အဂတိမှုဖြင့် တရားစွဲခံထားရသော BPI စက်ရုံမှူးအတွက် အကိုတစ်ယောက်ရဲ့ ရင်ဖွင့်ချက်

By / 7 days ago / Up to Date News / No Comments
အဂတိမှုဖြင့် တရားစွဲခံထားရသော BPI စက်ရုံမှူးအတွက် အကိုတစ်ယောက်ရဲ့ ရင်ဖွင့်ချက်

အဂတိမှုဖြင့် တရားစွဲခံထားရသော BPI စက်ရုံမှူးအတွက် အကိုတစ်ယောက်ရဲ့ ရင်ဖွင့်ချက်

ဒီကလေး နှင့် စတွေ့တော့ သူ ၁၀ နှစ်တောင်မပြည့်သေးတဲ့အရွယ် သူ့အကိုအကြီးဆုံး(ဖိုးသီ) နှင့် ကျွန်တော်က အချစ်ဆုံး သူငယ်ချင်းတွေ သူတို့အိမ်မှာပဲ နေ ကျူရှင်အတူတက် စားအိမ်သောက်အိမ် နောက် ကျွန်တော် ၁၀ တန်းအောင်ပြီး သူ့အကိုကြီးနှင့် ကျွန်တော်ကျောင်းကွဲသွားတာတောင် အမြဲလိုလို ၀င်ထွက်ဖြစ်နေခဲ့တော့ အဆက်မပြတ်ခဲ့ဘူး မိုးညိုဘက်က သာသနိက အဆောက်အဦတွေ အတွက် အစဉ်အဆက် အလှူရှင်မိသားစု ငွေကြေးအတွက် ပူစရာမလိုတဲ့ မိသားစုရဲ့ ထူးချွန်ထက်မြက်တဲ့ အငယ်ဆုံး သားကောင်းရတနာလေး

BPI ကို တစ်ခေတ်ဆန်းအောင် တန်ဖိုးရှိအောင်ကြိုးစားတဲ့သူ မြွေဆိပ်ဖြေဆေးတွေ ရအောင် လုံလောက်အောင် ကြိုးစားပေးခဲ့တယ် အသည်းရောင်အသားဝါဘီ ကာကွယ်ဆေးကို ဈေးနှုန်းသက်သာစွာ အဆင့်မှီထုတ်ပေးနိုင်ခဲ့တယ် ခွေးရူးပြန်ကာကွယ်ဆေးကို ဒီမှာထုတ်နိုင်အောင်ကြိုးစားနေတယ် အောင်မြင်လုဆဲဆဲ ကင်ဆာဝေဒနာသယ်တွေအတွက် အကိုက်အခဲ သက်သာစေမယ့် ဆေးတွေ ထုတ်ပေးနိုင်ခဲ့တယ်

လက်ရှိ ကင်ဆာရောဂါနောက်ဆုံးအဆင့် လူနာတွေကို သူ တို့ ကြိုးစားထုတ်လုပ်လိုက်တဲ့ အကိုက်အခဲသက်သာဆေးတွေ ပေးတိုင်းလူနာတွေသက်သာတယ်ဆိုတိုင်း ညီလေးကိုကျေးဇူးတင်မိပါတယ်ဒီဆေးသောက်မှပဲ တရားမှတ်လို့ ရသွားတယ် ဆရာလို့ဆိုတိုင်း ညီ့ကို သတိတရ သာဓုခေါ်ဖြစ်တယ်

တင်ဒါစနစ် မှာ မှာယူထားတဲ့ ကော်စေ့တွေ အချိန်မှီမရနိုင်တဲ့အတွက် စက်ရုံလည်ပတ်ဖို့ ပြင်ပ ကော်စေ့ တွေ မှာယူရတဲ့ ကိစ္စကို အဂတိ အနေနှင့် တိုင်တဲ့သူတိုင် စစ်တဲ့သူစစ်ပြီ

ငယ်ငယ်ကတည်းက ပတ်သက်ဘူးသူ မိသားစု အနေအထားကိုသိသူ နောက်ပိုင်း သူ့အိပ်မက်တွေကို နားထောင်ဘူးသူမို့ ဒါဟာ ညီလေးရဲ့ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘူးဆိုတာ လုံးဝ အာမခံဝံ့ပါတယ်

ပညာရှင်ကို တီထွင်ဆန်းသစ်မှု တစ်ခုထဲ ပညာရပ်တစ်ခုထဲမှာ ပဲ အာရုံ စိုက်နိုင်အောင် စီမံခန့်ခွဲမှုတွေ မလုပ်ပေးနိုင်တဲ့ မစောင့်ရှောက်နိုင်တဲ့ စနစ်တစ်ခုရဲ့ အားနည်းချက် လို့ သုံးသပ်မိပါတယ်

ကော်စေ့ ၂၆ တန်ကြောင့် နစ်နာသွားမယ့် ကုမ္ပဏီတစ်ခုရဲ့ နစ်နာမှု နှင့် အဲဒီကော်စေ့တွေ မရှိမှုကြောင့် ရပ်နားရမယ့် လုပ်ငန်းတွေ ဆုံးရှုံးသွားမယ့် ကုန်ထုတ်လုပ်မှုတွေ ပျက်စီးသွားမယ့် ကုန်ကြမ်းတွေ နစ်နာသွားမယ့် ဈေးကွက် ပြတ်လတ်သွားမယ့် လိုအပ်ချက် ခံစားရမယ့် လူနာတွေ ဒီမမြင်ရတဲ့ တန်ဖိုးတွေကို မတွက်ပဲ စာရွက်ပေါ်ဖော်လို့ရတဲ့ ကိန်းဂဏန်းတွေကို မြင် စွမ်းဆောင်ပေးသူကို ကျေးဇူးမတင် ပြန်ရတဲ့ ဆုက အမှုစစ် တိုင်ချက်ဖွင့်တဲ့လေ

ကိုယ်တိုင်စီးပွားအတွက်မဟုတ်ပဲ တိုင်းပြည်အတွက် အများပြည်သူ အသုံးပြုရန်ဆေးဝါးတွေ မပြတ်လပ်ရေးအတွက် တင်ဒါ စည်းကမ်း အားနည်းချက်တွေကြောင့် ဒီလိုဆောင်ရွက်ခဲ့ပါတယ် ဆိုရင် ရော ခုလို သတင်းစာထဲမှာ ပြန်ဖော်ပြပေးကြပါ့မလား

စိတ်မကောင်းပါဘူးညီ

တစ် ခါ တစ် လေ ကျ တော့ လည်း ချေး ညော် ကပ် နေ တဲ့ ရွှေအိုး ဟာ မဲ ညစ် တဲ့ ဖွဲ ပြာ တွေ နှင့် ပွတ် တိုက် ဆေး ကြော ပြီးမှ ပြန် လည် တောက် ပြောင် တတ် ပါ တယ် လေ

တိုင်း ပြည် အ တွက် လူ နာ တွေ အ တွက် ဆေး သိ ပ္ပံပ ညာ အ တွက် အ နာ ဂတ် မှာမင်း လို ထွန်း ပြောင် လာ မယ့် ပ ညာ ရှင် တွေ အ တွက် ငါ့ ညီ ဆက် လက် ရှင် သန် ပေးပါ ဆက် လက် ကြံ့ခိုင် ပေး ပါ ဆက် လက် သန် မာ ပေး ပါ

တစ်လတစ်လ အကို့ဆီမှာ မင်းထုတ်တဲ့ ကင်ဆာဝေဒနာရှင်တွေ နောက်ဆုံးဆင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့ဆေးယူနေရသူတွေတင် ၂၅ ဦးလောက်ရှိတယ်ညီ

အဲ ဒီ လူ တွေ ရဲ့ ဝေ ဒ နာ တွေ လျော့ ပါး သက် သာ စ တဲ့ ကု သိုလ် အ ကျိုး သူတို့ဝေ ဒ နာ တွေ သက် သာ ပြီး တ ရား ပို မို ရှု မှတ် ဖြစ်သွား တဲ့ ကု သိုလ် များ ကို ငါ့ ညီ ရ ပါ စေ

အ ကို့ ရဲ့ ဒါ န ကု သိုလ် သီ လ ကု သိုလ် ဘာ ၀ နာ ကု သိုလ် သာ သ နာ ကို ချီး မြှင့်ထောက် ကံ့ ရ တဲ့ ကု သိုလ် ဇီ ၀ိ တ ဒါ န ကု သိုလ် တ ရား ဓ မ္မကို စောင့် ရှောက် ရ တဲ့ ကု သိုလ် အ မိ အ ဘ တို့ကို လုပ်ကြွေး ရ တဲ့ ကု သိုလ် သူ တစ်ပါးဒု က္ခ တို့အား ကယ် ဆယ်ကူ ညီ ရ တဲ့ ကု သိုလ် စီ မံ ခန့်ခွဲမှု ကု သိုလ် အ ဖို့ အား လုံး ကို ငါ့ ညီ ရ ပါ စေ ယ ခု လို အ ခြေ အ နေ ဆိုး ကြီး မှ အ မြန်ဆုံး အောင် မြင် စွာ ကျော် ဖြတ် နိုင် ပါ စေ

crd original writer

zc

The author didn't add any Information to his profile yet.

Leave a comment

Your email address will not be published. Required fields are marked. *