတွင် သက္ကရာဇ် ၃၇၉ (၁၁၇ အေဒီ) တွင်အနော်ရထာမင်းကြီးသည် ရွှေသန်းတောင်ဘုရားကို တည် တော် မူသည်။ ဒုတိယစည်သူခေါ်နရပတေ့စည်သူမင်းကြီးက ထပ်မံ ပြုပြင် တည်ဆောက်၍ ကျွန်သီးတော်များ ဝတ် မြေ များ ကို လြှူ ပ န် သည်။

ရွှေအင်းတိန်ဘုရားကျောက်စာတွင်လည်း အနော်ရထာ မင်းမှ စ၍အလောင်းစည်သူ အင်းဝေ ရွှနန်းကျော့၇ှင် စသည့်မင်းများက စေတီပုထိုး များပြုပြင်ခြင်း ထပ်မံအသစ်တည်ထောင်ခြင်း ကျွန်သီးတော်များနှင့်ဝတ်မြေများလှူဒါန်းခြင်းတို့ကို ဖော်ပြထားပါသည်။ ညောင် ရွှေချိုင့် ဝှမ်းနှင့် အင်းလေးအင်းကြီး၏ ယဉ်ကျေးမှုသည် နှစ်ထောင်ချီ ရှိနေသည့် အစားထိုးမရသော သမိုင်းဝင် အဖိုး တန် ရတနာ တစ်ခုဖြစ်၍နေပါသည်။

မည်သည့်လူမျိုးများမျိုးနွယ်စုများစတင်၍အခြေချနေထိုင်သည်ကိုပြန်ဆန်းစစ်ကြည့်ပါက အလောင်း စည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရဝိတ်ဖောင်တော်ပါလှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများတည်ထောင်နေထိုင် ကြသည်ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည်ဖြစ်ပါသည်။

ခရစ်သက္ကရာဇ် ၁၃၅၉ တွင်ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦးလာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်း ကြီးများကို တွေ့မြင် နှစ်သက် သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက် ထားပြီး နေထိုင်ခွင့်ရသဖြင့် ၎င်းတို့၏ နေရပ် ထားဝယ်သို့ ပြန်ပြီးဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည်ရောက်ရှိလာသဖြင့် စော်ဘွားနန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။

နန်းသဲသည်ရှမ်းအသံထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ် ရသည်။ ထိုမှတဖြည်းဖြည်းနှင့် အင်း လေးကန် ဘေး ဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ်ဦးငြိမ်း၏ ညောင် ရွှေ မြို့ရာဇဝင်ချုပ်တွင် ဖော်ပြထားသည်။

အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း (၄)ရွာ ဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင်သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင်အင်း ၄ ရွာဟု ဖော်ပြထားပါသည်။

တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါ ရှိသည်။

ခေတ်များပြောင်း၍နှစ်များကြာလာသောအခါ အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ် ဆင်းသက် လာခဲ့သည်ဟုယူဆမိပါသည်။

မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄) ဟဲ ယာရွာမတို့ ဖြစ်ပါ သည်။ နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်းလာကြခြင်းဖြစ်ပါသည်။

ရွာကြီးဗန်းဗုံ ကို ရှမ်းအသံဖြင့် ဝမ့်လုံ ဟုခေါ်ဆိုပြီးရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန်ဟုခေါ်ဆိုပြီး ရေဝဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။

နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီးရေမှော်ရေညှိများရှိသော နေရာ ဒေသဟု အဓိပ္ပာယ်ပါသည်။ ဟဲ ယား ရွာ မ ကိုရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက် ဝင်အပင် များပေါများသော နေရာဒေသ ဟု အဓိပ္ပာယ် ရပါသည်။

အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ပအိုဝ်းများ စုပေါင်း ညီညာစွာ တည်ထောင်၍ စည်းစည်း လုံးလုံး ချစ်ချစ် ခင်ခင်ဖြင့်ရှေးကာလမှပင် စတင် နေထိုင် ခဲ့ကြ ပါသည်။

ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှုပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူ တကွ ကြိုးစား လာကြသည်မှာ ယခု တိုးတက် သော အင်းလေးဒေသ ဖြစ်ပေါ်လာသည် အထိ ဖြစ်ပါသည်။

အင်းသူအင်းသားတို့၏ဇွဲလုံ့လနှင့်ဉာဏ်ပညာမှာသူမတူထူးခြားစွမ်းရည်မြင့်မားလှပေသည်။ ရေတွင်နေထိုင်၍ သီးနှံများကို ကျွန်း မျောများဖြင့် စိုက်ပျိုး၍ ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သို့ရောင်းချနိုင်စွမ်းရှိပါသည်။

အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိ မရှိပေ။ လက်မှု ပညာ အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေး ပင်နီ ဖျင်ထည် များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှား တိုင်ကျော်ကြား လှပေသည်။

စာပေလောကတွင်လည်း ရှေးမြန်မာမင်းများလက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှ သည် ယခုတိုင် ညောင် ရွှေအင်း လေးဒေသ မှ စာရေး ဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့ ၊ရှိနေဆဲ ဖြစ်ပါသည်။

ထိုသို့ ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊ လူထုမနေနိုင် ၊စိုက်ပျိုးရေးမလုပ်နိုင်သည့် ရွှံနွံ ထူထပ်သော ကိုင်းတောများ ဖုံးလွှမ်းနေသော နေရာကြီး တစ်ခု ဖြစ်သွားမည် ဆိုလျင်နောင် လာ နောက်သား မျိုး ဆက်သစ် များအတွက်ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။

အင်းလေး၏ ကံကြမ္မာ

လူသားနှင့် သဘာဝတောတောင်ရေမြေ တို့၏ ပဋိပက္ခကား ကမ္ဘာနှင့် အဝှမ်း ကြုံတွေ့ နေရသော အဆုံးမသတ်နိုင်သည့် အား ပြိုင်မှုဖြစ် သည်။ အင်းလေးကန် နှင့် ၎င်း၏ ပတ်ဝန်းကျင် သည်လည်း လူသားတို့ ဖန်တီးနေသော ဘေး အန္တရာယ် အောက် ရောက်နေသည်ဟု ဆိုလျင်မမှားနိုင်ပေ။ ဟိုယခင်ရှေးခတ်၌ အင်းလေး ဒေသ ဝန်းကျင်တွင် လူနေအိမ်ခြေ နည်းပါးကာ ရေခြံများ ကျွန်းမျော စိုက်ခင်းများ မထွန်းကား သေးပေ။

ဘေးဘယ်ညာနှင့် မြောက်ဖက်မှစီးဝင်သော ရေချောင်းရေမြောင်းများသည် သစ်တော သစ်ပင် ထူထပ် ၍ရေစီးရေ လာ အား ကောင်း သည်။

သစ်မြစ်များ သစ်ပင်များ နှုန်းပါဝင် မှု အားနည်း သေနည့်အတွက် ရေချောင်းများကြည်လင် ၍ အင်းလေးကန်ကြီး သို့ ရေစီးဝင်မှု အား ကောင်း ခဲ့သည်။

၁၉၁၅ ခုနှစ်ခန့်တွင် ညောင်ရွှေမြို့ မှ ကျီးဖြူကန် သို့ ကျီးဖြူချောင်းဖြင့်ရေလမ်းဖောက်ခဲ့သည်မှာ ကျီးဖြူကန်မှ နမ့်ပန်ရွာ အထိဖြစ်သည်။

ကျီးဖြူကန်ကိုဆည်တည်ဆောက်၍ အပြီးတွင် ညောင် ရွှေစော်ဘွားကြီး ဆာစောမောင်သည် ညောင်ရွှေမှကျီးဖြူကန် ချောင်းအတိုင်း ဆွဲလှေများဖြင့် စော်ဘွားကြီး၏ စီးတော်လှေကိုဆွဲကာကန်ဖွင့်ပွဲ ကျင်းပခဲ့သည်။

ကျီးဖြူကန်၌ ပြိုင်လှေ ၂၄ စင်းပါဝင်သော လှေပြိုင်ပွဲကျင်းပခဲ့ကြောင်းလည်း မှတ်သားရပါသည်။ အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ ပအိုဝ်းများ စုပေါင်း ညီညာစွာ တည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့် ရှေးကာလမှပင် စတင် နေထိုင် ခဲ့ကြ ပါသည်။

ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှု ပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြသည်မှာ ယခု တိုး တက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။ အင်းသူအင်းသားတို့၏ ဇွဲလုံ့လနှင့် ဉာဏ်ပညာမှာ သူမ တူ ထူးခြား စွမ်းရည်မြင့်မား လှပေသည်။

ရေတွင်နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သို့ရောင်းချ နိုင် စွမ်း ရှိပါ သည်။

အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိသူမရှိပေ။ လက်မှု ပညာအနေဖြင့်လည်း အင်း ပိုးထည် မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီ ဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော် ပြီး ကမ္ဘာတလွှားတိုင်ကျော်ကြား လှပေသည်။

စာပေလောကတွင်လည်း ရှေးမြန်မာ မင်းများ လက် ထက် မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည် ယခုတိုင် ညောင်ရွှေ အင်းလေး ဒေသမှ စာရေး ဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့၊ ရှိနေဆဲ ဖြစ်ပါသည်။

ထိုသို့ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာ ဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ် သွားတော့မည် ၊ လူထုမနေနိုင် ၊ စိုက် ပျိုး ရေး မလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်း နေသော နေရာကြီးတစ်ခု ဖြစ်သွားမည်ဆိုလျင် နောင် လာ နောက်သား မျိုးဆက်သစ် များအတွက် ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။

အင်းလေးကန်၏ ကန်ဘောင်ရိုးသဖွယ် ညောင်ရွှေမြို့နယ် အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက် တောင်တန်းကြီးများက စီတန်း ကာရံလျက် ရှိပါသည်။ ကန်ကြီးအတွင်းသို့ စီးဝင်သော ချောင်းမြောင်း များမှလည်းအလွန်များပြားလှသည်။ထိုချောင်းမြောင်းများမှ ရေနှင့် နုန်းမြေနုများ ၊ မြေဆီ မြေသြဇာ များကို ပေးဝေခြင်းဖြင့် လူထုကို အကျိုးပြု၏။

သို့သော် တောင်တန်းများ၌ သစ်ပင် သစ်တောများ နည်းပါး လာသည့်အတွက် မြေဆီ မြေသြဇာ ကင်းမဲ့သော မြေနီမြေစေးများသည် အင်းလေး ကန်ကြီးနှင့် လူထု အကျိုးပြုခြင်းထက် တိမ်ကော ပ ပျောက် ရန် အတွက်သာ ဖြစ်လာ တော့သည်။

Ref: သမိုင်းစာမျက်နှာများ ဓာတ်ပုံ အထွေထွေ စာမျက်နှာမှ ပြန်လည်စုစည်းတည်းဖြတ်မှု

တက္ကသိုလ် ခွန်Rကာ

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *