12.9.2019 မွ 18.9.2019 အထိတစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

By / 4 days ago / Astrology / No Comments
12.9.2019 မွ 18.9.2019 အထိတစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

12.9.2019 မွ 18.9.2019 အထိတစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္းမိမိျဖစ္ခ်င္တာေတြကိုလဲျဖစ္ေအာင္လုပ္သြားနိုင္ပါလိမ့္မယ္။ အလုပ္နဲ႔ပက္သက္ၿပီးေတာ့ လဲ မိမိဆံုးျဖတ္ခ်က္ေတြမွန္ကန္ေနတတ္ပါတယ္။ မီးခဲျပာဖံုးျဖစ္ေနတဲ့ မိမိအစြမ္းအစေတြထုတ္ျပခြင့္ရလာမဲ့ကာလ ပါပဲ။ အထက္လူႀကီးေတြ၊ စီနီယာေတြရဲ့ အထင္ႀကီးေလးစားျခင္းကိုခံရပါလိမ့္မယ္။ ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား ၀န္ ထမ္းေတြကို သင့္ေတာ္သလိုစီမံခန္႔ခြဲျခင္းျဖင့္အလုပ္ပိုမိုတိုးတတ္ပါလိမ့္မယ္။သားသမီးေတြအတြက္ ေငြကုန္ေၾကး က်ေတြမ်ားေနတတ္ပါတယ္။ စကားေျပာေကာင္းၿပီး အတြင္းေကာက္တဲ့ က်ီအားသီးလုိလူေတြနဲ႔ေတြ႔ရတတ္ပါ တယ္။အားမနာတတ္ဖုိ႔ လုိပါတယ္။

အိမ္ျပင္ျခင္း၊ အိမ္ခန္းဖြဲ႔ျခင္းမ်ားလဲ လုပ္ကိုင္လုိ႔သင့္တဲ့ကာလပါပဲ။ သူတစ္ပါး ေတြကို တတ္ႏုိင္တဲ့ဘက္ကကူညီေစာင့္ေရွာက္ႏုိင္ပါလိမ့္မယ္။ အလုပ္မွာရာထူးတုိးတာမ်ိဳးေတြ၊ေနရာေကာင္းရ တာမ်ိဳးေတြႀကံဳရလြယ္ပါတယ္။က်န္းမာေရးကေတာ့ အညံ့သိပ္မေတြ႔ရပါဘူး။ ေနလို႔ထုိင္လို႔ေကာင္းမဲ့ေန႔ရက္ေတြပါ ပဲ။ အခ်စ္ေရးနဲ႔ပက္သက္ၿပီးေတာ့ အနည္းငယ္စိတ္ညစ္ရတတ္ပါတယ္။ ခ်စ္သူရဲ့ဥေပကၡာျပဳျခင္းကိုခံရတတ္ပါ တယ္။အိမ္ေထာင္ေရးညံ့ေနတာမ်ိဳးေတာာ့ဒီကာလမွာမေတြ႔ရပါဘူး။ပညာေရးကံအလြန္မွေကာင္းပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/5/8

အထူးေဟာ လုပ္ငန္းေတြတိုးတတ္လာလိမ့္မယ္။

ယၾတာ ပ်ားရည္ဘုရားကပ္လွဴလုိက္ပါ။

တနလၤာ

ဒီကာလအတြင္း မိမိျဖစ္ခ်င္တာကတစ္မ်ိဳး ျဖစ္ေနတာကတစ္မ်ိဳးဆိုတာမ်ိဳး ႀကံဳရတတ္ပါတယ္။ ေငြလဲ လြယ္လြယ္သံုးရင္လြယ္လြယ္ကုန္လိမ့္မယ္။ မလိုအပ္ဘဲ ေငြထုတ္မသံုးေစခ်င္ပါဘူး။ အိမ္တြင္းေရး မိသားစုအေရး ေတြမွာ မိမိအေျပာမတတ္တာေၾကာင့္ ၿငိဳၿငင္တာခံရတတ္ပါတယ္။ ခရီးရွည္ထြက္ရမယ္ဆို ေသခ်ာပစၥည္းေတြကို ထိန္းသိမ္းဖုိ႔ တိုက္တြန္းပါတယ္။ အလစ္သုတ္ခံရတတ္လို႔ပါပဲ။ အသစ္စမဲ့အလုပ္ေတြရွိရင္ ဒီကာလမွာမစပါနဲ႔ဦး။ အဆင္သင့္မျဖစ္ေသးဘူးလို႔ျမင္လို႔ပါ။ ေအာက္လက္ငယ္သားေတြအက်ိဳးေပးတတ္ပါတယ္။ ေအာက္ေျခ၀န္ထမ္း ေတြရဲ့အကူအညီေတြအမ်ားႀကီးရပါလိမ့္မယ္။

အရက္ေသာက္တတ္သူမ်ား limit ေက်ာ္တာနဲ႔ အဆင္မေျပပါဘူး။ က်န္းမာေရးကိုတိုက္ရိုက္ထိခိုက္သြားနိုင္လုိ႔ပါပဲ။ ေငြကပံုမွန္ေတာ့၀င္ေနပါလိမ့္မယ္။ သူမ်ားေငြေတြ၊ အဖြဲ႔အစည္း ေငြေတြလက္ခံလုိက္ရင္ေတာ့ လာဘ္ပိတ္သြားတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔အဆင္ေျပပါလိမ့္မယ္။ အေနေ၀းရတာမ်ိဳးေတာ့ႀကံဳရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဖက္နစ္နာေစမဲ့စကားမ်ိဳးမေျပာမိ ေအာင္ေရွာင္လုိက္ေစခ်င္ပါတယ္။ ပညာေရးကံကေတာ့အေကာင္းအဆိုးမွ်ေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/5/6

အထူးေဟာ ဘာလုပ္လုပ္စဥ္းစားခ်င့္ခ်ိန္ၿပီးမွလုပ္ပါ။

ယၾတာ ေအာက္လက္ငယ္သားေတြကို အစားအေသာက္တစ္ခုခု၀ယ္ေကၽြးလိုက္ပါ။

အဂၤါ

ဒီကာလအတြင္းအလုပ္နဲ႔ပက္သက္ၿပီးစိတ္လဲပင္ပန္းရမယ္။ လူလဲပင္ပန္းရတတ္ပါတယ္။ အဓိကေတာ့ဖိအားေတြနဲ႔ ရင္ဆုိင္ရတတ္တာမ်ိဳးပါပဲ။ တာ၀န္ေတြပိုလာတတ္ေပမဲ့ မိမိကိုယ္တုိင္က ၀ီရိယထားၿပီးလုပ္ေပးေစခ်င္ ပါတယ္။ ေစ်းေရာင္းေစ်း၀ယ္လုပ္ေနသူမ်ား အေရာင္းအ၀ယ္ေတြပါးေနတတ္ပါတယ္။ စိတ္မပ်က္လိုက္ပါနဲ႔။ ယံု ၾကည္မႈကိုတည္ေဆာက္ႏုိင္ေအာင္ႀကိဳးစားေနလိုက္ပါ။ ေနာက္အပတ္ေတြမွာ အဆင္ေျပသြားပါလိမ့္မယ္။ စိတ္ထဲ ျဖစ္ခ်င္တာေတြရွိရင္ ျဖစ္ေအာင္လုပ္ႏုိင္ပါလိမ့္မယ္။ အားလပ္ခ်ိန္ေလးေတြကို အက်ိဳးမရွိတာနဲ႔အခ်ိန္ကုန္မခံလုိက္ ပါနဲ႔။
မိမိေျပာခ်င္တင္ျပခ်င္တာေတြ အထက္လူႀကီးကိုတင္ျပေျပာဆိုလို႔မသင့္ေသးတဲ့ကာလပါပဲ။ တစ္ခုသတိေပး ခ်င္တာက ေရညွိေတြနဲ႔ ေခ်ာ္ေနတဲ့ေနရာေတြကိုသတိထားသြားပါ။ ေခ်ာ္လဲၿပီး အနာတရအလြန္ျဖစ္လြယ္ပါတယ္။ စက္ပစၥည္းက တစ္ပတ္ရစ္၀ယ္မိရင္ေတာ့ျခဴျခာလြယ္ပါတယ္။ နားလည္သူေတြနဲ႔တိုင္ပင္ၿပီးမွ၀ယ္လိုက္ပါ။ အခ်စ္ ေရးကံကေတာ့ေကာင္းပါတယ္။ ခ်စ္သူရဲ့အၾကင္နာေတြရလိမ့္မယ္။ အိမ္ေထာင္ေရးအတြက္လဲစိတ္ပူဖုိ႔မလုိပါဘူး။ အိမ္ေထာင္ေရးသာယာေပ်ာ္ရႊင္ပါလိမ့္မယ္။ ပညာေရးမွာေတာ့ တြက္စာပိုင္းနားမလည္တာေတြမ်ားေနလိမ့္မယ္။

အက်ိဳးေပးဂဏန္း 3/6/7

အထူးေဟာ အနည္းငယ္ပင္ပန္းရမည္။

ယၾတာ မီးေခ်ာင္းအကၽြမ္းေတြ၊ အားသြင္းႀကိဳးအပ်က္ေတြကို စြန္႔ပစ္လုိက္ပါ။

ဗုဒၶဟူး/ရာဟု

မိမိတို႔အတြက္ကေတာ့ ကံေကာင္းျခင္း၊အဆင္ေျပျခင္းေတြကိုယူေဆာင္လာတဲ့ကာလလို႔ပဲေျပာခ်င္ပါ တယ္။အလုပ္နဲ႔ပက္သက္ၿပီး ရာထူးတိုးျခင္း၊ေနရာေကာငး္ရျခင္းမ်ိဳးေတြႀကံဳရတတ္ပါတယ္။ ကိုယ္က်င့္တရားႀကီး မားသူေတြကေတာ့ အလြန္မွအဆင္ေျပပါလိမ့္မယ္။ လူအမ်ားရဲ့ခ်ီးက်ဴးျခင္းကိုလဲခံရတတ္ပါတယ္။ သြားလိုတဲ့ခရီး ေတြကိုလဲသြားရဖုိ႔အေၾကာင္းဖန္လာတတ္ပါတယ္။ လူမႈေရးအရႈပ္အေထြးေတြကိုလဲ ေျပလည္ေအာင္ေျဖရွင္းႏိုင္ ပါလိမ့္မယ္။

အလွအပႏွင့္ဆုိင္ေသာ လက္၀တ္ရတနာမ်ား၊ အ၀တ္အစားမ်ား၊ comesticမ်ားး၀ယ္ယူမယ္ဆုိရင္ ဒီ ကာလဟာအလြန္မွေကာင္းပါတယ္။ စိတ္ေအးၿငိမ္းမႈကိုရရွိတတ္ပါတယ္။ တရားပုံမွန္အားထုတ္ေနသူမ်ား တရား အသိေတြတုိးပါလိမ့္မယ္။ အဖြဲ႔အစည္းနဲ႔လူအမ်ားနဲ႔လုပ္ရတဲ့အလုပ္ေတြ ထင္ထားသည္ထက္ပိုမိုတိုးတတ္လိမ့္ မယ္။ က်န္းမာေရးကေတာ့ အနည္းငယ္အားနည္းတတ္ပါတယ္။ မတည့္တဲ့အစားေတြေရွာင္လုိက္ေစခ်င္ပါတယ္။ အခ်စ္ေရးကံလဲအထူးေကာင္းပါလိမ့္မယ္။ အြန္လိုင္းေပၚကေန ခ်စ္သူရလြယ္တဲ့အခ်ိန္ပါပဲ။ အိမ္ေထာာင္ေရးလဲ အညံ့မရွိသေလာက္နည္းပါတယ္။ ပညာေရးကေတာ့ အသိပညာပိုမိုတိုးပြားမယ့္ေနရက္ေတြပါပဲ။

အက်ိဳးေပးဂဏန္း 1/4/7

အထူးေဟာ အဆင္ေျပကံေကာင္းေနမည္။

ယၾတာ ရွမ္းေခါက္ဆြဲတစ္ပြဲ ဘုရားကပ္လွဴဆုေတာင္းလုိက္ပါ။

ၾကာသပေတး

မိမိစြမ္းေဆာင္ရည္ေတြေၾကာင့္အဆင္ေျပႏုိင္သလုိ ကံေပးအတြက္ စိုင္ေကာ္လို႔ ျခံဳေပၚေရာက္တဲ့အေျခအ ေနမ်ိဳးလဲႀကံဳရတတ္ပါတယ္။တန္ဖိုးရွိတဲ့လက္ေဆာင္ေတြရလာတတ္ပါတယ္။ေငြေၾကးနဲ႔ပက္သက္ၿပီးအစုလုိက္၀င္ တတ္တဲ့ကာလပါပဲ။ ထီ၀ါသနာပါသူမ်ား ၄၊၈၊၅ မ်ားမ်ားပါတဲ့ထီလက္မွတ္ကုိေရြးခ်ယ္ကံစမ္းသင့္ပါတယ္။ မိဘေတြဆရာသမားေတြရဲ့ အကူအညီေတြ အေထာက္အပံ့ေတြရလြယ္ပါတယ္။ အလုပ္သစ္ေလွ်ာက္ထားသူမ်ား၊အင္တာ ဗ်ဴးေျဖထားသူမ်ားအလုပ္ရလြယ္ပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားမ်ားခ်႕ဲထြင္ခ်င္တာပဲျဖစ္ျဖစ္၊ဆုိင္ခြဲဖြင့္ခ်င္တာပဲျဖစ္ျဖစ္ ဒီကာလမွာေဆာင္ရြက္လို႔အလြန္ေကာင္းပါတယ္။

က်န္းမာေရးကေတာ့ဒီကာလအတြင္း အညံ့အဆိုးရွိတယ္လို႔ေျပာ ခ်င္ပါတယ္။ အေရျပားနဲ႔ပက္သက္ေသာေရာဂါေတြျဖစ္လြယ္ပါတယ္။ဗိုက္ေအာက္ဗိုက္နာေတြကိုလဲအလြန္မွျဖစ္ လြယ္ပါတယ္။ အခ်စ္ေရးမွာေတာ့ အလြန္မွၾကည္ႏူးစရာေကာင္းပါတယ္။ခ်စ္သူနဲ႔ အဆင္မေျပတာေတြကိုေကာင္း စြာညွိႏႈိင္းလုိ႔ရလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ အညံ့ရွိေနတတ္ပါတယ္။ အိမ္ေထာင္ဘက္ရဲ့က်န္းမာေရးအား နည္းႏုိင္တာလဲေတြ႔ရပါတယ္။ ပညာေရးကေတာ့အဆင္ေျပတုိးတတ္မဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း 1/2/9

အထူးေဟာ စိတ္ခ်မ္းသာရပါလိမ့္မယ္။

ယၾတာ ဘဂ၀ါဂုဏ္ေတာ္ကို ႏုိင္သေလာက္ပုတီးစိပ္ပါ။

ေသာၾကာ

အသိပညာေတြ၊ ဆင္ျခင္တံုတရားေတြကိုေကာင္းစြာအသံုးခ်ႏုိင္ပါလိမ့္မယ္။ စိတ္ထဲလိုခ်င္တာေတြကိုလဲ ျပည့္၀လာဖုိ႔မလြယ္ပါဘူး။ အလုပ္နဲ႔ပက္သက္ၿပီးေတာ့လဲ ျပႆနာေလးေတြရင္ဆုိင္ရတတ္ပါတယ္။ ႏႈတ္နည္းတာ အေကာင္းဆံုးလို႔ပဲျမင္ပါတယ္။ စကားမ်ားေလ ျပႆနာမ်ားေလပါပဲ။ အလုပ္သစ္ေတြရဖုိ႔ခက္ခဲပါတယ္။ ခရီးသြား မယ္ဆိုယာဥ္ကားေတြကိုေသခ်ာစစ္ေဆးၿပီးမွသြားပါ။ လမ္းခရီးမွာကားပ်က္တာမ်ိဳးေတြအထူးပဲျဖစ္လြယ္ပါတယ္။ စိတ္နဲ႔ပက္သက္ေသာ ေလ့က်င့္ခန္းေတြကိုမ်ားမ်ားလုပ္ေစခ်င္ပါတယ္။မိမိလုပ္ကိုင္ေနတ့ဲ အလုပ္ေတြမွာ လုပ္ေဖာ္ ကိုင္ဖက္ေတြရဲ့ဆႏၵေတြကို အထူးဦးစားေပးလုိက္ပါ။

ငယ္ေပါင္းႀကီးေဖာ္သူငယ္ခ်င္းမွအပ အျခားသိပ္မရင္းနွီးတဲ့ သူငယ္ခ်င္းေတြကိုမယံုသင့္ပါဘူ။ မိမိကိုလိမ္သြားတာ၊ေခ်ာက္ခ်တာမ်ိဳးေတြလုပ္တတ္လို႔ပါပဲ။က်န္းမာေရးကေတာ့ ေဒါင္ေဒါင္ျမည္ေကာင္းေနတတ္ပါတယ္။ အေအးစာမ်ားစားျခင္းကိုေတာ့ေရွာင္ပါ။ အခ်စ္ေရးမွာသေဘာထားႀကီး တဲ့ခ်စ္သူေၾကာင့္ စိတ္ခ်မ္းသာရပါလိမ့္မယ္။ အိမ္ေထာင္ေရး သင့္တယ္လိုပဲသံုးသပ္ရမဲ့ေန႔ရက္ေတြပါပဲ။ အရမ္း ဆုိးေနတာမေတြ႔ပါ။ ပညာေရးမွာေတာ့ မိမိကိုယ္တုိင္က စာလုပ္ရမွာကိုပ်င္းေနတာစိတ္မပါတာမ်ိဳးျဖစ္ေနလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/3/6

အထူးေဟာ ကံအားနည္းေနမည္။

ယၾတာ သမၺဳေဒၶဂုဏ္ေတာ္ကို ေန႔စဥ္ ၃၇ေခါက္ရြတ္ပြားလုိက္ပါ။

စေန

ဒီကာလေတြမွာေတာ့ မိမိကိုယ္တုိင္က မိမိအက်ိဳးစီးပြားထက္သူမ်ားအက်ိဳးစီးပြားျဖစ္ဖို႔ပိုလိုလားေနတတ္ပါ တယ္။ အဆင္မေျပသူေတြ အခက္အခဲျဖစ္ေနသူေတြကို တတ္အားသမွ် ကူညီခ်င္ေနတတ္ပါတယ္။ ပညာေရးနဲ႔ႏြယ္ ေသာလုပ္ငန္းမ်ားအထူးေကာင္းပါတယ္။ စကားျဖင့္ရင္းနွီးရေသာအလုပ္ေတြအထူးေကာင္းပါတယ္။ ကုသိုလ္လဲရ ၀မ္းလဲ၀တဲ့ အလုပ္ေတြက ပိုမိုအဆင္ေျပပါလိမ့္မယ္။ စိတ္ကူးေကာင္းေတြ၊ အၾကံဥာဏ္ေကာင္းေတြေပၚလာတတ္ပါ တယ္။ လက္ေတြ႔အေကာင္အထည္ေဖာ္လုိက္ပါ။ တစ္ပိုင္းတစ္စျဖစ္ေနတဲ့ အလုပ္ေတြကိုလဲ အၿပီးသတ္လုပ္ကိုင္ႏုိင္ ပါလိမ့္မယ္။

ခရီးသြားရမယ္ဆိုရင္ေတာ့ လမ္းခရီးပင္ပန္းေပမဲ့ လိုရာခရီးေရာက္သြားရင္ေတာ့ မိမိလုပ္ရမဲ့ကိစၥေတြ ကိုအဆင္ေျပေျပလုပ္ကိုင္သြားႏုိင္ပါလိမ့္မယ္။ အဖိုးတန္ပစၥညး္ေတြကိုေတာ့ အလြယ္မထားသင့္တဲ့ေန႔ရက္ေတြပဲ ျဖစ္ပါတယ္။ အလြယ္ရလို႔ ယူသြားတာ၊အလစ္သုတ္သြားတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။က်နး္မာေရးေဒါင္ေဒါင္ ျမည္ေကာင္းေနတတ္ပါတယ္။ အခ်စ္ေရးမွာလဲ မိမိရဲ့သည္းခံခြင့္လြတ္စိတ္ေၾကာင့္ အဆင္ေျပမႈေတြႀကံဳရတတ္ပါ တယ္။ အိမ္ေထာင္ဘက္ကိုေတာ့စိတ္ကုန္ေနတတ္ပါတယ္။ ပညာေရးမွာလဲအရာရာထုိးထြင္းသိေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 3/7/8

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ လက္ဖက္သုပ္ဘုရားကပ္လွဴလုိက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလုိအင္ဆႏၵေတြျပည့္၀ပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 09 77 5555 695 / 09 44 5555 695

Unicode

12.9.2019 မှ 18.9.2019 အထိတစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းမိမိဖြစ်ချင်တာတွေကိုလဲဖြစ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ပြီးတော့ လဲ မိမိဆုံးဖြတ်ချက်တွေမှန်ကန်နေတတ်ပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ မိမိအစွမ်းအစတွေထုတ်ပြခွင့်ရလာမဲ့ကာလ ပါပဲ။ အထက်လူကြီးတွေ၊ စီနီယာတွေရဲ့ အထင်ကြီးလေးစားခြင်းကိုခံရပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ ဝန် ထမ်းတွေကို သင့်တော်သလိုစီမံခန့်ခွဲခြင်းဖြင့်အလုပ်ပိုမိုတိုးတတ်ပါလိမ့်မယ်။သားသမီးတွေအတွက် ငွေကုန်ကြေး ကျတွေများနေတတ်ပါတယ်။ စကားပြောကောင်းပြီး အတွင်းကောက်တဲ့ ကျီအားသီးလိုလူတွေနဲ့တွေ့ရတတ်ပါ တယ်။အားမနာတတ်ဖို့ လိုပါတယ်။

အိမ်ပြင်ခြင်း၊ အိမ်ခန်းဖွဲ့ခြင်းများလဲ လုပ်ကိုင်လို့သင့်တဲ့ကာလပါပဲ။ သူတစ်ပါး တွေကို တတ်နိုင်တဲ့ဘက်ကကူညီစောင့်ရှောက်နိုင်ပါလိမ့်မယ်။ အလုပ်မှာရာထူးတိုးတာမျိုးတွေ၊နေရာကောင်းရ တာမျိုးတွေကြုံရလွယ်ပါတယ်။ကျန်းမာရေးကတော့ အညံ့သိပ်မတွေ့ရပါဘူး။ နေလို့ထိုင်လို့ကောင်းမဲ့နေ့ရက်တွေပါ ပဲ။ အချစ်ရေးနဲ့ပက်သက်ပြီးတော့ အနည်းငယ်စိတ်ညစ်ရတတ်ပါတယ်။ ချစ်သူရဲ့ဥပေက္ခာပြုခြင်းကိုခံရတတ်ပါ တယ်။အိမ်ထောင်ရေးညံ့နေတာမျိုးတောာ့ဒီကာလမှာမတွေ့ရပါဘူး။ပညာရေးကံအလွန်မှကောင်းပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/5/8

အထူးဟော လုပ်ငန်းတွေတိုးတတ်လာလိမ့်မယ်။

ယတြာ ပျားရည်ဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း မိမိဖြစ်ချင်တာကတစ်မျိုး ဖြစ်နေတာကတစ်မျိုးဆိုတာမျိုး ကြုံရတတ်ပါတယ်။ ငွေလဲ လွယ်လွယ်သုံးရင်လွယ်လွယ်ကုန်လိမ့်မယ်။ မလိုအပ်ဘဲ ငွေထုတ်မသုံးစေချင်ပါဘူး။ အိမ်တွင်းရေး မိသားစုအရေး တွေမှာ မိမိအပြောမတတ်တာကြောင့် ငြိုငြင်တာခံရတတ်ပါတယ်။ ခရီးရှည်ထွက်ရမယ်ဆို သေချာပစ္စည်းတွေကို ထိန်းသိမ်းဖို့ တိုက်တွန်းပါတယ်။ အလစ်သုတ်ခံရတတ်လို့ပါပဲ။ အသစ်စမဲ့အလုပ်တွေရှိရင် ဒီကာလမှာမစပါနဲ့ဦး။ အဆင်သင့်မဖြစ်သေးဘူးလို့မြင်လို့ပါ။ အောက်လက်ငယ်သားတွေအကျိုးပေးတတ်ပါတယ်။ အောက်ခြေဝန်ထမ်း တွေရဲ့အကူအညီတွေအများကြီးရပါလိမ့်မယ်။

အရက်သောက်တတ်သူများ limit ကျော်တာနဲ့ အဆင်မပြေပါဘူး။ ကျန်းမာရေးကိုတိုက်ရိုက်ထိခိုက်သွားနိုင်လို့ပါပဲ။ ငွေကပုံမှန်တော့ဝင်နေပါလိမ့်မယ်။ သူများငွေတွေ၊ အဖွဲ့အစည်း ငွေတွေလက်ခံလိုက်ရင်တော့ လာဘ်ပိတ်သွားတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်ပြေပါလိမ့်မယ်။ အနေဝေးရတာမျိုးတော့ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်နစ်နာစေမဲ့စကားမျိုးမပြောမိ အောင်ရှောင်လိုက်စေချင်ပါတယ်။ ပညာရေးကံကတော့အကောင်းအဆိုးမျှနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/5/6

အထူးဟော ဘာလုပ်လုပ်စဉ်းစားချင့်ချိန်ပြီးမှလုပ်ပါ။

ယတြာ အောက်လက်ငယ်သားတွေကို အစားအသောက်တစ်ခုခုဝယ်ကျွေးလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းအလုပ်နဲ့ပက်သက်ပြီးစိတ်လဲပင်ပန်းရမယ်။ လူလဲပင်ပန်းရတတ်ပါတယ်။ အဓိကတော့ဖိအားတွေနဲ့ ရင်ဆိုင်ရတတ်တာမျိုးပါပဲ။ တာဝန်တွေပိုလာတတ်ပေမဲ့ မိမိကိုယ်တိုင်က ဝီရိယထားပြီးလုပ်ပေးစေချင် ပါတယ်။ ဈေးရောင်းဈေးဝယ်လုပ်နေသူများ အရောင်းအဝယ်တွေပါးနေတတ်ပါတယ်။ စိတ်မပျက်လိုက်ပါနဲ့။ ယုံ ကြည်မှုကိုတည်ဆောက်နိုင်အောင်ကြိုးစားနေလိုက်ပါ။ နောက်အပတ်တွေမှာ အဆင်ပြေသွားပါလိမ့်မယ်။ စိတ်ထဲ ဖြစ်ချင်တာတွေရှိရင် ဖြစ်အောင်လုပ်နိုင်ပါလိမ့်မယ်။ အားလပ်ချိန်လေးတွေကို အကျိုးမရှိတာနဲ့အချိန်ကုန်မခံလိုက် ပါနဲ့။
မိမိပြောချင်တင်ပြချင်တာတွေ အထက်လူကြီးကိုတင်ပြပြောဆိုလို့မသင့်သေးတဲ့ကာလပါပဲ။ တစ်ခုသတိပေး ချင်တာက ရေညှိတွေနဲ့ ချော်နေတဲ့နေရာတွေကိုသတိထားသွားပါ။ ချော်လဲပြီး အနာတရအလွန်ဖြစ်လွယ်ပါတယ်။ စက်ပစ္စည်းက တစ်ပတ်ရစ်ဝယ်မိရင်တော့ခြူခြာလွယ်ပါတယ်။ နားလည်သူတွေနဲ့တိုင်ပင်ပြီးမှဝယ်လိုက်ပါ။ အချစ် ရေးကံကတော့ကောင်းပါတယ်။ ချစ်သူရဲ့အကြင်နာတွေရလိမ့်မယ်။ အိမ်ထောင်ရေးအတွက်လဲစိတ်ပူဖို့မလိုပါဘူး။ အိမ်ထောင်ရေးသာယာပျော်ရွှင်ပါလိမ့်မယ်။ ပညာရေးမှာတော့ တွက်စာပိုင်းနားမလည်တာတွေများနေလိမ့်မယ်။

အကျိုးပေးဂဏန်း 3/6/7

အထူးဟော အနည်းငယ်ပင်ပန်းရမည်။

ယတြာ မီးချောင်းအကျွမ်းတွေ၊ အားသွင်းကြိုးအပျက်တွေကို စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

မိမိတို့အတွက်ကတော့ ကံကောင်းခြင်း၊အဆင်ပြေခြင်းတွေကိုယူဆောင်လာတဲ့ကာလလို့ပဲပြောချင်ပါ တယ်။အလုပ်နဲ့ပက်သက်ပြီး ရာထူးတိုးခြင်း၊နေရာကောင်းရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ ကိုယ်ကျင့်တရားကြီး မားသူတွေကတော့ အလွန်မှအဆင်ပြေပါလိမ့်မယ်။ လူအများရဲ့ချီးကျူးခြင်းကိုလဲခံရတတ်ပါတယ်။ သွားလိုတဲ့ခရီး တွေကိုလဲသွားရဖို့အကြောင်းဖန်လာတတ်ပါတယ်။ လူမှုရေးအရှုပ်အထွေးတွေကိုလဲ ပြေလည်အောင်ဖြေရှင်းနိုင် ပါလိမ့်မယ်။

အလှအပနှင့်ဆိုင်သော လက်ဝတ်ရတနာများ၊ အဝတ်အစားများ၊ comesticများးဝယ်ယူမယ်ဆိုရင် ဒီ ကာလဟာအလွန်မှကောင်းပါတယ်။ စိတ်အေးငြိမ်းမှုကိုရရှိတတ်ပါတယ်။ တရားပုံမှန်အားထုတ်နေသူများ တရား အသိတွေတိုးပါလိမ့်မယ်။ အဖွဲ့အစည်းနဲ့လူအများနဲ့လုပ်ရတဲ့အလုပ်တွေ ထင်ထားသည်ထက်ပိုမိုတိုးတတ်လိမ့် မယ်။ ကျန်းမာရေးကတော့ အနည်းငယ်အားနည်းတတ်ပါတယ်။ မတည့်တဲ့အစားတွေရှောင်လိုက်စေချင်ပါတယ်။ အချစ်ရေးကံလဲအထူးကောင်းပါလိမ့်မယ်။ အွန်လိုင်းပေါ်ကနေ ချစ်သူရလွယ်တဲ့အချိန်ပါပဲ။ အိမ်ထောာင်ရေးလဲ အညံ့မရှိသလောက်နည်းပါတယ်။ ပညာရေးကတော့ အသိပညာပိုမိုတိုးပွားမယ့်နေရက်တွေပါပဲ။

အကျိုးပေးဂဏန်း 1/4/7

အထူးဟော အဆင်ပြေကံကောင်းနေမည်။

ယတြာ ရှမ်းခေါက်ဆွဲတစ်ပွဲ ဘုရားကပ်လှူဆုတောင်းလိုက်ပါ။

ကြာသပတေး

မိမိစွမ်းဆောင်ရည်တွေကြောင့်အဆင်ပြေနိုင်သလို ကံပေးအတွက် စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့အခြေအ နေမျိုးလဲကြုံရတတ်ပါတယ်။တန်ဖိုးရှိတဲ့လက်ဆောင်တွေရလာတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီးအစုလိုက်ဝင် တတ်တဲ့ကာလပါပဲ။ ထီဝါသနာပါသူများ ၄၊၈၊၅ များများပါတဲ့ထီလက်မှတ်ကိုရွေးချယ်ကံစမ်းသင့်ပါတယ်။ မိဘတွေဆရာသမားတွေရဲ့ အကူအညီတွေ အထောက်အပံ့တွေရလွယ်ပါတယ်။ အလုပ်သစ်လျှောက်ထားသူများ၊အင်တာ ဗျူးဖြေထားသူများအလုပ်ရလွယ်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားများချ့ဲထွင်ချင်တာပဲဖြစ်ဖြစ်၊ဆိုင်ခွဲဖွင့်ချင်တာပဲဖြစ်ဖြစ် ဒီကာလမှာဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ကျန်းမာရေးကတော့ဒီကာလအတွင်း အညံ့အဆိုးရှိတယ်လို့ပြော ချင်ပါတယ်။ အရေပြားနဲ့ပက်သက်သောရောဂါတွေဖြစ်လွယ်ပါတယ်။ဗိုက်အောက်ဗိုက်နာတွေကိုလဲအလွန်မှဖြစ် လွယ်ပါတယ်။ အချစ်ရေးမှာတော့ အလွန်မှကြည်နူးစရာကောင်းပါတယ်။ချစ်သူနဲ့ အဆင်မပြေတာတွေကိုကောင်း စွာညှိနှိုင်းလို့ရလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အညံ့ရှိနေတတ်ပါတယ်။ အိမ်ထောင်ဘက်ရဲ့ကျန်းမာရေးအား နည်းနိုင်တာလဲတွေ့ရပါတယ်။ ပညာရေးကတော့အဆင်ပြေတိုးတတ်မဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/2/9

အထူးဟော စိတ်ချမ်းသာရပါလိမ့်မယ်။

ယတြာ ဘဂဝါဂုဏ်တော်ကို နိုင်သလောက်ပုတီးစိပ်ပါ။

သောကြာ

အသိပညာတွေ၊ ဆင်ခြင်တုံတရားတွေကိုကောင်းစွာအသုံးချနိုင်ပါလိမ့်မယ်။ စိတ်ထဲလိုချင်တာတွေကိုလဲ ပြည့်ဝလာဖို့မလွယ်ပါဘူး။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ ပြဿနာလေးတွေရင်ဆိုင်ရတတ်ပါတယ်။ နှုတ်နည်းတာ အကောင်းဆုံးလို့ပဲမြင်ပါတယ်။ စကားများလေ ပြဿနာများလေပါပဲ။ အလုပ်သစ်တွေရဖို့ခက်ခဲပါတယ်။ ခရီးသွား မယ်ဆိုယာဉ်ကားတွေကိုသေချာစစ်ဆေးပြီးမှသွားပါ။ လမ်းခရီးမှာကားပျက်တာမျိုးတွေအထူးပဲဖြစ်လွယ်ပါတယ်။ စိတ်နဲ့ပက်သက်သော လေ့ကျင့်ခန်းတွေကိုများများလုပ်စေချင်ပါတယ်။မိမိလုပ်ကိုင်နေတဲ့ အလုပ်တွေမှာ လုပ်ဖော် ကိုင်ဖက်တွေရဲ့ဆန္ဒတွေကို အထူးဦးစားပေးလိုက်ပါ။

ငယ်ပေါင်းကြီးဖော်သူငယ်ချင်းမှအပ အခြားသိပ်မရင်းနှီးတဲ့ သူငယ်ချင်းတွေကိုမယုံသင့်ပါဘူ။ မိမိကိုလိမ်သွားတာ၊ချောက်ချတာမျိုးတွေလုပ်တတ်လို့ပါပဲ။ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ အအေးစာများစားခြင်းကိုတော့ရှောင်ပါ။ အချစ်ရေးမှာသဘောထားကြီး တဲ့ချစ်သူကြောင့် စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင်ရေး သင့်တယ်လိုပဲသုံးသပ်ရမဲ့နေ့ရက်တွေပါပဲ။ အရမ်း ဆိုးနေတာမတွေ့ပါ။ ပညာရေးမှာတော့ မိမိကိုယ်တိုင်က စာလုပ်ရမှာကိုပျင်းနေတာစိတ်မပါတာမျိုးဖြစ်နေလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/6

အထူးဟော ကံအားနည်းနေမည်။

ယတြာ သမ္ဗုဒ္ဓေဂုဏ်တော်ကို နေ့စဉ် ၃၇ခေါက်ရွတ်ပွားလိုက်ပါ။

စနေ

ဒီကာလတွေမှာတော့ မိမိကိုယ်တိုင်က မိမိအကျိုးစီးပွားထက်သူများအကျိုးစီးပွားဖြစ်ဖို့ပိုလိုလားနေတတ်ပါ တယ်။ အဆင်မပြေသူတွေ အခက်အခဲဖြစ်နေသူတွေကို တတ်အားသမျှ ကူညီချင်နေတတ်ပါတယ်။ ပညာရေးနဲ့နွယ် သောလုပ်ငန်းများအထူးကောင်းပါတယ်။ စကားဖြင့်ရင်းနှီးရသောအလုပ်တွေအထူးကောင်းပါတယ်။ ကုသိုလ်လဲရ ဝမ်းလဲဝတဲ့ အလုပ်တွေက ပိုမိုအဆင်ပြေပါလိမ့်မယ်။ စိတ်ကူးကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေပေါ်လာတတ်ပါ တယ်။ လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။ တစ်ပိုင်းတစ်စဖြစ်နေတဲ့ အလုပ်တွေကိုလဲ အပြီးသတ်လုပ်ကိုင်နိုင် ပါလိမ့်မယ်။

ခရီးသွားရမယ်ဆိုရင်တော့ လမ်းခရီးပင်ပန်းပေမဲ့ လိုရာခရီးရောက်သွားရင်တော့ မိမိလုပ်ရမဲ့ကိစ္စတွေ ကိုအဆင်ပြေပြေလုပ်ကိုင်သွားနိုင်ပါလိမ့်မယ်။ အဖိုးတန်ပစ္စည်းတွေကိုတော့ အလွယ်မထားသင့်တဲ့နေ့ရက်တွေပဲ ဖြစ်ပါတယ်။ အလွယ်ရလို့ ယူသွားတာ၊အလစ်သုတ်သွားတာမျိုးတွေဖြစ်ရတတ်ပါတယ်။ကျန်းမာရေးဒေါင်ဒေါင် မြည်ကောင်းနေတတ်ပါတယ်။ အချစ်ရေးမှာလဲ မိမိရဲ့သည်းခံခွင့်လွတ်စိတ်ကြောင့် အဆင်ပြေမှုတွေကြုံရတတ်ပါ တယ်။ အိမ်ထောင်ဘက်ကိုတော့စိတ်ကုန်နေတတ်ပါတယ်။ ပညာရေးမှာလဲအရာရာထိုးထွင်းသိနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/7/8

အထူးဟော ကံသင့်ပါတယ်။

ယတြာ လက်ဖက်သုပ်ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09 77 5555 695 / 09 44 5555 695

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *